Thursday, November 29, 2012

လက်ပန်းတန်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ တုံ့ပြန်မှုများ

အစ္စလာမ္မစ် ဝမ်ပေါင် ကွန်မြူနစ် ပြည်ထောင်စု ရိုအင်ဂျာ သမ္မတ မြန်မာ နိုင်ငံတော် အလံအား အလေးပြုး-)
"The Islamic Wanbao Republic of the Communist Rohingya Union of Myanmar"

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းမှုကြောင့် မုံရွာမြို့ဆေးရုံသို့ ရောက်ရှိနေသော ဒဏ်ရာရ သံဃာတော်များနှင့် ပြည်သူများကို သွားရောက်ကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ (နိုဝင်ဘာလ ၂၉) ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က တွေ့ရစဉ်



ဒေါ်အောင်ဆန်းစုကြည်သည် လက်ပန်းတောင်းတောင်ဒေသခံများကို မိန့်ခွန်းမပြောကြားမီ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ၄ နာရီ ၁၅ မိနစ်မှ ယခုအချိန်ထိ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ပြောကြားမည့်မိန့်ခွန်းကို နားထောင်ရန် ကံကုန်းကျေးရွာ ကွင်းပြင်တွင် စောင့်ဆိုင်းနေသော ဒေသခံလူအင်အားမှာ နှစ်သောင်းကျော်မှ သုံးသောင်းအတွင်းရှိကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်ကို စောင့်ဆိုင်းနေသော လက်ပန်းတောင်းတောင်ဒေသခံများ7Day News Journal
ဒေါ်အောင်ဆန်းစုကြည်သည် လက်ပန်းတောင်းတောင်ဒေသခံများကို မိန့်ခွန်းမပြောကြားမီ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ၄ နာရီ ၁၅ မိနစ်မှ ယခုအချိန်ထိ တွေ့ဆုံဆွေးေ
နွးလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ပြောကြားမည့်
မိန့်ခွန်းကို နားထောင်ရန် ကံကုန်းကျေးရွာ ကွင်းပြင်တွင် စောင့်ဆိုင်းနေသော ဒေသခံလူအင်အားမှာ နှစ်သောင်းကျော်မှ သုံးသောင်းအတွင်းရှိကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်ကို စောင့်ဆိုင်းနေသော လက်ပန်းတောင်းတောင်ဒေသခံများ7Da
y News Journal
 
 
 
လက်ပန်းတန်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ တုံ့ပြန်မှုများ

( ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနို
င်)

''မျက်ရည်ယိုဗုံးနဲ့ အဓိကရုဏ်းကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အတွေ့အကြုံ များစွာရှိပါတယ်။ ကျွန်တော်တို့က ကြိမ်ဖန်များစွာ မျက်ရည်ယိုဗုံးတွေ ကြားမှာ ဖြတ်သန်းလာခဲ့တာပါ။ ဘာမှ မီးလောင်စရာ အကြောင်း မရှိဘူး။ အဲဒီတော့ နိုင်ငံတကာနှုန်းတွေ၊ ဘာတွေလို့ ပြောနေတာထက် ဘယ်လက်နက်တွေ သုံးစွဲခဲ့သလဲဆိုတာရယ်၊ ဘယ်သူ့အမိန့် နဲ့ ဒီလက်နက်တွေကို သုံးတယ်ဆိုတာရယ် စုံစမ်းဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။ အဲဒီစုံစမ်းဖော်ထုတ် ဖို့ဆိုတာလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ရပါလိမ့်မယ်။ အဲဒီကော်မရှင်ကလည်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း မဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အင်မတန် စိတ်ပူစရာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ရအောင် အားလုံးဝိုင်းပြီး သတိထား နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကြေးနီစီမံကိန်းကိစ္စကို အင်အားသုံး အကြမ်းဖက်ပြီး မဖြေရှင်းဖို့ ပြဿနာကို စေ့စပ် ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ သဘောထားထုတ်ခဲ့ပြီးပါပြီ။ အခုဟာက ဘယ်လိုပဲပြောပြော ဆန္ဒပြသူတွေ မီးလောင်ပြီး ဒဏ်ရာရရှိမှု တွေ အကြီးအကျယ်ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ အဲဒီတော့ ခုနက ကျွန်တော်တို့ ဆိုခဲ့ တဲ့အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီးတော့ အမြန်ဆုံးစုံစမ်း ဖော်ထုတ်ဖို့ အသိပေးရပါလိမ့်မယ်။ ဒီကိစ္စမှာ တရုတ်ကိုချည်း ပဲ ရည်ရွယ်ပြောလို့ မရဘူး။ နောက်ထပ်သူ့ရဲ့ တွဲဖက်ပါတနာ အကျိုးစီးပွားဖက်ဖြစ်တဲ့ ဦးပိုင်၊ ဦးပိုင်က ဘာလဲ၊ ဘယ်သူလဲဆိုတာလဲ လူတိုင်းသိတယ်။ ဆိုတော့ တရုတ်ကို မလွန်ဆန်နိုင်ရုံတင်ကရဲ့လား။ အဲဒီ ဦးပိုင်ကြီးကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ ပြဿနာ ကျွန်တော်တို့ အတွေးထဲမှာ ရှိပါတယ်။ ပြည်သူ အားလုံးကလည်း ဒီမေးခွန်းကို ထုတ်နေတယ်။ အဲဒီတော့ ဘယ်လောက်ထိ အရာရာကို အသာစီးယူပြီးတော့ ခေါင်းပေါ်မှာ နေဦးမှာလဲ ဆိုတဲ့ မေးခွန်း။ ဒါကို ပွင့်ပွင့် လင်းလင်း မေးကြဖြေကြဖို့လည်း အရေးကြီးနေပါပြီ။ ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီမှာ မီးကုန်ယမ်း ကုန်အော်ကျက်ခဲ့ရတဲ့ ကြေးနီတောင်၊ စံပယ်တောင်မရှိတော့ပါ ဘူး။ သူတို့ သတ္ထုတွေ၊ သိုက်တွေ ဆွဲထုတ်လိုက်တာ အဲ့ဒီဒေသမှာ ရေလည်း သောက်လို့ မရတော့ပါဘူး။ အဲဒီဒေသက ပြည်သူတွေကလည်း ဓားမနောက်ပိတ်ခွေး၊ ဓားမနောက် ပိတ်ခွေးပါပဲ။ အဲ့ဒီဒေသက ပြည်သူတွေ အဆိပ်သင့်ပြီး ကျန်ခဲ့တယ်။ အမြတ်ကအဲဒါပါပဲ။''
EMG
ကြေးနီးတောင် စီမံကိန်းအပေါ်မှာ ဆန္ဒထုတ်ဖော်သူများအပေါ်မှာ အစိုးရရဲ့ တုန့်ပြန်မှု့ကို မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့အမြင်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Golden Triangle
မောင်စိန်ဝင်း (ပုတီးကုန်း) (စာရေးဆရာ)
ကျနော့်တယောက်တည်း သဘောထား အမြင်ကတော့ဗျာ ဒီကိစ္စက လုံးဝ မဖြစ်သင့်တဲ့ကိစ္စလို့ ကျနော့်စိတ်ထဲမှာ ထင်ပါတယ်။ အဲဒီလို လုပ်လိုက်တာဟာ အရင် အစိုးရလက်ထက်တုန်းက အယူအဆနဲ့ အပြုအမူနဲ့ ဘာမှ မကွာခြားဘူးလို့ ကျနော်အဲဒီလိုပဲ သုံးသပ်ပါတယ်။ ပြောချင်တာက လက်ပံတောင်းတောင်တင် မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံမှာရှိတဲ့ သဘာဝ အရင်းအမြစ် သယံဇာတဖြစ်တဲ့ ဧရာဝတီမြစ်တို့၊ လက်ပံတောင်းတောင်တို့၊ ပုပ္ပါးတောင်တို့ အဲဒါတွေ အကုန်လုံးကို ကျနော်တို့ပြည်သူတွေ ဆန္ဒကတော့ မပျောက်မပျက်လိုတဲ့ ဆန္ဒရှိပါတယ်။ ကျနော် ဟောပြောပွဲ စင်ပေါ်မှာလည်း အဲဒီကိစ္စကို အဲဒီသဘောထားကိုပဲ ပြောပါတယ်။အသောက အသောက အသောက
ကြေးနီးတောင် စီမံကိန်းအပေါ်မှာ ဆန္ဒထုတ်ဖော်သူများအပေါ်မှာ အစိုးရရဲ့ တုန့်ပြန်မှု့ကို မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့အမြင်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxx
Golden Triangle
မောင်စိန်ဝင်း (ပုတီးကုန်း) (စာရေးဆရာ)
ကျနော့်တယောက်တည်း သဘောထား အမြင်ကတော့ဗျာ ဒီကိစ္စက လုံးဝ မဖြစ်သင့်တဲ့ကိစ္စလို့ ကျနော့်စိတ်ထဲမှာ ထင်ပါတယ်။ အဲဒီလို လုပ်လိုက်တာဟာ အရင် အစိုးရလက်ထက်တုန်းက အယူအဆနဲ့ အပြုအမူနဲ့ ဘာမှ မကွာခြားဘူးလို့ ကျနော်အဲဒီလိုပဲ သုံးသပ်ပါတယ်။ ပြောချင်တာက လက်ပံတောင်းတောင်တင် မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံမှာရှိတဲ့ သဘာဝ အရင်းအမြစ် သယံဇာတဖြစ်တဲ့ ဧရာဝတီမြစ်တို့၊ လက်ပံတောင်းတောင်တို့၊ ပုပ္ပါးတောင်တို့ အဲဒါတွေ အကုန်လုံးကို ကျနော်တို့ပြည်သူတွေ ဆန္ဒကတော့ မပျောက်မပျက်လိုတဲ့ ဆန္ဒရှိပါတယ်။ ကျနော် ဟောပြောပွဲ စင်ပေါ်မှာလည်း အဲဒီကိစ္စကို အဲဒီသဘောထားကိုပဲ ပြောပါတယ်။
လက်ပန်းတန်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ တုံ့ပြန်မှုများ

(ကိုဌေးကြွယ်၊ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့)

"အစိုးရ အနေနဲ့ ညှိုနိုင်းမှုတွေ လုပ်မယ်လို့ ယူဆခဲ့တယ်။ ဒီနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုလည်း အကာအကွယ် ပေးမယ် လို့ မျော်လင့်ခဲ့ တယ်။ ဒါပေမဲ့ ဒီနေ့ လက်ပံတောင်းတောင် ကိစ္စကို အကြမ်းဖက် ဖြိုခွဲခဲ့တယ်။ ညှိုနိုင်းမှုတွေမလုပ်ပဲ အရင်ခေတ်ဟောင်း ကအတိုင်း အကြမ်းဖက်မှုတွေပြုလုပ်လာတာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာကောင်းတယ်။ အကြမ်းဖက်ဖြိုခွဲတဲ့ ကိစ္စကို လုံးဝ ကန့်ကွက်ရှုံချတယ်" 
News EMG

(ကိုဌေးကြွယ်၊ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့)

"အစိုး
ရ အနေနဲ့ ညှိုနိုင်းမှုတွေ လုပ်မယ်လို့ ယူဆခဲ့တယ်။ ဒီနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုလည်း အကာအကွယ် ပေးမယ် လို့ မျော်လင့်ခဲ့ တယ်။ ဒါပေမဲ့ ဒီနေ့ လက်ပံတောင်းတောင် ကိစ္စကို အကြမ်းဖက် ဖြိုခွဲခဲ့တယ်။ ညှိုနိုင်းမှုတွေမလုပ်ပဲ အရင်ခေတ်ဟောင်း ကအတိုင်း အကြမ်းဖက်မှုတွေပြုလုပ်လာတာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာကောင်းတယ်။ အကြမ်းဖက်ဖြိုခွဲတဲ့ ကိစ္စကို လုံးဝ ကန့်ကွက်ရှုံချတယ်"
News EMG
 

(ဦးစိုးညွန့်၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)

" ဒီမိုကရေစီ နိုင်ငံမှာ ဒီလို ဖြေရှင်းလို့ မရပါဘူး။ လူတိုင်း ကိုယ့်ရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်ရှိပါတယ်။ ဒါကတော့ အခြေခံ ပြောတာပါ။ ဦး ပိုင်ဆိုတာ ဘယ်သူတွေနဲ့ပဲ ဖွဲ့စည်း ထားထား သူက ကုမ္ပဏီပါပဲ။ ကုမ္ပဏီနဲ့ နိုင်ငံခြားသား အကျိုးစီးပွား ကြောင့် မြန်မာနိုင်ငံက သယံဇာတ တွေကို အကျိုးမဲ့ ဘာကြောင့် ဒီလို ဖျက်ဆီးမှာလဲ။ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားတွေက ဆန္ဒဖော်ထုတ်တာ ကို နိုင်ငံသားတွေ ထမင်းကျွေးထား တဲ့ နိုင်ငံ့ဝန်ထမ်းကပဲ ဒီလို ဖြေရှင်းတာဟာ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တာပါပဲ။ ဒီလို ပစ်မိန့်ကို ဘယ်သူပေးတာလဲဆိုတာကို ဖော် ထုတ်ရမယ်။ အခု ဆေးရုံမှာ ရောက် နေကြပြီ လို့ သိရတယ်။ ဒီလို ဖြေ ရှင်းပုံမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ကာချင်လို့ ရေးဆွဲ ထားတဲ့ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်နေတာပါ။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို လုံးဝဖျက်သိမ်းပြီး ပြည် သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေက ရေးဆွဲတဲ့ ဒီမိုကရေစီနည်းလမ်းကျ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသာ ဖြစ်သင့်ပါတယ်"
EMG
 
(ဘလော့ဂါ နေဘုန်းလတ်)

"အရင်လို လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အခုဖြိုခွင်းမှုမှာ ဘယ်သူ တာဝန်ခံပြီး လုပ်သလဲပေါ့။ တာဝန်ခံပြီးလုပ်တဲ့လူက တာဝန်ခံပြီး ရှင်းရမှာပဲ။ နောက်ပိုင်းဖြစ်လာမယ့် ကိစ္စတွေကို။ အရင် စစ်အစိုးရလက်ထက်တုန်းကလို ဆန္ဒပြမှုဖြစ်လာပြီဆို ဒီလို အင်အားသုံးဖြိုခွင်းတာကို အဲလောက် လွယ်လွ
ယ်ကူကူ လုပ်လို့မရဘူး။ အဲတာကို သူတို့ နားမလည်တာ ဖြစ်လိမ့် မယ်။ အခုရှင်းပြီးတဲ့ကိစ္စကို တာဝန်ရှိတဲ့လူက တာဝန်ခံပြီး ရှင်းရမယ်။ သူတို့လုပ်ခဲ့တာကို သတင်းထုတ်ပြန်ရမယ်။ ဘာကြောင့် ဘာကြောင့်ဆိုတာ သတင်းထုတ်ပြန်ရမယ်။ သတင်းထုတ်ပြန်ပြီးတဲ့ အခါမှာလည်း ထပ်ပြီးတော့ မကျေနပ်တဲ့ သူတွေ တိုင်တန်းတဲ့သူတွေ ရှိလာရင် တကယ်တာဝန်ယူပြီး လုပ်တဲ့လူက တာဝန်ခံပြီး ရှင်းရမှာပဲ။ တာဝန်ယူပြီးလုပ်တဲ့သူ က တစ်ခုခုပြန်ပေးဆပ်ရလိမ့်မယ်"
News EMG
(ဦးတင်ညွန့်၊ နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ)

"လက်ပန်းတောင်း ကြေးနီတောင်အရေးကို ရုပ်သံသတင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင် ကိုယ်တိုင်ရှင်းလင်းချက်များ ကို ကြား လိုက်ရ ပါသည်။ ရှင်းလင်းချက်အတိုင်းဆိုလျှင် မည်သည့် ပြဿနာမျှ မရှိဆိုသည့် သဘောသက် ရောက်ပါသည်။ ထို့ပြင် နားလည်မိသည်က (၁)ထိုစီမံ
ကိန်းသည်တရုတ်နှင့် ပူးပေါင်း လုပ်ကိုင်ခြင်း ဖြစ်ပြီး မျက်နှာမပျက်လိုကြောင်း (၂) တပ်မတော် သားစစ်သည်များနှင့် မိသားစုများ ခံစားပိုင်ခွင့်အကျိုးအတွက် ဖက်စပ်လုပ်ကိုင်နေသည့် လုပ်ငန်း တစ်ခု ဖြစ်ကြောင်း နားလည်မိသည်။ အမှန်တော့ လွှတ်တော်ထဲတွင် စစ်သားအကျိုးနှင့် အရပ်သားအကျိုးတို့ ထိပ်တိုက် တွေ့ဆုံခြင်း ဖြစ်သည်။ နိုင်ငံတော် သမ္မတကြီး အနေဖြင့် အရပ်သား (ပြည်သူ) များ၏အကျိုးကိုကြည့်မလား၊ တပ်မတော် သားတို့၏ အကျိုးကိုကြည့်ပြီး စီမံကိန်းကို ခွင့်ပြုမလား စောင့်ကြည့်ရမည် ဖြစ်သည်။ လက်ပန်းတောင်းနှင့် ကြေးနီတောင် တို့တွင် ဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်းကြောင်း ကြားရသည့် အတွက် စိတ်မကောင်းဖြစ်မိပါသည်။ ဒီမိုကရေစီ အရေး တစ်ဖက်က ကြွေးကြော်နေပြီး စစ်အာဏာရှင်တို့၏ ကိုင်တွယ်ဖြေရှင်းနည်းကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ခြင်းကို လက်ခံနိုင်စရာ အကြောင်းမရှိပါ။ ထို့ပြင် ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိုပြဿနာဖြစ်နေသည့် နေရာသို့ သွားရောက် လေ့လာမည်ကို သိလျက်နှင့် ဒေါ်အောင်ဆန်းစုကြည် မလာမီ ကြိုတင် ရှင်းလင်း နှိမ်နင်း လိုက်ခြင်း ကလည်း စဉ်းစားစရာဖြစ်ပါသည်။ ကျွန်တော့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်၏ ကိုင်တွယ် ဖြေရှင်းပုံကို စောင့်ကြည့် သင့်သည်ဟုထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မလာမီ ဤသို့ အရေးယူ ဆောင်ရွက်လိုက်ခြင်းက (၁) ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်သောကြောင့်လား (၂) ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်မှုကြောင့် ပြဿနာ အားလုံး ပြေလည်သွားမည်ကို စိုးရိမ်သော ကြောင့်လား (၃) ဒေါ်အောင်ဆန်းစုကြည်ကြောင့် သပိတ်မှောက်နေသော အဖွဲ့များ ပြန်သွားကြပြီး အခြေအနေက အေးချမ်းသွားလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အနေအထား ပိုမိုမြင့်တက် သွားမည် ကို စိုးရိမ်သော ကြောင့်လားဟု စဉ်းစားစရာဖြစ်ပါသည်။ တရုတ်နှင့်ယခုဖြစ်နေသော ပြဿနာများသည် လက်ရှိ အစိုးရလက်ထက်တွင် သဘောတူညီပြီး လုပ်ဆောင် ထားချက်တစ်ခုမျှ မဟုတ်ပါ။ စစ်တပ်အုပ်စိုးစဉ်ကာလ စစ်ခေါင်း ဆောင်များနှင့် တရုတ်တို့ သဘောတူပူးပေါင်း ဆောင်ရွက်ချက်များသာဖြစ်ပါသည်။ မြစ်ဆုံကိစ္စတွင် သမ္မတကြီး ဦးသိန်းစိန်က သူ့သမ္မတ သက်တမ်းကာလ အတွင်း ဤစီမံချက်ကို ဆက်မလုပ်ပါဟု ရှောင်လွှဲခဲ့ပါသည်။ နောက်အစိုးရ နောက်သမ္မတလက်ထက်သို့ လမ်းကြောင်းလွှဲချလိုက်ခြင်းဖြစ်သည်။ ထို့ပြင်လက်ရှိ လက်ပန်းတောင်း ကြေးနီတောင် ကိစ္စကို လည်း ယခုမှ ပြည်သူတွေက သိကြရခြင်းဖြစ်သည်။ ခေတ် အဆက်ဆက် မည်သူ့အကျိုးအတွက် လုပ်ဆောင နေကြောင်း ပြည်သူတွေသိသော်လည်း ယခုလိုမဖော်ထုတ်ဝံ့ သဖြင့် ငြိမ်ခံခဲ့ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ လွှတ်တော်ထဲတွင် ရှင်းလင်းချက်များသည် ပြည်သူကို တင်ပြခြင်း၊ ဖြေရှင်းခြင်းထက် စိန်ခေါ်ခြင်း အသွင်ဆောင် နေပါသည်။ ထို့ပြင် နောက်ထပ် ၀န်ကြီးတစ်ဦးကလည်း တရုတ်များကျေးဇူးရှိသည်ဆိုသည့် စကားကို ပြောသွား ကြောင်း ကြားသိရသဖြင့် စိတ်မချမ်းသာဖြစ်မိသည်။ အမှန်တော့ “ဆန်ပေးလို့ ဆေးရ” သည့် ဆိုသည့်အတိုင်း အသွား အပြန်တွေ အများကြီးရှိခဲ့သောကြောင့်သာ ပေးသူကလည်းပေး၊ ယူသူကလည်းယူ သဘောတူကြည်ဖြူနေချိန်တွင် အသံမကြားရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် ယခင်စစ်အစိုးရလက်ထက် သဘောတူညီချက်များ၊ စာချုပ်များ၊ အပေးအယူများ မည်မျှ ရှိသေးကြောင်း ပွင့်လင်းစွာ မသိနိုင်သေးပါ။ လက်ပန်းတောင်း ကြေနီတောင် ကိစ္စများတွင်လည်း ယခင်က တည်းက ပွင့်လင်းပြီး ထင်သာမြင်သာရှိအောင် ဆောင်ရွက်မည်ဆိုလျှင် ဤမျှ ပြဿနာ ကြီးမည်ဟု မထင်ပါ။ အစိုးရအနေဖြင့် တရုတ်ကို အကာအကွယ်ပေးပြီး၊ ပြည်သူကို ဖိနှိပ်ရေးအသွင်ရောက်သွားဆိုလျှင် အစိုးရအပေါ်တွင်သာမက တရုတ်အပေါ်တွင်ပါ ပြည်သူတို့ နာကြည်းမုန်းတီးသွားနိုင်ပါလိမ့်မည်"
 
 (ကိုဂျင်မီ၊ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့)

" ကျွန်တော်တို့ မူဝါဒက အကြမ်းဖက် ဖြေရှင်းမ ဆိုရင် ဘယ်ဖြေရှင်းမှုမှ သဘောမတူဘူးဗျာ။ နောက်တစ်ခုက ဘာလဲ ဆိုတော့ အသွင် ကူးပြောင်းရေး ကာလမှာ ပိုပြီးတော့ သတိထားရမယ်။ ပိုပြီးတော့ သတိထားရမယ် ဆိုတာက ကျွန်တော် တို့ ပြည်သူနဲ့ အစိုးရ ကြားမှာ ယုံကြည်မှု တည်ဆောက်နေ
တဲ့ ကာလဖြစ်တယ်။ အဲဒီကာလ ဖြစ်နေတဲ့ အတွက် စိတ် ရှည်မှုကို အတက်နိုင်ဆုံး ဖြစ်ရင်လည်း အစိုးရဘက်က ဖြစ်ရလိမ့်မယ်။ ယနေ့ ပြည်သူ့လူထုက ကျွန်တော် မြင်တာက တော့ လွှတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ဆန္ဒပြမှု ဥပဒေနဲ့ မကိုက်ညီဘူးလို့ ပြောမယ်ဆိုလို့ ရှိရင်လည်း ပြောလို့ရပါ တယ်။ သို့ သော်လည်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အလေ့အကျင့် မရှိသေးတာရယ်။ နောက်တစ်ချက်က ဘာလဲဆို တော့ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ခံစားချက်ကို သူတို့က လက်ရှိဖြစ် ပေါ်လာတဲ့ ပွင့်လင်းလာတယ်လို့ ပြောတဲ့ အစိုးရ လက်ထက်မှာ ဖော်ထုတ်တာ။ ပြီးတော့ သူတို့ရဲ့ ပွင်းလင်းလာတယ်လို့ ပြောတဲ့ ဒီမိုကရေစီ အစိုးရလို့ ပြောတဲ့ အရပ်သား အစိုးရ အရပ်သား လွှတ်တော်ပေါ့။ အရပ်သား လွှတ်တော် ကိုယ်စားလှယ်ပေါ့ဗျာ။ လွှတ်တော်နဲ့ အစိုးရပေါ်လာပြီ ဆိုတော့ သူတို့က အားကိုးတာ။ ကျွန်တော် မြင်တာကတော့ သူတို့ဟာ အစိုးရကို ကန့်လန့်တိုက်နေတာ ဆန့်ကျင် နေတာ စသည့် ဖြင့် အဲဒီ သဘောမျိုးမဟုတ်ဘဲနဲ့ အားကိုးနေတာ။ သူတို့ ရဲ့ဖြစ်စဉ်တွေကို တင်ပြနေတာ။ အားကိုးပြီးတော့ ဖြစ်စဉ်တွေ ကို တင်ပြတဲ့ အခါမှာ လွှတ်တော်က ယနေ့ပြဋ္ဌာန်းထားတဲ့ တည်ဆဲ ဥပဒေပေါ့ဗျာ။ ဆန္ဒပြမှု ဥပဒေများနဲ့ လွဲချော်ကောင်းလွဲ ချော်နိုင်တယ်။ ဒါကို အစိုးရ စိတ်ရှည်သင့်တယ်လို့ ထင်တယ်။ အခုလို ဖြေရှင်းမှုဟာ အကြမ်းဖက်ဖြေရှင်းတဲ့ ပုံစံ တစ်ရပ် ဖြစ်တယ် ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့မှာ ဒီလိုဖြေရှင်းမှုတွေ ရှိနေတုန်းပဲလား ဆိုတာကို တွေးရင်းနဲ့ စိတ်မကောင်း စရာတော့ ကောင်းတယ်။ တိုင်းပြည်ရှေ့ရေးအတွက်တော့ တစ်ကယ် ရင်လေးစရာ ကောင်းတယ်"
 

No comments: