Monday, November 26, 2012

ဖက်ဒရယ်အရေး လက်တွဲဆောင်ရွက်ရန် သျှမ်းညီလာခံ၌ ဦးအောင်မင်းပြော


ယနေ့မနက် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ၌  စတင်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခြင်းမရှိ သော်လည်း ဖက်ဒရယ်နှင့် ပတ်သက်၍ လက်တွဲရန် ဦးအောင်မင်းက တိုက်တွန်းပြောဆို သွားကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် လူငယ်တဦးကပြောသည်။
“ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မတက်ဘူး။ ဘာဖြစ်လို့လဲတော့မသိဘူး။  ကျနော်တို့ ကျားခေါင်းပါတီ ဥက္ကဌ စဝ်ခွန်ထွန်းဦး ကဘဲ အစည်းအဝေးဖွင့်လှစ်ပေးတယ်။ အမှာစကားပြောတယ်။ ဦးအောင်မင်း တို့လဲ တက်ရောက်တယ်။ သျှမ်းခေါင်းဆောင်တွေ သျှမ်းလူငယ်တွေနဲ့ ဓါတ်ပုံတွဲ ရိုက်တယ်။ မိန့်ခွန်းပြောသွားတယ်” ဟု အဆိုပါလူငယ် ကပြောသည်။
သျှမ်းခေါင်းဆောင်များနှင့် ဦးအောင်မင်းအဖွဲ့ ဓါတ်ပုံတွဲရိုက်ကြစဉ်
သျှမ်းခေါင်းဆောင်များနှင့် ဦးအောင်မင်းအဖွဲ့ ဓါတ်ပုံတွဲရိုက်ကြစဉ်
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ၌ Trust Building for Peace ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း’ ဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ယခုလ ၂၆ ရက် (ယနေ့) မှ ၂၈ ရက်နေ့အထိ ၃ ရက် ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်သူ ၁၅၀ ခန့်ရှိပြီး “ဦးအောင်မင်းကတော့ ဖက်ဒရယ် ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်ကြဖို့ တိုက်တွန်းသွားတယ်။ ကျနော်တို့ ဖိတ်ထား တဲ့ ပြည်တွင်းပြည်ပမှ ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေ သျှမ်းနိုင်ငံရေးပါတီကိုယ်စားလှယ်တွေ၊ သျှမ်းအမျိုးသမီးပူး ပေါင်း ဆောင်ရွက်ရေး SWAN၊ သျှမ်းလူငယ့်အင်အား SYP စတာတွေ တော်တော်များများလာကြတယ်။ တသီးပုဂ္ဂလတွေ တော့ အနည်းအကျဉ်းဘဲလာတာ” ဟု၎င်းက ဆက်ပြောသည်။
ဆွေးနွေးပွဲတက်ရောက်သည့်ပရိသတ်
ဆွေးနွေးပွဲတက်ရောက်သည့်ပရိသတ်
သမိုင်းတစ်လျှောက်လုံးတွင် နားလည်မှုလွဲခဲ့သည့် ဖက်ဒရယ်လစ်ဇင်လို ကိစ္စမျိုးကို မိမိတို့အဖွဲ့အစည်း အသီးသီးက နားလည် လက်ခံတဲ့ အဓိပ္ပာယ်ရရှိဆောင်ရွက်ခြင်း ကိစ္စရပ်မျိုး၊ အာဏာခွဲဝေမှုကဲ့သို့သော ကိစ္စရပ်မျိုး၊ သယံဇာတခွဲဝေမှုကိစ္စရပ်မျိုးကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းများကို ဦးစွာပထမရှင်းလင်းရန် လိုအပ်သည်ဟု ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသွားသည်ဟု 7Day News Journal ကရေးသားသည်။
တွေ့ဆုံပွဲနှင့်ပတ်သက်၍ တိုင်းလျဲန်ပါတီ ဥက္ကဌ စိုင်းဌေးအောင်က “ ဒီလိုဆွေးနွေးပွဲက လုပ်သင့်တာ တော်တော်ကြာနေပြီ။ ကျနော်တို့ သျှမ်းလူမျိုးအတွက် နောက်တောင်ကျနေပြီ လို့ပြောရမယ်။ စစ်ဖြစ်တာက သျှမ်းတွေအနေများတဲ့ဒေသ။ ဒါပေ မယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့တော့ ဒီအစည်းအဝေးတခုတည်းနဲ့ ပြီးမှာမဟုတ်ဘူး။ တိုင်းရင်းသားတွေလို အပ်ချက်က အများကြီးဘဲ။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မကြာခဏလုပ်သင့်တယ်။ လက်နက်ကိုင်တော်လှန်ရေးက လွတ်လပ်ရေး ရပြီးမှ ဖြစ်လာတာဘဲ။ အလကားတိုက်ချင်လို့ တိုက်တာမှမဟုတ်တာ။ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေပြန်ရချင်လို့ တိုက်နေတာဘဲ” ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။
မြန်မာပြည်တွင်း၌ ပြည်တွင်းပြည်ပသျှမ်းအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုမှာ ယခုပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးပွဲဖြစ်သည်။



Shan Meetingရှမ်းပြည်နယ်မှ အဖွဲ့အစည်း အသီးသီး ပါဝင်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေး နွေးပွဲအ ခမ်းအနား ဖွင့်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့ပါ သည်။
ရှမ်းတိုင်းရင်းသား မျာ၏ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ အခမ်းအနား ဖွင့်ပွဲတွငSNLD ဥက္ကဌ ဦးခွန်ထွန်းဦး နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ၊ SNLD ပညာရေး အတိုင်ပင်ခံ ရှယ်လီ နန်းဟွမ်လိတ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ၏ တွဲဖက် အတွင်းရေးမှူး စိုင်းမောင်တင်၊ တိုင်း လိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) အထွေထွေ အတွင်းရေးမှူး ဦးစောဝင်းထွန်း၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA) ၏ နာယက ဦးစဝ်ဆေထင်၊ ရှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီ (RCSS/ SSA) ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညှိုနှိုင်းဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် စဝ်ပေါင်ခေး ၊ အမျိုးသားဒီမို ကရေ စီ မဟာမိတ်တပ်မတော် ရှမ်းပြည်နယ် အရှေ့ပိုင်း (NDAA) ရှမ်းပြည် အထူးဒေသ ၄ အထွေထွေ အတွင်းရေးမှူး နန်စိုင်စံ တို့က အမြင်သဘောထားများ ပြောကြား ခဲ့ကြသည်။
ယခုဆွေးနွေးပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်း မောက်ခမ်း တက်ရောက်ရန် စီစဉ်ထား သော်လည်း တက်ရောက်ခြင်း မရှိခဲ့ပေ။ ထို့အပြင် ဆွေးနွေးပွဲ မတိုင်မီက ယခုဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ၏ ညီလာခံဟု ပြောဆိုမှု ရှိခဲ့သော် လည်း ဆွေးနွေးပွဲဖွင့်ပွဲတွင် ယင်းစကားရပ်အား သုံးစွဲခြင်းမပြုခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲဟုသာ သုံးစွဲခဲ့ပါသည်။
သို့သော် ယခုဆွေးနွေးပွဲသည် ရှမ်းပြည်နယ်မှ ပညာရှင် များ ၊အဖွဲ့အစည်းများ ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဆွေး နွေးမည့် ဖိုရမ်အသွင်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၆၊ ၂၇ ၊ ၂၈ ရက်နေ့များ အထိ ပြုလုပ် မည်ဖြစ်ပြီး ဆွေးနွေးပွဲ ဖွင့်ပွဲကိုသာ မီဒီယာများအား တက်ရောက်သတင်းယူခွင့် ပြုခဲ့သည်။ ဆွေးနွေးပွဲ ကာလ အတွင်း မီဒီယာများအား သတင်းယူခွင့် ခွင့်ပြုပေးမထားဘဲ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆွေးနွေးပွဲနှင့် ပတ်သက် သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
 eleven media group
By: Myanmar Online News

No comments: