Friday, October 18, 2013

သတင်းစာ ရှင်းလင်းပွဲက ဗုံးခွဲမှု လက်သည် ဘယ်သူတွေလို့ပြောလဲ

ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် အပါအ၀င် ရန်ကုန်နဲ့ အခြား မြို့တွေမှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲတာ၊ မပေါက်ကွဲသေးတဲ့ ဗုံးတွေ တွေ့ခဲ့တာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ 

လတ်တလလော ဗုံးပေါက်ကွဲမှုများတွင်း အသုံးပြုလေ့ရှိတယ်ဆိုတဲ့ M 67 လက်ပစ်ဗုံးကို ပြသထားစဉ်၊ 
ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ

သတင်းစာ ရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အကြီးအကဲ က အခု ဗုံးဖောက်ခွဲမှုတွေကို စီမံသူတွေဟာ ကရင် စီးပွားရေး သမားအုပ်စုတခုက လုပ်တာလို့ ပြောဆိုလိုက်ပါတယ်။ အကြောင်းပြချက်က သဘာဝ အရင်းအမြစ်ပေါကြွယ်ဝတဲ့ သူတို့ရဲ့ ကရင်ပြည်နယ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မလာဖို့ ဖြစ်တယ် လို့ ပြောဆိုသွားခဲ့ပါတယ်။ 



ဒီအကြောင်း သတင်းကို မြန်မာပိုင်း စာမျက်နှာက ဗုံးကွဲမှုများ KNU နဲ့ မပတ်သက်ဟု ဦးရဲထွဋ် ပြောပြီ ( http://burma.irrawaddy.org/news/2013/10/18/49781.html) အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ Burma Police Say Karen Businessmen Plotted Bombings (http://www.irrawaddy.org/burma/burma-police-say-karen-businessmen-plotted-bombings.html)မှာလည်း အပြည့်အစုံ ဖတ်နိုင်ပါတယ်။ 

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ဇော်ဝင်းနဲ့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်တို့လည်း တက်ရောက်ကြပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ဦးရဲထွဋ်

ဦးရဲထွဋ်က ပြောတာတော့ ဒီဗုံးကွဲမှုတွေဟာ KNU နဲ့ မပတ်သက်ဘူးလို့လည်း ပြောဆိုထားပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗုံးကွဲမှုတွေမှာ အသုံးပြုခဲ့တယ်ဆိုတဲ့ ပစ္စည်းတွေကို ပြသထား ပါတယ်။ သတင်းစာ ရှင်းလင်းပွဲက မြင်ကွင်း တချို့ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

 မြန်မာနိုင်ငံရဲချုပ် ဇော်ဝင်း










အိမ့်သံစဉ် ~

No comments: