ပြည်တွင်းကလာတဲ့ အတိအကျသတင်း
ရွှေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီအနေဖြင့် အထက်က ချပေးတဲ့ ကိုယ်စားလှယ်လောင်းများကို မြို့နယ် အလုပ်အမှု့ဆောင် များက ကျေနပ်မှု့မရှိကြောင်းသိနေရပါတယ်။ သူတို့လျှာထားချက်ကတစ်မျိုး ၊ အထက်ကချပေးတာတစ်မျိုးဖြစ်နေတဲ့ အတွက် တစ်ချို့ မြို့နယ်အလုပ်အမှု့ဆောင်များဟာ မသိမသာ အနားယူသွားတာမျိုးတွေရှိတယ်လို့သိရပါတယ်။ ရွှေးကောက်ပွဲမှာ စည်းရုံးလှုံ့ဆော်ဘို့ကိုလည်း စိတ်မပါတော့ဘူးလို့ အသံတွေထွက်လာပါတယ်။ မြို့နယ် အချို့မှာ လက်ရှိဖြစ်နေတာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာ ကျွှန်တော်မသိပါဘူး။
အဲဒီအချက်အပေါ်မှာ ဒီမိုကရေစီ အင်အားစုများအနေဖြင့် ဘာလုပ်သင့်သလည်းဆိုတာ စဉ်းစား၊ လုပ်ဆောင်နိုင်ဘို့ ပေးပို့လိုက်တာပါ။ ကျွှန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေမှာ သူတို့ခွဲတာချည်းခံနေရတာ။ ကိုယ်က သူတို့ကို ဘယ်လိုခွဲမလည်း ၊ ဘယ်လိုဖဲ့ထုတ်နိုင်မလည်း ဆိုတာ စဉ်းစားလုပ်ဆောင်နိုင်ဘို့ပါ။ သူတို့ အရိုးနဲ့ သူတို့ ကိုထိုးနိုင်မလား၊ အားလုံး သိအောင် ပေးပို့လိုက်ပါတယ်။ ၈၈ မတိုင်မှီ ကျောင်းသားလှုတ်ရှားမှု့ ကစလို့ ၈၈ အရေးတော်ပုံကြီးထိ ၊ လမ်းစဉ်လူငယ်တွေ ၊ ကြက်ခြေနီတွေ အများကြီးပါလာတာ သတိထားမိကြမှာပါ။ သတင်းရရင် ဆက်တင်ပေးပါမယ်။
မိုးကြိုးသွား
Sunday, August 15, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment