Saturday, October 19, 2013

“ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သား အပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှ ကွန်ပျူတာကို ဝင်သိမ်း”



19 October 2013

ဦးသန်းရွှေ မြေး ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သားအပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှ ကွန်ပျူတာကို ဝင်သိမ်းသွားကြောင်းသတင်းရရှိပါတယ်.အပေါ်ကပုံကြောင့် အငြိုးထားလေသလော...

ကဲ ၊ ဘယ်လိုတိုင်းပြည်လဲဗျာ။ လက်ရှိအုပ်ချုပ်နေတဲ့လူတွေ ကို ရှိတယ်လို့ တောင်မထင်ကြပုံများ။ မြို့လည်ခေါင် အထင်ကရ hotel ကြီးမှာ တည်းရင်းခိုရင်း ဗုံးထောင်သွားတဲ့သူကထောင်။ ခုလည်း နာမည်ကျော် လမ်းမတော်ဖိုးလပြည့် နဲ့ အဖွဲ့ ကမ္ကာအေး က သူရိယ သတင်းစာ တိုက်ကို ည ၁နာရီလောက်က လူအုပ်နဲ့ ဝင်စီးနင်းပြီး ကွန်ပြူတာ တစ်လုံးကို ယူဆောင်သွားလို့ ဆိုပဲ ။ ဝန်ကြီးသားတစ်ယောက်လည်း ပါသေးတယ် လို့ သူရိယ စာစောင်ကို ဦးစီး ထုတ်လုပ်သူ ကိုမိုးဟိန်း က သူနဲ့ နီးစပ်ရာ နိုင်ငံရေး အသိုင်းအဝိုင်းကို အကြောင်းကြားလာပါတယ်။ တကယ်မှန်တယ်ဆိုရင်တော့ ၊ ဒီကနေ ရှေ့ Hotel တွေ၊ စားသောက်ဆိုင် တွေ အပြင် မီဒီယာရုံးခန်း တွေပါ လူရမ်းကားတွေ ရဲ့ ခြိမ်းခြောက် မှု အန္တရယ်တော့ရှိနေပြီ မို့ တခြားအလုပ်ကလေး ပြောင်းလုပ်ရကောင်းမလား စဉ်းစားနေရ ပြီမိတ်ဆွေတို့ ရေ။(သီဟသွေး)

http://8888newgenerations.blogspot.com/2013/10/blog-post_6826.html

No comments: