Monday, October 21, 2013

နိုင်ငံရေး ကို နိုင်ငံရေးလို တွေးတတ်ကြဖို့လိုတယ်၊

နိုင်ငံရေး ကို နိုင်ငံရေးလို တွေးတတ်ကြဖို့လိုတယ်၊ သိပ်လေ့လာစရာ နိုင်ငံခြားအထိ ပညာသွားသင်စရာမလိုအပ်ပါ။ တရားတာ မတရားတာနဲ့ မှားမှုမှန်မှုကို ကိုယ့် ဦးနှောက်နဲ့ ပိုင်းခြားဆုံးဖြတ်တတ်ရင်ပဲ လုံလောက်ကြောင်း ဆရာကြီး ဇော်ဂျီ ( ဦးသိန်းဟန်) က ရေးပြခဲ့ဘူးပါတယ်။ဒီစကားနဲ့ပဲ တတ်ထားတဲ့ ပညာတွေနဲ့ တိုင်းပြည်ကြီးကို ကယ်တင်ဖို့ ပြန်သွားကြတယ်ဆိုတဲ့ နိုင်ငံတကာက ဘွဲ့ကြီးတွေပိုင်ရှင် ပုဂ္ဂိုလ် တော်ကြီးများ ကို ဆုံးမစကားလေးမှာချင်ပါတယ်။ ဆန်တစေ့ဖြစ်ဖို့ စပါး ပျိုးတပင်ကို ဘယ်လို စိုက်ရတယ်ဆိုတာ ဗိုက်မှာ ရွှံ့ တွေပေနေတဲ့ တောသားလောက် အဆိုပါ ပုဂ္ဂိုလ်ဂျော်ဂျီးများ ခရေစေ့တွင်းကျ သိမည်မဟုတ်ပါ၊ ထိုအတိုင်းသာပဲ...ငြိမ်းချမ်းရေး လိုချင်တောင့်တကြကုန်သော မိဘပြည်သူများမှာ စားပွဲဝိုင်းနှင့် ကုလားထိုင်ထက် အခန့်သား လက်မှတ်ရေးထိုးနေကြကုန်သော ပုဂ္ဂိုလ်များထက် အမှန်တကယ် စစ်မှန်သောငြိမ်းချမ်းရေးကို လိုလားတောင့်တကြကုန်သည်သာဖြစ်ပေသည်။ ပြည်သူလူထုဆိုသည် ကိုယ့်ထမင်းကိုယ် အေးချမ်းစွာရှာဖွေစားသောက်နေရလျှင် ဘီလီယံလဲ သူမလိုချင်၊ မီလီယံလောက်တော့ စကားထဲတောင်ထည့်မပြော။ ဘနဖူး သိုက်တူးချင်ကြသူများ၏ အလိုရမက်ကြီးစွာဖြင့်၊ ဘိုးဘွားစဉ်ဆက် အေးချမ်းသော တရားသောနည်းဖြင့် ရယူပိုင်ဆိုင်ခဲ့သည့်အရာများအပေါ်၊ မတရားကျူးကျော်လာမှုများကြောင့်သာ တိုင်းပြည်တွင်း မငြိမ်သက်မှုများဖြစ်ပေါ်နေရခြင်းသည်သာ အကြောင်းခံပေတည်း။ စစ်အာဏာသိမ်းချိန်မှအစပြု၍ ယုံကြည်ကိုးစားခြင်း ခံခဲ့ကြရကုန်သော အတိုက်အခံခေါင်းဆောင် ဆိုသူများကို ယုံမှတ်၍ပုံအပ်ခဲ့ခြင်းများသည်လဲ အဟောသိကံဖြစ်ခဲ့ပေပြီ၊ အားကိုးအားထား အပြုခံရသူ အဆိုပါ ခေါင်းဆောင်များကို ယုံကြည်အားထားခဲ့ခြင်းများသည်၊မိမိတို့ နေရာ အာဏာ အခွင့်အရေး သို့မဟုတ် အခွင့်ထူးခံယူလိုမူ၍မဟုတ်ပြီ... မိမိတို့ ရှိသင့် ရှိထိုက်ပြီးသော အခွင့်အရေးများဆုံးရှုံးခံရမှုများမှ အကာအကွယ်ပေးနိုင်လိမ့်မည်ဟူသော ယုံကြည်ချကိသက်သက်ဖြင့် စုံလုံးပုံခဲ့ကြခြင်းသည်သာ....သို့ရာတွင် အဆိုပါ ထောက်ခံပေးမှုများ၏ ပုဂ္ဂိုလ်ထူးများသည်ကား ထူးသထက်ထူးကာ နိုင်ငံတကာပေါက်အောင် မြောက်အောင် ထူးကြလေကုန်သဖြင့် အဆိုပါနိုင်ငံတကာများမှ ချီးမွမ်း ထောပနာပြုကြကုန်သော ဆုအသီးသီးသို့ သွားရောက်လက်ခံရယူနေကြခြင်းဖြင့်သာ အချိန်ဖြုန်းနေကြပေတော့သည်.... ပကတိ မြန်မာပြည်တွင် လက်ရှိပေါ်ပေါက်နေဆဲ ပေါ်ပေါက် နေသော လက်ငင်းပြသနာများ၏အဖြေစစ်ကို အဆိုပါဆုများက မည်သို့မျှ အကျိုးသက်ရောက်မှုမရှိခဲ့ကြောင်း ကမ္ဘာ့အမြင့်ဆုံး နိုဘယ်ဆုကြီးကပင် သက်သေခံခဲ့ပြီးလေပြီ၊ ထိုအကြောင်းကို ကောင်းကောင်းသိကြကုန်သော စစ်အာဏာရှင်တို့သာ မူလ ၄င်းတို့၏ လက်ရှိအခြေအနေမှ တပြားသားမျှမလျော့ကျနိုင်သော အခြေအနေပေါ်မှ ငြိမ်းချမ်းရေးစကားကို နိုဘဲဆုရှင်ကြီးထက်ပင် ကျယ်လောင်စွာ အော်ကြ ပြောကြ ခန်းနားစွာလုပ်ပြနေခြင်းက သက်သေခံနေပေသည်။ ကောင်းလေစွ...လက်တွေ့တွင် ဘဝပေါင်းမြောက်များစွာကား ငတ်သထက်ငတ် အကျင့်စာရိတ္တများချို့ယွင်းလာသထက်ချို့ယွင်းယုံမက မိမိတို့ တိုင်းပြည်တွင်းနေထိုင်ပါလျှက် မိမိတို့ ပကတိ ပင်ကိုယ်ဇာတိယုဂ် ပါ ပျောက်လုခမန်းသာ အဖတ်တင်ကျန်နေချိန်တွင် ဆုများရှင်တို့ကား ခရီးသွားလာ မပျက်ပေတည်း၊ ခရိုနှီတို့မှာလည်း ယခင့်ယခင်ထက် ပို၍ နီလျှက်သာတည်း... စစ်အာဏာရှင်တို့မှာကား ဆိုဖွယ်မရှိပြီ...၊ ပိုမိုဆိုးရွားလာသော ပြည်တွင်းမငြိမ်သက်မှုများသည် လက်တွေ့အခြေအနေတွင် အတောင်အလက်ပင် ပို၍ စုံလင်လာခဲ့ပေသည်။ ထိုပြသနာအဝဝကို ကုစားရန် ထုံးမှာ ရှေးသုံးနန်းတွင်းကျော် ဆေးတလက်သာပင်ရှိတော့ပေသည်၊ လက်သည် သည်လဲ အားကိုးလို့မရ ၊ နိုင်ငံတကာဆေးကျမ်းကြီးမှာလဲ မိမိတို့အနာကို မကုစားနိုင်ကြောင်း သဘောပေါက်သင့်လေပြီ။ ရှေးထုံးမပယ် ဈေးသုံးလဲ မကြွယ်သောနည်းဖြစ်သည့် မိမိတို့ကိုယ်ကို အားကိုးသော မိမိတို့၏ ခန္ဓာကိုယ်တိုင်၏ လေ့ကျင့်ခဏ်းဖြစ်သော ၊ ထိုဆေးရိုးကြီး နည်းဖြစ်သည့် လူထုကိုယ်တိုင် မကြိုက်နှစ်သူတို့ကို လူထုကိုယ်တိုင်ဖယ်ရှား၍ ၊ လူထုက ကြိုက်နှစ်သက်သူတို့ကို လူထုက တင်မြှောက်ခြင်းသည်သာ လူထု ( မိမိတို့ကိုယ်၌၏) ကျင့်ထုံးဖြင့်သာ မိမိတို့လိုလားချက်အစစ်အမှန်တို့ကို ပြဌာန်းပေးအပ်သော ဖွဲ့စည်းပုံကြီးကို ကိုယ်တိုင်ရေးဆွဲနိုင်ခြင်းဖြင့် မိမိတို့ အသက်ဘေးကို ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း...

No comments: