Monday, November 26, 2012

ဝန်ထမ်းတွေ လစာတိုးပေးဖို့ ဘာလို့မဖြစ်နိုင်ရမှာတုန်းဗျ.....



ဝန်ထမ်းတွေ လစာတိုးပေးဖို့ ဘာလို့မဖြစ်နိုင်ရမှာတုန်းဗျ.....
*************************************
·
ဝန်ထမ်းလစာတိုးဖို့ အဆိုကိုတင်သွင်းတာမယ် ဟိုဘက်ဒီဘက် ချိန်ထိုးပိး တင်တယ်ဗျ.... ဒီနေရာမှာ ဘဏ္ဍာအခွန်ဝန်ကြီးက ငွေကိုပဲ ရိုက်ထုပ်မယ် လုပ်နေတယ်... အဓိက တာဝန်ဖြစ်တဲ့ ပြည်တွင်းက အခွန်ကို ဖိဖိစီစီး ကောက်ဖို့ ပလန်တွေ ချမပြဘူး... အမှန်တကယ်ကဗျာ၊ ကိန်းဂဏန်းတွေနဲ့ ကိုင်ပေါက်မနေနဲ့၊ အခုအစိုးရ ၀င်ငွေရအောင် ဘာတွေလုပ်သ
င့်သလဲ၊ ကျွန်တော့်ဌာနက ဘာတွေလုပ်ပေးရမလဲ အဲ့ဒိလို ညှိညှိနှိုင်းနှိုင်း လုပ်ဖို့လိုတယ်.... မြန်မာပြည်လောက် အခွန်တွေ များတာ မြန်မာပြည်ပဲရှိတယ် (ကျွန်တော် စတေးတပ်တောင် တင်ထားတယ်).... ဒါပေမယ့် အစိုးရလည်း မချမ်းသာဘူး၊ ပြည်သူလည်း
ငွေဖြူမဖြစ်ဘူး၊ တစ်ချို့ တစ်ချို့သော အရာရှိတွေ ချမ်းသာပီးရင် ချမ်းသာကြတယ်.... အဲ ခရိုနီတွေကိုယ်တိုင်က ရော့ဘယ်လောက်ဆိုပီး ပုတ်ပြတ်ပေးလိုက်တယ်..... အဲ့တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရက ပြည်သူတွေကို ဘာမှလုပ်မပေးနိုင်လို့ ပြည်သူတွေက အခွန်မဆောင်ချင်ဘူးဆိုတဲ့ ဆင်ခြေနဲ့ အဲ့ဒိပိုက်ဆံတွေ လမ်းမှာပျောက်တယ်..... ဒါတွေကို စနစ်တကျ လုပ်ဖို့လိုတယ်....

နောက်ပီး ဘဏ္ဍာအခွန် ၀န်ကြီးက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ အစိုးရ သုံးစွဲမယ့် ငွေစာရင်းနဲ့ ချိန်ထိုးတော့ အဲ့ဒိငွေစာရင်းမှာ လယ်ဆယ်က တင်ပြတဲ့ ဖျက်သိမ်းမယ့် မြစ်ရေတင် စီမံကိန်းတွေကို ထည့်တွက်
ထားမှာပဲ.... နောက်ပီး နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား.... အဲ့ဒါကို ဘယ်လောက်နဲ့ ထည့်တွက်ထားလဲ၊ ပို့ကုန်ရငွေကို ဘာနဲ့ တွက်သလဲ ၆ ကျပ်ခွဲလား... အဲ့ဒါဆို သိကြားမင်း ဆင်းလာသော်မှ မြန်မာပြည် စီးပွားရေး ပြာပုံထဲက ထွက်မှာမဟုတ်ဘူး... ဟုတ်တယ်လေ ကိုယ်က သွင်းတာကို လက်ရှိပေါက်ဈေး ၈၀၀ ကျော်နဲ့ချေပီး ကိုယ်ကရတာကိုတော့ ၆ ကျပ်ခွဲနဲ့ဆိုရင် တစ်သက်လုံး အရှုံးပြနေမယ်.... ပီးတော့ စဉ်းစားစရာရှိတာ အဲ့ဒိလို တွက်ချက်ထားတဲ့ စာရင်း (အမှန်တကယ် ရှိတယ် ကြားတယ်) အရ ၆ ကျပ်ခွဲနဲ့ တွက်ပီး အစိုးရ၀င်ငွေ သတ်မှတ်ရင် ကျန်တဲ့ တကယ့်ငွေလဲလှယ်နှုန်းနဲ့ ရတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ.....
မေးစရာတွေ အများကြီးပဲ...

ကျွန်တော်ကတော့ အခု လစာတိုးပေးလို့ ကုန်ဈေးနှုန်းတက်မယ်ဆိုတာကို သိပ်လက်မခံဘူး (အသံနည်းနည်း ထွက်တာနဲ့ ကုန်ဈေးနှုန်းတက်တာ
ကတော့ မြန်မာပြည် ထုံးစံပဲ၊ ဟို Yangon MRT လုပ်မယ်ဆိုပီး မြေပုံ
ထွက်လာတာ အဲ့ဒိ မြေပုံ တုလား စစ်လား မသိသေးဘူး တစ်ခါတည်း အဲ့ဒိ ရထားလမ်းနဲ့နီးတဲ့ မြေကွက်တွေ တိုက်ခန်းတွေ ဈေးကို ခုန်တက်သွားတယ်။
အဲ့တော့ ကောလာဟာလနဲ့ လုပ်စားသူတွေကို ထိမ်းချုပ်ဖို့ လိုမယ်)


လက်ရှိ မြန်မာနိုင်ငံရဲ့ ငွေကြေး စီးဆင်းမှုပုံစံကို ဒီလိုမြင်ပါတယ်။

ဘာလို့လည်းဆိုတော့ အခုအစိုးရက ဘလိုင်းကြီး လစာကို တိုးပေးတာ မဟုတ်ပဲ မလိုလားအပ်တဲ့ စီမံကိန်းတွေကို ရပ်လိုက်ပီး ကုန်ကျစားရိတ်
တွေကို ခြိုးခြံချွေတာခြင်းဖြင့် ထွက်လာတဲ့ ငွေနဲ့ ပေးမှာဖြစ်သလို အခြားသော စိစစ်မှုတွေ လုပ်မယ် ဆိုလာတာကိုး.... အဲ့ဒိတော့ ငွေ အသစ် ရိုက်ထုပ်တာ မဟုတ်ပဲ လူတစ်ချို့စီကိုပဲ စီးဆင်းနေတဲ့ ငွေတွေ၊ အထူးသဖြင့် မီးခံသေတ္တာထဲမှာ အိပ်နေမယ့် ငွေတွေကို အစိုးရ၀န်ထမ်းတွေစီ စီးဆင်းစေတဲ့အတွက် ကုန်ဈေးနှုန်းတက်တာထက် ၀ယ်လိုအား
တက်လာရင် ရောင်းလိုအားလည်း တက်လာမယ်၊ ဒါဆိုရင် ခိုင်မာတဲ့ ငွေကြေးလည်ပါတ်မှု ဖြစ်ထွန်းမယ် မြင်တယ်....... လူတွေ ငွေကြေး ဖောဖောသီသီ သုံးနိုင် ဆွဲနိုင်မယ်၊ အခုလက်ရှိ မြန်မာပြည်မှာ ဖြစ်နေတာသည် ငွေကြေး ဖောဖောသီသီ သုံးနိုင်စွဲနိုင်တဲ့ လူတန်းစားဟာ အပေါ်ယံ လက်တစ်ဆုပ်စာ ဖြစ်နေတယ်။ အဲ့ဒါကို အောက်ခြေအထိ ဖြန့်ချနိုင်ဖို့ လိုတယ်။

အဆုံးသတ်အနေနဲ့ကတော့ဗျာ ဒီအတိုင်းကြီးပဲ အိပဲ့ အိပဲ့ သွားနေတာထက်စာရင် Chain ကို Changes လုပ်မှ ရတော့မယ်..... ဒါမှ အစိုးရအနေနဲ့ ၀န်ထမ်းတွေကို လစာတိုးပေးရင် သူ့ဝင်ငွေတိုးအောင် ပိုရှာရတော့မယ်.... အဲ့ဒိအခါကြရင် မလိုလားအပ်တဲ့ ငွေကုန်ကြေးကျ များမှုတွေ ရသင့်ရထိုက်ရဲ့သားနဲ့ မရတာတွေကို မဖြစ်မနေကို စိစစ်ရတော့မယ် ဒါဆိုရင် နှစ်ဦးနှစ်ဘက်စလုံး အကျိုးရှိတယ်.... အဲ့ဒိလို ရသင့်ရထိုက်တဲ့ ၀င်ငွေတွေကို စိစစ်တာမယ် ၀န်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှု လိုတယ်.... ၀န်ထမ်းတွေ ပူးပေါင်းပါဝင်မှုသည် သူတို့ရဲ့ ၀င်ငွေနဲ့လည်း မှီတည်နေတယ်... အဲ့ဒိအတွက် ဒီလစာတိုးပေးတာကို လုပ်သင့်တဲ့ ခြေလှမ်းလို့ ကျွန်တော် မြင်တယ်.... Risk မယူပဲ ပန်းတိုင် တစ်ခုကို မရောက်နိုင်သလို၊ ကိုယ်ယူတဲ့ Risk တစ်ခုသည် Side Effect နည်းနိုင်သမျှ နည်းအောင် စနစ်တကျ ပြင်ဆင်ရမှာ ထုံးစံပါပဲ.... လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ Risk မယူပဲ ပန်းတိုင်ကို သွားချင်ရင်တော့ အိပ်မက် မက်နေသူနဲ့ တူပါမယ်။

နောက်ထပ် ကျွန်တော်တို့ ထည့်သွင်း စဉ်းစားရမှာက ရပ်လိုက်တဲ့ စီမံကိန်းတွေရဲ့ ကုန်ကျစားရိတ်တွေ။ မြန်မာနိုင်ငံမှာ အစိုးရကလုပ်တဲ့ စီမံကိန်းမှန်သမျှ အများစုဟာ လိုအပ်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားကနေ သွင်းရတယ်၊ ဒါဟာ မလိုလားအပ်တဲ့ နိုင်ငံခြားငွေ ကုန်ကျမှုပဲ။ အစိုးရ မသွင်းနိုင်ရင် ဒီနေရာမှာ အစိုးရက ဆန်ရှင်ကြောင့် ကိုယ်တိုင် သွင်းခွင့်မရှိလို့ စီးပွားရေးမှာ လုပ်တတ်၊ ကိုင်တတ်တဲ့ လူတွေကို လုပ်ခိုင်းရတာ မမေ့သင့်ဘူး။ အခုလက်ရှိ ယ ပက်လက်၊ စ လုံးက တစ်ချို့ကုမ္ပဏီတွေသည် မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက ပိတ်လိုက်တဲ့ ဆန်ရှင်ကြောင့် သူတို့ အကျိုးဖြစ်ထွန်းပီး ချမ်းသာသွားတယ် ဆိုတာ မမေ့သင့်ဘူး….. ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးတောင် ရအောင် ပြန်ကိုက်
သေးတာမယ်၊ ဆန်ရှင်ထိတော့ မဖြစ် ဖြစ်အောင်လုပ်တော့ ဖြစ်တာပဲ
နောက်ဆုံးပေါ် ဇိမ်ခံကားကြီးတွေ ၀ယ်စီးနိုင်တာပဲ…. ကြားထဲကတော့
ပြည်သူဆိုတဲ့ ငထွားတွေ ခါးနာတယ်ဗျာ…. တန်ရာတန်ကြေး မရဘူးပေါ့…. အခု တိုင်ရီ ကိစ္စ ဖြစ်သလိုမျိုး… မြန်မာပြည်မှာသာ အထည်ချုပ်လုပ်ငန်းတွေ ၁၉၉၉ ၀န်းကျင်ကလို ထွန်းကားနေရင် တိုင်ရီသူဌေးစောစောစီးစီး
ပြည်တော် ပြန်ပြေးရပီ....

ကျွန်တော်တို့ နိုင်ငံက အထည်ချုပ်သမတွေ နှစ်ပဲတစ်ပြားနဲ့ အလုပ် မလုပ်နိုင်လို့ ဖာဖြစ်နေချိန်မှာ မြန်မာနိုင်ငံကို ဆန်ရှင်ပိတ်ဆို့မှုနဲ့ စီးပွားဖြစ် ချမ်းသာနေတဲ့ စ လုံး၊ ယ ပက်လက်က ကုမ္ပဏီတွေကိုမြင်ရင် ကျွန်တော် တော်တော် စိတ်နာတယ်….. စစ်အစိုးရက အလျှော့မှ မပေးတာလို့ မပြောနဲ့ ဖန်ဆင်းရှင် အပါအ၀င်၊ ကံ ကံ ၏ အကျိုးကို လက်ခံတဲ့ ကျွန်တော်တို့ ဂေါတမ ဘုရားရှင်အဆုံး ဘယ်လိုမှ ပြောမရ ဆိုမရလို့ လွှတ်ထားတဲ့ ဗီလိန်ဆိုတာ ရှိသေးတာပဲ။ လူ့လောကမယ် ၀ိုင်းပီး ကျဉ်ထားရင် အကျဉ်ခံရတဲ့သူက ဘာလုပ်သလဲ စဉ်းစားကြည့်ပေါ့။ ထားလိုက်ပါ ဒါတွေ ဘောင်ကျော်သွားပီ။

ခုဏကလို အစိုးရက တိုက်ရိုက် သွင်းခွင့်မရှိတော့ ကြားခံ Proxies ရှိတယ် သူတို့ကသွင်းပေးတယ်၊ အစိုးရက အကြွေးအနေနဲ့ ပိုက်ဆံမရှိရင် လုပ်ပိုင်ခွင့်တွေကို ပေးလိုက်ရတယ်။ အဲ့ဒိအတွက် ခရိုနီလူတန်းစားဆိုတာ ဖြစ်ထွန်းလာတယ်။ အဲ့ဒိအခါမယ် Proxies တွေကလည်းUndertable တွေ ပေးရတဲ့အတွက် ပေါချောင်ကောင်းတွေ သွင်းတယ်၊ ဈေးက မတန်တဆ၊ ဒါမှ သူက သက်ဆိုင်ရာ ၀န်ကြီးတွေ ညွှန်ချုပ်တွေကို လာဘ်ထိုးနိုင်မယ်။ အဲ့ဒိတော့ ပုံမှန် စက်ရုံထုပ်ဈေး 50USD လောက်ရှိတဲ့ပစ္စည်း မြန်မာပြည်ရောက်လာရင် ဒေါ်လာ ထောင် ဂဏန်းဖြစ်သွားတာ အံ့သြစရာကို မရှိဘူး။ ၀န်ကြီးတွေ ညွှန်ချုပ်တွေ ကိုယ်တိုင်ကလည်း ငါသွင်းဆိုတဲ့ ပစ္စည်းပဲသွင်း (ကော်မရှင် ရတာကိုး) ကျန်တဲ့ဟာတွေ မသွင်းနဲ့ဆိုတဲ့အတွက် ဈေးကြီးတဲ့ ပစ္စည်းကောင်းတွေ ပိုက်ဆံရှိရက်နဲ့ မကိုင်နိုင်သလို၊ ပေးတဲ့ ပိုက်ဆံနဲ့ မတန်တဲ့ အပေါစားတွေ ဂျင်းထည့်ခံရတယ်။

နောက်ပီးတော့ ကိုယ် ကော်မရှင်ရတဲ့ ပစ္စည်းတွေပဲ သွင်းတဲ့အတွက် အဲ့ဒိပစ္စည်းတွေရဲ့ Future Requirements, Future Compatible တွေလုံးဝ ထည့်မစဉ်းစားတဲ့အတွက် ရေရှည်မှာ ပြဿနာတွေ တက်တယ်။ အစိုးရရုံးတွေမှာ သွားကြည့် ပစ္စည်းအပိုမရှိလို့၊ လက်တောက်လောက် စက်ကလေး ပျက်တာနဲ့ စက်ရုံကြီး တစ်ခုလုံး (သို့မဟုတ်) ထက်ဝက်လောက် ရပ်နေရတာတွေမျက်မြင်လက်တွေ့တွေ။ နောက်ပီး
ကော်မရှင် ရဖို့ပဲ ကြည့်နေတဲ့အတွက် ကိုယ်ဝယ်လိုက်တဲ့ ပစ္စည်းထုပ်လုပ်တဲ့ ကုမ္ပဏီ ခိုင်မာမှုရှိမရှိ သေခြာမလေ့လာလို့ ဟိုဘက်က ကုမ္ပဏီက ဖျက်သိမ်းသွားပီ ဒီမှာ ပစ္စည်းမတပ်ရသေးတာတွေ တစ်ပုံကြီး။ တစ်ခြားသွားမကြည့်နဲ့ မြန်မာ့ဆက်သွယ်ရေး၊ ရလိုက်မယ့် ၀င်ငွေ သတင်းစာထဲမှာတောင် အကျမ်းမျဉ်းတွက်ထားတယ် ဖုန်းတစ်လုံး တစ်လ အသုံး ၁၀၀၀၀ ကျပ်ပဲထားဦး ဖုံးအလုံး သန်း ၃၀၊ ဆက်သွယ်ရေးဝင်ငွေ တစ်လ တစ်လ မနည်းဘူး ကုဋေနဲ့ချီ ရတယ်နော်။

ဒီဝင်ငွေတွေ စီးဆင်းမှု ဘယ်လိုသွားသလဲ။ ထားလိုက်ပါ။ ဆက်သွယ်ရေး သုံးနေတဲ့ ဒေါ်လာ ဘယ်နှစ်သန်း ရင်းနှိးမြှုပ်နှံတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ သွားကြည့် သူ့ အိပ်ချိန်းတွေမှာ သုံးထားတဲ့ပစ္စည်း အကုန်တရုပ်ဖြစ်ကြီးပဲ။ တော်ကြာနေ ဟိုပစ္စည်းပျက်ပြန်ပီ၊ ဒီပစ္စည်း Hang ပြန်ပီနဲ့။ နိုင်ငံတကာမှာ ပစ္စည်းတစ်ခု နာမည်ကျော်တယ်၊
ဈေးကွက်ဖောက်နိုင်တယ် ဆိုတာမှာ သူ့ပစ္စည်း Quality ရှိတယ်။ ဘယ်လောက် Load ကို Handle လုပ်နိုင်တယ်ဆိုတာ ပါပီးသား။ အပေါစား နာမည်တောင် သေခြာမရှိတဲ့ ကလေက၀ ကုမ္ပဏီတွေကနေ သွင်းလာတဲ့ ပစ္စည်းတွေနဲ့ တပ်ထားလေတော့ တကယ့် Load အပြည့်ဆွဲတဲ့အချိန်မယ် ကကြောင်တွေ ထဖတ်နေလို့ မိုဘိုင်း ဖုန်းနှစ်လုံး ဘေးခြင်း ကပ်လျက်ခေါ်နေတာတောင် လူကြီးမင်း မတ်စိကို ပုံသဏ္ဍန်မျိုးစုံနဲ့ ချုံထဲရောက်လိုက်၊ တပ်ဆင်ထားခြင်း မရှိပါပြောလိုက်၊ လိုင်းတွေ မအားပါပြောလိုက်နဲ့ ပြောချင်ရာကို အော်တို ပြန်ပြောနေတာတွေက သက်သေတွေပဲ။

နောက် ၈၈ မတိုင်ခင် ဒေါက်တာမောင်မောင်ရဲ့ မိန့်ခွန်းကို နားထောင်ရတာမယ်၊ ဆိုရှယ်လစ်လက်ထက် မြန်မာတွေ နိုင်ငံခြားကနေ လက်နက်ဝယ်လိုက်တာ ဒီဘက်ကနေ ဒေါ်လာတွေ အများကြီးပို့လိုက်ပီး ဟိုဘက်ကနေ လက်နက်တွေဆိုပီး ပြန်ပို့ပေးလိုက်တာက
သေတ္တာတွေထဲမှာ ကျောက်ခဲတွေကြီးဆိုတာ မှတ်မိပါသေးတယ်။ မှားတာ မှန်တာ ဘေးဘယ်လိုက်ဦး၊ အဲ့လို တကယ်ဖြစ်ခဲ့တယ်ဆိုရင် ဒါသည် မျက်စိပိတ်၊ နားပိတ် လုပ်ခဲ့တဲ့ အကျိုးကျေးဇူးကို အာဏာပိုင်တွေ ကိုယ်တိုင် ဆက်ခံရတာပဲ။ အဲ့ဒါကြောင့် မလိုလားအပ်တဲ့ ကိုယ့်ပြည်သူကိုယ် ဆန်ရှင် ပြန်လုပ်တဲ့ သတင်းစီးဆင်းမှု မြန်ဆန်တာကို ပယ်ဖျက်သင့်တယ်။ ဒါမှလည်း အပြန်အလှန် အကျိုးကျေးဇူး ပြုရာကြမယ်။

နိဂုံးအနေနဲ့ကတော့ ၀န်ထမ်းတွေကို လစာတိုးပေးတယ် ဆိုရာမှာ ငွေစက္ကူအသစ် ရိုက်ထုပ်တာမဟုတ်ပဲ အခုလို လစ်နေ၊ ဟာနေတဲ့ နေရာတွေက ၀င်ငွေတွေ၊ အထူးသဖြင့် လူတစ်ချို့စီကိုပဲ ဦးတည်စီးဆင်းနေတဲ့ အိပ်နေတဲ့ ငွေတွေကို အများစု အသုံးပြုလို့ရအောင် ခွဲဝေပေးဖို့ စီမံသင့်တယ်လို့ မြင်တယ်။ ဥပမာအားဖြင့် စီးချင်သလို စီးဆင်းနေတဲ့ ရေတွေကို စနစ်တကျ မြောင်းနဲ့ တမံတုပ်လိုက်ရင်
ရေထုပမာဏ ကြီးလာမယ်၊ လိုရာကို ပို့ဆောင်နိုင်တယ်။ ကျွန်တော်တို့နိုင်ငံ တကယ်လိုနေတာသည် အဲ့ဒိလို ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အစိုးရလုပ်ငန်းဆိုင်ရာတွေကို စနစ်တကျ ကိုင်တွယ်ဖို့၊ ထွက်နေတဲ့ ၀င်ငွေတွေကို စနစ်တကျ ထိရောက်စွာ အစိုးရ၀န်ထမ်းတွေစီကို စီးဆင်းစေဖို့၊ တကယ်လုပ်ရင် အဲ့ဒိပုံသဏ္ဍန်ဖြစ်မှာပဲ၊ ၀န်ထမ်းတွေကို လစာတိုးပေးနိုင်မှာပဲ။ ကုန်ဈေးနှုန်းသည် လုံးဝကို တက်စရာမရှိပါ။ ဘာ့ကြောင့်လည်းဆိုတော့ မီးခံသေတ္တာထဲမှာ သွားအိပ်နေမယ့် ငွေတွေကို တကယ်သုံးစွဲမယ့် ပြည်သူတွေလက်ထဲကို စီးဆင်းစေတဲ့အတွက်
ဖြစ်ပါတယ်။ အကျိုးရှိရှိ ငွေကြေးကို လည်ပတ်အောင် စီမံခန့်ခွဲတာ
ဖြစ်ပါတယ်။

တနည်းအားဖြင့် ၀ယ်လိုအားများရင် ရောင်းလိုအား တက်လာမယ်၊ ကုန်စည် စီးဆင်းမှု မြန်ဆန်လာရင် ကုန်ဈေးနှုန်းဟာ အလိုလို ကျဆင်းလာမယ်၊
ပြည်သူတွေလက်ထဲ ငွေကြေး ဖောဖာသီသီသုံးနိုင်မယ်။ ဒါဆိုရင် Win Win Situation လို့မြင်တယ်။ အဲ့ဒါကြောင့်လည်း ဦးရွှေမန်းသည် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်မယ်၊ မလိုလားအပ်တဲ့ ဥပဒေတွေကို
ပြင်မယ်လို့ ပြောနေတာ။ အချို့ အချို့သော မျက်တောင်မွှေး
လောက်ပဲ မြင်သူတွေကတော့ အစိုးရ လစာတိုးပေးတာသည် အန္တရာယ်ကို ဖိတ်ခေါ်တယ်လို့ မြင်ပေမယ့် ကျွန်တော်ကတော့ လုံးဝကို အပြည့်အ၀ ထောက်ခံတယ်။ ဒါပေမယ့် ဘလိုင်းတိုးပေးမယ့်အစား မကုန်သင့်တဲ့တွေ မကုန်အောင်၊ အိပ်နေတဲ့ငွေ ရှင်လာအောင် လုပ်ဖို့လိုမယ်။ ဒါမှ ထိရောက်မှု ရှိမယ်လို့ သုံးသပ်ရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ အစိုးရ၀န်ထမ်းတွေကို လစာတိုးပေးဖို့အဆိုကို လုံးဝ ထောက်ခံပါတယ်။

မှတ်ချက် ။ ။ ကျွန်တော် ဘောဂဗေဒကို နကန်းတစ်လုံးမှ မတတ်သော သာမာန်ပြည်သူတစ်ယောက်ရဲ့ အမြင်ဖြစ်ပါတယ်။ ပညာရှိများ ပညာရပ်နဲ့ သက်ဆိုင်တဲ့ မှတ်ချက်တွေ မပါတဲ့အတွက် အလကား ထောက်ခံစာပါလို့
မြင်ရင် ကျော်ဖတ်သွားနိုင်ပါတယ်ခင်ဗျာ....
ကျေးဇူးတင်ပါတယ်။

James Mint

No comments: