
ပုလဲမြို့ နယ်အတွင်းက ဆရာတော်တပါး လုံထိမ်းများ အကြမ်းဖက်ဖြိုခွင်းမှုကြောင်

ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများတွင် သံဃာတော်အများအပြားပါဝင်ပြီ
Credit: Eleven Media Group


မီးလောင်ဗုံးဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဆရာတော်များ အပြင်းအ ထန်ဒဏ်ရာများရရှိခဲ့ကြပုံ။
ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများတွင် သံဃာတော်အများအပြားပါဝင်ပြီ




မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်


သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များ မီးလောင်ပျက်စီးခဲ့ကြောင်းနှင့်
ထိုသို့ မီးလောင်ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင်
ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။
ဖောင်းကားတောင်ရွာဘုန်တော်ကြီးေ ကျာင်းမှ ဒဏ်ရာအပြင်းအထန်ရရှိသူသံဃာ ၆ ပါးနှင့် လူတစ်ဦးရှိနေပြီး ဖြိုခွင်းမှုကြောင့် ပိတ်
မိနေသောအဖွဲ့များ ဖောင်းကားဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်စုစည်းမိကြပြီဖြစ်ကြောင်းလည်းသိရသည်။
လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅
နာရီအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီးပြန်ခိုင်းခဲ့ေ ကြာင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
No comments:
Post a Comment