Monday, October 21, 2013

စစ်တပ်က ခဏခဏ အာဏာသိမ်းတဲ့၊ စစ်တပ်ကစွက်ဖက်တဲ့ ဒီမိုကရေစီကိုလည်း မလိုချင်ပါဘူး။


21 October 2013
Photo: စစ်တပ်က ခဏခဏ အာဏာသိမ်းတဲ့၊ စစ်တပ်ကစွက်ဖက်တဲ့ ဒီမိုကရေစီကိုလည်း မလိုချင်ပါဘူး။ (ကျွန်တော့်အကောင့်...ကနေ...

Post...တင်လို့မရဘူးဖြစ်နေတယ်...ပုံတင်လို့လဲမရဘူး...Status....လဲရေးလို့မရဘူး...Like...လုပ်တာတောင်...error...ဖြစ်နေလို့...အခုမှပုံနှင့်တကွပြန်တင်လိုက်ရပါတယ်....) နေပြည်တော်က လွှတ်တော် အစည်းအဝေးများဟာ အင်မတန် တည်ငြိမ်အေးချမ်းတဲ့ အသွင်ကိုဆောင်တာ အားလုံးအသိပါ။ အမတ်မင်းတချို့ အိပ်ငိုက်နေ၊ အိပ်စက်နေကြတဲ့အထိ အေးချမ်းပါတယ်။ လွှတ်တော်ထဲ အိပ်မောကျကြတဲ့ နေရာမှာတော့ နိုင်ငံတကာကို ပုခုံးချင်း ယှဉ်နိုင်ပြီလို့ ဆိုနိုင်တာပေါ့။ အေးရာအေးကြောင်း ငိုက်နေ၊ အိပ်နေကြတာဟာ ရုန်းရင်းဆန်ခတ် ဖြစ်နေတာထက်တော့ ပိုကောင်းတယ် မဟုတ်လား။ နေပြည်တော် လွှတ်တော်အခင်းအကျင်းကို ဖန်တီးခဲ့ သူများဟာ အမြော်အမြင်ကြီးကြပါတယ်။ လွှတ်တော်ထဲကို စစ်အရာရှိ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရောက်အောင်လုပ်၊ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းအတွက် နေရာကို အချိန်ယူတည်ထောင်ခဲ့တဲ့ ပါတီကြီးတခုရဲ့ ကိုယ်စားလှယ်တွေ ရောက်သွားအောင် စီစဉ် ကုလားဖန်ထိုးခဲ့တာဟာ တကယ့်ကို အမြော်အမြင်ကြီးတဲ့ လုပ်ရပ်လို့ ဆိုရမှာပါပဲ။ ဗိုလ်ချုပ်ကြီးတွေကလည်း သူတို့ စိမ်ပြေနပြေ စိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဆိုတာကြီးနဲ့ ကိုင်ကိုင်ပေါက် ရတာကို အင်မတန် အရသာတွေ့ဟန် တူပါရဲ့။ သူတို့ သေနတ်နဲ့ချိန်ပြီးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဆိုတော့ ဒီလို ကာကွယ်ပြောဆို ရေးသားနေတာဟာ သဘာဝ ခပ်ကျကျပါပဲ။ အခြေခံဥပဒေပါ အချက်အလက်တွေကို ပြင်ဆင်နှိုင်ခြင်းမရှိအောင် စစ်ဗိုလ် တမတ်သားနဲ့ ရုပ်သေး ကြိုးဆွဲ အမတ်တွေ အနည်းဆုံး တမတ်သား ပါနေမယ့် ပါလီမန် ထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး စတာတွေ လုပ်လို့ မရ တော့ပါဘူး။ပြင်ဆင်ရေး လုပ်ဖို့ ကြိုးပမ်းမယ် ဆိုရင် ၇၅ % မဲ ရရှိမှ ပြုလုပ် နိုင်ပါမယ်။ ဒီလောက်မဲ အရေ အတွက် ရဖို့ဆိုတာကလဲ စစ်ဗိုလ် တမတ်သားနဲ့ ရုပ်သေး ကြိုးဆွဲ အမတ်တွေ အနည်းဆုံး တမတ်သား ပါနေမယ့် ပါလီမန် ထဲမှာ ဖြစ်နိုင်ချေ မရှိပါဘူး။ လက်ရှိ နိုင်ငံတော် သမ္မတ ၏နောက်ကွယ်မှာ မလွန်ဆန်နှိုင်တဲ့ သြဇာလွှမ်းမိုးမှုတွေရှိနေသေးတာဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တွေရဲ့အဟန့်အတားဘဲဖြစ်ပါတယ်။အာဏာရှင်တွေရဲ့ အရိပ်အငွေ့တွေက ဖုံးလွှမ်းနေဆဲပါဘဲ။ အာဏာရှုး ဝန်ကြီးတွေ၊ ဘဝင်မြင့်အမတ်တွေ၊ အနိုင်ကျင့်တဲ့ရဲတွေ၊ သခင်အားရ ကျွန်ပါးဝ လက်ကိုင်တုတ် ကြံ့ဖွံ့တွေနဲ့၊ တစ်ချိန်လုံး ဦးစားပေး (၁) ဖြစ်ခဲ့တဲ့ စစ်တပ် အဆင်ပြေဖို့ဆိုတာက ပြဒါးတစ်လမ်း၊ သံတစ်လမ်း၊ ပါဘဲ။ ၂၀၀၈-ခုနှစ်က ရေးဆွဲထားတဲ့ အခြေခံစည်းမျဉ်း ဥပဒေဟာလည်း စစ်အာဏာရှင်တွေအာဏာတည်မြဲရေးအတွက် ရေးဆွဲထားတဲ့ဥပဒေတွေ ဖြစ်နေတယ်ဆိုတာလဲ အားလုံးသတိပြုကြပါ။သေနတ်ကိုင်ပြီးအပေါ်စည်းကနိုင်ငံရေး စကားပြောနေတာ နိုင်ငံရေးမဟုတ်ပါဘူး၊ အခန်း (၁) ပုဒ်မ ၆ ပုဒ်မခွဲ (စ) နိုင်ငံ၏ အမျိုးသားနိုင်ငံရေးဦးဆောင် မှု ကဏ္ဍတွင်တပ်မတော်ကပါဝင် ထမ်း ဆောင် နှိုင် ရေးတို့ကို အစဉ်တခိုက်ဦးတည်သည် လို့ပါရှိပါတယ် အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်က ဆက်လက်တည်ရှိနေဦးမယ်ဆိုတာ ကိုဆိုလိုခြင်းဘဲဖြစ်ပါတယ်။ ဒီမိုကရေစီဗန်းပြုပီး အာဏာရှင်စနစ်ဟာ ဆိတ်သုန်းမသွားသေးပါဘူး။ အခန်း(၁) ပုဒ်မ (၁၄) ပြည်ထောင်စုလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများပါဝင်သည်။ အခန်း (၄)ပုဒ်မ (၇၄) ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါလွှတ်တော် နှစ်ရပ်ပါဝင်သည် ။ (က) ပုဒ်မ(၁၀၉)ပါပြဌာန်ချက်များနှင့်အညီ မြို့နယ်ကို အခြေခံ၍၎င်း၊ လူဦးရေကိုအခြေခံ၍၎င်း၊ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော် (ခ)ပုဒ်မ ၁၄၁ ပါပြဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော် ။ နိုင်ငံတော်သမ္မတ ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ရာမှာလည်း အခန်း (၃)ပုဒ်မ (၆၀) ပုဒ်မခွဲ (ခ) အပိုဒ်ခွဲ (၃) ဖေါ်ပြပါလွှတ်တော် နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကအမည်စာရင်းတင်သွင်းသည့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များအစုအဖွဲ့၊သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့မှာ ပါဝင် နေပါတယ်။ဒါဟာလည်း နိုင်ငံတော်သမ္မတ ဒုတိယသမ္မတ နေရာတွေကို အရပ်သားများ မရရှိနှိုင်အောင် ဖန်တီးထားတာပါ။ အမေရိကန်နိုင်ငံမှာ အမေရိကန်စစ်သားဟောင်းတွေ နိုင်ငံရေးလုပ်ရင် အငြိမ်းစားယူ ယူနီဖေါင်းချွတ်ပြီးမှာလုပ်ကြပါတယ်၊ သမ္မတဖြစ်သွားတဲ့အမေရိကန် စစ်သားဟောင်းတွေအများကြီးပါပဲ၊သာမန်စစ်သားလေးဘ၀ကနေသမ္မတဖြစ်လာတယ်ထားဦးတော့ သမ္မတဖြစ်လာပြီဆိုရင် သူဟာစစ်သေနာပတိချုပ်ပဲ၊ ဗိုလ်ချူပ်ကြီးတွေကိုသူခန့်အပ်တယ်၊တာဝန်ပေးတယ်၊ အမိန့်ပေးတယ်၊ သူတာဝန်ပေးတဲ့စစ်ဗိုလ်ချုပ်တွေကလည်း သူအမိန့်ကိုလိုက်နာဆောင် ရွက်ကြတယ်၊အဲဒါသူတတ်ထားတဲ့စစ်ပညာကြောင့်မဟုတ်ဘူး၊ပြည်သူတရပ်လုံးကပေးလိုက်တဲ့မဲကြောင့်ဖြစ်တယ်၊သူနောက်မှာပြည်သူတရပ်လုံးကမဲ ပေးထားတဲ့ပြည်သူကိုယ်စားလှယ်တွေရှိတယ်၊သူအမိန့်ဟာလူထုတရပ်လုံးကပေးလိုက်တဲ့အမိန့်ပဲဆိုတာအမိန့်ပေးခံရတဲ့စစ်ဗိုလ်ချုပ်တွေကနားလည် လက်ခံကြတယ်၊ ကျွန်တော်တို့နိုင်ငံမှာဗိုလ်ချုပ်ကြီး ယူနီဖောင်းဝတ်သူများဟာ မဲဆန္ဒနယ်များတွင်ပေါ်ပေါ်တင်တင် ဝင်ရောက်အရွေးခံပါကအခြားနယ်မြေ မဆိုထားနှင့် သူတို့၏ ဇာတိနယ်မြေများတွင်ပင် သတ္တိရှိရှိ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံဖို့ စိုးရွံ့ကြသည်မှာ မြေကြီးလက်ခတ် မလွဲဧကန် ဖြစ်ပါတယ်။ဒါ့ကြောင့် လွှတ်တော်အတွင်း ဝင်ရောက်နှိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခန့်အပ်တဲ့ တပ်မတော်သားများပါဝင် နှိုင်အောင် ၂၀၀၈ အခြေခံဥပဒေမှာ ထည့်သွင်းထားတာဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေမှာ စစ်တပ်ကပါဝင်ပါတ်သက်နေတဲ့ ဥပဒေတွေကို ဆက်လက် တင်ပြပါမယ်။ ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၄၄၀ ဦးဖြင့် အောက်ပါအတိုင်းဖွဲ့စည်းရမည်။ အခန်း(၄) ပုဒ်မ(၁၀၉) (ခ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ဦးထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေအများဆုံး ၂၂၄ဦး ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်။ အခန်း(၄) ပုဒ်မ(၁၄၁) (ခ) သက်ဆိုင်ရာပြည်ထောင်စု နယ်မြေများအပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကို အောက်ပါအတိုင်းဖွဲ့စည်းရမည်။ အခန်း(၄) ပုဒ်မ (၁၆၁) (ဃ)ပုဒ်မခွဲ (က) နှင့်(ခ) သို့မဟုတ် ပုဒ်မခွဲ (က) နှင့်(ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဆိုပြီးပါရှိပါတယ်။လွှတ်တော် အသီးသီးမှာ ပြည်သူလူထုက ရွေးကောက်တင် မြှောက်ထားခြင်း မဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကနေပြီး ရွေးချယ်ခန့်အပ်ထား တဲ့ တပ်မတော်သားများဟာ အလိုအလျှောက်ပါဝင်ပြီးသား ဖြစ်နေပါတယ်။ ဒါ့အပြင်ဗိုလ်သန်းရွှေ ဟာသူစိတ်အချရဆုံးလူရဲ့လက်ထဲကိုအရေးအကြီးဆုံးအာဏာအပ်နှင်းသွားပြီးအဲ့ဒီတစ်ယောက်ကိုတောင် ရာနှုန်းပြည့်စိတ်မချလို့ ကာလုံကို ဖန်တီးခဲ့ပြန်ပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံချုံရေးကောင်စီ(ကာ၊လုံ) အခန်း (၅) ပုဒ်မ (၂၀၀) ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်၎င်း၊ဥပဒေတစ်ရပ်ရပ်အရသော်၎င်း၊ ပေးအပ်လာသည့်တာဝန်များကိုထမ်းဆောင်နှိုင်ရန် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံချုံရေးကောင်စီ ကို အောက်ပါ ပုဂ္ဂိလ်များ ဖြင့်ဖွဲ့စည်းသည်။ (က) နိုင်ငံတော်သမ္မတ (ခ)ဒုတိယသမ္မတ (ဂ) ဒုတိယသမ္မတ (ဃ)ပြည်သူ့လွှတ်တော် ဥက္ကဌ (င)အမျိုးသားလွှတ်တော် ဥက္ကဌ (စ)တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဆ)ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဇ)ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး (ဈ)နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး (ည)ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး (ဋ)နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး အခန်း (၁) ပုဒ်မ (၁၆) မှာ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။လို့ပါရှိပါတယ် သို့သော်လည်း နိုင်ငံတော်သမ္မတ ဟာ ကာလုံကို အာဏာမသက်ရောက်ပါဘူး ဒါ့ကြောင့်လည်း နိုင်ငံတော်သမ္မတ တိုင်းရင်းသား စစ်ပွဲတွေနှင့် ပါတ်သက်ပြီး မတိုက်ဘို့ ဘယ်လောက်ပဲ ပြောပြော တိုက်ပွဲတွေကဆက်လက်ဖြစ်ပွားနေတာဘဲ ဖြစ်ပါတယ်။ ဒီတော့ကာနောက်ကွယ်ကနေ စစ်အာဏာရှင်တွေဟာ ဆက်လက်ထိန်းချုပ်ထားဆဲ လို့ ပဲပြောနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ အနေနှင့် စစ်တပ်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိသေးပါဘူး ပြသနာရပ် တွေအားလုံးကို နိုင်ငံရေးနည်းအရ ဖြေရှင်းခြင်း မလုပ်နှိုင်ဘဲ စစ်ရေးအရသာ အကြမ်းဘက်ဖြေရှင်းနေကြတာတွေဟာ သက်သေပြနေတာဘဲဖြစ်ပါတယ်။ မတရား အခွင့်အရေး ရယူသူတွေ၊ လာဘ်စားသူတွေသာ များနေရင် သူတို့ဟာ အပြောင်းအလဲကို ဟန့်တားမယ်။ သူတို့ရဲ့ ဓနအင်အားနဲ့ စစ်အာဏာရှင် လက်သစ်တွေ မွေးထုတ်လိမ့်မယ်။ ၂၀၁၅ ရွေးကောက်ပွဲကို မသမာဖြစ် အောင်လုပ်မယ်။ သတင်းမီဒီယာ၊ နိုင်ငံရေးအင်အားစုတွေကို နှိပ်ကွပ်မယ်၊ မငြိမ်မသက်တွေဖြစ်မယ်၊ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေကို ပါတီစုံ မည်ကာမတ္တ ဒီမိုကရေစီ အာဏာရှင်စနစ်ကိုလုံးဝလက်မခံနိုင်ပါဘူး။ဥပဒေအသုံးပြုပြီးတရားစွဲဆိုတဲ့ ဥပဒေလက်တစ်လုံးကြားလုပ်တဲ့လက်စားချေဒီမိုကရေစီကိုလည်းမနှစ် သက် ပါဘူး။ စစ်တပ်က ခဏခဏ အာဏာသိမ်းတဲ့၊ စစ်တပ်ကစွက်ဖက်တဲ့ ဒီမိုကရေစီကိုလည်း မလိုချင်ပါဘူး။ကျွန်တော်တို့နဲ့ အသင့်လျော်ဆုံးက ဒီမိုကရေစီစနစ်ကို စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လိုက်ဖက်ညီစွာပြောင်းလဲဖော်ဆောင်ပြီးကျွန်တော်တို့ရဲ့ရေမြေဒေသနဲ့ကိုက်ညီတဲ့ ခိုင်မာတဲ့ ဒီမိုကရေစီအခြေပြု အဖွဲ့အစည်းတွေ တည်ထောင်ခြင်းအပါအ၀င် ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်တွေ ချမှတ်ဖို့ လိုပါတယ်။ ဇော်ဝမ်းမောင်…..
နေပြည်တော်က လွှတ်တော် အစည်းအဝေးများဟာ အင်မတန် တည်ငြိမ်အေးချမ်းတဲ့ အသွင်ကိုဆောင်တာ အားလုံးအသိပါ။ အမတ်မင်းတချို့ အိပ်ငိုက်နေ၊ အိပ်စက်နေကြတဲ့အထိ အေးချမ်းပါတယ်။ လွှတ်တော်ထဲ အိပ်မောကျကြတဲ့ နေရာမှာတော့ နိုင်ငံတကာကို ပုခုံးချင်း ယှဉ်နိုင်ပြီလို့ ဆိုနိုင်တာပေါ့။ အေးရာအေးကြောင်း ငိုက်နေ၊ အိပ်နေကြတာဟာ ရုန်းရင်းဆန်ခတ် ဖြစ်နေတာထက်တော့ ပိုကောင်းတယ် မဟုတ်လား။

နေပြည်တော် လွှတ်တော်အခင်းအကျင်းကို ဖန်တီးခဲ့ သူများဟာ အမြော်အမြင်ကြီးကြပါတယ်။ လွှတ်တော်ထဲကို စစ်အရာရှိ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရောက်အောင်လုပ်၊ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းအတွက် နေရာကို အချိန်ယူတည်ထောင်ခဲ့တဲ့ ပါတီကြီးတခုရဲ့ ကိုယ်စားလှယ်တွေ ရောက်သွားအောင် စီစဉ် ကုလားဖန်ထိုးခဲ့တာဟာ တကယ့်ကို အမြော်အမြင်ကြီးတဲ့ လုပ်ရပ်လို့ ဆိုရမှာပါပဲ။

ဗိုလ်ချုပ်ကြီးတွေကလည်း သူတို့ စိမ်ပြေနပြေ စိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဆိုတာကြီးနဲ့ ကိုင်ကိုင်ပေါက် ရတာကို အင်မတန် အရသာတွေ့ဟန် တူပါရဲ့။ သူတို့ သေနတ်နဲ့ချိန်ပြီးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဆိုတော့ ဒီလို ကာကွယ်ပြောဆို ရေးသားနေတာဟာ သဘာဝ ခပ်ကျကျပါပဲ။
အခြေခံဥပဒေပါ အချက်အလက်တွေကို ပြင်ဆင်နှိုင်ခြင်းမရှိအောင် စစ်ဗိုလ် တမတ်သားနဲ့ ရုပ်သေး ကြိုးဆွဲ အမတ်တွေ အနည်းဆုံး တမတ်သား ပါနေမယ့် ပါလီမန် ထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး စတာတွေ လုပ်လို့ မရ တော့ပါဘူး။ပြင်ဆင်ရေး လုပ်ဖို့ ကြိုးပမ်းမယ် ဆိုရင် ၇၅ % မဲ ရရှိမှ ပြုလုပ် နိုင်ပါမယ်။ ဒီလောက်မဲ အရေ အတွက် ရဖို့ဆိုတာကလဲ စစ်ဗိုလ် တမတ်သားနဲ့ ရုပ်သေး ကြိုးဆွဲ အမတ်တွေ အနည်းဆုံး တမတ်သား ပါနေမယ့် ပါလီမန် ထဲမှာ ဖြစ်နိုင်ချေ မရှိပါဘူး။

လက်ရှိ နိုင်ငံတော် သမ္မတ ၏နောက်ကွယ်မှာ မလွန်ဆန်နှိုင်တဲ့ သြဇာလွှမ်းမိုးမှုတွေရှိနေသေးတာ
ဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တွေရဲ့အဟန့်အတားဘဲဖြစ်ပါတယ်။အာဏာရှင်တွေရဲ့ အရိပ်အငွေ့တွေက ဖုံးလွှမ်းနေဆဲပါဘဲ။ အာဏာရှုး ဝန်ကြီးတွေ၊ ဘဝင်မြင့်အမတ်တွေ၊ အနိုင်ကျင့်တဲ့ရဲတွေ၊ သခင်အားရ ကျွန်ပါးဝ လက်ကိုင်တုတ် ကြံ့ဖွံ့တွေနဲ့၊ တစ်ချိန်လုံး ဦးစားပေး (၁) ဖြစ်ခဲ့တဲ့ စစ်တပ် အဆင်ပြေဖို့ဆိုတာက ပြဒါးတစ်လမ်း၊ သံတစ်လမ်း၊ ပါဘဲ။
၂၀၀၈-ခုနှစ်က ရေးဆွဲထားတဲ့ အခြေခံစည်းမျဉ်း ဥပဒေဟာလည်း စစ်အာဏာရှင်တွေအာဏာတည်မြဲရေးအတွ
က် ရေးဆွဲထားတဲ့ဥပဒေတွေ ဖြစ်နေတယ်ဆိုတာလဲ အားလုံးသတိပြုကြပါ။သေနတ်ကိုင်ပြီးအပေါ်စည်းကနိုင်ငံရေး စကားပြောနေတာ နိုင်ငံရေးမဟုတ်ပါဘူး၊
အခန်း (၁) ပုဒ်မ ၆ ပုဒ်မခွဲ (စ) နိုင်ငံ၏ အမျိုးသားနိုင်ငံရေးဦးဆောင် မှု ကဏ္ဍတွင်တပ်မတော်ကပါဝင် ထမ်း ဆောင် နှိုင် ရေးတို့ကို အစဉ်တခိုက်ဦးတည်သည် လို့ပါရှိပါတယ် အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်က ဆက်လက်တည်ရှိနေဦးမယ်ဆိုတာ ကိုဆိုလိုခြင်းဘဲဖြစ်ပါတယ်။ ဒီမိုကရေစီဗန်းပြုပီး အာဏာရှင်စနစ်ဟာ ဆိတ်သုန်းမသွားသေးပါဘူး။

အခန်း(၁) ပုဒ်မ (၁၄) ပြည်ထောင်စုလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများပါဝင်သည်။
အခန်း (၄)ပုဒ်မ (၇၄) ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါလွှတ်တော် နှစ်ရပ်ပါဝင်သည် ။
(က) ပုဒ်မ(၁၀၉)ပါပြဌာန်ချက်များနှင်
့အညီ မြို့နယ်ကို အခြေခံ၍၎င်း၊ လူဦးရေကိုအခြေခံ၍၎င်း၊ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်
(ခ)ပုဒ်မ ၁၄၁ ပါပြဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော် ။
နိုင်ငံတော်သမ္မတ ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ရာမှာလည်း
အခန်း (၃)ပုဒ်မ (၆၀) ပုဒ်မခွဲ (ခ) အပိုဒ်ခွဲ (၃) ဖေါ်ပြပါလွှတ်တော် နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကအမည်စာရင်းတင်သွင်းသည့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များအစုအဖွဲ့၊သမ္မတရွေးချယ်တင်ြေ
မှာက်ရေးအဖွဲ့မှာ ပါဝင် နေပါတယ်။ဒါဟာလည်း နိုင်ငံတော်သမ္မတ ဒုတိယသမ္မတ နေရာတွေကို အရပ်သားများ မရရှိနှိုင်အောင် ဖန်တီးထားတာပါ။
အမေရိကန်နိုင်ငံမှာ အမေရိကန်စစ်သားဟောင်းတွေ နိုင်ငံရေးလုပ်ရင် အငြိမ်းစားယူ ယူနီဖေါင်းချွတ်ပြီးမှာလုပ်ကြပါ
တယ်၊ သမ္မတဖြစ်သွားတဲ့အမေရိကန် စစ်သားဟောင်းတွေအများကြီးပါပဲ၊သာမန်စစ်သားလေးဘ၀ကနေသမ္မတဖြစ်လာတယ်ထားဦးတော့ သမ္မတဖြစ်လာပြီဆိုရင် သူဟာစစ်သေနာပတိချုပ်ပဲ၊ ဗိုလ်ချူပ်ကြီးတွေကိုသူခန့်အပ်တယ်၊တာဝန်ပေးတယ်၊ အမိန့်ပေးတယ်၊ သူတာဝန်ပေးတဲ့စစ်ဗိုလ်ချုပ်တွေကလည်း သူအမိန့်ကိုလိုက်နာဆောင် ရွက်ကြတယ်၊အဲဒါသူတတ်ထားတဲ့စစ်ပညာကြောင့်မဟုတ်ဘူး၊ပြည်သူတရပ်လုံးကပေးလိုက်တဲ့မဲကြောင့်ဖြစ်တယ်၊သူနောက်မှာပြည်သူတရပ်လုံးကမဲ ပေးထားတဲ့ပြည်သူကိုယ်စားလှယ်တွေရှိတယ်၊သူအမိန့်ဟာလူထုတရပ်လုံးကပေးလိုက်တဲ့အမိန့်ပဲဆိုတာအမိန့်ပေးခံရတဲ့စစ်ဗိုလ်ချုပ်တွေကနားလည် လက်ခံကြတယ်၊
ကျွန်တော်တို့နိုင်ငံမှာဗိုလ်ချ
ုပ်ကြီး ယူနီဖောင်းဝတ်သူများဟာ မဲဆန္ဒနယ်များတွင်ပေါ်ပေါ်တင်တင် ဝင်ရောက်အရွေးခံပါကအခြားနယ်မြေ မဆိုထားနှင့် သူတို့၏ ဇာတိနယ်မြေများတွင်ပင် သတ္တိရှိရှိ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံဖို့ စိုးရွံ့ကြသည်မှာ မြေကြီးလက်ခတ် မလွဲဧကန် ဖြစ်ပါတယ်။ဒါ့ကြောင့် လွှတ်တော်အတွင်း ဝင်ရောက်နှိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခန့်အပ်တဲ့ တပ်မတော်သားများပါဝင် နှိုင်အောင် ၂၀၀၈ အခြေခံဥပဒေမှာ ထည့်သွင်းထားတာဖြစ်တယ်။
၂၀၀၈ အခြေခံဥပဒေမှာ စစ်တပ်ကပါဝင်ပါတ်သက်နေတဲ့ ဥပဒေတွေကို ဆက်လက် တင်ပြပါမယ်။
ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၄၄၀ ဦးဖြင့် အောက်ပါအတိုင်းဖွဲ့စည်းရမည်။
အခန်း(၄) ပုဒ်မ(၁၀၉) (ခ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ဦးထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျ
ား
အမျိုးသားလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေအမျာ
းဆုံး ၂၂၄ဦး ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်။
အခန်း(၄) ပုဒ်မ(၁၄၁) (ခ) သက်ဆိုင်ရာပြည်ထောင်စု နယ်မြေများအပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကို အောက်ပါအတိုင်းဖွဲ့စည်းရမည်။
အခန်း(၄) ပုဒ်မ (၁၆၁) (ဃ)ပုဒ်မခွဲ (က) နှင့်(ခ) သို့မဟုတ် ပုဒ်မခွဲ (က) နှင့်(ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဆိုပြီးပါရှိပါတယ်။လွှတ်တော် အသီးသီးမှာ ပြည်သူလူထုက ရွေးကောက်တင် မြှောက်ထားခြင်း မဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကနေပြီး ရွေးချယ်ခန့်အပ်ထား တဲ့ တပ်မတော်သားများဟာ အလိုအလျှောက်ပါဝင်ပြီးသား ဖြစ်နေပါတယ်။

ဒါ့အပြင်ဗိုလ်သန်းရွှေ ဟာသူစိတ်အချရဆုံးလူရဲ့လက်ထဲကို
အရေးအကြီးဆုံးအာဏာအပ်နှင်းသွားပြီးအဲ့ဒီတစ်ယောက်ကိုတောင် ရာနှုန်းပြည့်စိတ်မချလို့ ကာလုံကို ဖန်တီးခဲ့ပြန်ပါတယ်။
အမျိုးသားကာကွယ်ရေးနှင့်လုံချုံ
ရေးကောင်စီ(ကာ၊လုံ)
အခန်း (၅) ပုဒ်မ (၂၀၀) ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်၎င်း၊
ဥပဒေတစ်ရပ်ရပ်အရသော်၎င်း၊ ပေးအပ်လာသည့်တာဝန်များကိုထမ်းဆောင်နှိုင်ရန် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံချုံရေးကောင်စီ ကို အောက်ပါ ပုဂ္ဂိလ်များ ဖြင့်ဖွဲ့စည်းသည်။
(က) နိုင်ငံတော်သမ္မတ
(ခ)ဒုတိယသမ္မတ
(ဂ) ဒုတိယသမ္မတ
(ဃ)ပြည်သူ့လွှတ်တော် ဥက္ကဌ
(င)အမျိုးသားလွှတ်တော် ဥက္ကဌ
(စ)တပ်မတော်ကာကွယ်ရေးဦးစီးချု
ပ်
(ဆ)ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(ဇ)ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး
(ဈ)နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး
(ည)ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး
(ဋ)နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး
အခန်း (၁) ပုဒ်မ (၁၆) မှာ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။လို့ပါရှိပါတယ် သို့သော်လည်း နိုင်ငံတော်သမ္မတ ဟာ ကာလုံကို အာဏာမသက်ရောက်ပါဘူး ဒါ့ကြောင့်လည်း နိုင်ငံတော်သမ္မတ တိုင်းရင်းသား စစ်ပွဲတွေနှင့် ပါတ်သက်ပြီး မတိုက်ဘို့ ဘယ်လောက်ပဲ ပြောပြော တိုက်ပွဲတွေကဆက်လက်ဖြစ်ပွားနေတာ
ဘဲ ဖြစ်ပါတယ်။ ဒီတော့ကာနောက်ကွယ်ကနေ စစ်အာဏာရှင်တွေဟာ ဆက်လက်ထိန်းချုပ်ထားဆဲ လို့ ပဲပြောနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ အနေနှင့် စစ်တပ်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိသေးပါဘူး ပြသနာရပ် တွေအားလုံးကို နိုင်ငံရေးနည်းအရ ဖြေရှင်းခြင်း မလုပ်နှိုင်ဘဲ စစ်ရေးအရသာ အကြမ်းဘက်ဖြေရှင်းနေကြတာတွေဟာ သက်သေပြနေတာဘဲဖြစ်ပါတယ်။
မတရား အခွင့်အရေး ရယူသူတွေ၊ လာဘ်စားသူတွေသာ များနေရင် သူတို့ဟာ အပြောင်းအလဲကို ဟန့်တားမယ်။ သူတို့ရဲ့ ဓနအင်အားနဲ့ စစ်အာဏာရှင် လက်သစ်တွေ မွေးထုတ်လိမ့်မယ်။ ၂၀၁၅ ရွေးကောက်ပွဲကို မသမာဖြစ် အောင်လုပ်မယ်။ သတင်းမီဒီယာ၊ နိုင်ငံရေးအင်အားစုတွေကို နှိပ်ကွပ်မယ်၊ မငြိမ်မသက်တွေဖြစ်မယ်၊ကျွန်တော်
တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေကို ပါတီစုံ မည်ကာမတ္တ ဒီမိုကရေစီ အာဏာရှင်စနစ်ကိုလုံးဝလက်မခံနိုင်ပါဘူး။ဥပဒေအသုံးပြုပြီးတရားစွဲဆိုတဲ့ ဥပဒေလက်တစ်လုံးကြားလုပ်တဲ့လက်စားချေဒီမိုကရေစီကိုလည်းမနှစ် သက် ပါဘူး။ စစ်တပ်က ခဏခဏ အာဏာသိမ်းတဲ့၊ စစ်တပ်ကစွက်ဖက်တဲ့ ဒီမိုကရေစီကိုလည်း မလိုချင်ပါဘူး။ကျွန်တော်တို့နဲ့ အသင့်လျော်ဆုံးက ဒီမိုကရေစီစနစ်ကို စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လိုက်ဖက်ညီစွာပြောင်းလဲဖော်ဆောင်ပြီးကျွန်တော်တို့ရဲ့ရေမြေဒေသနဲ့ကိုက်ညီတဲ့ ခိုင်မာတဲ့ ဒီမိုကရေစီအခြေပြု အဖွဲ့အစည်းတွေ တည်ထောင်ခြင်းအပါအ၀င် ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်တွေ ချမှတ်ဖို့ လိုပါတယ်။
ဇော်ဝမ်းမောင်…..

No comments: