Thursday, November 29, 2012

မဟာကြောင်သို့...တဲ့..

တကယ်က.. အခုဖြစ်စဉ်မှာ တာဝန်အရှိဆုံးက.. သပိတ်ခေါင်းဆောင်တွေပဲ..။ သူတို့ကြောင့် အခ
ုလောက် ဆိုးဝါးကုန်တာ..။ အစိုးရဖက်က သပိတ်ဖြိုခွဲတာမှာ.. လိုအပ်တာထက် ပိုကောင်းပိုမယ်..။

သို့သော်.. မီးမလောင်လဲ.. ဖြိုခွဲပါတယ်ဆိုမှ အနှိပ်ခန်းက ပြန်လာသလိုမျိုးတော့.. အညောင်းအညာတွေပြေပြီး ပြန်လာနိုင်စရာအကြောင်းမရှိဘူး.
.။

အနည်းဆုံး .. နံပါတ်တုတ်နဲ့ တော့ အရိုက်ခံရမှာပဲ.။ အခန့်မသင့် သေမှာပဲ..။


အပ်တိုတစ်ချောင်းတောင် မရှိတဲ့ သူတွေကို .. လူစွဲခွဲပါ-ခွဲပါနဲ့ သူတို့အကြိမ်ကြိမ်ပြောတာပဲ။ အပ်တိုမရှိတဲ့သူတွေက.. ခွဲမှ.. မခွဲဘဲ။ မခွဲ .. ဟိုက ဆော်မှာပေါ့..။


ဒါတောင် ပေးထားတဲ့ နောက်ဆုံးအချိန်က ၂၇ ရက်နေ့ ည။ ဖြိုခွဲတာက.. ၂၉ မနက်..။


တကယ်ဆို.. သပိတ်ကို ဦးဆောင်သူတွေမှာ.. Game Plan ရှိရမယ်..။ ငါတို့ လိုချင်တာ မရရင်.. ဘယ်ကွေ့မှာ ဘယ်တက်နဲ့လှော်မယ် ဆိုတဲ့ Plan A, Plan B တွေ ရှိရမယ်..။


သပိတ်-သပိတ် မှောက်မှောက်နဲ့.. ထိုင်ရာကမထ- ဖင်ကျောက်ချတိုင်း ပန်းတွေ ပွင့်ကြစတမ်းဆိုရင်.. မြန်မာပြည် တ၀ှမ်း ပန်းတွေနဲ့ ဝေတာ ကြာပြီပေါ့..။


အခုတော့.. ဇာတ်က သိပ်နာသွားပြီ..။ ဒီကြားထဲ ဘုန်းဘုန်းတွေက ဇာတ်လိုက်နေရာကနေ ကပြ အသုံးတော်ခံတော့ ပြည်သူမှာ ထွန့်ထွန့်ကိုလူးလို့..။


တချို့ ဆိုသွေးရူး သွေးတမ်းနဲ့ ဒေါ်စုကို ထိုင်ကန်တော့တဲ့ အထိ ဖြစ်ကုန်ပြီ..။ ဒေါ်စု ပြောခဲ့တာပဲ။ နိုင်ငံတကာနဲ့ မျက်နှာမပျက်ဖို့ လိုတယ်လို့..။


အဲဒီစကားကြ ဖင်ကြား မညှပ်ဘဲ.. အခုမှ ဖင်ကုန်းပြီး ကန်တော့-တော့ လွန်တာတွေက လွန်သွားပြီ..။ ဖြစ်တာတွေက ဖြစ်ပြီးသွားပြီ..


ဒေါ်စုလည်း ဖြစ်ပြီးတာတွေနဲ့ ပါတ်သက်ပြီး ဘာမှ မတတ်နိုင်ဘူး။ ဦးသိန်းစိန်လည်း ပျော်နေမယ်လို့ ထင်သလား..။ သူလည်း စိတ်မကောင်းဖြစ်နေမှာပဲ..။


မြစ်ဆုံကိစ္စ သူရပ်ပေးနိုင်တုံးက ရပ်ပေးခဲ့တာပဲ..။


အခုကိစ္စ ဦးအောင်မင်းလွှတ် တောင်းပန်ခိုင်း- အကြိမ်ကြိမ် သပိတ်လှန်ဖို့သတိပေး- ဒေါ်စုလည်းဝင်ပြော နေမှတော့ လိုချင်တာ မရနိုင်မှန်း သပိတ်ခေါင်းဆောင်တွေ သဘောပေါက်ရမှာပေါ့..။


အဲသလောက်မှ မသုံးသပ်နိုင်- အမျှော်အမြင်မရှိရင်လည်း.. ပြည်သူတွေရဲ့  ဘ၀နဲ့ ရင်းရတဲ့ ကိစ္စတွေမှာ.. ၀င်ပြီး ဦးမဆောင်နဲ့.။


သိပ် ခံယူချက် ပြင်းလွန်းရင်လည် အပြစ်မဲ့တဲ့ တောသူ တောင်သားတွေကို ဆွဲမထည့်နဲ့..။ '' ငါ သဘောမတူဘူးဟေ့ ဆိုပြီး ကိုယ့်ကိုယ်ကိုသာ ဓါတ်ဆီလောင်း မီးရှို့  လိုက် '' ..။


မီးလောင်ပြီး ခင်ဗျားတို့ သေသွားရင် ခင်ဗျားတို့ ဓါတ်ပုံဘုရားစင်ပေါ်တင်ပြီး တစ်ညတစ်ခါ ကျုပ်ရှိခိုးအိပ်မယ်။


(လူတော်တွေကို ပူဇော်ချင်တဲ့ကြောင်)
 
မဟာကြောင်ဆိုသော လူထံသို့ ရောက်အောင် ပို့ပေးကြပါ။
******************************
************

မဟာကြောင်ရေ.. ခင်ဗျားက ဘယ်လိုလူမျိုးလဲ ကျုပ်မသိဘူး။

ခင်ဗျားရေးတဲ့ ပို့စ်တစ်ခုကို မထင်မှတ်ပဲ မြင်လိုက်ရလို့ ကျုပ်ပြန်ရေး
လိုက်တာပါ။ ခင်ဗျားပြောသလိုပဲပေါ့ဗျာ သပိတ်ပွဲတစ်ခုကို ဖျက်ဆီးပါတယ်
ဆိုမှတော့ ဘယ်လိုလုပ် ဖုတ်ဖက်ခါပီး ပြန်ထွက်လာလို့ရပါ့မလဲနော်။ မှန်တာပေါ့။
လိုအပ်ရင် လိုအပ်သလို သွေးချွေးတွေရင်းနှီးရမှာပေါ့။

ခင်ဗျား ဦးဝိစာရနဲ့ဦးဥတ္တမဆိုတဲ့ သံဃာ့အာဇာနည်တွေအကြောင်း ကြားဖူးလား

မသိဘူး။ သူတို့ဘယ်လိုတွေကြောင့်၊ ဘယ်သူ့တွေကြောင့်၊ ဘယ်နိုင်ငံအတွက်ကြောင့်
အသက်စွန့်သွားလည်းဆိုတာ ခင်ဗျား လေ့လာသင့်ပြီလို့ထင်တယ်။

အပ်တိုတစ်ချောင်းတောင်မရှိတဲ့သူ
တွေကို သတိ အကြိမ်ကြိမ်ပေးပြီးတော့ နောက်ဆုံးမှာ
မီးလောင်တိုက်သွင်းပီး လူစုခွဲတာက အင်အားကြီးသူက အင်အားနည်းသူ၊ မေတ္တာထားသူကို
သက်သက် အနိုင်ကျင့်ယုတ်မာတာသက်သက်ပဲဗျ။
ခင်ဗျား ပြောသလို အပ်တိုတောင်မရှိတဲ့
သူတွေကို နံပါတ်တုတ်နဲ့ရိုက်တာတောင်မှ တော်တော်လေးလွန်နေပါပြီ။ သူတို့ပြောပြောနေတဲ့
ဥပဒေက လက်နက်အားကိုးဥပဒေမှမဟုတ်တာပဲလေ


သပိတ်ကိုဦးဆောင်သူတွေမှာ တာဝန်အရှိဆုံးဆိုတဲ့ခင်ဗျားရဲ့ စကားလည်း မှန်တာပဲ။ တာဝန်ရှိတာပေါ့ဗျာ။ဘာလို့လဲဆိုေ
တာ့ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာကြီးပြင်းလာပြီး ဒီနိုင်ငံရဲ့အရေးအခင်းကိုသူတို့တွေက ဘယ်မျက်ကွယ်ပြုနိုင်ပါ့မလဲ။ တာဝန်ရှိတာပေါ့။ တာဝန်ရှိလို့ တာဝန်ယူပီးတော့ ဆောင်ရွက်ကြတာပေါ့ဗျာ။

ခင်ဗျား မဟတ္တမဂန္ဒီရဲ့ အကြောင်းကိုလည်း နည်းနည်းလေးဖတ်ပါဦး။ သူဘယ်လိုမျိုးဆောင်ရွက်ခဲ့သလဲဆိ
ုတာကိုပေါ့။
ခင်ဗျား ရေးသွားတဲ့ ဖင်ကျောက်ချထိုင်နေလို့ ပန်းတော့မပွင့်ဘူးဆိုတဲ့ စကားလိုပေါ့ဗျာ။ ပန်းတော့ မပွင့်ဘူးဗျ။ ဒါပေမယ့်အဖူးအငုံလေးတွေတော့ ဖြစ်ထွန်းလာတာပါပဲဆိုတာ ခင်ဗျား သိပ်မကြာခင်သိလာပါလိမ့်မယ်။ ချွေး၊သွေးနဲ့ပေါင်းသင်၊ ပြုစုမှတော့
မပွင့်ခံနိုင်ရိုးလားဗျာ။

အပြစ်မဲ့တဲ့ တောသူတောင်သားတွေကို ဘယ်သူကမှ ဆွဲမထည့်ခဲ့ပါဘူး။ အပြစ်မဲ့တဲ့ တောသူတောင်သားတွေကို ကိုယ်ချင်းစာလို့၊

မဆီမဆိုင် ကိုယ့်ထမင်းကိုယ်စားပီးဝင်ပါခဲ့
တဲ့သူတွေ၊ ဒကာဒကာမတွေရဲ့ ဆွမ်းကွမ်းကို ဘုန်းပေးပြီး သာသာနာအကျိုးဆောင်ရွက်နေတဲ့
ဆရာတော်တွေက ကိုယ်စားပြုပေးခဲ့ကြတာပါ။ ငါ သဘောမတူဘူးဟေ့လို့ ပြောပီး ကိုယ့်ကိုကိုယ် မီးရှို့သတ်လို့ ခင်ဗျားပြောတယ်နော်။
ခင်ဗျားပြောတော့ သပိတ်-သပိတ် မှောက်မှောက် လို့ အော်တိုင်း ပန်းမပွင့်ဘူးဆိုဗျ။ အခု မီးရှို့သတ်လို့ရော ပန်းကပွင့်မှာတဲ့လား။ ခင်ဗျား စကားတွေ
ထဲမှာကိုက ရှေ့နောက်ကမညီတော့ဘူးဖြစ်နေပြီ။
ခင်ဗျားက မီးလောင်ပီးသေသွားတဲ့လူတွေရဲ့ ဓာတ်ပုံကို ဘုရားစင်ပေါ်တင်ပီးတော့ ရှိခိုးကိုးကွယ်ချင်ရင်တော့
အီရန်နဲ့အာဖဂန်ကိုသာ လိုက်သွားပေတော့ဗျာ။

ခင်ဗျားရဲ့ပို့စ်အောက်မှာ မန့်ထားတဲ့ သံဃာတော်တွေက လောကီအရေးကို ၀င်မပါပါနဲ့ဆိုတဲ့ ခပ်ချာချာလူတစ်စုကိုလည်း ပြောလိုက်ပါအုန်း။ ဘုရားရှင်တောင်မှ

တိုင်းပြည်နှစ်ပြည် စစ်ဖြစ်တာကို တားဖို့အတွက် ကြိုးစားခဲ့သေးတာကို ဗုဒ္ဓဘာသာဝင်ဆိုရင် အားလုံးသိပါတယ်လို့။ ဘာလို့တားဆီးရသလဲဆိုတော့ သတ္တ၀ါတွေ အကျိုး
အတွက်ဆိုတာ ရှင်းပါတယ်။ ခုလည်း ဘုရားရှင်ရဲ့ သားတော်တွေ သစ်ခေါက်ဆိုးဝတ် အရှင်သူမြတ်တွေ ဘာလို့ဝင်ပါလဲဆိုတော့ ဘုရားရှင်ရဲ့ဆန္ဒအတိုင်း သတ္တ၀ါတွေ အကျိုးအတွက်ပါပဲ။

ပြီးတော့ မြန်မာပြည်သာသနာ့သမိုင်းမှာ နေလိုလလိုထင်ရှားတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သမိုင်းဝင်သာသနိကအဆောက်အဦတွေအတ
ွက်ကြောင့်ပါပဲ။ အဲဒါကို လူပြိန်းတွေ နားလည်ပါစ။
အုတ်ရောရော ကျောက်ရောရောနဲ့ စာသားပြေပြေပြစ်ပြစ်လေးရေးထားတာ
ကို ဖတ်ပီးတော့ မှန်တယ်ဟေ့၊ ထောက်ခံတယ်ဟေ့လို့ အော်နေကြတဲ့လူတွေကို တကယ်ပဲ စိတ်ပျက်မိပါတယ်။

အတိုက်အခံတစ်ခုလုပ်ရင် Plan တွေဆိုတာ များများထားထားရတာ ထုံးစံပဲဆိုတာကိုလည်း ခင်ဗျားတစ်ယောက် သတိမူမိပုံမရဘူး။ တစ်ခုမအောင်မြင် တစ်ခုနဲ့လုပ်ရတာ ကိစ္စကြီးတွေတိုင်းမှာပါပဲ။ခိုင်
မာတဲ့၊တိကျတဲ့ Plan တွေမရှိပဲနဲ့ ကိစ္စကြီးတစ်ခုကို ဘယ်လိုအကောင်အထည်ဖော်ရမှာလဲ။ ခင်ဗျားကြည့်ရတာ နာမည်နဲ့လိုက်အောင်ပဲခပ်ကြောင်ကြောင်ဖြစ်နေပုံရပါပြီ။ ကြည့်ရတာ လူပြိန်းကြိုက်လေးတွေရေးသားဖို့အတွက် ခင်ဗျား ခေါင်းခြောက်အောင် မနည်းစဉ်းစားနေလို့ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်ရဲ့ သမိုင်းဝင် အရေးအခင်းတိုင်းမှာ ပြန်ကြည့်ကြည့်လိုက်ပါ။ သံဃာ့အာဇာနည်တွေက အမြဲတမ်း ရှေ့ဆုံးကဦးဆောင်ခဲ့တာပါပဲ။ တိုင်းပြည်နဲ့လူမျိုး၊ ဘာသာ၊ သာသနာအတွက် ဆိုရင် လောကီအရေးနဲ့ကင်းကွာနေတတ်တဲ့ သာသနာ့နွယ်ဝင်တွေတောင်မှမနေနိုင
်တော့ပဲ ၀င်ပါကြတာ ထုံးစံပါပဲ။ ခုမှမဟုတ်ပါဘူး။ အစဉ်အဆက်ကတည်းကဆိုတာကိုလည်း မျက်လုံးဖွင့်ပြီး
ကြည့်ကြပါဦး။

လူတော်တွေကို ပူဇော်ချင်ပါတယ်ဆိုတဲ့ ခပ်ကြောင်ကြောင်ရေ.. မပူဇော်ခင် ခင်ဗျား ခေါင်းပူအောင် စဉ်းစားပီးတော့ လူပြိန်းကြိုက်လေးတွေ ရေးဖို့အတွက်

ဖင်ကုတ်ခေါင်းကုတ်နဲ့နေနေရတာကို
ကျုပ်ကတော့ တကယ်သနားမိပါရဲ့။

(ငကြောင်တွေကို သနားတတ်တဲ့ အငယ်ကောင်)
 

No comments: