Thursday, October 24, 2013

ဦးရွှေမန်းက ထိုသို့ ပြောကြား

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု မရှိသော်လည်း ဖြစ်စဉ်ပြောင်းလဲ မှုများအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေပြီး စိုးရိမ်မှုများလည်း ရှိကြောင်း သူရဦးရွှေမန်း ပြောကြား
Friday, October 25, 2013

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု မရှိသော်လည်း ဖြစ်စဉ်ပြောင်းလဲ မှုများအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေပြီး စိုးရိမ်မှုများလည်း ရှိနေကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အောက်တိုဘာ ၂၄ ရက်က လွှတ်တော် အဆောက်အအုံ၌ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်နာယကနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် ''ပြီးခဲ့သည့် သီတင်းကျွတ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအား သွားရောက် ကန်တော့မှု ရှိခဲ့ပါလား။ ရှိခဲ့ရင် ဗိုလ်ချုပ်မှူးကြီးနှင့် ဥက္ကဋ္ဌကြီး တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများကို ကျေနပ်အားရမှု ရှိပါသလား။ မရှိရင် ဘယ်အချက်တွေ မရှိတာပါလဲ။ နောက်တစ်ချက်က ဗိုလ်ချုပ်မှူးကြီး အနေဖြင့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုများ ဆက်လက် ရှိနေပါသလား'' ဆိုသည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ရှိသလား၊ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ လူကြီးတစ်ယောက် အနေနဲ့ မူလကတည်းက နိုင်ငံတော်နဲ့ နိုင်ငံသားများ အပေါ်မှာ စေတနာနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် အကျိုးရလဒ်ကတော့ အားလုံးသိတဲ့ အတိုင်းပါပဲ။ စေတနာကို မိမိတို့လေးစား တန်ဖိုးထားရမယ်။ ရလဒ်ကို မိမိတို့ ကြိုက်ချင်မှ ကြိုက်မယ်။ ဒီပေါ်မူတည်ပြီးတော့...

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြန်လည် ဖြေကြားရာတွင် ''ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိမိတို့ လူကြီးဟောင်းဖြစ်တဲ့ အကြီးအကဲ ဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မိသားစုကို မိမိတို့ မိသားစုက သွားရောက်ဂါရ၀ ပြုခဲ့ပါတယ်။ အဲလိုပြုတဲ့ အခါမှာ လူကြီးအနေနဲ့ ခုနကမေးတဲ့ မေးခွန်းလို့ ယူဆပါတယ်။ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ရှိသလား၊ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ လူကြီးတစ်ယောက် အနေနဲ့ မူလကတည်းက နိုင်ငံတော်နဲ့ နိုင်ငံသားများ အပေါ်မှာ စေတနာနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် အကျိုးရလဒ်ကတော့ အားလုံးသိတဲ့ အတိုင်းပါပဲ။ စေတနာကို မိမိတို့လေးစား တန်ဖိုးထားရမယ်။ ရလဒ်ကို မိမိတို့ ကြိုက်ချင်မှ ကြိုက်မယ်။ ဒီပေါ်မူတည်ပြီးတော့ သင်ခန်းစာ အနေနဲ့ ယူပြီးတော့ မိမိတို့ ဆက်လက် ဆောင်ရွက်တဲ့ နေရာမှာ လူကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ပေါ်မှုကို ဘေးကနေပြီး စိတ်ဝင်စားစွာ စောင့်ကြည့်တဲ့ သဘောရှိပါတယ်။ မဖြစ်သင့်တာတွေ မဖြစ်ပေါ်ဖို့ အတွက်လည်း သူ့ဆီမှာ စိုးရိမ်မှုတွေ ရှိပါတယ်။ ဒါကတော့ နိုင်ငံသား တစ်ယောက်အနေနဲ့ နိုင်ငံအကြီးအကဲ တစ်ယောက်အနေနဲ့ သူ့ရဲ့ အမှန်ပကတိအတိုင်း ခံစားဆောင်ရွက် နေမှုပဲ ဖြစ်ပါတယ်။ နောက်တစ်ခုမေးတဲ့ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိပါသလား ဆိုတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသည် နိုင်ငံရေးနဲ့ ပတ်သက်တာ မရှိပါဘူး။ တကယ်လို့ စိတ်ထဲမှာ ရှိရင်လည်း လက်တွေ့ သူလုပ်ဆောင်လို့ မရနိုင်ပါဘူး။ နိုင်ငံရေးကိုတော့ ဒီနေ့နိုင်ငံရေးအရ တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေ ပြောမယ်ဆိုရင် ဥပဒေပြုရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စ၊ တရားစီရင်ရေး ကိစ္စဟာ သီးခြားဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေရှိလို့ ဒါနဲ့ပတ်သက်လို့ ပါဝင်ပတ်သက်စရာ မရှိပါဘူး။ ပတ်သက်မှုလည်း မရှိပါဘူး'' ဟု ပြောကြားသည်။
မိသားစု စီးပွားရေးနှင့် ပတ်သက်၍ အချိန်မရွေး အစစ်ခံနိုင်ဟု ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ပြောကြား
Friday, October 25, 2013

မိသားစု စီးပွားရေးနှင့် ပတ်သက်၍ အချိန်မရွေး အစစ်ခံနိုင်သည်ဟု ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ လက်ရှိပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

အောက်တိုဘာလ ၂၄ ရက်က လွှတ်တော် အဆောက်အအုံ၌ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်နာယကနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် မိသားစု စီးပွားရေးကိစ္စနှင့် ပတ်သက်၍ ဥက္ကဌအနေဖြင့် clear ဖြစ်ပါသလား ဆိုသည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''မိမိတို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ လက်ထက်မှာ မိမိရဲ့ ရာထူးအဆင့်လည်း အားလုံးသိပြီး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မိမိရဲ့ သားသမီးတွေ အရွယ်ရောက်လာပြီ။ အရွယ်ရောက်လာတဲ့ အခါမှာ သူတို့စီးပွားရေး လုပ်ဖို့လိုတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ဥပဒေဘောင် အတွင်းက စီးပွားရေးလုပ်ဖို့ သူ့မှာအခွင့်အရေး ရှိတယ်။ မည်သူမဆို စီးပွားရေး မလုပ်ဘဲ၊ အလုပ်မလုပ်ဘဲ ဘယ်ကငွေနဲ့ ဘယ်က ပစ္စည်းနဲ့စားမလဲ။ ဒါကြောင့်မိုလို့ စီးပွားရေး လုပ်မယ်လို့ ပြောတဲ့အခါမှာ မိမိဥက္ကဌ မဟုတ်သေးပါဘူး။ ခုနက ဗိုလ်ချုပ်ကြီးဘ၀က အားပေးတယ်။ လုပ်ဆိုတဲ့ နေရာမှာ ဥပဒေနဲ့အညီ ဖြစ်ရမယ်။ အခွင့်အရေး ပိုမယူရဘူး။ ပြီးတဲ့အခါမှာ လူကြီးသားသမီးမို့လို့ အခွင့်အရေး ပိုမယူရဘူး။ ဒီလိုသတ်မှတ်ပြီး ဆောင်ရွက်ခိုင်းတယ်။ ဒီနေ့သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီ။ ပြောရဲတယ်။ သေချာတယ် ကိုယ့်ကိုယ် ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့ သူတို့တွေကို တပ်နဲ့ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ မလျော်သြဇာသုံးပြီး တစ်ခုမှ မခန်ခဲ့ဘူးဘူး။ အဲဒီအဆိုင်းပဲ နယက အဖွဲ့ဝင်တစ်ယောက် အနေနဲ့လည်း သူတို့ကိုပိုပြီး အခွင့်အရေးပေးပြီး ခိုင်းခဲ့တာတွေ တစ်ခုမှမရှိဘူး။ ဒီကနေ့သူတို့ စီးပွားရေး လုပ်နေကြတယ်။ ဘာတွေဆိုတာ တရားဝင်လုပ်တယ်။ စီးပွားရေး လုပ်ပြီးရတဲ့ ၀င်ငွေကို အခွန်အကောက် ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်ခိုင်းထားတယ်။ ဆောင်ရွက်ထားတယ်လို့ ပြောတယ်။ ဒါနဲ့ပတ်သက်လို့ တာဝန်ယူတယ်။ ကလေးတွေအတွက် ကလေးတွေ တာဝန်ယူနိုင်အောင် လုပ်ထားတယ်။ အချိန်မရွေး အစစ်ခံနိုင်တယ်။ အချိန်မရွေး လာရောက် လေ့လာနိုင်ပါတယ်'' ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

No comments: