ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) စိုးရိမ်မှုအပေါ် သဘောထားမှတ်ချက်များ
Fri Oct 25, 4:48 pm

နောက်ပြီး မြစ်ဆုံကိစ္စတို့၊ လက်ပံတောင်းကိစ္စ စတဲ့ စီးပွားရေးကိစ္စ တွေမှာ ပြဿနာတွေ ဖြစ်လာတယ်။ အားလုံးကလည်း ပြောရဲ ဆိုရဲ ရေးရဲ ဖြစ်လာတော့ သူအာဏာမလွှဲခင်က ဖြစ်ခဲ့တာတွေကို မဖော်ထုတ်ဘူးလို့ အာမမခံနိုင်တော့ဘူး။
နိုင်ငံအကြီးအကဲ လုပ်ခဲ့တဲ့သူဟာ ချန်ထားခဲ့တဲ့ နိုင်ငံကို အေးအေးဆေးဆေးနဲ့ မြင်ချင်မှာပေါ့ ။ ဒါမှသူ့ကို မထိခိုက်မှာလေ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦး

စစ်အုပ်ချုပ်ရေးထက် အရပ်ဘက် အုပ်ချုပ်ရေးက ပြည်တွင်းစစ်ကို ပိုရပ်ဆိုင်းနိုင် လိမ့်မယ်။”
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ပြန်ဆွဲဖို့ ဘယ်လောက်ပြောပြော ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပဲသွားမယ်။ အသစ်ကို ပြန်ဆွဲဖို့အတွက် လမ်းပေါ်ထွက်ပြီး အုံကြွမှု လုပ်နိုင်ပါ့မလားလို့ သံသယဖြစ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မဆလ လက်ထက်ကလို လမ်းတစ်ပေါက်တည်း ရှိတာ မဟုတ်တဲ့အတွက် အုံကြွမှု မဖြစ်နိုင်ဘူး။ နောက်ကြောင်း ပြန်သွားချင်တဲ့သူ တွေက ကောင်းကောင်း မထိန်းသိမ်းဘဲ လွှတ်ထားရင် တပ်မတော်က ဒါတွေကြောင့် အာဏာပြန် သိမ်းရပါတယ် လို့ပြောလိမ့်မယ်။
ပြည်သူတွေက ဥပဒေကို ရိုသေသိရှိဖို့ လိုတယ်။ တပ်မတော်ကို ပြောချင်တာက နိုင်ငံရေး အခြေအနေ တွေကို မှန်မှန်ကန်ကန် သုံးသပ်ပါ။ စေတနာပါပါ သုံးသပ်ပါလို့ ပြောချင်တယ်။”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အချိန်မှာ ဒီလိုပါပဲ၊ ပြဿနာ တွေကတော့ ရှိမှာပေါ့၊ ဒါတွေကို ဘယ်လို ကောင်းအောင်ပြင်ဆင်မလဲ၊ ရင်ဆိုင်မလဲ ဆိုတာပဲ အရေးကြီးတယ်၊ ဘေးကနေထိုင် ပြောနေလို့မရဘူး။”
၈၈မျိုးဆက် ကျောင်းသားဟောင်း ဦးမြအေး
No comments:
Post a Comment