Tuesday, November 27, 2012
အော်....ဗမာပြည်ကို ဒီလောက်မိုက်ကန်းတဲ့သူတွေက အုပ်ချုပ်နေတာကိုး......
ယခုနှစ် ၃လပိုင်း ၁၉ရက်နေ့က လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအုတ်မြစ်ချပွဲ အခမ်းအနားမှာ တွေ့ရတဲ့ တရုတ်စီမံကိန်းဥက္ကဋ္ဌ၊ တရုတ်သံအမတ်နဲ့ အတူတွေ့ရတဲ့ မြန်မာတာဝန်ရှိ 
 ပုဂ္ဂိုလ်များ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ပျက်ဆီးသွားသော သဘာဝဝန်းကျင်တခု... 
လက်တဆုပ်စာ လူတစု ကျေးဇူးရှင်ဆိုသူများ၏ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ အဝေးမှ မြင်ကွင်းတခု..
ဦးသိန်းစိန် အစိုးရအနေနဲ့  ကြေးစင်တောင်ပရောဂျက်ကိုရပ်လို့ ရပါတယ်။ နိင်ငံတကာမှာလဲ ဒီလို ဖြစ်ရပ်တွေဟာ မဆန်းလှပါဘူး။ စာချုပ်တွေကို ပြန်လည်ညှိ နိင်းလို့ ရပါတယ်။ တရုပ်ကလဲ မြန်မာအခြေအနေကို နားလည်ပါတယ်။ မြန်မာ ကို ကူညီနိင်ပါတယ်။ ဒါက နှစ်နိင်ငံအပြန်အလှန် နားလည်မှုနဲ့  ဆွေးနွေးလို့ ရတယ်။ တရုပ်က ဒီလိုကိစ္စမျိုးတွေအတွေ့ အကြုံရှိတယ်။
တခုပဲ ဦးသိန်းစိန် အစိုးရအနေနဲ့သတ္တိရှိဖို့ အမြော်အမြင်ရှိဖို့ ပါ။
တရုပ် နဲ့ အမေရိကန် ဟာ အာရှနဲ့ အာဖရိက မှာ အပြိုင်အဆိုင်ဝင်နေပါတယ်။ အမေရိကန် က Legacy ရှိနေတော့ အပေါ်စီးက၀င်ပါတယ်။ တရုပ်ကတော့ ငွေထုတ်ပို က်ပြီး ၀င်ရပါတယ်။
ဥပမာ ကင်ညာအစိုးရက ရထားလမ်းတွေပြင်ဖို့  အတွက် ကမ္ဘာဘဏ်ကို
သန်း ၄၀ လောက်ချေးတာ ၁၀ နှစ်လောက်ကြခဲ့ပါတယ်။ (ဒီအစိုးရကလဲ
လူအခွင့်အရေးချိုးဖေါက်မှုနဲ့  လဘ်စားမှုတွေက လွန်လွန်းပါတယ်။က မှ မချေးခြင်တော့တဲ့သဘောပါ။ ကမ္ဘာဘဏ်က စည်းမျဉ်းနဲ့ အညီလုပ်ရတဲ့အဖွဲ့ 
စည်းတွေဖြစ်လေတော့ အရမ်းကာရော ပေးလို့ မရတဲ့အနေထားပါ။ )
ဒီအချိန်မှာ တရုပ်က၀င်လာတော့ ကင်ညာအစိုးရကို ၁ ဘီလီယံလောက် နှောင်ကကြိုးမဲ့ ပြစ်ပေး ခဲ့ပါတယ်။ ကင်ညာက တရုပ်ကိုပြန်ပေးရတာတော့ထုံးစံ အတိုင်း သယံဇတတွေပြန်ပေးရတာပေါ့။
တခါ အိုဘားမာ မြန်မာပြည်လာတော့ ထိုင်းငံရေးလောက ကထိပ်သီး တွေက ဆိုးရိမ်လာတာတွေရှိတယ်။ မြန်မာ ဟာ အမေရိကန်နဲ့ 
ပေါင်းပြီး သူတို့ ကို ဖြတ်ကျော်သွားမလားဆိုတာပါ။ ဒါကို မြန်မာ သိဖို့ လိုပါတယ်။
ဦးသိန်းစိန် လုပ်သင့်တာကတော့ တရုပ်နဲ့ ပြန်လည်ညှိနိင်ရဲဖို့ လိုပါတယ်။
ဆန္ဒပြပွဲတွေမှန်သမျှ ပြေလည်အောင်ဖြေရှင်း တဲ့နည်းနဲ့ရပ်ဆိုင်းပြစ်ဖို့ လိုပါတယ်။
အမေရိကန် ဖက်က ၀င်လာမဲ့ အကူညီတွေကို Sustain ဖြစ်အောင် လုပ်ဖို လိုပါတယ်။ ခရိုနီတွေကိုလဲ encourage လုပ်သင့်တာကတော့ Farmlands တွေကို redistribution လုပ်သင့်ပါတယ်။ သူတို့ အနေနဲ့ 
ငွေပင်ငွေရင်းရှိပြီးသားတွေဖြစ်တဲ့အတွက် Production အလုပ်တွေလုပ်သင့်တယ်။ မြန်မာပြည်ဟာ ထုတ်ကုန် ( Production ) အများကြီးလုပ်ဖို့ လိုနေတဲ့နိင်ငံပါ။ လျပ်စစ်ပစ္စည်း ( Electronic apparatus ) ချည်ထည် (Textile တွေ ဟာ ထုတ်လုပ်လို့ ကိုရနေတယ်။ အကြီးအကျယ်လိုအပ်နေတယ်။ ဒါတွေကို အသာထားဦး အမျိုးစားကောင်းတဲ့ ငံပြာ ရေ နဲ့ ငပိ ထုတ်ရင်တောင် သန်းနဲ့ချီချမ်းသာနိင်ပါတယ်။
ထုတ်လုပ်မှု ( Production ) တွေ အကြီးအကျယ်လုပ်နိင်တဲ့ချမ်းသားနိင်တဲ့
နိင်ငံမှာ ဘာဖြစ်လို့  သဘ၀သယံဇတကိုပဲ ထုတ်ရောင်းနေတဲ့ ပေါ်လစီကို
နိင်ငံခေါင်းဆောင်တွေက လုပ်နေကြသလဲဆိုတာ ကျနော်စဉ်းစားလို့ ကိုမရဘူး။
ဒီအချိန်မှာ သမတဦးသိန်းစိန် လုပ်ရမှာက ခရိုနီတွေကို နောက်ကြောကိုသေနပ်နဲ့ထောက်ပြီး ထုတ်လုပ်မှု ( Production) တွေကို လုပ်ရမဲ့ အချိန်ဖြစ်ပါတယ်။
အစိုးရလဲ အကျိုးရှိ၊ ခရိုနီတွေလဲ အကျိုးရှိ၊ လူထုတွေလဲအကျိုးရှိ
တဲ့လမ်းစဉ်းကိုမလု်က်ပဲ ဘာဖြစ်လို့  စိတ်ဆင်းရဲ စရာအခြေအနေ
ခေါင်းကိုက်စရာအခြေအနေတွေကို လုပ်နေကြသလဲ ကျနော်မစဉ်းစားတတ်အောင်ပါပဲ။
မိုးသီး
• ပြည်သူအကျိုး(ဒကါ ဒကါမတို့ရဲ့အကျိုး)
• အမျိုးဘာသာ သာသနာ၏အကျိုးကို ကာကွယ်စောင့်ရှောက်မည့်
• မုံရွာမြို့မှ သံဃာ့အာဇာနည်များ
• လက်ပန်တောင်းတောင်သို့ ကြွချီလာပါပြီ
မုံရွာမြို့ ချင်းတွင်းမြစ်ကမ်း တားရိုးပေါ် နန်ချွန် ဆိပ်ကမ်းတွင် သံဃာတော်များ သပိတ်စခန်းဖွင့်ထားပါသည် သံဃာတော်များအတွက် လိုအပ်မည့် အသုံးအဆောင် စားသောက်ဖွယ်စသည် လာရောက် လှူဒါန်းပေးကြပါခင်ဗျာ
 မုံရွာမြို့ ချင်းတွင်းမြစ် ကမ်းနားတားရိုးပေါ်က သံဃာတော်များ၏ ထိုင်သပိတ်စခန်း
မုံရွာမြို့ သံဃာတော်များသည် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ လက်ပံတောင်းတောင် သပိတ်စခန်းများရှိ သပိတ်မှောက် သံဃာတော်များသို့ သွားရောက်တွေ့ဆုံရန် ချင်းတွင်းမြစ် စက်လှေ ဆိပ်သို့ ရောက်ရှိလာစဉ် အာဏာပိုင်များမှ စက်လှေများ မထွက်ခွာရန် တားဆီးခြင်းနှင့် သံဃာတော်များအား စည်းကမ်းမဲ့သည့်ဟုသည် စကားဖြင့် ပြောကြားခြင်းများ ပြုလုပ်သောကြောင့် သံဃာတော်များမှ ယင်းလုပ်ရပ်များအား မကျေနပ်သဖြင့် ပြန်လည် တောင်းပန်းရန် မတောင်းပန်းသရွေ့ တားရိုးပေါ်တွင် ထိုင်သပိတ်ပြုလုပ်ကာ တညလုံးနေမည်။ မနက်လင်းထိ တောင်းပန်းစကားမပြောဆိုပါက မနက်ဖြန် နံနက် မြို့တွင်း စီးတန်းလှည့်လည်မည်ဖြစ်ကြောင်း သိရှိရ
 မုံရွာ သံဃာတော်များလည်း လက်ပံတောင်းတောင်အရေးအတွက် ချင်းတွင်းမြစ်ကမ်းနားတားရိုးပေါ်တွင် ယခု ထိုင်သပိတ် ပြုလုပ်
လက်ပံတောင်းတောင်အရေးနှင့် အချုပ်ကျနေသူများအတွက် ဒုတိယအကြိမ် ဆန္ဒပြ
Tuesday, November 27, 2012 6:48 PMရန်ကုန်၊နိုဝင်ဘာလ ၂၇။ 
ယနေ့ ညနေ ၅ နာရီ ၃၀မိနစ် ၀န်းကျင်ခန့်တွင် ရန်ကုန်မြို့၊ ပန်းဆိုးတမ်း လမ်းမကြီး အတွင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးနှင့် ယမန်နေ့က ဆန္ဒပြရာတွင် ဦးဆောင်သူများ ဖမ်းဆီး ထိန်းသိမ်း ခံရခြင်းနှင့် ပက်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ 
ဆန္ဒထုတ်ဖော်ရာတွင် “လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေး” “ဒို့အရေး”၊ “ဖမ်းဆီးအကျဉ်းသား လွှတ်ပေးရေး” “ဒို့အရေး” ဟုကြွေးကြော် ဆန္ဒပြခဲ့ကြောင်းနှင့် ၅ နာရီ ၄၅ မိနစ်ခန့်တွင် လူစုခွဲ၍ ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။ 
“ကျနော်တို့ ဒီနေ့လုပ်ဖြစ်တဲ့ အကြောင်းက ၂ ချက်ရှိတယ်ဗျ၊ ပထမအချက်က လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ဖို့ရယ်၊ဒုတိယ အချက်က မနေ့က ဆန္ဒပြတဲ့အခါ ခေါင်းဆောင်တွေကို ဖမ်းဆီးအချုပ် ချထားတာကိုပြန်လွှတ်ပေးဖို့လုပ်ဖြစ်တာပါ”ဟု ဗဟို ကျောင်းသား သမဂ္ဂ ဗဟိုအလုပ် အမှုဆောင် တွဲဘက် အတွင်းရေး ကိုမင်းသွေးသစ်က ဆန္ဒပြရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။
စူးရှ (မြန်မာ့ခေတ်)
လက်ပံတောင်းတောင်အရေးနှင့် အချုပ်ကျနေသူများအတွက် ဒုတိယအကြိမ် ဆန္ဒပြ
Tuesday, November 27, 2012 6:48 PMရန်ကုန်၊နိုဝင်ဘာလ ၂၇။
ယနေ့ ညနေ ၅ နာရီ ၃၀မိနစ် ၀န်းကျင်ခန့်
တွင် ရန်ကုန်မြို့၊ ပန်းဆိုးတမ်း လမ်းမကြီး အတွင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးနှင့် ယမန်နေ့က ဆန္ဒပြရာတွင် ဦးဆောင်သူများ ဖမ်းဆီး ထိန်းသိမ်း ခံရခြင်းနှင့် ပက်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒထုတ်ဖော်ရာတွင် “လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေး” “ဒို့အရေး”၊ “ဖမ်းဆီးအကျဉ်းသား လွှတ်ပေးရေး” “ဒို့အရေး” ဟုကြွေးကြော် ဆန္ဒပြခဲ့ကြောင်းနှင့် ၅ နာရီ ၄၅ မိနစ်ခန့်တွင် လူစုခွဲ၍ ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။
“ကျနော်တို့ ဒီနေ့လုပ်ဖြစ်တဲ့ အကြောင်းက ၂ ချက်ရှိတယ်ဗျ၊ ပထမအချက်က လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ဖို့ရယ်၊ဒုတိယ အချက်က မနေ့က ဆန္ဒပြတဲ့အခါ ခေါင်းဆောင်တွေကို ဖမ်းဆီးအချုပ် ချထားတာကိုပြန်လွှတ်ပေးဖို့လုပ်ဖြစ်တာပါ”ဟု ဗဟို ကျောင်းသား သမဂ္ဂ ဗဟိုအလုပ် အမှုဆောင် တွဲဘက် အတွင်းရေး ကိုမင်းသွေးသစ်က ဆန္ဒပြရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။
၎င်းတို့သည် အဆိုပါ လက်ပံတောင်းတောင်အရေးနှင့် ဖမ်းဆီးအကျဉ်းသားလွှတ်ပေးရေးအတွက် မနက်ဖြန်တွင်လည်း ပိုစတာများဖြင့် ထပ်မံဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
စူးရှ (မြန်မာ့ခေတ်)
ဒီထက်ပိုကျေးဇူးတင်ရမယ်ဆိုရင် ........
(ပါပါလေး)
မြို့တော်ခန်းမရှေ့ ထပ်မံဆန္ဒပြမယ်ဆိုသောကြောင့် ဖမ်းဆီးရန်ပြင်ဆင် 
ရန်ကုန်၊နိုဝင်ဘာလ ၂၇။ ယမန်နေ့က လက်ပံတောင်းတောင်အရေးနှင့် ပက်သက်၍ဆန္ဒ ထုတ်ဖော်မှုကို ယနေ့တွင် ထပ်မံထုတ်ဖော် မည့်သတင်းကြောင့် ရန်ကုန်မြို့၊မြို့တော်ခန်းမရှေ့တွင် ရဲဝန်ထမ်းများလုံခြုံရေးတင်းကျပ်စွာ ချထားသည်ကို ညနေ ၄ နာရီ ၁၀ မိနစ်တွင် တွေ့ရစဉ် ယနေ့ဆန္ဒထုတ်ဖော်သူများအား ဥပဒေကြောင်းအရ ဖမ်းဆီးအရေးယူမည် ဟုရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ ကြားသိထားရပြီး ယမန်နေ့က ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ဆန္ဒပြခဲ့သော ၆ ဦးအား အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Myanma Age
မြို့တော်ခန်းမရှေ့ ထပ်မံဆန္ဒပြမယ်ဆိုသောကြောင့် ဖမ်းဆီးရန်ပြင်ဆင်
ရန်ကုန်၊နိုဝင်ဘာလ ၂၇။ ယမန်နေ့က လက်ပံတောင်းတောင်အရေးနှင့် ပက်သက်၍ဆန္ဒ ထုတ်ဖော်မှုကို ယနေ့တွင် ထပ
်မံထုတ်ဖော် မည့်သတင်းကြောင့် ရန်ကုန်မြို့၊မြို့တော်ခန်းမရှေ့တွင် ရဲဝန်ထမ်းများလုံခြုံရေးတင်းကျပ်စွာ ချထားသည်ကို ညနေ ၄ နာရီ ၁၀ မိနစ်တွင် တွေ့ရစဉ် ယနေ့ဆန္ဒထုတ်ဖော်သူများအား ဥပဒေကြောင်းအရ ဖမ်းဆီးအရေးယူမည် ဟုရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ ကြားသိထားရပြီး ယမန်နေ့က ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ဆန္ဒပြခဲ့သော ၆ ဦးအား အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Myanma Age
ည ၁၀း ၃၀ နာရီ နောက် ဆုံး ရရှိသည့် သတင်း များ အရ လက်ပံတန်းတောင် သပိတ် စခန်း များ ကို လက်နက် အပြည့် အစုံ တပ်ထား
သည့် လုံ ထိန်းများ ၀ိုင်း ထား ပြီး ဆန္ဒပြ သူများ က လည်း စခန်း အား ဖျက်ပေး နိုင်ရန် မဖြစ် ကြောင်း ပြန်လည် ပြော ကြေား သည်။
မုံ ရွာ ခရိုင်  အုပ် ချုပ် ရေး  မှုး က ဘုန်းကြီး တွေ အမိန့် မနာ ခံ ရင် အကုန် ဖမ်း ပြီး ထောင် ထဲ ပို့  မယ် ဟု ခြိမ်းခြောက်ခဲ့ သည်။
ည ၁၀း ၃၀ နာရီ နောက် ဆုံး ရရှိသည့် သတင်း များ အရ လက်ပံတန်းတောင် သပိတ် စခန်း များ ကို လက်နက် အပြည့် အစုံ တပ်ထား
သည့် လုံ ထိန်းများ ၀ိုင်း ထား ပြီး ဆန္ဒပြ သူများ က
လည်း စခန်း အား ဖျက်ပေး နိုင်ရန် မဖြစ် ကြောင်း ပြန်လည် ပြော ကြေား သည်။
မုံ ရွာ ခရိုင် အုပ် ချုပ် ရေး မှုး က ဘုန်းကြီး တွေ အမိန့် မနာ ခံ ရင် အကုန် ဖမ်း ပြီး ထောင် ထဲ ပို့  မယ် ဟု ခြိမ်းခြောက်ခဲ့ သည်။
No comments: