Thursday, November 29, 2012

Congratulations, Mr President!

အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်

စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။ အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှမဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။



NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language
အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထာ
းချက်

စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လိ
ု့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။ အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှမဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။



NLABR

Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language
 
ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူအနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို မီးလောင်ကျွမ်းစေနိုင်တာမျိုးပါ။ ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ် အတွင်း ၁၉၄၅ ခုနှစ်  မန္တလေး မြို့သိမ်းတိုက်ပွဲ မှာအင်္ဂလိပ်တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အင်မတန်မှ ရက်စက်လှပြီး ခံစားရသူကို သေရာပါ ဒါဏ်ရာဒါဏ်ချက်များစွဲကပ်စေကာ နောက်ဆက်တွဲဝေဒနာများအဖြစ် အသည်းနဲ့ကျောက်ကပ် ရောဂါများပါ ရရှိနိုင်စေပါတယ်။မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက် တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြစစ်ပွဲမျိုးမှာ လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ။ သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ  စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။ သုံးခွင့်လဲမရှိပါ။ဆရာထက် တပည့်လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊ ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့ ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ  တွေကိုတော့ သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။ မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။ မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊ သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်းက ကောင်းကောင်းကြီးမြည်းစမ်းဖူးခဲ့ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။

လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။ အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။
ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူအနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို
မီးလောင်ကျွမ်းစေနိုင်တာမျိုးပါ။ ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ် အတွင်း ၁၉၄၅ ခုနှစ် မန္တလေး မြို့သိမ်းတိုက်ပွဲ မှာအင်္ဂလိပ်တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အင်မတန်မှ ရက်စက်လှပြီး ခံစားရသူကို သေရာပါ ဒါဏ်ရာဒါဏ်ချက်များစွဲကပ်စေကာ နောက်ဆက်တွဲဝေဒနာများအဖြစ် အသည်းနဲ့ကျောက်ကပ် ရောဂါများပါ ရရှိနိုင်စေပါတယ်။မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက် တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြစစ်ပွဲမျိုးမှာ လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ။ သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။ သုံးခွင့်လဲမရှိပါ။ဆရာထက် တပည့်လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊ ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့ ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ တွေကိုတော့ သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။ မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။ မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊ သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်းက ကောင်းကောင်းကြီးမြည်းစမ်းဖူးခဲ့ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။

လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။ အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။
 
ဒီဗုံးက အရင်ဗုံးခွံဆံနဲ့ အမျိုးအစားခြင်းမတူတာလား အကုန် ပေါက်ကွဲသွားတာကြောင့် ပွင့်ထွက်သွားတာလား။ တစ်မျိုးတည်းသော ဗုံးကိုပဲ သုံးတာလား တခြားဗုံးအမျိုးအစားတစ်ခုရော သုံးသွားတာလား စဉ်းစားစရာဗျာ 
 
 
 Is it White Phosphorous grenade (or weapons)? please check below links to confirm. There are two kinds of grenade, incendiary and smoke.
(credit to original photographer)
 
  
 
မျက်လုံး တစ်ဖက်ပျက်စီးသွားသောရဟန်း
 
မြင်းကွင်းကတော့ မသက်သာလှပါဘူး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မုံရွာမြို့သူ မြိုသားများမှ တရားမျှတမူ အမှန်ပေါ်ရေးအတွက် အခါတိုင်းကလို ပျော်ရွှင်စွာ အလံတိုင်တွေ မကိုင်ပဲ ဝမ်းနည်းပက်လက်ဖြစ်ခါ မြေကြီးပေါ်ကို ဒူးတုပ်ပြီး ရှိခိုးကာ ဒေါ်အောင်ဆန်းစုကြည်အား အားကိုးတကြီးဖြင့် ကြိုဆိုနေပုံမြင်ကွင်း
Congratulations, Mr President!

No comments: