Tuesday, November 27, 2012

မြိတ်မြို့တရားစီရင်ရေးမဏ္ဍိုင်

မြိတ်မြို့တွင်တရားစီရင်ရေးမဏ္ဍိုင်မှတာဝန်ရှိသူများအလွန်သောင်းကျန်းနေ
သည့်သတင်းလေးတစ်ခုကို News Of Myeik ကိုရောက်လာလို့တင်ပေးလိုက်
ပါတယ် အဲဒီထဲမှာပါတဲ့ ဥပဒေဆွဲချ ဇင်မာဆိုတဲ့ အမျီုးသမီးကတော့နာမည်
ကြီးနေတာကြာပါပြီး ငွေကိုငမ်းငမ်းတက်အောင်ကြိုက်ပြီးသူများမိသားစုတွေ
ဒုက္ခရောက်ချင်ရောက်သူ ငွေရရင်ပြီးရောဆိုပြီး ဘိတ်မှာအကြီးအကျယ်ကို
လာဘ်စားနေကြောင်းကျွန်တော်/ ကျွန်မတို့ကြားနေရတာကြာပါပြီ.ကဲဇတ်
လမ်းလေးစလိုက်ရအောင်....

ပြဿနာအစ သတ္တဗေဒ ဌာန က ပါ.. ပြီးခဲ့တဲ့အောက်တိုဘာလထဲက
မြိတ်တက္ကသိုလ် သတ္တဗေဒဌာန ကပါမောက္ခ ဒေါ်နော်လာကွဲဖော ဆီမှာ
cannon အမျီုးအစားကင်မရာအသေးတစ်လုံးပျောက်သွားကြောင်းအဲဒါကို
တက္ကသိုလ်ထဲကိုရောက်နေတဲ့လမ်းခင်းတဲ့လမ်းလုပ်သားလေးတွေကခိုးယူ
ုသွားတယ်လို့သိရတယ် အဲဒီမှာဆိုင်ကယ်မောင်းနေတဲ့ နေလင်းဆိုတဲ့လူကို
ငွေ 4000 နှင့်ရောင်းလိုက်တယ်လို့သိရတယ်အဲဒီလူက တဆင့်ပုလောကုန်း
မှာခြေထောက်လာကုတာခံနေတဲ့ အသက် 18 နှစ်အရွယ် ကြည်ဝေသက်ဆို
တဲ့လူကိုသွားပြတယ်။ ကြည်ဝေသက်က ဦးလေးတော်စပ်သူ ဦးမောင်ဆန်း
ကိုသွားပြတယ်၊ ဦးမောင်ဆန်းက ကိုအောင်စိုးကိုသွားပြတယ်၊ ကိုအောင်စိုး
ကတိုးချဲ့ဈေးမှာ ဈေးရောင်းနေတဲ့ ကိုမြင့်ဇော်ကို အဲဒီကင်မရာကိုငွေကျပ်
27000 နှင့်ရောင်းလိုက်တယ်လို့သိရတယ် ကိုမြင့်ဇော်မှလွဲပြီးတော့ကျန်တဲ့
လူအားလုံးဟာ ဆိုင်ကယ်တက္ကစီသမားတွေဖြစ်တယ်။ နေလင်းဆိုတဲ့ ကင်မ
ရာတစ်လုံးကိုအချောင်သူခိုးဈေးနှင့်ဝယ်လိုက်တဲ့လူကလွဲလို့ အဲဒီကင်မရာရဲ့
ဇစ်မြစ်ကိုဘယ်သူမှမသိကြဘူး နေလင်းကလည်း ဆိုင်ကယ်ပျက်ဖို့ငွေလိုနေ
ကြောင်းပြောပြီးကင်မရာကိုရောင်းခိုင်းတော့ဆိုင်ကယ်သမားအချင်းချင်းစပ်
ပေးကြတဲ့သဘောပေါ့ဗျာ..ပြဿနာက ကိုမြင့်ဇော်ဆီကို ကျပ် 27000 ပေး
လိုက်ရပြီးရောက်လာတယ် . 10.10.2012 နေ့ရောက်တော့ ဒုရဲအုပ်ခင်မောင်
အေး နှင့်ရဲတပ်ဖွဲ့ဝင်တွေ၊အရပ်လူကြီးတွေရောက်လာပြီးအကျိုးအကြောင်း
ပြောကာ ကင်မရာကိုလာသိမ်သွားတယ်လို့သိရတယ် ကိုမြင့်ဇော်ကလည်း
အဲဒီကင်မရာရဲ့ ဇတ်လမ်းကိုသူမသိကြောင်းပြောပြလိုက်တယ် ရဲနှင့် ရပ်ကွက်
လူကြီးတို့ကလည်း everything is 0k ပေါ့ဗျာ့ ဘာမှ ရှော့မရှိဘူး ရတယ်။
အဲ.. ဒါပေမယ့်ပေါ့ဗျာ..မြန်မာနိုင်ငံရဲ့ ဥပဒေဘက်တော်သား ၀န်ထမ်းကြီး
ဒုရဲအုပ် ခင်မောင်အေး က 30.10.2012မှာရောက်လာပြီး ဦးမြင့်ဇော်ထံမှာ
ဘီယာ 3 လုံးလာတောင်းသောက်ပါတယ် သောက်လို့ ပြီးတာနဲ့ ရဲစခန်းကိုခ
ဏလောက်လိုက်ခဲ့ပါဟိုမှာနည်းနည်းမေးစရာရှိလို့ပါ ဆိုပြီးခေါ်သွားကာ

ရဲစခန်းကိုရောက်တာနဲ့ ချုပ်ထားလိုက်တယ်လို့သိရတယ်ပြီးတော့အမှုတွဲ့ ကို
တင်ထားပြီးဖြစ်တာကြောင့်တရားရုံးမှာတရားရင်ဆိုင်ရတော့မယ်လို့ ပြောပါ
တယ်ခရိုင်တရားရုံးကို ဆွေမျိုးတွေလိုက်သွားတော့ ခရိုင်တရားရုံးမှ ကိုဇော်
မင်းဆိုတဲ့စာရေးက ဒီအမှုကို တစ်ယောက်လျှင် ၂ သိန်းပေးပြီးညှိနိုင်ကြောင်း
အားလုံး 5 ယောက်ဆိုတော့ 10 သိန်းပေးရမှာဖြစ်ကြောင်း ကျပ် 27000 တန် ကင်မရာလေးတစ်လုံးကိုမသိပဲဝယ်ယူမိတဲ့အပြစ်က ကျပ် 10 သိန်း
အတိနှင့်လာဘ်စားဖို့လမ်းကြောင်းပေးလာကြောင်းသိရပါတယ်ကျန်တဲ့နှစ်
ယောက်က လုံးဝပေးနိုင်တဲ့အနေထားမရှိတော့ထောင်ပဲကျခံတော့မယ်လို့
ပြောကြတယ် ကိုမြင့်ဇော်နှင့်ကျန် သုံးယောက်ကတော့ ဖြစ်သမျှကံ အရင်
ဘ၀က၀ဋ်ပဲထားလိုက်တော့ ဆိုပြီး ငွေလေးစုလိုက်တာ 4 သိန်းလောက်ရ
တယ် အဲဒီတော့ ခရိုင်စာရေးကိုသွားပြန်ညှိခိုင်းရတာပေါ့ အဲဒီမှာခရိုင်စားရေး
ကလျော့လို့မဖြစ်နိုင်တော့ဘူး ရောင်းဈေးပါပဲ ( အဲလေမှားသွားလို့ ) မြို့နယ်
ဥပဒေအရာရှိ ဒေါ်ဇင်မာ အပါအ၀င် မြို့နယ်၊ခရိုင်၊တိုင်းပေါ့ဗျာ့ အားလုံး စား
ပေါက်သုံးပေါက်ရှိကြောင်း မျို ဖို့ ဆို့ ဖို့ မလောက်ကြောင်းပြောပြီးပြန်လွတ်
လိုက်တယ် အဲဒီမှာ မြို့နယ်ဥပဒေရုံးက ဇင်မာဆိုတဲ့မိန်းမက ပိုဝကြောင်းသူ
များ မျက်ရည်စာတွေကိုမျိုထား၊ဆို့ထားတော့ အတော်လေးလှလို့ ၀လို့ နေ
ကြောင်းသူ့ဆီကိုတွေ့ချင်ရင်တစ်ခါတွေ့ ခ ကျပ် 50000 ( ငါးသောင်း ) ပေး
ရကြောင်းသိရပါတယ် ဥပဒေဆွဲချကြေးတွေမပါသေးဘူးနော်..ဇင်မာကသူ့
ကိုလာမညှိနိုင်တော့ တရားရုံးကိုတင်လိုက်သတဲ့ ပုဒ်မ 380 နှင့်ပေါ့ဗျာ့အဲဒီ
မှာ မြိတ် / 12 /00444/ခ ဆိုလားဘာဆိုလား ရှိသေးတယ်။ရုံးချိန်းက 2 ပတ်
ချိန်းပြီးပါပြီ တရားသူကြီးက မြို့နယ်တရားသူကြီး ဒေါ်ဌေးဌေးဝင်း သူက
လည်းတစ်မှောင့် သူ့ဆီကိုရောက်လာတဲ့ အမှုကသူပါးစပ်ဖျားမှာရှိကြောင်း
အပေါ်ကိုလည်းမလိုက်နှင့်တော့ အောက်ကိုလည်းမလိုက်နှင့်တော့သူ့ဆီကို
ရေလာလောင်း ပေါ့..အဲဒီအမှုကတော့ အမိန်ချပြီဆိုရင်ဖြင့် 3 နှစ်မှ 7 နှစ်အ
ထိချခံရနိုင်တယ်ဥပဒေဘက်တော်သားတွေကတော့ ငွေကိုမဲနေပြီး ရေလာ
မလောင်းရင်တော့ချပစ်မယ်တကဲကဲ ကျန်ခဲ့မယ့်မိသားစုတွေမှာတော့ ဒုက္ခ
ပင်လယ်တွေဝေလို့ ဇတ်လမ်းကိုနားမလည်ပဲကင်မရာလေးဝယ်မိရောင်း
ပေးမိတဲ့လူ 4 ယောက်ကတစ်တွဲ၊ သူခိုးဆီကအချောင်ဈေးနှင့်ဝယ်လိုက်တဲ့
လူကတစ်တွဲ အမှုဖွင့်ထားတယ်လို့သိရတယ် ရုံးချိန်း 2 ပတ်တက်တုန်းက
လည်းမြို့နယ်ဥပဒေဆွဲချ ဇင်မာ က သက်သေတွေဖြစ်တဲ့ ပါမောက္ခ ဒေါ်နော်
လာကွဲဖော တို့ ရပ်ကွက်လူကြီးတွေကို အခန်းထဲသီးသန့်ခေါ်သွင်းကာ ဖိအား
ပေးခြင်း ၊ ရုံးတွင် ဘယ်လိုပြောရမလဲ စသဖြင့် ချောက်ချစေမယ့်စကားတွေ
ကိုအတင်းသင်ပေးနေကြောင်းသိရတယ်။သူ့ကို သွားမညှိတော့ ထောင်ချ
အောင် မဲနေပြီး အဲဒီအထဲက အောင်စိုးဆိုသူကတော့ ငွေ ငါးသောင်းပေးပြီး
သွားတွေ့ဖူးထားကြောင်းသိရတယ် .. ဒီဇတ်လမ်းကတော့အမိန့် မချရသေး
ပါဘူး ..အထက်လူကြီးတွေလည်း မဖြစ်သင့်တာမဖြစ်ရအောင် ကျွန်တော်/မ
တို့ တင်ပြပေးတာပါ.. တရားမျှတမှု ၊တရားဥပဒေစိုးမိုးမှုများ ဘိတ်သူ/သား
တွေမှာ ရရှိစေချင်ပါတယ်..ကျေးဇူးတင်ပါတယ်။

No comments: