Thursday, October 31, 2013

ABSDF ဖြတ်သန်းမှု.. ( ၂၅ ) နှစ်....။


October 31, 2013 at 4:46pm
၂၀၁၃ ခုနှစ် နိုဝင်္ဘလ ပထမ အပါတ် သည်  ABSDF  ဖြတ်သန်းမှု ၂၅ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ABSDF ကို ၁၉၈၈ နိုဝင်္ဘာလ (၁)ရက်မှ (၅)ရက်တွင် KNU နယ်မြေ ၀မ်ခ (ကော်မူးရာ)စခန်းတွင်ကျင်းပသော ပထမညီလာခံမှစတင်မွေးဖွားခဲ့သည် ၊ကိုယ်စားလှယ် စုံညီစွာ တက်ရောက်သော ထိုညီလာခံတွင် များပြားလှသော အဖွဲ့အမည်များတင်ပြသည်ထဲမှ"မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ )ကိုအများဆန္ဒဖြင့်ရွေးချယ်ပေးခဲ့ကြသည်၊စွဲကိုင်ရမည့်အလံကိုလည်း .တိုင်းပြည်အတွက်၊ ပြည်သူအတွက် လိုအပ်လာခဲ့လျှင် မိမိ၏ အသက်၊ဘ၀ ကိုစွန့်လွှတ်၍ မဆုတ်မနစ်သောဇွဲဖြင့်နောက်မဆုတ်တမ်းတိုက်ပွဲဝင်သွားမည်ဟူသော ခွပ်ဒေါင်းစိတ်ဓါတ်ကိုအခြေခံသောအစဉ်အလာကြီးမားသောခွပ်ဒေါင်းအလံတော်ကို အများသဘောတူရွေးချယ်ခဲ့ကြတယ်။ နိုဝင်္ဘာလ (၅) ရက်နေ့မှာ အဖွဲ့၊အလံ၊ဦးတည်ချက်၊ရည်မှန်းချက်၊ဗဟိုကော်မတီ၊တို့ကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်၊ABSDF ကိုစတင်တည်ထောင်စဉ်ကာလမှာ ၊အခက်အခဲပေါင်းများစွာ၊စိန်ခေါ်မှုများစွာဖြင့်ရင်ဆိုင်ခဲ့ရပါတယ်။ (၁) ပထမစတင်ဖွဲ့စည်းပေးလိုက်သော  ဗဟိုကော်မတီသည်သဘောထား၊အယူအဆကွဲလွဲမှုကြောင့် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့ပါတယ်၊ဗဟိုကော်မတီဖွဲ့ပြီးသော်လည်း အောက်ခြေစခန်းအသီးသီးရှိ ရဲဘော်များသည် ဗဟိုကော်မတီ၏ အုပ်ချုပ်မှုအောက်တွင်အားလုံးရှိမနေခြင်းသည်ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်ခဲ့ပါသည်ကျစ်လစ်တဲ့ဗဟိုကော်မတီဖြစ်လာအောင်၊စခန်းအသီးသီးကိုဗဟိုကော်မတီ၏အုပ်ချုပ်မှုအောက်ကိုရောက်ရှိရန် အခက်အခဲများစွာကိုကျော်ဖြတ်ဖြေရှင်းခဲ့ရတယ်။ ( ၂ ) နယ်ပယ်အသီးသီးမှ အလွှာပေါင်းစုံပါဝင်သော ရဲဘော်များသည် နီးစပ်ရာစခန်းအသီးသီးကိုရောက်ရှိလာခဲ့ကြပြီး စခန်းထဲတွင် အလျဉ်သင့်ရာအုပ်စုဖွဲ့နေထိုင်ကြပြီးအရပ်သားအသွင် သူတမင်း ၊ငါတဗိုလ် ဖြင့်နေထိုင်ကြသောကာလဖြစ်သာကြောင့်ပြဿနာ များ၊ အခက်အခဲများနေ့စဉ်ဓူဝ ကြုံတွေ့နေရသည့်အချိန်ဖြစ်သည်၊တဖက်မှလည်း တပ်ပုံစံမကျသော ကျနော်တို့ရဲဘော်များကို လူမျိုးစု တော်လှန်ရေးအဖွဲ့များကယုံကြည်မှုမရှိ၍လက်နက်တပ်ဆင်မပေး ပေ ။ရဲဘော်များမှလည်း လက်နက်တပ်ဆင်ပေးရန် တဇာဇာ တောင်းဆိုနေကြရာမှစ၍တဖက်နှင့်တဖက် သံသယတွေကြီးထွားလာကြပြီးမလိုလားအပ်သောအဖြစ်အပျက်များ၊မပြေလည်မှုများဖြင့်ရင်ဆိုင်လာရပါတော့ တယ် ၊လူမျိုးစုများယုံကြည်မှုရှိလာအောင်၊စခန်းအသီးသီးမှရဲဘော်များ တပ်ပုံစံကျအောင်စစ်သင်တန်းများဖွင့် လှစ်ပြီးသင်တန်းပေးနိုင်ရေး.၊ကြီးထွားလာသော နှစ်ဖက်သံသယများပြေလျှော့အောင်လုပ်ဆောင်ရေးတို့ကို အခက်အခဲများစွာဖြင့် ရင်ဆိုင်ဖြေရှင်း၊ကျော်လွှားခဲ့ရပါတယ်။( ၃ ) ပြည်တွင်းရှိ မြို့၊ရွာ အသီးသီးမှစခန်းအသီးသီးသို့ရောက်ရှိလာကြသောရဲဘော်များ အားလုံးသည် ငှက်ဖျားရောဂါ အပါအ၀င် အထွေထွေရောဂါများကိုရင်ဆိုင်ခံစားကြရသောကြောင့် စခန်းအသီးသီးရှိလူနာများကိုကုသရန် ဆေးဝါးလုံလောက်မှုမရှိသောအခက်အခဲကိုကြီးမားစွာ ရင်ဆိုင်ခဲ့ရသည်၊ဆေးဝါးမလုံလောက်မှုကြောင့် မဆုံးရှုံးသင့်ဘဲ ရဲဘော်များကိုဆုံးရှုံးခဲ့ရတယ်..ကြီးမားတဲ့စိန်ခေါ်မှုကြီးတခုပါ..။( ၄ ) ထိုကာလတွင် နယ်ပယ်အသီးသီးမှစခန်းအသီးသီးသို့ ရောက်ရှိလာကြသော ရဲဘော်အင်အားသည် ခန့်မှန်းချေ သုံးသောင်းကျော်သော ရဲဘော်များ၏ စား၊၀တ်၊နေရေး သည် ကြီးစွာသောစိန်ခေါ်မှုကြီးတခုဖြစ်လာသည် ၊အလှူရှင်များ ၊လူမျိုးစုများမှတတ်နိုင်သလောက်ကူညီကြသော်လည်း လုံလောက်မှုမရှိသောကြောင့် ရဲဘော်များသည် နေ့စဉ်ဓူဝ ပင်ပန်း ဆင်းရဲကြီးစွာနေထိုင်ရပ်တည်ခဲ့ရတယ်၊စိတ်ဓါတ်များကျဆင်းလာကြသော်လည်း မိမိယုံကြည်ချက်ကိုရင်မှာ ပိုက်ထားနိုင်လို့သာ ဒီလိုကြံ့ကြံ့ခံရပ်တည်နိုင်ကြတာဖြစ်တယ်လို့ကျနော်ယုံကြည်တယ် ၊သာမန်ွှလူသားများမနေနိုင်သော ဒုက္ခဆင်းရဲမျိုး ပါ .၊ဒါကိုကြည့်ခြင်းဖြင့် ရဲဘော်များသည် မိမိတိုင်းပြည်ကို မည်မျှချစ်ကြသည်ကို သိသာထင်ရှားစေပါတယ်။ ( ၅ ) ရဲဘော်များထောင်ပေါင်းများစွာနယ်စပ်ကို စတင် ရောက်ရှိလာကြသောအခါ လာရောက်သော လမ်းခရီးမှာရော ၊ရောက်ရှိပြီးရော တော်လှန်ရေးကိုမစတင်ခင်မှာဘဲ အထွေထွေရောဂါဆိုးများကြာင့်၎င်း၊သံသယအကျိုးကြောင့်၎င်း၊ အကြောင်းအမျိုးမျိုးကြောင့် အပြစ်မဲ့စွာ စတေးခံလိုက် ရသော ရဲဘော်များစွာရှိခဲ့ပါတယ် အခုထိမည်မျှဆိုသည်ကိုစရင်းကောက်မှတ်တမ်းတင်နိုင်ခြင်းမရှိသေးပါ.မှတ်တမ်းမဲ့ မထင်မရှားသူရဲကောင်းများဖြစ်ပါတယ်။အထက်ပါ အခက်အခဲများနှင့် စိန်ခေါ်မှုများသည်  ABSDF စတင်တည်ဆောက်စဉ်ကာလတွင် ရင်ဆိုင်ခဲ့ရသောအကျဉ်းဖြစ်ပါတယ်၊သို့သော်လည်း ABSDF ရဲဘော်မျာ၏ယုံကြည်ချက်ကိုရင်မှာပိုက်၍ မလျှော့သော ဇွဲ၊လုံးလ ၊၀ိရိယ ကြောင့် အခက်အခဲများစွာကိုအချိန်တိုအတွင်းမှာကျော်ဖြတ်နိုင်ခဲ့ပြီး ၊ဗဟို၊စခန်းကော်မတီ၊အဆင့်ဆင့်အုပ်ချုပ်မှုအောက်မှာစနှစ်တကျရှိလာကြ ပြီး ၊စစ်သင်တန်းများလည်းပြီးဆုံးကြ၍ တပ်ပုံစံအသွင်သို့ရောက်ရှိလာခဲ့ကြတယ် ၊လူမျိုးစုအဖွဲ့များမှလည်းယုံကြည်လာကြကာ လက်နက် ၊ခဲယမ်းများကိုတပ်ဆင်ပေးခဲ့ကြသောကြောင့်တပ်ရင်း၊တပ်ဖွဲ့စံနှစ်တကျဖွဲ့စည်းပြီး ကျောင်းသားတပ်မတော်၏ စစ်သားကောင်းကြီးများ ဖြစ် လာခဲ့ကြကာ ၊မိမိတို့၏ အဓိကမူလ ဦးတည်ချက်၊ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စံနစ်ကျဆုံးရေး.၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး ၊စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကိုအကောင်အထည်ဖေါ်နိုင်ရန် နယ်မြေခံ လူမျိုးစုတပ်များနှင့်လက်တွဲ၍ အာဏာရှင်စံနှစ် ကျဆုံးရေးအတွက် ကြီးမားလှသောတိုက်ပွဲကြီးပေါင်းများစွာကို ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြတယ်ပန်းနှင့်ပေါက်သည့်တော်လှန်ရေးမဟုတ်တဲ့အတွက် ရဲဘော်များစွာ ရိုးသားစွာဖြင့် တိုင်းပြည်အတွက်သူရဲကောင်ပီသစွာ ကျဆုံးစတေးခံခဲ့ရသလို ၊ရဲဘော်ပေါင်းများစွာ ထိခိုက် ၊ဒါဏ်ရာရရှိခဲ့ကြ၍ အသက်မသေသော်လည်း ဘ၀ကို စတေးခဲ့ကြတယ် ၊ရဲဘော်ပေါင်းများစွာ ထိခိုက်၊ဒါဏ်ရာမရခဲ့ကြသော်လည်း မိဝေး ၊ဖဝေးဘ၀နှင့် တော်လှန်ရေးရဲ့ ဒါဏ်ရာ၊ဒါဏ်ချက်တွေကိုခါးစည်းခံခဲ့ကြရတယ်၊ထို့ကြောင် ABSDF ရဲ့ ခွပ်ဒေါင်းသမိုင်းဟာ အရင်းအနှီများစွာပေးဆပ်ပြီတည် ဆောက်ခဲ့ရတဲ့ ကြီးမားတဲ့သမိုင်းရှိတယ်ဆိုတာ သတိရှိဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ABSDF  သမိုင်းမှာ တန်ဖိုးကြီးလှတဲ့သမိုင်းထဲမှာ ABSDF အကျည်းတန် အရုပ်ဆိုးအောင်အမဲစက်ထင်စေခဲ့တဲ့ဖြစ်ရပ်လဲရှိခဲ့ပါတယ် ၊အာဏာမက်မောသူတစုကြောင့် ရက်စက်စွာဖြင့် အစုလိုက်၊အပြုံလိုက် အသတ်ခံလိုက်ရတဲ့ မြောက်ပိုင်းလူသတ်မှုဖြစ်ရပ်၊ မိမိအာဏာအတွက်အမျိုးမျိုးတံဆိပ်ကပ်ပြီး ရက်စက်စွာသတ်ခံလိုက်ရသော တောင်ပိုင်းလူသတ်မှုတွေဟာဖြူစင်လှသော အေဘီသမိုင်းကို အမဲစက်စွန်းထင်စေခဲ့ပါတယ်၊ပြည်သူလူထုရဲ့ အယုံအကြည် ကင်းမဲ့စေခဲ့ပါတယ်၊နောက်တခုအကြီးဆုံးအမှားက အုပ်စုဖွဲ့ ၊ဂိုဏ်းဂဏ ဖွဲ့ကြပြီး အာဏာကိုအပြိုင်လုကြ၍ အင်အားကြီးမားစွာခိုင်ခိုင်မာမာရပ်တည်နေသော ABSDF သည် သုံးခြမ်းကွဲသွားခဲ့ရတယ် ၊ဒီလိုကွဲပြဲမှုဒါဏ်ကိုအောက်ခြေရဲဘော်များသာ စိတ်ဓါတ်ကျဆင်းမှု များစွာဖြင့် ခါးစည်း ခံစားခဲ့ကြရတယ် ဒီလိုဖြစ်ပျက်မှုတွင်ကျနော်သည်ဗဟို ခေါင်းဆောင်တဦးဖြစ်ခဲ့သောကြောင့် မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ၊ကျနော့်မှာလည်းတာဝန်ရှိသည်ဟုခံယူပါတယ်၊ဒီအဖြစ်အပျက်ကြောင့် အေဘီရဲဘော်များဟာ စိတ်ဓါတ်ကျဆင်းကုန်ကြပြီး မိမိအဖွဲံ့အစည်းကို သံယောဇဉ်ရှိသော်ငြား နည်းမျိုးစုံဖြင့် အဖွဲ့အစည်းကို ကျောခိုင်းထွက်ခွာသွားကြပါတော့တယ်၊အေဘီ ဟာ အင်အားချည့်နဲ့စွာကျန်ခဲ့ရတော့တယ်၊ဒီအဖြစ်အပျက်ဟာ သမိုင်းမှာဖျောက်ဖျက်မရသော အမှားကြီးတခုပင်ဖြစ်တယ်၊တိုက်ပွဲပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသော အေဘီရဲဘော်များဟာ နိုင်ငံအနှံ့အပြားကိုရောက်ရှိခိုလှုံနေကြရတယ် ၊ဘ၀ရပ်တည်ရေးအခက်အခဲများစွာကို ရင်ဆိုင်ဖြေရှင်းနေကြရတယ်၊ဒီလိုအခက်အခဲကြားကဘဲ မိမိအသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော မိခင်အဖွဲအစည်းကို တတ်နိုင်သလောက် ဖေးမထောက်ပံ့ခဲ့ကြတယ်၊နောက်ပိုင်းတွင် လက်ရှိဦးဆောင်နေသူများကို အယုံအကြည်နည်းပါးမှုကြောင့် ရဲဘော်အများစု ထောက်ပံ့မှုကိုရ့ပ်ဆိုင်းလိုက်ကြတယ်၊ဦးဆောင်သူများကိုအကြည်အညိုမဲ့ကုန်ကြတယ်၊အခုတဖန် လက်ရှိဦးဆောင်သူများက ရပ်တည်ရေး ကိုအကြောင်းပြပြီး အေဘီရဲ့သမိုင်းအချိုးအကွေ့တခုကို သေချာစွာစဉ်စားဆုံးဖြတ်မှုမရှိဘဲဖန်တီးလုပ်ဆောင်လိုက်ပြန်တယ်၊အစိုးရနှင့်ဆွေးနွေးညှိနှိုင်းမှုသည် ဘာအကျိုးအမြတ်ကိုမျှမယူဘဲ.အေဘီလမ်းစဉ်အတိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆွေးနွေးညှိနှိုင်းသည်ဆိုလျှင်အားလုံးကနားလည်ထောက်ခံကြမည်ဖြစ်သော်လည်းအကျိုးအမြတ်ကိုယူလိုက်သည့်အတွက် အေဘီရဲ့ကြီးမားတဲ့သမိုင်းနှင့် အလံတော်ကို အကျိုးအမြတ်နှင့်လဲလှယ်လိုက်သလိုဖြစ်သွားတဲ့အတွက် ကျနော်အပါအ၀င်အေဘီသမိုင်းမှာဖြတ် သန်းခဲ့သူအများစုက ကျေနပ်မှုမရှိကြပါ ၊ကျနော်တို့သည် လက်ရှိအေဘီတွင်တာဝန်ထမ်းဆောင်နေခြင်းမဟုတ်သော်လည်း အခုလုပ်ရပ်သည်အေဘီ သမိုင်းကိုထိခိုက်သည်ဟုယူဆသောကြောင့် သမိုင်းတွင် မိမိတို့လည်း ဘ၀နှင့်အသက်ကိုရင်းလာခဲ့သူများဖြစ်သောကြောင့် မိမိတို့နှင့်သက်ဆိုင်သည်ဟု ခံယူသည် ၊ထို့ကြောင့် လက်ရှိအေဘီ ကိုဦးဆောင်သူများကိုအကြံပြုလိုသည်မှာ အခုလိုသဘောထားကွဲလွဲမှုသည် ABSDF အနာဂါတ်အတွက်ရောလက်ရှိဥိးဆောင်သူများကိုပါထိခိုက်နိုင်သည်ဆိုတာကိုသတိပြုစေချင်သည်၊ဒီကိစ္စကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းတခုသာရှိသည် ၊လက်ရှိဦးဆောင်သူများမှ ဦးဆောင်၍အရေးပေါ်ညီလာခံခေါ်ယူ၍ ဖြေရှင်းမှသာအကောင်းဆုံးနှင့်မှန်ကန်သောနည်းလမ်းဖြစ်ပါတယ်ဒီညီလာခံတွင်ဦးဆောင်သူများမှလည်း ဘာကြောင့်လုပ်ရတယ်ဆိုတာကို လွတ်လပ်စွာတင်ပြ နိုင်သလို၊သဘောထားကွဲသူများဖက်မှလည်းလွတ်လပ်တင်ပြကြမယ်ဆိုရင် အေဘီရဲ့အနာဂါတ်အတွက်အဖြေမှန်တခုကိုရရှိမှာမလွဲပါကြောင်းအကြံပြုလိုပါတယ်။ထိုကြောင့် ABSDF ဖြတ်သန်းခဲ့ရသော (၂၅ )နှစ် ကာလမှာအားနည်းချက် ၊မှားယွင်းချက်၊ အားသာချက်၊မှန်ကန်ချက်များကိုသင်ခန်းစာယူ၍ ကောင်းမွန်သော အေဘီအနာဂါတ်ဖြစ်လာအောင်ဝိုင်းဝန်းလုပ်ဆောင်ရန်လိုအပ်ကြောင်း ရေးသားတင်ပြအပ်ပါတယ်။၂၅ နှစ်ကာလအတွင်းမှာ ကျဆုံးသွားကြသောသူရဲကောင်းများနှင့် အရင်းအနှီးပေခဲ့ကြသော ရဲဘော်များအားလုံးကို ဂုဏ်ယူစွာဖြင့်အလေးပြုအပ်ပါတယ်၊ သူရဲကောင်းများကောင်းရာသုဂတိလားပါစေ....။ခွပ်ဒေါင်းသစ္စာဖြင့်သန်းဝင်းအထွေထွေအတွင်းရေးမှူ ဟောင်း ( ၁၉၈၈-၈၉ ) ABSDFအောက်တိုဘာလ ၃၁ ရက် ၂၀၁၃. 

No comments: