မြန်မာပြည်မှာ ဗုံးတွေကွဲတာနဲ့ ခွပ်ဒေါင်းနီမင်း ဖြစ်စဉ်ကလေးတောင်နဲနဲပြတ်သွားတယ်… အော်…နီမင်း ကျဆုံးပြီးတာတောင် ဗုံးစတွေက ခင်ဗျားသမိုင်းလာမှန်နေသေးတယ်…. ထားပါတော့ …
ကျွန်တော် ရှေ့တန်းကပြန်လာတော့ … ဆက်သွယ်ရေးသင်တန်း အဖွဲ့ကလေး
လူစုကွဲသွားကြပြီ….. မိခင်စခန်း အသီးသီးပြန်ကြပြီ။
နီမင်းကိုစုံစမ်းတော့…စိတ်မကောင်းစရာကြားရတယ် ။ မိခင်သေ့ဘောဘိုး စခန်းမှာလဲမနေ ဆက်သွယ်ရေးတပ်ရင်းထောင်မယ်ဆိုပြီး မဲဆောက်မှာ အရူးတစ်ယောက်လိုလျှောက်သွားနေတယ်…တဲ့
၊ တောင်ငူသားကြီး…ဦးအေးဆောင် အိမ်မှာနေတယ်လို့လဲကြားတယ်။
ရဲဘော်ရဲဘက်အများစုက နီမင်းကြောင်နေပြီ …ရူးနေပြီ…ဆိုပြီး အလေးမထားကြဘူး။
သူခံစားခဲ့ရတာသိနားလည်ထားတော့လဲ.. ကျွန်တော်ကမနေနိုင်ခဲ့ဘူး….မဲဆောက်ကိုလိုက်သွားခဲ့တယ်။
တကယ်တမ်း ကျတော့.....ကိုယ်တိုင် ကလဲ ထိုင်းမြေပေါ်မှာ
တရားမ၀င်တစ်ယောက်ဆိုတော့ အပြင်တောင် ကြာကြာ မထွက်ရဲဘူး။
တစ်နေ့ …..တစ်ကိုယ်လုံးအေးစက်ပြီး….သတိမရတချက်
..ရတစ်ချက် ဖြစ်နေတဲ့နီမင်းတစ်ယောက်…ဆရာမ ဆင်သီယာမောင်
ဆေးခန်းရောက်လာတော့ မှဘဲတွေ့တော့တယ်။ နဲနဲသက်သာလာတော့ သူသံယောဇာဉ်
ရှိတဲ့…သူအရေးကြီးတယ်ထင်တဲ့…ဆက်သွယ်ရေး
အုပ်စုလေး ပြန် စုစည်းပြီး ABSDF ရှေ့ ရေးအတွက်
ခိုင်မာတဲ့တပ်ရင်းလေးတစ်ခု ဖေါ်ဆောင်ဖို့ ကိစ္စဘဲအမြဲပြောတယ်။
ကျွန်တော့ကိုလဲကူညီဖို့အတင်းတိုက်တွန်းတယ်…မဲဆောက်ထဲမှာလဲ
ဟိုခေါ်ဒီခေါ် လျှောက်ခေါ်တယ်။
.ကိုထွန်းဦး(ကျဆုံး)နဲ့ လဲအတင်းတွေ့ ခိုင်းတယ်။စစ်ထောက်လှမ်းရေးလက်ထဲမှာ…. သူခံစားခဲ့ရတာတွေကြောင့် ရခဲ့တဲ့ စိတ်ဒါဏ်ရာကိုယ်ဒါဏ်ရာ အကြောင်းသိထားတော့…ပစ်မထားရက်လို့ ထိုင်းရဲကို ကြောက်ကြောက်နဲ့ဘဲ သူ့နောက်က လျှောက်လိုက်ထိမ်းသိမ်းပေးခဲ့တယ်။
အဲဒါကို..ထိုစဉ်ကဒညတနဲ့ပေါင်းပြီးမဲဆောက်(FirstHotal)ဟိုတယ်ပေါ်မှာ
ရှေ့တန်းစခန်းဖွင့်ထားတဲ့ ၂၁၀ တပ်ရင်းမှူး
ကြီးကိုတင်စိုးက…. ကျွန်တော်ဟာ AB ထဲမှာနေရာလိုချင်လို့
…ရူးနေတဲ့နီမင်းပြောတာတွေ အဟုတ်မှတ်ပြီး နောက်ကလျှောက်လိုက်နေတယ်လို့
ပြောသေး…. ဆိုဘဲဗျာ …. ၊ အဲဒီနောက်တော့…သူ့ကိုမိခင်တပ်ရင်းမှာပြန်နေဖို့တိုက်တွန်းပြီး
လူချင်း ကွဲသွားကြတယ် ဒီနေ့အထိဆိုပါတော့။
ခွတ်ဒေါင်းနီမင်းနဲ့ ကြုံသမျှသိသမျှတော့..ဒါပါဘဲ…….။
မကြာခင်
ခရီးထွက်စရာလေးတစ်ခုရှိလို့…. ရှိသမျှ နီမင်းပါတဲ့ပုံနဲ့အတူ ..ဆက်သွယ်ရေး
သင်တန်းအပြီး သံလွင်ကမ်းမီးပုံပွဲမှာ…မခွဲခင်ပျော်နေကြတဲ့
ဆက်သွယ်ရေးခွပ်ဒေါင်းတို့ပုံ။ မာနယ်ပလော မကျမီ နောက်ဆုံးတွေ့ခဲ့တဲ့
၂၁၀ ချစ်ခွပ်ဒေါင်း ရဲဘော်တွေရဲ့ပုံ…တို့ ကို မျှဝေထားပါတယ် ။ 



မြန်မာပြည်မှာ ဗုံးတွေကွဲတာနဲ့ ခွပ်ဒေါင်းနီမင်း ဖြစ်စဉ်ကလေးတောင်နဲနဲပြတ်သွားတယ
ကျွန်တော် ရှေ့တန်းကပြန်လာတော့ … ဆက်သွယ်ရေးသင်တန်း အဖွဲ့ကလေး လူစုကွဲသွားကြပြီ….. မိခင်စခန်း အသီးသီးပြန်ကြပြီ။ နီမင်းကိုစုံစမ်းတော့…စိတ်မကောင
အဲဒါကို..ထိုစဉ်ကဒညတနဲ့ပေါင်းပြ




No comments:
Post a Comment