Thursday, October 24, 2013

တ ကယ် လို့ မ ပြင် ရင် ဟော

တ ကယ် လို့ မ ပြင် ရင် ဟော ဒီ လို ၊ ဟော ဒီ လို စိန် ခေါ် မှု တွေ နဲ့ ရင် ဆိုင် ရ မယ် ဆို တာ ကို ကျွန် တော် တို့ ပြ သ နိုင် ဖို့ လို ပါ တယ် .... `` ပြီးခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံကို ပြန်လေ့လာကြည့်ရင် လူတွေက ဘာမှ မဆွေးနွေးရသေးဘူး။ အခြေခံမူ ( ၆ ) ချက်ကို အရင်ချလိုက်တယ်။ အဲဒါသည် process ကတည်းက လုံးဝကို လွဲမှားနေပါတယ်။ အဲဒီအခါကျတော့ ၆ ချက် ကိုယ့်စိတ်ကြိုက် ချပြီးတဲ့ အပြင်မှာမှထပ်ပြင်တယ်။ အခြေခံမူဆိုတာသည် အခြေ ခံမူရဲ့ ဆင့်ပွားကိစ္စတွေကိုသာ ပြင်တာရှိတယ်။ အခြေခံမူပြင်တဲ့ ကိစ္စမျိုးဟာ အစကတည်းက တက်တက်စင်အောင် လွဲတယ်။ အဲဒါဘာလဲဆိုတော့ အခြေခံမူ ၆ ချက်မှာမှ နံပါတ် ( ၄ ) အချက် မှာ စစ်မှန်သော ဒီမိုကရေစီ ထွန်းကားရေး ၊ မူရင်းက၊ မူလတန်း က အဲဒီလိုပဲ ရေးထားတယ်။ နောက်ဆုံးအကြိမ် ညောင်နှစ်ပင် ညီလာခံ ပြန်ခေါ်ခါနီးကျမှ ` စည်းကမ်းပြည့်ဝသော ´ ဆိုတဲ့ဟာ ကို ကျွန်တော်တို့စာရွက်ပေါ်မှာ မှားလို့ ၊ လိုလို့ ထောက်ထည့်ပြီး တော့ ပြန်ထည့်သလိုမျိုး အောက်ကနေထောက်ထည့်ပြီး ထည့် တာ။ စည်းကမ်းပြည့်ဝသောသည် အဲဒါအစကတည်းကမပါဘူး။ နောက်ဆုံးပိတ် ကျွန်တော်တို့အဖမ်းခံရခါနီး ပြန်စတဲ့နောက်ဆုံး ညီလာခံစကာမှ စည်းကမ်းပြည့်ဝသော၁ဆေိုတာကို ထောက်နဲ့လာ လာထောက်တာ။ အစကတည်းက ယိုင်နဲ့နဲ့ ဖွဲ့စည်းပုံပါ။ ပြင်လို့ ရပါတယ်။ ၇၅ % ကျော်မှတို့က စာရွက်ထဲမှာ ရေးထားတာပါ။ တကယ်က သက်ဆိုင်တဲ့ ကာယကံရှင်တွေ အားလုံးကို ပြင်ရင် ရလာတဲ့ အသီးအပွင့်သည် အားလုံးနဲ့ဆိုင်တယ် ဆိုတာကို ခိုင်ခိုင်မာမာ ပြနိုင်ဖို့ လိုပါတယ်။ တကယ်လို့ မပြင်ရင် ဟောဒီလို ဟောဒီလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို ကျွန်တော်တို့ ပြသနိုင်ဖို့ လိုပါတယ်။ အဲဒီနည်းနဲ့ပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ´´ ကို ကို ကြီး ( ၈၈ ငြိမ်း / ပွင့် ) Ref: ပြည်သူ့ခေတ်ဂျာနယ် ။ Vol. 4, No. 168ူ

No comments: