Saturday, October 26, 2013

ဘာမှ မဆန်းပါ..

D Myo Chit
Sayar Gyi Jit
အမေစု English ကောင်းတာ ဘာမှ မဆန်းပါ..
Oxford ထွက်ပဲဗျာ.. ဘာဆန်းလဲ..

ရုပ်ချောတာလဲ ဘာဆန်းလဲ ..
ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည် ရုပ်တွေကြည့်လိုက်လေ.. ဒီမိဘ ကမွေးထားတာ..
ဘယ်လိုလုပ် ရုပ်ဆိုးမတုန်း..

စကားပြောကောင်း ပွဲလယ်တင့်တာ... နဲနဲဆန်းလာပြီ..

စကားပြောကောင်းတာကတော့ မြန်မာတွေအများကြီးရှိပါတယ်.. အတွေးအခေါ်ပါတဲ့ ပြောရင် မှတ်သားစဖွယ်ကျန်ခဲ့တဲ့စကား ဖြစ်ဖို့ကတော့ သိပ်မလွယ်ပါဘူး.... သူ့ ဥာဏ် သူ့အတွေးအခေါ်ကိုထောက်ချင့်ရင် ဒီထက် အသားပါတာတွေ အနှစ်တွေ လာဦးမယ် ဆိုတာ အသေအချာပါပဲ...

ဆန်းတာက..
ဒီအသက်ဒီအရွယ်ထိ သူ့အကျိုး ( မပါတော့ဘူးတောင်ပြောလို့ရပါတယ် ) မပါသလောက် တိုင်းပြည် လူမျိုးအတွက် ကိုယ်ကျိုးစွန့် ဘ၀မြှုပ်နှံပြီး လုပ်ပေးခဲ့တာ လုပ်ပေးနေတာ..

လူထုက ဒီလောက် သည်းသည်းလှုပ်ချုစ်ခင် လေးစားတဲ့ ခေါင်းဆောင် နောက်တစ်ယောက်ထက်ရဘို့ဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိနိုင်တာ.. အာဆီယံမှာတောင် လွယ်လွယ် မရနိုင်တာ..ဒီလိုခေါင်းဆောင်မျိုး...

သူ့အရည်အချင်းနဲ့ ဘန်ကီမွန်းနေရာမျိုး အခြား international ခေါင်းဆောင်နေရာမျိုးတွေ ကြိုက်သလိုရနိုင်ပါလျက် ဒီ ပုပ်ပွ နံစော် စုတ်ပြတ်နေတဲ့ တိုင်းပြည်လေးထဲ မှာ လုပ်ပေးချင်လွန်းလို့ ပေကပ် နေနေတာ..

တတစ်တိုင်းပြည်လုံး ဘယ်နေရာမဆိုလက်ညှိုးထိုးမလွဲ ဟို ဗိုလ်ချုပ်ကြီး ဒီ ၀န်ကြီးချုပ် ဒီတိုင်းမှူး စတာတွေ သားသမီးမြေးမြစ်တွေ ပိုင်ဆိုင်တဲ့ မြေ တိုက်တာ အဆောက်အဦး လုပ်ငန်း ချည်း ဖြစ်နေသလောက် သူပိုင်တဲ့ မြေ အိမ် ( တကယ် အမည်ပေါက် ) ဘာဆိုဘာမှ မရှိတာ..
ခုတောင် အိမ်ပေါ်က ဆင်းပေးရတော့မလောက် ဖြစ်နေတာ....

ဒီလိုခေါင်းဆောင်မျိုး ရ၀ နားနီးအောင် အသက်ရှည်နေတာတောင် သြချရမလိုဖြစ်နေပြီ.. သေမှ မြန်မာထုံးစံ သီချင်းတွေဆို စာတွေရေး ရုပ်ရှင်တွေရိုက် ပြီး ဇတ်နာမနေကြပါနဲ့ လွမ်းမနေကြပါနဲ့ လို့ပဲ ပြောပါရစေတော့...

လေးစားစွာ....

No comments: