Wednesday, November 28, 2012

ပေါင် ၁ဝဝဝ အလေးချိန်ရှိ တူနာ ငါးကြီးအား နိုဗာစကောရှား ဒေသရှိ ကန်ဆို ကမ်းရိုးတန်း အလွန်၌ ဖမ်းဆီးရမိ



အသက် ၃ဝ အရွယ် မားစ်တာဝါးစ် အမည်ရှိ ဗြိတိသျှ ငါးဖမ်းသမား တစ်ဦးသည် နိုဗာစကောရှား ဒေသရှိ ကန်ဆို ကမ်းရိုးတန်း အလွန်တွင် အလေးချိန် ပေါင် ၁ဝဝဝ ရှိသောအပြာရောင် ဆူးတောင်ပါ တူနာ ငါးကြီးအား ဖမ်းဆီး ခဲ့ရကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

၎င်းတူနာ ငါးကြီးအား ရေထဲမှ ဝန်တင်ယာဉ် ပေါ်သို့ ဝန်ချီစက် တစ်ခုဖြင့် မ

တင်ခဲ့ရပြီး အရှည်မှာ ၁၅ ပေခန့် ရှိကြောင်း သိရသည်။

အဆိုပါ ငါးကြီးကိုဂျပန်နိုင်ငံသို့စတာလင် ပေါင်၂ဝဝဝဝ ဖြင့် ရောင်းချ သွားမည် ဖြစ်ပြီး၎င်းအားဆူရှီ ပြုလုပ်ရာတွင် အသုံးပြု သွားမည် ဖြစ် သည်။

အပြာရောင် ဆူးတောင်ပါ တူနာ ငါးများသည် ကမ္ဘာပေါ်ရှိ အကြီးဆုံးနှင့် အလျင်မြန်ဆုံး ငါးတစ်မျိုး ဖြစ်ပြီး ပျမ်းမျှအားဖြင့် ၎င်းတို့၏ အရှည်မှာ ၆ ဒသမ ၅ ပေရှိ၍ အလေးချိန်မှာ ပေါင် ၅၅ဝ ရှိသည်။ ခေါင်းပိုင်းမှာ သတ္တုပြာရောင် ဖြစ်၍ အမြီးပိုင်းမှာ ငွေဖြူရောင် ရှိသည်။

ယနေ့ခေတ်တွင် ဂျပန် နိုင်ငံ၌ အတ္တလန္တိတ် သမုဒ္ဒရာမှ အပြာရောင် ဆူးတောင်ပါ တူနာ ငါးများကို ဖမ်းဆီး စားသုံးလျက် ရှိပြီး တိုကျိုမြို့ ဆူရှီ စားသောက်ဆိုင် ကြီးများတွင် တူနာငါး ဆူရှီ တစ်ခုလျှင် စတာလင်ပေါင် ၁၆ ပေါင်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments: