Thursday, October 17, 2013

ရဲတပ်ဖွဲ့မှာ နှစ်ပေါင်းများစွာ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ရဲစစ်စစ် ရဲ့ရင်ဖွင့်စာ


==========================================

သို့၊
နိုင်ငံတော်သမ္မတကြီး
လွတ်တော် ဥက္ကဋ္ဌများ နှင့် လွတ်တော် ကိုယ်စားလှယ်များ
ပြည်ထဲရေးဝန်ကြီး
မြန်မာနိုင်ငံရဲချုပ်

ဟိုတချိန်လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကပေါ့ .. ရဲချုပ် ဦးရွှေသန်း
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ ညီလာခံ သွားတက်ခဲ့တာ
တပ်မတော်အသွင်ပြောင်းရဲဖြစ်နေလို့ လက်မခံဘဲ ပြန်လွှတ်ခဲ့ရတယ် ။ ဒါနဲ့
ရဲစစ်စစ် ရဲချုပ် ဦးသိန်းအောင် ကို ရဲချုပ်ခန့်ပြီး ဦးရွှေသန်းကို
ကြယ်ငါးပွင့် သင်္ဘောကော်ပိုရေးရှင်း ညွှန်ချုပ်အဖြစ် ပြောင်းခန့်ခဲ့ရပါတယ်


ရဲတပ်ဖွဲ့ဟာအစိုးရရဲ့ပြယုဂ်၊လက်ကိုင်တုတ်အနေနဲ့အသုံးချခံထားရတဲ့အဖွဲ့အစည်းဖြစ်နေခဲ့တယ်ဆိုရင်
မပြင်းနိုင်ပါဘူး .. ဒါပေမယ့် အစိုးရရဲ့ ပုံရိပ်ဟာ
ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်တွေနဲ့ ဆက်စပ်နေပါတယ်။
ထမင်းရည်ပူလျှာလွဲနေလို့မရပါဘူး ။
ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲနေတာအကြိမ်ပေါင်းမနည်းတော့ပါဘူး
။မအောင်မြင်ခဲ့ပါဘူး ။အခြေခံကျကျ ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။
ပြောင်းလဲချင်ရင် -
၁။ အူမတောင့်မှ သီလစောင့်မယ်
ထမင်းနပ်မှန်အောင်စားရပါစေ ၊ ဥပမာ- အခမ်းအနားတခု လမ်းကြောင်း (သို့)
နေရာလုံခြုံရေးကျတဲ့ တပ်ဖွဲ့ဝင်တွေ၂နာရီ မှ၎နာရီ အနည်းဆုံးစောပြီး
နေရာယူရပါတယ်။အိမ်က ဇနီးထမင်းကြမ်းမကျွေးလိုက်နိုင်ဘူး ။
အဲဒီတာဝန်ကျနေရာသွားဖို့ ဆိုင်ကယ် ဓါတ်ဆီ တစ်ဗူး
၁၀၀၀ကျပ်ပေးဝယ်ထည့်ခဲ့ရပြီး နီးစပ်ရာ မုန့်ဝယ်စား၊၅၀၀ကျပ်မှ
၁၀၀၀ကျပ်ကုန်သွားပြီ၊ အခမ်းအနားလာတဲ့လူကြီး အိမ်က နံနက်စာစားခဲ့ပြီးလဲ
ပြင်ထားတာ ရှယ်ပေါ့ ဒါပေမယ့် လုံခြုံရေးတာဝန်ကျတဲ့ တပ်ဖွဲ့ဝင်တွေ
ရေတစ်ခွက်တိုက်မဲ့သူမရှိပါဘူး ။

၂။အမှုစစ်တစ်ယောက်ရဲ့ ကုန်ကျစားရိတ်
ထိုနည်း၎င်းဘဲ အသေးစိတ်မပြောတော့ပါ

၃။နေစရာအိမ်
တပ်ဖွဲ့ဝင်တွေ အားလုံး ကို မပေးနိုင်ပါဘူး ။မညာစတမ်း ဝန်ခံစမ်းပါ
။အိမ်ငှားစားရိတ် ဘယ်ကရမှာလဲ။

၎။ ယူနီဖောင်း
ထုတ်ပေးတယ်မပြောပါနဲ့၊အထည်ချုပ်ဆိုင်နဲ့ပေါင်းပြီးဝတ်မရတဲ့
အရည်အသွေးမမှီတဲ့ဝတ်စုံ ရဲတသက် ၂ခါဘဲရဘူးပါတယ်။အဲဒီယူနီဖောင်း တစ်ယောက်မှ
ဝတ်မရတာ အောက်ခြေဆင်းကြည့်ပေးပါ ။

၅။ရာထူး
ရဲစစ်စစ်တွေရာထူးမပေးပါ။အနေကြာလို့ပင်စင်သွားခါနီး
သုံးပွင့်လောက်တော့ရမှာပေါ့။ရာထူးမျှော်လင့်ချက်မရှိ၊နေရစားရချို့တဲ့တော့
ဘယ်တပ်ဖွဲ့ဝင် ခံယူချက်ရှိမှာလဲ၊တပ်ကအသွင်ပြောင်း သားရဲ့
သူငယ်ချင်းအဘခေါ်နေရတဲ့ခေတ်။
တပ်ကလူတွေရဲထဲရာထူးကြီးကြီးတွေပေးပြီး နေရာတွေဝင်ယူထားတော့ ရောဘာထူးလဲ
လာဘ်စားမှုပိုတောင်များသေးတယ်၊ရဲစစ်စစ်တွေက စားသင့်တဲ့အစာ ၊
မစားသင့်တဲ့အစာ ၊ စားသင့်တဲ့အချိန်၊ မစားသင့်တဲ့အချိန်
တိုင်းတာချင့်ချိန်သေးတယ် ။တပ်ကပြောင်းတဲ့သူတွေက ရဲမှန်ရင်
ပိုက်ဆံရမယ်ဆိုပြီး လောဘတကြီး တောင်းတော့တာဘဲ ၊ မပေးရင်
အကြောင်းအမျိုးမျိုးပြရစ်တော့ ညစ်တော့တာဘဲ။
အခုအစိုးရပိုင်းအကြီးအကဲ၊ရဲတပ်ဖွဲ့ရဲမှူးအထက်အားလုံး ၉၀%တပ်မတော်က
အသွင်းပြောင်းတွေပါ။ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံချဲ့အင်အားတိုးချဲ့တာမဟုတ်ပဲ
တပ်မတော် အင်အားတိုးချဲ့ပြီး တပ်မတော်
အာဏာချဲ့ထွင်နေတာဖြစ်ပါတယ်။တပ်မတော်က အရပ်ဘက်ပြောင်းရင် တပ်ပင်စင် လစာရော
အရပ်ဘက် လစာပါ ၂မျိုးခံစားအခွင့်ထူးခံနေတာ
မသင့်တော်ပါဘူး။လွတ်တော်ကိုယ်စားလှယ်ကြီးများ
မသိခြင်ယောင်ဆောင်နေတော့မှာလား ။ တပ်မတော်ကြီးရယ် ကိုယ့်သမိုင်းကို
ကိုယ်ရေးတဲ့အခါ သမိုင်းဆိုး သမိုင်းညစ်ကိုထားခဲ့မှာလား ။ရဲထဲကို
ပြောင်းချင်ကြတဲ့ တပ်မတော်အရာရှိ ရိုက်သတ်လို့မကုန်နိုင်အောင်ပါဘဲလား ။
အဲဒီတော့ ရဲစစ်စစ်တွေ ခံယူချက်ပျောက်သွားပြီ။သူတို့ကျွမ်းကျင်တဲ့
အမှုစစ်ပညာ ၊ မူခင်းကျဆင်းရေးတွေ မလုပ်တော့ဘူး။ပညာကို
ဝှက်ထားလိုက်ကြပြီ။ရာထူးမျှော်လင့်ချက်ရှိရင်လဲ
ကြိုးစားကြမှာပေါ့။တပ်နဲ့ရဲသဘောသဘာဝခြင်းမတူပါဘူး၊ရဲဆိုတာတစ်ဦးချင်းကိုယ်ရည်ကိုယ်သွေးနဲ့ဖေါ်ထုတ်တာဝန်ထမ်းဆောင်ကြရတာ၊တပ်လို
တပ်စိတ်လိုက် တိုက်ပွဲဝင်ရတာမဟုတ်ဘူး။အခုတော့
အရာရာတပ်ပုံစံသွင်းနေတယ်၊ရဲဆိုတာ တစ်နေရာကို ကြာကြာနေမှ
ဒေသစရိုက်၊လူကောင်း/လူဆိုးတွေ အကြောင်းသိပြီးနယ်မြေကို
ကောင်းကောင်းထိန်းနိုင်မှာ အခုတော့ တပ်လိုဘဲ အလှည့်ကျစနစ်တဲ့။ပြီးတော့
အင်အားမှာလဲဖွဲ့စည်းပုံ တစ်ဝက်တောင်မရှိဘူး။ဖွဲ့စည်းပုံအမှားကြီးကိုလဲ
ရေးဆွဲထားသေးတယ်၊အခြားအဆင့်တပ်ဖွဲ့ဝင်တွေကတော့ ကင်းပြီးရင်းကင်းပါဘဲ။
ငွေပေးမှ နီးစပ်မှ
ရာထူးတိုးပေးတဲ့စနစ်ကိုဖျောက်ရမယ်။အခြားအဆင့်များများရအောင်
စည်းရုံးရမယ်၊တပ်သားသစ်တစ်ယောက်စုရတာ
၂သိန်းကုန်တယ်။ဘယ်ကပိုက်ဆံနဲ့စုရမှာလဲ၊နယ်ထိန်းကိုတာဝန်ယူခိုင်း၊နယ်ထိန်းကလဲ
ဘယ်ကငွေနဲ့ အကုန်ခံရမှာလဲ ဒုစရိုက်သမားဆီကဘဲပေါ့။

ရဲတပ်ဖွဲ့ရဲ့အားနည်းချက် (သို့) လက်ရှိအစိုးရရဲ့ယခင်အကျင့်များ -
လူကြီးလာရင် နယ်မြေအစပ် (သို့) တနေရာက
ခေါင်းဆောင်ပိုင်းအားလုံးသွားကြိုရတယ်၊
အနည်းဆုံးနေ့တစ်ဝက်ကုန်တယ်၊အခြားတာဝန်တွေ လစ်ဟင်းကုန်ပြီ။
ဂါရဝလက်ဆောင်တွေပေးကြရတယ်၊လက်ဆောင်တွေသယ်ဖို့
ကားတစ်စီးခေါ်လာကြတယ်၊လာစစ်တာနဲ့မတူတော့ပါ
အောက်ခြေကိုလာနှိပ်စက်နေတာပါ။သူတို့က
အခုမစားတော့ပါဘူးလို့ပြောလာမယ်။ပြောနိုင်မှာပေါ့၊သူတို့ကအခု
မစားတော့ပါဘူးလို့ပြောလာမယ်၊ပြောနိုင်မှာပေါ့၊သူတို့ရယူထားတဲ့မြေကွက်ပေါင်းများစွာရောင်းစားပြီးသန်းကြွယ်သူဋ္ဌေးတွေဖြစ်ကုန်ကြပြီ၊သားသမီး
မိန်းမ နာမည်ခံပြီး မြို့တိုင်းနီးပါးမြေကွက်တွေ၊အိုးအိမ်က ပါမစ်တွေနဲ့
လျော့ဈေးရောင်းတဲ့ တိုက်တွေ ပြည်သူတွေဆီက အဆီကိုစား
အသားကိုမြိုခဲ့ကြပြီလေ။ တပ်မတော် အရာရှိတယောက်မြန်မာပြည်မှာ မြေတစ်ကွက်သာ
ခံစားရမယ်ဆိုပြီး စစ်တမ်းကောက် ဥပဒေပြဋ္ဌာန်းကြည့်လိုက်စမ်းပါ၊
အပိုယူထားတဲ့မြေကွက်တွေကို ပြန်အပ်ခိုင်းလိုက်စမ်းပါ သူတို့တပ်မတော်ထဲမှာ
တပ်တွင်းပုန်ကန်မှုတွေ တောင်ဖြစ်ကုန်အုံးမယ်။
နောက်ဆုံးအဓိကပြောချင်တာကတော့ ဝန်ထမ်းဆိုတာ
အစိုးရဘဲ၊ဝန်ထမ်းကောင်းမှအစိုးရကောင်းမယ်၊ဝန်ထမ်းတွေအခြေခံစိတ်ဓါတ်ပျက်စီးအောင်၊တပ်မတော်အသွင်ပြောင်းများရဲ့
အုပ်ချုပ်မှုလွတ်ကင်းအောင် တပ်မတော်သားများကို
တပ်ထဲကိုပြန်ပြောင်းပေးဘို့ လွှတ်တော်မှ တဆင့်တောင်းဆိုပေးပါရန်
တင်ပြအပ်ပါတယ်။

တပ်မတော်နှစ်ပေါင်းများစွာ အုပ်ချုပ်ပြီးလုပ်စား၊လာဘ်စားခဲ့လို့
မြန်မာပြည်မွဲခဲ့ရတာပါ။သယံဇာတမရှိတဲ့ စင်္ကာပူနိုင်ငံ ကိုယ့်နိုင်ငံထက်
ကြီးပွားနေပါပြီ။မြန်မာပြည်တိုးတက်အောင်လုပ်မယ်လဲပြောသေးတယ် တပ်က
အရာရှိတွေ ဋ္ဌာနပေါင်းစုံမှာ ဝင်လာမစဲ တသဲသဲ ပေါ့။ဒီမိုး ဒီရေ
ဒီလူတွေနဲ့ဆိုရင်တော့..........................။

No comments: