Saturday, August 21, 2010

ရွေးကောက်ပွဲကို ဆန့်ကျင်သူများ မိမိတို့၏ သဘောဆန္ဒကို ထုတ်ဖေါ်နိုင်ပါသည်

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International (AI)) မှ မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်သော သဘောဖြင့် Burma and The Three Freedom ကမ်းပိန်းတစ်ခုကို လုပ်ဆောင်နေသည်။

ယင်းအစီအစဉ်အရ ကမ္ဘာ့နိုင်အသီးသီးရှိ AI အဖွဲ့များမှ တဆင့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲများ အထူးသဖြင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများထံသို့ လက်မှတ်ထိုး၍ မိမိတို့၏ သဘောထားကို ဖော်ပြကြရန်ဖြစ်သည်။

AI အနေနှင့် ယင်း ဝန်ကြီးထံပေးပီု့သောစာကို ဘာသာစကား (၉) မျိုးဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

သင့်အနေဖြင့် ဒီလင့် http://3freedoms.amnesty.org/ လေးကို နှိပ်ပြီး သဘောထားပေးပို့ခြင်းသည် စစ်အစိုးရ၏ မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းဖော်ပြရာ ရောက်ပြီး၊ အကျဉ်းထောင် အသီးသီးမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွတ်ခဲ့၍ မတရား ဖမ်းဆီးထောင်ချခြင်း ခံရသော ယုံကြည်ချက်အတွက် အကျဉ်းကျနေသူများ (Prisoners of Conscience) အားလုံးကို အားပေးထောက်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။

စစ်အစိုးရမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း နှင့် ဒေသများ အဖြစ် ငြိမ်း အဖွဲ့များသို့ ခွဲဝေ ပေးအပ်ခြင်း‏

အင်္ဂလိပ်တွေကျင့်သုံးခဲ့သည့် ခွဲခြားအုပ်ချုပ်မှုစနစ်ကို ဗမာစစ်အစိုးရက ယုတ်မာစွာပြန်လည်ကျင့်သုံးလိုက်ပြန်သည်၊ရှမ်းပြည်နယ်ကိုသူများကိုယ်ပိုင်အုပ်ချုပ်ခွင့်၇ဒေသ ဟုသတ်မှတ်ခြင်းသည် တိုင်းရင်းသားအချင်းချင်းရန်တိုက်ပေးသည့်နည်းဗျူဟာတစ်ရပ်ဖြစ်နေသောကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှများနိုင်ငံရေးသတိရှိကြရန်သတိ ပေးအပ်ပါသည်။ ရှမ်း၊ကချင်း၊မွန်၊ရခိုင်စသည့်သမိုင်းခိုင်လုံသည့်လူမျိုးများကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်မပေးပဲ ချန်ထားတာဟာ ဗမာစစ်အစိုးရ၏ယုတ်မာ မှုကိုပြသလိုက်ခြင်းဖြစ်သည်။မျက်စိမနောက်၊နာမယောင်ကြဖို. သတိပေးချင်ပါသည်။

ရခိုင်မှာ ကြံ့ခိုင်ရေး ရုံးဖွင့်ချိန် ကန့်ကွက်ဆန္ဒပြမှုများရှိ


 

Saturday, August 21, 2010

By ဦးအောင်စံမင်း စနေ, 21 သြဂုတ် 2010
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ကျင်းပခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် တောင်ပိုင်း မြို့တချို့မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဆန့်ကျင်မှုတွေ ဆက်တိုက်လိုလို ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ သတင်းထောက် ဦးအောင်စံမင်းက အစီရင်ခံထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀ ရက်နေ့ နေ့လည်က ပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်တင်ပွဲနဲ့ ရှင်းလင်းစည်းရုံးပွဲကို ကျင်းပပါတယ်။ စစ်တွေမြို့တော်ခမ်းမမှာ ကျင်းပတာဖြစ်ပြီး လူပေါင်း ၁,၀၀၀ ကျော် တက်ရောက်ခဲ့ကြတယ်။ တက်ရောက်ကြတဲ့ပြည်သူတွေကိုလည်း အဲဒီ ပြည်ခိုင်ဖြိုးပါတီက ကားတွေနဲ့ အခမဲ့ အကြိုအပို့ လုပ်ပေးတယ်။ အဲဒီပတ်ဝန်းကျင်မှာလည်း ရဲနဲ့ အရပ်ဝတ်တဲ့ ထောက်လှန်းရေးတွေက ၄၀၀ ကျော် ၅၀၀ နီးပါးလောက် ကင်းလှည့်နေခဲ့ပါတယ်။

အဲဒီလိုပဲ စစ်တွေမြို့တော်မှာ ပါတီ ဆိုင်းဘုတ်တင်ပွဲနဲ့ ရှင်းလင်းပွဲတွေ လုပ်နေတုန်းမှာပဲ ၁၉၉၀ ပြည့် ရွေးကောက်ပွဲကာလက NLD ကို အင်တိုက်အားတိုက် မဲပေးခဲ့ကြတဲ့ ကျောက်ဖြူ၊ မာန်အောင် မြို့တွေမှာ ရွေးကောက်ပွဲတွေကို ဆန့်ကျင် သပိတ်မှောက်ဖို့ စာစောင်တွေ ဖြန့်နေကြတာကို မကြာမကြာ လုပ်နေကြကြောင်း ကျောက်ဖြူမြို့သား တဦးက အခုလို ပြောပါတယ်။

"၁၈ ရက်နေ့က ကျောက်ဖြူမြို့လယ်နေရာတချို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ ဒေါ်စုနဲ့အတူ ဆန့်ကျင်ကြ ဆိုတဲ့ စာရွက်တွေကို လမ်းတွေမှာ ကျဲချထားတယ်။ မီးစက်ကြီး၊ ငပွေး စတဲ့ရပ်ကွက်တွေနဲ့ တခြား နေရာတွေမှာတော့ မီးတိုင်တချို့နဲ့ သစ်ပင်တွေမှာ အဲဒါတွေကို ကပ်ထားကြတယ်။ အဲဒါကို ရဲတွေနဲ့ ရယက တွေက မနက်စောစော လိုက်ခွာနေကြတာ ကျနော်တို့ ကိုယ်တွေ့ပါပဲ။"

အခုလ ၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့ ဈေးအတွင်းက ဈေးဆိုင်တချို့မှာ အဲဒီလို စာရွက်တွေ ကပ်ထားလို့ ရဲတွေက ခွာယူသွားကြပေမဲ့ ဖမ်းတာဆီးတာတွေတော့ မရှိကြောင်း သိရပါတယ်။

အခုလ ၁၅ ရက်နေ့ကလည်း မာန်အောင်မြို့နယ်က အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတရွာကို ပြည်ခိုင်ဖြိုး ပါတီက မြို့နယ်အတွင်းရေးမှူး ဦးမောင်မြင့် စည်းရုံးရေး ဆင်းလာစဉ်က ဘယ်လို ကြုံသွားခဲ့ရသလဲဆိုတာကိုလည်း ကိုယ်တွေ့မြင်ခဲ့တဲ့ ကျောက်ဖြူက ကုန်သည်ကြီးက ခုလို ပြောပါတယ်။

"ကျနော်က ကုန်ဝယ်သွားတာလေ။ သစ်ပုံရွာကြီးမှာဗျာ။ အုန်းပင်တွေမှာ ကပ်ထားကြတာက တစည နဲ့ ကြံ့ဖွံ့ကို အလိုမရှိ၊ ဒေါ်စုကိုပဲ လိုတယ်၊ ထောက်ခံတယ် ဆိုတဲ့စာရွက်တွေ အများကြီးပဲ ကပ်ထားတယ်။ အဲဒါကို လိုက်ခွာနေကြတုန်း မာန်အောင်က ပြည်ခိုင်ဖြိုး ပါတီက မြို့နယ်အတွင်းရေးမှူးကြီး ဦးမောင်မြင့် ရောက်လာတယ်။ အဲဒီစာရွက်တွေကို ရယကတွေကို ခေါ်ပြီးတော့ ဆူ၊ ရဲတွေကိုဆူ။ ကပ်တဲ့သူတွေကို ဖော်ထုတ်ဖို့ပြောပြီးတော့ ချက်ချင်းပြန်သွားတယ်။ သူတို့နဲ့အတူ ရဲတွေလည်း အစောင့်ပါလာတော့ လူတချို့ အော်ကြဟစ်ကြ ပြောင်ကြနဲ့ ပြည်ခိုင်ဖြိုးက မြို့နယ်အတွင်းရေးမှူးကြီး ရှက်စရာ ကြုံသွားရတယ်။"

ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေဟာ NLD ကို လိုလိုလားလား ထောက်ခံကြတဲ့မြို့တွေ၊ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကြာခဏ အခွင့်သာတိုင်း လမ်းကိုထွက်ပြီး ကန့်ကွက်ဆန္ဒပြကြတဲ့ မြို့တွေ ဖြစ်ကြတယ်။ အဲဒီမြို့နယ်တွေက တက်ကြွစွာ လှုပ်ရှားကြသူ NLD ခေါင်းဆောင်တွေ လူငယ်အဖွဲ့ဝင် ၁၀ ကျော်ဟာတော့ အခုထိ နှိပ်စက်ခံရပြီး ထောင်ဒဏ်တွေ ကျနေဆဲဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ဗွီအိုအေသတင်းထောက် ဦးအောင်စံမင်း သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးတာတွေ၊ ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရပေမဲ့လို့ - တဖက်မှာတော့ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတချို့ကို ဒေသခံအာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ ရှိနေပါတယ်။ စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပါတီဝင် တချို့နဲ့ သူတို့မိသားစုဝင်တွေကို အာဏာပိုင်တွေကနေ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ခေါ်ယူ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က သြဂုတ်လ ၂၀ ရက်နေ့ရက်စွဲနဲ့ စစ်တွေမြို့ အခြေစိုက် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကို တိုင်ကြားထားတယ်လို့ သိရပါတယ်။


 


 


 

(ဦး) မောင်ဘစိန်ရဲ့ ၁၉ သြဂုတ် ၂၀၁၀ အီးမေးလ်၊ ဘုန်းကြီးကတောင် ၀န်ခံပြီးပြီပဲ ဆိုတဲ့ လုပ်ကြံ ၀ါဒဖြန့် အီးမေးလ်နဲ့ ပတ်သက်လို့၊ တုန့်ပြန်တဲ့ မေးလ်တွေ အများကြီး လက်ခံရရှိပါတယ်။ အောက်ပါ မေးလ်ကို ဝေမျှလိုက်ပါတယ်။

------------

ဦးဘစိန်ရေ....
ဟုတ်မှလဲ လုပ်ပါဗျာ။
သတင်းတစ်ခုကို ဘာမသိ ညာမသိနဲ့ လျှောက်မလုပ်ပါနဲ့။
ခင်ဗျား သတင်းက တစ်ရက်တောင် မခံဘူး။
ကောက်ရိုးမီးလောက်တောင် မဟုတ်တာ တွေ့ရတယ်။
ဘာလို့ ဒီမိုကရေစီ အင်အားစုတွေကို အခြေမခိုင်ဘဲ လာတိုက်တာလဲဗျာ။
ပြီးတော့- ဘာလို့ ဘုန်းကြီးကို မုဒိမ်းမှု၊ လူသတ်မှုလို့  ခင်ဗျား ဘာမှ
မသိဘဲ လိမ်ညာ စွပ်စွဲရတာလဲ။
ဘုန်းကြီး ၀န်ခံတယ်လို့ ဘာလို့ လာလိမ်ရတာလဲ။ ခင်ဗျား လုပ်ရပ်က ရှယ်ဖွယ်။

------------------
ငဘစိန် လိမ်လည်ကြောင်း သက်သေပြချက်။ ၁။
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်၊ အာကျိတ်တော်ကုန်းရှိ
မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက် ထားသည့် မဟာမုနိ ဗုဒ္ဓ၀ိဟာရ
ကျောင်းတိုက်မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရကို သြဂုတ်လ ၁၇ ရက်နေ့
နံနက်ပိုင်းတွင် စစ်တွေ ခရိုင်တရားရုံး၌ ပုဒ်မ ၇ ခုဖြင့်
တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။ အရှင်ပညာစာရကို သြဂုတ်လ ၆ ရက်နေ့တွင်
ပထမအကြိမ် ရုံးထုတ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် သြဂုတ်လ ၁၆ ရက်ကို
သတ်မှတ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ၁၇ ရက်နေ့သို့ ရွှေ့ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။ "ပထမအကြိမ် ရုံးထုတ်တုန်းကတော့ များများ
မေးမြန်းစစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ဒုတိယ အကြိမ်မှာတော့ တရားလိုပြ သက်သေ
နှစ်ယောက်ကို စစ်ဆေးပါတယ်။

ဆရာတော်ကတော့ သူ့အပေါ်စွဲထားတဲ့ အမှုတွေကို
ငြင်းပါတယ်" ဟု တရားခွင်သို့ သွားရောက် နားထောင်ခဲ့သူတဦးက ဧရာဝတီသို့
ပြောသည်။

အရှင်ပညာစာရကို တရားရုံးထုတ်ချိန်တွင် လုံခြုံရေး
တင်းကျပ်စွာချထားကြောင်း၊ နောက်ထပ် ရုံးထုတ်မည့်ရက်မှာ သြဂုတ်လ ၂၄ ရက်နေ့
သို့မဟုတ် လကုန်တွင် ဖြစ်နိုင်ကြောင်း၊ အမှုကို ရေရှည်
အချိန်ဆွဲထားမည့်သဘော မတွေ့ရကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက
ပြောသည်။
http://www.irrawaddy.org/bur/index.php/news/1-news/3875-2010-08-20-11-12-12
(အထက်ပါ သတင်းမှာ ငဘစိန်ပြောသလို ဘုန်းကြီး ၀န်ခံတာ ဘာမှ မပါဘူး)

ငဘစိန် လိမ်လည်ကြောင်း သက်သေပြချက်။ ၂။
---
၁၉ သြဂုတ် ၂၀၁၀ မှာ မောင်ဘစိန်က ဦးပညာစာရကို အပုတ်ချ တိုက်ခိုက်တဲ့
အီးမေးလ် တစ်စောင်ကို ပြည်သူ လူထုကြားထဲ ဖြန့်တယ်။ ပြီးတော့ 8888people
power မှာတင်တယ်။
မြန်မာ့ ဒီမိုကရေစီ သတင်းဌာန ဧရာဝတီမှာ သတင်းရေးသူ မောင်ဘစိန် တော့
ဟုတ်မယ် မထင်ဘူး။ အခု မောင်ဘစိန်က နအဖမွေးစားထားတဲ့ နအဖ အိမ်စောင့်
ခွေးဝဲစား ခွေးပိန်၊ ခွေးလိမ်-  မောင်ဘစိန် ဖြစ်နေလို့ပဲ။
မောင်ဘစိန်ရဲ့ အီးမေးလ်ထဲမှာ ဆရာတော် ဦးပညာစာရကို မုဒိန်းကျင့်၊
လူသတ်တဲ့ သူ တစ်ယောက် လို့ ချီးစားတဲ့ ခွေးပါးစပ်နဲ့ ယုတ်မာ
မိုက်ရိုင်းစွာ ပုတ်ခတ် တိုက်ခိုက်တယ်။
နအဖရဲ့ စွဲဆိုထားတဲ့ ပုဒ်မတွေကို ပြန်ကြည့်ပါ။
ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊
ပုဒ်မ ၄၂၀ လိမ်လည်မှု၊
ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညှိုးနွမ်းစေမှု၊
ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံထားသည့် ပစ္စည်းကို အလွဲသုံးစားမှု၊
ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုမှု၊
ပုဒ်မ ၂၄ (၁) နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ ၊
ပုဒ်မ ၆၁ (ဂ) စည်ပင်သာယာ အက်ဥပဒေ
နအဖ အစိုးရစွဲတဲ့ ပုဒ်မထဲမှာတောင် မုဒိမ်းမှုဆိုတာ ရေးရေးလေးတောင် မပါဘူး။
လူသတ်မှု ဆိုတာ ဝေလာဝေးပဲ။ ဆရာတော်ကို စဖမ်းတုန်းက အလောင်းဖျောက်မှု
ဆိုပြီး စွပ်စွဲတာတွေ ရှိခဲ့တယ်။ ဒါကို ကြည့်ပြီး မောင်ဘစိန်က စိတ်ကူးနဲ့
မှန်းပြီး လူသတ်မှုလို့ ခွေးပါးစပ်နဲ့ မိုက်ရိုင်းစွာ ပြောလိုက်တာပဲ။
ဦးပညာစာရဟာ ကလေးတွေကို မွေးကင်းစ အရွယ်ပါ မကျန် ရနိုင်သလောက် မွေးမြူ
ပြုစုတယ်။ မွေးကင်းစတွေ ကျန်းမာရေးအရ သေဆုံးခဲ့တာတွေ ရှိတယ်။
ဒီကလေးတွေကို ၀ိနည်းနဲ့ မဆန့်ကျင်ပဲ- ကျောင်းဝင်းအထဲ မြုပ်နှံ
သင်္ဂြိုဟ်ထားတာရှိတယ်။ ဆရာတော်ရဲ့ မိခင် ဒေါ်ယဉ်မေညို ကိုလဲ ဒီလိုပဲ
ကျောင်းဝင်းထဲ ဂူသွင်းထားတာပါ။ ဒါဟာ ၀ိနည်းအရ ဘာအပြစ်မှ မရှိဘူး။
ဒီမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ငဘစိန်ရဲ့ ပထွေး နအဖကတောင်
အလောင်းဖျောက်ပါတယ်လို့ မစွပ်စွဲဘူး။ စည်ပင်သာယာ ဥပဒေ ပုဒ်မအရပဲ၊
သုသာန်မှာ မမြှုပ်နှံခြင်းအပေါ် တရားစွဲရုံပဲ စွဲတာဖြစ်တယ်။
ဒီဖြစ်ရပ်ကို- လူသတ်မှုလို့ ငဘစိန်ရဲ့ ချီးစားတဲ့ ခွေးပါးစပ်က လိမ်လည်
လုပ်ကြံ ပုတ်ခတ် တိုက်ခိုက်တာကို ကြည့်ရင် ငဘစိန်ဟာ ဘာကောင်လဲ
သိလောက်ပြီ။
ငဘစိန်ပြောတဲ့ မုဒိမ်းမှု။ ဘယ်မှာလဲ ပုဒ်မ- ၃၇၆။
နအဖကတောင် မုဒိမ်း ကျင့်ပါတယ်လို့ တစ်ခွန်းမှ မပြောတာကိုတောင်
ခွေးဝဲစား ငဘစိန်က မုဒိမ်းကျင့်ပါတယ်လို့ ယုတ်မာစွာ စွပ်စွဲ
တိုက်ခိုက်ထားတာကို တွေ့ရတယ်။
ဒီအချက်တွေကို ကြည့်ရင်ပဲ - ငဘစိန်ဟာ ဘာလို့ ဒီအီးမေးလ်ဖြန့်ပြီး
ပြည်သူကို ကောက်ကျစ် စဉ်းလဲ ယုတ်မာစွာ လိမ်လည် ၀ါဒ ဖြန့်သလဲ ဆိုတာ
ပြည်သူတွေ သိလောက်ပါပြီ။
ဒီတော့
ဒီလို လိမ်လည်တဲ့ ငဘစိန်ရဲ့ ချီးစားတဲ့ ခွေးပါးစပ်က ပြောတဲ့-
ဘုန်းကြီးတောင် ၀န်ခံပြီးပါပြီ ဆိုတဲ့ စကားရပ်ဟာ မှန်မယ် မမှန်ဘူး ဆိုတာ
စဉ်းစားလို့ ရလောက်ပါပြီ။
ငဘစိန်က- "အမှုစစ်တဲ့အခါ ဘုန်းကြီးက ... ပြောတယ်တဲ့" ဆိုပြီးတော့
ရေးထားတယ်။ ဘယ်နေ့၊ ဘယ်ရက်က ပြောတယ်ဆိုတာ ရေးမထားဘူး။ ဒီတော့ သူပြောတာ
ဘယ်လောက် ခိုင်မာမှု ရှိသလဲ။ အပေါ်က မဟုတ်မတရား ပေါက်တတ်ကရ စွပ်စွဲတာတွေကို
ကြည့်ရင်ပဲ၊ ခွေးလိမ် ခွေးဝဲစား ငဘစိန်ရဲ့ စကားကို သုံးသပ်လို့ ရနေပြီ။
ဦးပညာစာရကို-
၆ သြဂုတ် ၂၀၁၀ မှာ ပထမအကြိမ် ရုံးထုတ်တယ်။ တရားသူကြီးက ဒေါ်ဝါ၀ါထွန်း ဖြစ်တယ်။
စွဲချက် ပုဒ်မ- ၇ ခုကို တင်သွင်းတယ်။
၁၇ သြဂုတ် ၂၀၁၀ မှာ ဒုတိယအကြိမ် ရုံးထုတ်တယ်။ အစိုးရ တရားလိုပြသက်သေ
နှစ်ယောက်ကို စစ်ဆေးတယ်။ ဦးပညာစာရကို ၀န်ခံ ခိုင်းဖို့ မဆိုထားနဲ့၊
တရားစီရင်မှုက တရားလိုပြ သက်သေတွေ ကို စစ်ဆေးတဲ့ အဆင့်ပဲ ရှိသေးတယ်။
အခု ချိန်ထိ ဘုန်းကြီးက ၀န်ခံတယ်ဆိုတဲ့ အနေအထား ဘာတစ်ခုမှ မတွေ့ရသေးဘူး။
မောင်ဘစိန် အီးမေးလ်ပို့တဲ့ ၁၉ သြဂုတ် ၂၀၁၀ နေ့အထိ၊ ရုံးချိန်းနှစ်ခု
ထုတ်ခဲ့ပြီး၊ အထက်က ပြောခဲ့တဲ့ procedure တွေကို လုပ်ဆောင်ခဲ့ တာပဲ
တွေ့ရတယ်။ မျက်မြင်သက်သေတွေက ဆရာတော် ငြင်းတယ်ပဲ ပြောတာ တွေ့ရတယ်။
ဒါကို ငဘစိန်က ဆရာတော်ကို မုဒိမ်းမှုလို့ ပြောလိုပြော၊ လူသတ်မှု လို့
ပြောလိုပြော၊ ဘုန်းကြီကတောင် ၀န်ခံတယ် ပြောလိုပြော- ပြောချင်ရာကို
ပြောနေတာပဲ ဖြစ်တယ်။
ဒီလောက်အထိ အကြံပက်စက် ကောက်ကျစ် ယုတ်မာစွာနဲ့ ကလိမ်ကကျစ် ပြောနေတာပဲ ဖြစ်တယ်။
ငဘစိန်ဟာ လူလိမ်ဆိုတဲ့ စကားရပ်နဲ့ မတန်ဘူး။ ခွေးဝဲစား- ခွေးလိမ်-
ငဘစိန်ပဲ ဖြစ်တယ်။
ဒီတော့ ငဘစိန်ရဲ့ လိမ်လည်မှုကို ခွေးဝဲစားတွေကိုပဲ သွားပြောပါ။
နောက်ဆုံးပြောရရင်.. ဒီလို မဟုတ်မရား ကောက်ကျစ် ယုတ်မာစွာ လိမ်လည်
အီးမေးလ် ဖြန့်တဲ့ ငဘစိန်ဟာ ချီးစားတဲ့ ခွေးဝဲစား တစ်ကောင်သာ ဖြစ်တယ်။
ဒီ စကားတွေကို ငဘစိန်ရဲ့ ခွေးပါးစပ်ထဲက ပြောနေမဲ့အတူတူ အရသာခံပြီး ချီးပဲ စားနေပါ။
သုံသန်းသော ရခိုင်ပြည်သူ တစ်ရပ်လုံးနဲ့ မြန်မာ့ ဒီမိုကရေစီအရေး လိုလား
သူတွေ အကုန်လုံးက ငဘစိန်ရဲ့ ခွေးပါးစပ်ထဲကို ချီးပါပေးကြမှာပဲ ဖြစ်တယ်။
မှတ်ချက်။  ။ တရားရုံးက စီရင်ချက် ချပြီးတဲ့ အချိန်မှာလဲ ဘာဖြစ်တယ်
ညာဖြစ်တယ် လာပြောမနေနဲ့ အုံး။နအဖ တရားရုံးဟာ ဘယ်တုန်းကမှ
အမှန်တရားအတိုင်း စီရင်ဖူးတဲ့ ထုံးစံ မရှိဘူး။  ငဘစိန် ပါးစပ်က
ချီးစော်နံတော့ အီးမေးလ် ဖတ်ရသူတွေ ဒုက္ခရောက်တယ်။
--------------------------
8888peoplepower ကိုပို့ပြီး၊ ပြည်သူအကြား ထင်ယောင်ထင်မှား ဖြစ်အောင် လိမ်ညာတဲ့

ခွေးဝဲစား ငဘစိန် (maungbasein@gmail.com) ရဲ့ ပြည်သူတွေကို လိမ်လည်
ယုတ်မာတဲ့ အီးမေးလ်။
--------------------------
ဘုန်းကြီးကတောင် သူ ကျူးလွန်ပါတယ်လို့ ပြောပြီးပြီ။
မကောင်းရင် မကောင်းဘူးပေါ့ဗျာ။
ငါ့တို့ ရခိုင်လူမျိုးဖြစ်လို့ ဆိုးရင်လဲ ကောင်းတယ်။ ငါ့တို့ ဗမာဖြစ်လို့
ဘယ်လောက်ပဲဆိုးဆိုး ကောင်းတယ် ဆိုရင်တော့ လိုချင်နေကြတဲ့ ဒီမိုကရေစီတို့၊
လူ့အခွင့်အရေးတို့ဟာ ဘယ်တော့မှ ရလာကြမှာ မဟုတ်ဘူး။
အုံ့ကြွမှုတစ်ခု၊ လှုပ်ရှားမှုတစ်ခုဟာ ဘယ်တော့မှ ဇစ်မြစ် မခိုင်မာဘဲ
မကျယ်ပြန့်လာနိုင်ဘူး။
ယာယီသာဖြစ်တယ်။ ဖြစ်ခဲ့ရင်တောင် ဒါဟာ ကောက်ရိုးမီးပဲ ဖြစ်တယ်။
ဘုန်းကြီးနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာကြတဲ့ အဖွဲ့အစည်းတွေဟာလဲ အင်တာနက်၊
ရေဒီယိုသတင်းတွေပေါ်မှာ အခြေခံပြီးတော့ ထုတ်ကြတာပဲ။ တကယ့် ပြည်သူတွေ
(အနီးကပ်လေ့လာဖူးတဲ့)၊ ဘုန်းကြီးနဲ့ ဆက်ဆံခဲ့ဖူး၊ အလုပ်လုပ်ဖူးတဲ့လူတွေ၊
ခုလဲ လုပ်နေတဲ့ လူတွေဆီက လာတာမဟုတ်။ ဒါဟာ သတင်းမှန်ဖြစ်ဖို့ ပြည်သူတွေနဲ့
ကင်းကွာသွားတာဖြစ်တယ်။
ဘုန်းကြီးကို အများပြည်သူရှေ့ အမှုစစ်တဲ့အခါ ဘုန်းကြီးက "ဒီအမှုတွေကို ငါ
တယောက်တည်း ကျူးလွန်နေတာမဟုတ်ဘူး၊ တခြားဘုန်းကြီးတွေလဲ ကျူးလွန်နေတာပဲ၊
သူတို့ကိုလဲ ဖမ်းသင့်တယ်" ဟု ပြောတယ်တဲ့။
ကဲ.....
ဘာမသိ ညာမသိဘဲ ထုတ်ပြန်ကြေညာချက်ထုတ်တဲ့ အကျင့်ဟာမကောင်းဘူး။ ပြည်သူကို
ယောင်ဝါးစေတယ်၊ လမ်းမှားကို ညွှန်ပြသလို ဖြစ်နေတယ်။
အမျိုးသားရေးအရ စိတ်ဓါတ် ရှင်သန်တာ ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့်
မုဒိန်းကျင့်၊ လူသတ်တဲ့ သူ တစ်ယောက်ကို ဦးဥတ္တမနဲ့ နှိုင်းလိုနှိုင်း၊
ဟီးရိုးလို ပြောလို ပြော လုပ်နေတာတွေကတော့ မနှစ်မြို့စရာတွေပါ။
ဒါဟာ ဘာခေါ်သလဲဆိုရင် "လူပြိန်းကြိုက် နိုင်ငံရေး" "ပေါ်ပင် နိုင်ငံရေး"
လို့ ခေါ်ကြတယ်။ ပြည်သူကို အထင်မသေးပါနဲ့။
ဘုန်းကြီးဟာ တချိန်ကတော့ ဟုတ်တယ်။ ဘုန်းကြီးဟာ ကောင်းခဲ့တယ်။
အနစ်အနာခံခဲ့တယ်။ ဒါတွေဟာ ဂုဏ်ယူစရာ၊ လေးစားစရာပါ။
အခုတော့ ဘုန်းကြီး မကောင်းတော့ဘူး။ ဒါဟာ ဓမ္မတာဘဲ။ ဖြစ်မယ် ပျက်မယ်။ ဒါဟာ
သဘာဝပဲ။ ကောင်းတဲ့သူလဲ ဆိုးသွားနိုင်တယ်။ ဆိုးတဲ့သူတွေလဲ
ကောင်းနိုင်တာပဲ။
ဘုန်းကြီးက သမိုင်းသုတေသီဖြစ်လို့၊ ကလေးတွေကို စောင့်ရှောက်ခဲ့လို့
ပြစ်မှု မကျူးလွန်ဘူးလို့ မှတ်ယူတဲ့သူတွေ ပြန်ဆင်ခြင်ကြည့်ပါ။
မကောင်းတာကို ကောင်းပါတယ်လို့ ပြောနေတာဟာ ကိုယ်လဲ သူလိုပဲ ဖြစ်သွားမှာပေါ့။
ဒီကိစ္စမှာ အရေးကြီးတဲ့ ကိစ္စက (၂) ခုပဲ။ ဘုန်းကြီးက သူကျူးလွန်ခဲ့တဲ့
ပြစ်မှုတွေအတွက် ထိုက်သင့်သလျောက်ခံပေါ့။ သူက ကျူးလွန်တာပဲ။ မတရားတဲ့
ဥပဒေကတော့ ဘုန်းကြီးတယောက်ထဲ ခံနေရတာမဟုတ်ဘူး။
၁။ ကလေးတွေပြန်ပို့ပေးရေး
၂။ အမွေအနစ်တွေ ပြန်ရရှိရေး
ဘုန်းကြီးကိစ္စကို ချန်ထားလို့ ဘာကြောင့် ပြောရသလဲဆိုရင် အနစ်သာရမရှိတဲ့၊
မခိုင်မာမတိကျတဲ့ တင်စားမှုတွေဖြစ်နေလို့ပဲ။ ဒါကို ရှေ့တန်းတင်နေရင်
အမျိုးချစ်ပါတယ်ဆိုတဲ့သူတွေကို အမျိုးကို သိက္ခကျအောင် လုပ်နေသလိုပဲ။
အားလုံးကို လေးစားစွာဖြင့်
မောင်ဘစိန်
(မှတ်ချက်။ ။ အထက်ပါကဲ့သို့ တင်ပြသဖြင့် နအဖလူ၊ ရန်သူ့လူ၊ ဘာသာခြားဟု
စွပ်စွဲတတ်သူများလည်း လွတ်လပ်စွာ စွပ်စွဲနိုင်ပါသည်။ )


 

No comments: