လောလောဆယ်မှာတော့ မုံရွာ တစ်ဖက်ကမ်းဆီကနေပြီး ချင်းတွင်းမြစ် အနောက်ဘက်မှာ ပကတိတည်ရှိနေတဲ့ လက်ပံတောင်းတောင်ကြီးဆီ မှန်းမျှော် ပြီး တောင်ကြည့်ပွဲကို မုံရွာသူ၊ မုံရွာသား တွေကျင်းပနေကြတယ်လို့ ကြားသိရတယ်။ မကြာမီကြွေလွင့်ပျောက်ကွယ်သွားတော့မယ့် ခွဲခွာခါနီး တောင်ကြီးဆီကို လွမ်းလွမ်း ဆွေးဆွေးတမ်းတမ်းတတနဲ့ ယူကြုံးမရ ပူ ဆွေးသောကရောက်စွာ ကြည့်မောနေ ကြရတဲ့ အဖြစ်မျိုးပါပဲ။
ဒေသခံပြည်သူများလည်း မိမိတို့ရဲ့ သံယောဇဉ်နဲ့ရင်တွင်းခံစားမှုများကို လှစ်ဟပြောကြား အသနားခံခဲ့ကြပြီး တောရိပ်တောင်ရိပ် စိတ်တွင်း၏ မိုးခေါင်ဒေသ ရဲ့ သဘာဝကို ဖြိုခွင်းဖျက်ဆီးလောဘ ကြီးနေကြသူများကို တအံ့တသြလည်း ဖြစ်မိတယ်။
ပကတိအေးချမ်းသာယာမှုရှိလှတဲ့ လက်ပံတောင်းတောင်ကြီးကို အမှီပြုပြီး ဘ၀ကို ရှင်သန်ရပ်တည်နေသူတို့ရဲ့ဘ၀၊ မိမိဘာသာ ၀မ်းရေးပူဆာရှာဖွေစား သောက်နေရှာတဲ့ ကျေးလက်ဒေသနေ ပြည်သူတွေရဲ့ဘ၀ကို ဖျက်ဆီးလိုက်တာ လည်းဖြစ်တယ်။ ကျွန်တော့်ရဲ့ ဆောင်း ပါး (လွမ်းစရာခွဲခွာသွားလေမလား မုံရွာ ကလက်ပံတောင်းတောင်) ၂ ပတ်ဆက် တိုက် Hot News မှာ ဖော်ပြခဲ့ပြီး ဒီလ ထုတ် အတွေးအမြင် မဂ္ဂဇင်းမှာလည်း အထူးဆောင်းပါးအဖြစ် ကျွန်တော်သိ ကျွမ်းခဲ့တဲ့ တရုတ်ပြည်ကို ရေးသားခဲ့ တော့ ကျွန်တော့်ဆီအထူးသဖြင့် မုံရွာ ဒေသသားတွေဆီက ဆက်သွယ်မေးမြန်း လာကြတာတွေရှိတယ်။
အဲဒီမှာ တရုတ်ပြည်ရှီဖန်မြို့က ကြေးနီစက်ရုံတည်ဆောက်မယ့်စီမံကိန်း မှာ ပြည်သူ့ကျန်းမာရေးပြဿနာတွေဖြစ် ပေါ်လာနိုင်မယ့် ကိစ္စနဲ့ သဘာဝပတ်ဝန်း ကျင် ညစ်ညမ်းမှု ပြဿနာအရပ်ရပ်ကို အချက်အလက်ပြည့်စုံစွာ ဖော်ပြပြီး ဒေသခံတွေက ကန့်ကွက်ကြတော့ အဲဒီစီမံ ကိန်းကြီး ဇူလိုင်လအတွင်း လုံးဝ ဖျက် သိမ်းပေးခဲ့ကြောင်း ဖော်ပြခဲ့တယ်။ တင် ပြတဲ့အခါ ဒေသက ဘယ်သူတွေ ဘယ် လိုရောဂါမျိုးကို ဘယ်လိုခံစားနေရကြောင်း တွေနဲ့ ဘယ်နှဦးခံစားနေရပြီ၊ နောင်မှာ ဒီဒေသကြီးရဲ့ ပထ၀ီမြေသား၊ ပတ်ဝန်းကျင်၊ ဂေဟစနစ်သစ်ပင်၊ အဆိပ်သင့်ပြီး ထွက်ရှိလာတဲ့ သဘာဝပေါက်ပင် အားလုံး စားမိရင်ပဲ အဆိပ်ကို ခန္ဓာကိုယ်တွင်း သွတ်သွင်းလိုက်သလိုဖြစ်တော့မယ့်အရေး ကအစ စနစ်တကျ တင်ပြရမယ်။ ကျေး လက် ဒေသက ပြည်သူတွေဟာ တကယ် ပဲ သဘာဝရာသီစာ ဆူးပုပ်၊ ကင်းပုံ၊ မှို၊ စတဲ့ အစားအစာတွေနဲ့ ရေသတ္တ၀ါ၊ ငါး တွေပါ အဆိပ်ပျံ့နှံ့ပြီး စားသုံးမိသူ မုံရွာ ဒေသသားတွေရဲ့ အနာဂတ်ကျန်းမာ ရေး ပြဿနာရပ်တွေပါ ပါရှိဖို့လိုပါမယ်။
အတွေးအမြင် မဂ္ဂဇင်းမှာတော့ ကျွန်တော်ရှုမြင်သုံးသပ်မိတဲ့ တရုတ်ပြည် က ခေါင်းဆောင်ကြီးတွေရဲ့ အနေအ ထားပါ။ ဆိုရရင် သူတို့အချင်းချင်း ပေါ် လစ်ဗျူရိုအဖွဲ့ဝင်ဗဟိုကောင်စီတွင်းပါဝင် တဲ့ ပုဂ်္ဂိုလ်များပင် အဂတိလိုက်စားမှု ထင် ထင်ရှားရှား စစ်ဆေးတွေ့ရှိရင် ထိထိ ရောက်ရောက် အရေးယူပေးတဲ့အနေအထားပါပဲ။ အဲဒီမှာ မြို့တော်ဝန်တွေ၊ ဗဟိုကောင်စီဝင် ပိုရှီလိုင်းနဲ့ သူ့ဇနီးရဲ့ ပြစ်မှုတွေက ဒီကနေ့ ထင်ထင်ရှားရှား တွေ့ရှိနေရတဲ့ တရုတ်ပြည်က ခေါင်း ဆောင်ကြီးများရဲ့ တော်တည့် ဖြောင့်မှန် စွာ ကိုင်တွယ်ဆုံးဖြတ်တတ်တဲ့ အနေ အထားတွေကို ကမ္ဘာက မြင်တွေ့နေရတဲ့ အနေအထားတွေဖြစ်တယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဆားလင်းကြီးမြို့နယ်အတွင်း လက်ပံ တောင်းတောင်ကြေးနီ စီမံကိန်းရဲ့ ပြစ် ချက်တွေ လူသားနဲ့ ဂေဟစနစ်ကြီး အပေါ် ထာဝစဉ်ဖျက်ဆီးဆုံးရှုံး နစ်နာကြ ရမယ့် ဘေးဒုက္ခကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်လင်း အလျင်အမြန်တင်ပြဖို့ ဖြစ်တယ်။ ကုမုဒြာထဲက ဆောင်းပါးရှင် ထွန်းလင်း(စိုက်-တက္ကသိုလ်)ရဲ့နှုတ်ဆက် ရတော့မည့် သလ္လာဝတီ ဆောင်းပါးထဲ မှာ (ရွှေအ၊ လှည်းကြိတ်ခံရသလို) ကြေး နီစီမံကိန်းကို ရပ်ဆိုင်းပစ်ဖို့ အဆိုတင် သွင်းရာမှာ စကားမပြောတတ်သူလို မိမိ နာတာကိုပဲ အမူအရာနဲ့ ပြမနေဘဲထိထိ ရောက်ရောက် ဘယ်လိုနာကျင်စေတယ် ဆိုတာ ပြောပြတတ်ဖို့လိုတယ်။ ကဗျာ တွေစာတွေဖွဲ့၊ ဒေါသတွေပေါက်ကွဲ၊ အမူ အရာတွေနဲ့ ကြမ်းတမ်းစွာ ပြောဆိုဖို့ မလို ဘူး။ မိမိတို့မှာ ဘယ်လိုဖြစ်ပျက်နေပြီး သတ်မှတ်စည်းကမ်းမလိုက်နာရင် ဘယ် လိုမလိုက်နာတာ၊ ဘယ်လိုပတ်ဝန်းကျင် ထိခိုက်နစ်နာစေတာ ရှင်းရှင်းလင်းလင်း သက်သေပြနိုင်ဖို့ အဓိက ဖြစ်စေတယ်။
တရုတ်နိုင်ငံတော် ဗဟိုအစိုးရဆီ မိမိတို့ရဲ့ ဖြစ်စဉ်ကို မှန်မှန်ကန်ကန် မြန် မြန်ဆန်ဆန် တင်ပြရင် ရှီဖန်မြို့က ကြေး နီစီမံကိန်းတောင်မှ ရပ်ဆိုင်းဖျက်သိမ်း ပေးခဲ့တာပဲ။ မိမိတို့ရဲ့ အိမ်နီးနားချင်း နိုင်ငံက ပကတိဖြစ်စဉ် ကြေးနီစီမံကိန်း ကရရှိမယ့်အကျိုးအမြတ်ထက် ဒေသခံ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ၊ ကျန်းမာရေး၊ ပြဿနာ ပြီးတော့ ဂေဟစနစ်ကြီးလုံးဝ ပျက်သုဉ်းရမယ့် အနေအထားကို တရုတ် ပြည်က ဗဟိုအစိုးရဟာ ရေငုံနှုတ်ပိတ် နေမှာမဟုတ်တာ သေချာပါတယ်။ ဒီ ကိစ္စကို အမှန်တကယ်ကိုင်တွယ်ဖြေရှင်း ပေးမှာက တရုတ်ပြည်က ဗဟိုအစိုးရ အဖွဲ့အစည်းဖြစ်ကြောင်း ကျွန်တော်မြင် တွေ့ခံစားသိရှိခဲ့တဲ့ အတွေ့အကြုံအရ ရဲရဲကြီးပြောရဲပါတယ်။
လက်ပံတောင်းတောင်မှာ ရောက်ရှိလုပ်ကိုင်နေကြတဲ့ တရုတ်ပညာရှင်နဲ့ တရုတ်အလုပ်သမားတွေမှာဗဟိုအစိုးရ က အမိန့်ကို နာခံတတ်ကြသူများဖြစ်တော့ ကုမ္ပဏီက ပုဂ်္ဂိုလ်အပေါင်းကို လည်း ဒေသခံပြည်သူတွေ အမျက်ဒေါသ ဖြစ်စရာမရှိပါဘူး။ သူတို့က စေသည့် ကျွန်၊ ထွန်သည့်နွား ၀န်ထမ်းတွေသာဖြစ် တော့ လက်ရှိကိုယ်တွယ်ပေးနိုင်စွမ်းရှိ တဲ့ တရုတ်ဗဟိုအစိုးရဆီထင်သာမြင်သာ ရှိတဲ့ ခိုင်လုံမှန်ကန်တဲ့ ဒီစီမံကိန်းကြီးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို နှိုင်းယှဉ်တင် ပြပေးဖို့ဖြစ်ပါတယ်။
ကျွန်တော်တို မြန်မာနိုင်ငံအစိုးရဘက်ကတော့ စိတ်ရင်းစေတနာ ပကတိ ရိုးသားတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်ဆီ ဒိဋ္ဌလက်ရောက် မြန်မြန် ဆန်ဆန် ရောက်ရှိသွားဖို့ပါပဲ။ အဲဒီမှာ ကျွန်တော်အံ့သြမိတာ တစ်ချက်က အဲဒီ ဒေသကိုလက်တွေ့ ကိုယ်တွယ်ဖြေရှင်း ပေးနေကြတဲ့ စီးပွားရေးဦးပိုင်က မြန်မာ့ အရာရှိတွေနဲ့ နယ်မြေအုပ်ချုပ်ရေးကိုယ် တွယ်နေကြတဲ့ပုဂ်္ဂိုလ်အပေါင်းကဒီပကတိ ဖြစ်စဉ်ကို မျက်စိမှိတ်ဖုံးကွယ်ထားပြီး နိုင်ငံတော်ရဲ့ စီမံချက်၊ နိုင်ငံတော်ရဲ့ အကျိုးရလဒ်၊ နိုင်ငံတော်ရဲ့ စီးပွားရေး၊ အကောင်အထည်ဖော်ရေးဆိုတဲ့ အင်မတန်ကြီးမားခမ်းနားတဲ့ စကားလုံးကြီး တွေနဲ့ မိမိတို့ရဲ့ ပူလောင်လှတဲ့ ခံစားမှုဒုက္ခ အပေါင်းကို ဒေသခံတွေက စုပေါင်း တင် ပြကြတာကိုပဲ သက်ဆိုင်ရာဆီ မတင် ပြတာလား၊ မတင်ပြရဲတာလားတို့က အစိုးရကိုယ်စား လှယ်လုပ်နေတာမို့ ကျေးလက်ဒေသက ပြည်သူတွေကို အာဏာဖီဆန်သူ နိုင်ငံတော်အစိုးရရဲ့ စီမံချက်ဖျက်ဆီးသူဆိုပြီး ခေါင်းစီး တွေတပ်ပြီး ဖိနှိပ်ကွပ်သပ်မှာလား။
ဒီနေရာမှာ တန်ဖိုးဆိုတာဘာပါလဲ။ ကျွန်တော့်အမြင်ကတော့ လောက ကမ္ဘာ ကြီးထဲမှာလူသားဆိုတာ တန်ဖိုးအရှိဆုံးလို့ မြင်တယ်။ အခုလူတွေ တီထွင်ဖန်တီး လုပ်ဆောင်နေကြတာက လူသားတွေ အတွက်ပဲ မဟုတ်လား။ လူသားတွေ အတွက် တန်ဖိုးတွက်ရမှာ ရလဒ်ဆိုး၊ ရလဒ်ကောင်းမှာ ရလဒ်ဆိုးဘက်က များ နေရင် နှစ်ပေါင်းများစွာ လူသားတွေ အတွက် အကျိုးယုတ်သွားစေတယ်ဆို ရင် ငွေသားတန်ဖိုး ဘီလီယံ ပေါင်းများ စွာမည်သို့ပင် ၀င်ငွေကောင်းနေပါစေ စွန့် လွှတ်ကြရပါမယ်။
ဘာလို့ပါလဲ။ ငွေသားဆိုတာ လော ကရဲ့ သဘာဝ မက်မောစေတာ မှန်ပေမဲ့ ဒီငွေသားနဲ့ လူသားတို့ရဲ့ အသက်ကို ၀ယ် ယူမရရှိနိုင်ပါဘူး။ ယုတ်စွအဆုံး ဝေဒနာ တွေ ခံစားကြရရင်လည်း ဒီဝေဒနာတွေ ကုစားပေးတောင်မှ မသေချာ၊ မရေရာ တဲ့ နေရာဒေသကြီး ဖြစ်သွားနိုင်ပါတယ်။
မြန်မာပို့စ်(နိုဝင်ဘာ ဒုတိယအပတ် ထုတ်) စာမျက်နှာ ၂၀မှာ လက်ပံတောင်း တောင်အရေးသား” ရွှေအိုးထမ်းလာခြင်း မျိုးမြင်ရပါလို၏” ဆိုတဲ့ ဆောင်းပါးရှင် သန့်ဇင်ရဲ့ တင်ပြမှုမှာ မက်လုံးတွေက တော့ လက်ပံတောင်းတောင်ရဲ့ ထွက်ရှိ လာမယ့် ပမာဏဟာ အလွန်ပဲကြီးမား တယ်။ တန်ချိန်သန်းပေါင်း ၁၄၇၈ မီလျံ တန်ဖြစ်ပြီး ကြေးနီရဲ့ ကမ္ဘာ့ပေါက်ဈေး ဟာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၈၀၀ဖြစ်တော့ စံပယ်တောင်၊ ကြေးစင် တောင်၊ လက်ပံတောင်းတောင် တွေက ရရှိမယ့် ဒေါ်လာပမာဏကို တွက်ကြည့် နိုင်ပါတယ်ဆိုထားပါတယ်။
ကျွန်တော်တို့ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရမယ်ဆိုတာ အစ ကတည်းက တွေးကြည့်မိပေမဲ့ အဓိပ္ပာယ် က အဲဒီလက်ပံတောင်းတောင် ဒေသကြီး အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူတွေ ရဲ့ ကျန်းမာရေးအခြေခံကအစ၊ အသက် ပေါင်းများစွာ နှစ်ပေါင်းများစွာ အမျိုး အမည်မသိနိုင်တဲ့ ဝေဒနာခံစားကြရမယ့် အရေးကိုမလဲလှယ်နိုင်တဲ့ကိစ္စနဲ့ မုံရွာမြို့ လိုချင်းတွင်းမြစ်တစ်ကြောရဲ့ အစည်ကား ဆုံး၊ တိုးတက်မှုအရှိဆုံး ဒေသကြီးနဲ့ သိပ် နီးကပ်လှပြီး မိုးခေါင်ရေရှား ဒေသအတွင်း က ရှားရှားပါးပါး စိမ်းစိုသာယာလှတဲ့ ရာသီဥတုကို ပြုပြင်ပေးနိုင်စွမ်းရှိတဲ့ ဂေဟစနစ်ကြီးလုံးလုံးလျားလျားပျက်သုဉ်း သွားမယ့် ဘေးအန္တရာယ်နဲ့ ချိန်ထိုးရွေး ချယ်တတ်ကြဖို့က ပိုမိုအရေးကြီးမယ် ဖြစ် ပါတယ်။
ဒေသခံတွေအတွက် မရေရာ၊ မသေချာတော့တဲ့ ဂေဟစနစ်ကြီးပြောင်း လဲပျက်စီးသွားခြင်းနဲ့ ရရှိမယ့် ငွေကြေး ပမာဏအလဲအလှယ်ပြုရာမှာ ဘယ်အ ရာကို ဦးစားပေးရွေးချယ်မလဲဆိုတဲ့ အ ကြောင်းကိစ္စပါပဲ။ ပြီးတော့ ဘာသာ ယဉ်ကျေးမှု တန်ဖိုးအရပါ ထည့်သွင်း တွက်ချက်ခဲ့ရင် လယ်တီဆရာတော်ဘုရား သတင်းသုံးတော်မူခဲ့တဲ့ ရိပ်သာယာ၊ ပျူ ခေတ်ကတည်းက အစဉ်အဆက်လာခဲ့တဲ့ ဖိုဝင်တောင်နဲ့ တဆက်တည်း နေရာဆို တာနဲ့ မြန်မာ့ဆေးပင် သယံဇာတပေါ များ ကြွယ်ဝတဲ့ နေရာဆိုတဲ့ အချက်တွေ ထည့်သွင်းချိန်ဆရပါတယ်။
ဒီတော့ ကျွန်တော်တို့ ချိန်ဆတွက် ချက်ရမှာက ဆောင်းပါးရှင် သန့်ဇင်ရဲ့ နမ္မတူ ဘော်တွင်းဆိုတာ ငွေစင်သတ္တု ထွက်လာခြင်းအကြောင်းပြုပြီး နမ္မတူလို မထင်ရှားတဲ့ တောတောင်တွေထဲက ကျေးရွာကလေးက ဘော်တွင်းမြို့တော် အဖြစ် ထင်ရှားလာတာ မြန်မာတွေ သိရှိ ကြပြီးဖြစ်ပေမဲ့ မုံရွာအနီးဆိုတာ ယခင် ကတည်းက ချင်းတွင်းမြစ်ကြောတစ်လျှောက် ထွက်ပေါက်ဖြစ်ပြီး ထင်ရှားစည်ကားလှ တဲ့ နေရာအသီးသီးပါ။ ကြေးနီစီမံကိန်းကို အကြာင်းပြုပြီးမှ လက်ပံတောင်းတောင် သတ္တုမြို့တော်ဖြစ်လာမှာ ထင်ရှားလာ မယ့် မြို့မဟုတ်ပါဘူး။
ကြေးနီစီမံကိန်းကြီးကြောင့်သာ မုံရွာဒေသရဲ့ တည်ရှိပြီး ဂေဟစနစ်လုံးဝ ပျက်သုဉ်းကာ ဂေဟစနစ်အဆိပ်သင့် ပျက်သုဉ်းရမယ့် အရေးအခင်းက ကြီးမား နေကြောင်း မြန်မာပြည်သားတွေနှင့် တကွ၊ ယနေ့ကမ္ဘာ့လူသားအားလုံးနဲ့ အုပ် ချုပ်ရေး အာဏာပိုင်ပုဂ်္ဂိုလ်များပါသိရှိ နားလည်ကြဖို့ ဖြစ်ပါတယ်။
သေသေချာချာ စနည်းမနာပဲ၊ ဘာ တွေဖြစ်ပျက်နေတယ်ဆိုတာ မသိဘဲ လုပ်ချင်ရာလုပ်ပြီးမှ (Sorry) ဆိုတဲ့ စကား တစ်လုံးနဲ့ အချိန်ကာလခြားပြီး ပြောလာ မယ့် စကားကို မုံရွာဒေသသားတွေ လုံးဝ မကြားချင်လို့ ယခုလို ပင်ပန်းဆင်းရဲစွာ တင်ပြတောင်းဆိုနေကြခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ အနီးကပ်ဆုံး စာနာ နားလည်မှုအတွက် ချိန်စရာမှာ ရွှေတိ ဂုံစေတီတော်ကြီးတည်ရှိရာ သိင်္ဂုတ္တရ ကုန်းမြေအောက်မှာ ပုဂံခေတ်ကတည်း က သမိုင်းသက်ရှည်ခဲ့တဲ့ ပုပ္ပါးတောင်ကြီး အောက်မှာ ရွှေကြောကြီးရှိတယ်ဆိုပြီး အပျက်အစီးခံနိုင်ကြပါမလား။ ဒီလိုနှိုင်း ယှဉ်ခံစားကြည့်ရင် မုံရွာမြို့နဲ့ အနီးဆုံး ချင်းတွင်းမြစ်သာ ခြားနေတဲ့ ဒီလက်ပံ တောင်းတောင်ကြီး အဖျက်ဆီးခံရမှုမှာ မုံရွာဒေသခံပြည်သူတွေ ဘယ်လောက် ထိ ရင်ပတ်စည်တီး အပူမီးတောက် လောင်နေကြမယ်ဆိုတာ ထင်ရှားစေမှာ ဖြစ်ပါတယ်။
မကြာမီ လက်ပံတောင်းတောင်ကြီး ရဲ့ ကံကြမ္မာဆိုးကို နိုင်ငံတော်သမ္မတကြီး က ကယ်တင်ပေးဖို့ ပန်ကြားလွှာတစ် စောင်ကို မုံရွာမြို့ လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီက နိုဝင်ဘာလ (၁)ရက်မှာ အချက်အလက်များစွာနဲ့တင် ပြထားပြီးဖြစ်တယ်လို့ ကြားသိခဲ့ရပါ တယ်။ တင်ပြရာမှာ ကဏ္ဍကြီး (၈)ရပ်ကို အခြေခံပြီး တင်ပြခဲ့ခြင်းကို နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည်သာ ဖြေရှင်း ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။ မုံရွာ ဒေသခံပြည်သူများကတော့ ဒီအရေး အခင်းကိစ္စကြီးအတွက် နေ့စဉ်ပဲ သမ္မတ ကြီးကို မေတ္တာပို့ဆုတောင်းပေးနေကြ ကြောင်းကိုလည်း ကြားသိခဲ့ရပါတယ်။
ဒီနေရာမှာ တက်ကြွတဲ့ လူငယ် အများစုကတော့ လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီရဲ့အသက်အရွယ် ကြီးသူ သမ္ဘာရင့် ပညာရှင်ကြီးများ၊ ဌာန ဆိုင်ရာပင်စင်စား ပုဂ်္ဂိုလ်ကြီးများ၊ ဒေသခံ စာရေးဆရာကြီးများရဲ့ ဦးဆောင်မှုကိုနာ ယူရင်း တစ်ဖက်ကလည်း လက်ပံတောင်း တောင်ကယ်တင်ရေးလူထုလက်မှတ်တစ် သိန်းရရှိဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါ တယ်။ အနယ်နယ်အရပ်ရပ်မြန်မာပြည် တစ်နံတစ်လျားကတက်တက်ကြွကြွလက် မှတ်ရေးထိုးပေးခြင်းဖြင့် စာနာနားလည် ပေးကြကြောင်းလည်း သိရပါတယ်။
တကယ်တော့ တရုတ်မြန်မာနှစ်နိုင်ငံ ရဲ့ ချစ်ကြည်မှုဟာ အစဉ်အလာကြီးမား ခဲ့တဲ့ ပျူခေတ်ဦးကတည်းက ခိုင်မြဲလာတဲ့ အနေအထားရှိကြောင်း ခိုင်မာတဲ့သမိုင်း အထောက်အထားများရှိနေပါတယ်။ နှစ် နိုင်ငံရဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး စိတ်ဓာတ်ဟာ ဒီကနေ့မှာလည်း ဆက် လက်ရှင်သန်လျက်ရှိပါတယ်။ နိုင်ငံတွင်း တင်သွင်းလာနေတဲ့ တရုတ်ပြည်ထွက် ပစ္စည်းပမာဏက မြန်မာတစ်ပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရောင်းချနေရ တော့ တက်ကြွတဲ့ဒေသခံလူငယ်အများ စုက တရုတ်ပြည်ထွက် ပစ္စည်းဟူသမျှ သပိတ်မှောက်ပြီး လုံးဝအသုံးမချရေး မြန်မာပြည်အနှံ့အပြားနှိုးဆော်ကြဖို့ စီ စဉ်နေကြကြောင်းနဲ့ ဒီအနေအထားကို သက်ဆိုင်ရာကော်မတီရဲ့ အကြီးအကဲ များက ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ဖျောင်း ဖျပေးနေကြကြောင်း ကြားသိရပါတယ်။
ဒီအနေအထားရောက်သွားရင် တော့ ပြဿနာက တော်တော်ပဲမြင့်မား ကြီးလေးသွားပါပြီ။ ဒေသခံအများစုရဲ့ မုန်းနာကြည်းမှုကို ဒီလို တရုတ်ပစ္စည်း မှန်သမျှသပိတ်မှောက်ကြဆိုတဲ့ အနေ အထားထိ ရောက်မသွားဖို့ အရေးကြီးလှ ပါတယ်။ အမှန်ကကြေးနီစီမံကိန်းကို အကောင်အထည်ဖော်တဲ့ စီးပွားရေး ဦးပိုင်ဖြစ်စေ၊ တရုတ်ဘက်က ကုမ္ပဏီ ဖြစ်စေ၊ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အနေ အထားမရှိတဲ့ အစုအဖွဲ့တစ်ခုမျှသာဆို တာ နားလည်ထားသင့်ပြီး နှစ်နိုင်ငံရဲ့ ပြည်သူတွေအပါအ၀င် နိုင်ငံတော်ရဲ့ ကြီးမားလှတဲ့ ၀န်ထုပ်ဝန်ပိုးအဖြစ် ကျွန် တော်မရှုမြင်ပါဘူး။ ဒါပေမဲ့ စဉ်းစားဆုံး ဖြတ်ပြီး ကြေးနီစီမံကိန်းကို ရပ်ဆိုင်းစေဖို့ ကိစ္စမှာ အာဏာပိုင်အဖွဲ့အစည်းရဲ့ ဦး ဆောင်ပုဂ်္ဂိုလ်များအနေနဲ့ကတော့ ဒီလို အနေအထားထိ ရောက်သွားနိုင်တာကို တင် ကြိုနားလည်ထားဖို့လိုအပ်မှာဖြစ်ပါ တယ်။ မြန်မာပြည်က မုံရွာဒေသခံတွေ အနေနဲ့ကတော့ နေ့စဉ်နဲ့အမျှ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြင်းထန်တဲ့ ခံစားမှုကြီး တစ်ရပ်ဖြစ်နေတော့ တစ်နေ့တခြား ရင်တွင်းခံစားမှုတွေ ပြင်းထန်ပေါက်ကွဲ လာမှာ ကျွန်တော်တို့ စိုးရိမ်မိတယ်။
ဒီနေရာမှာ ဘာသာ၊ သာသနာ ၊ယဉ်ကျေးမှု၊ မြန်မာ့သဘာဝ ဂေဟစနစ် မပျက်သုန်းရေးအပါအ၀င် ဒေသခံတို့ရဲ့ ကျန်းမာရေး၊ ရေရှည်အနာဂတ်မျိုးဆက် အပါအ၀င် ရင်တွင်းခံစားမှုများနဲ့ ကြေး နီစီမံကိန်းရဲ့ အမြတ်အစွန်းတို့ကို ချိတ် ဆက်ပြီး ပကတိတန်ဖိုးအနေအထားကို လေးနက်စွာ အဖြေထုတ်ပေးကြဖို့ပဲ ဖြစ် တယ်။
ဒီနေရာမှာ မုံရွာသားဒေသခံဖြစ်တဲ့ စာရေးသူအနေနဲ့ကတော့ ဒေသခံအား လုံးရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး အလွယ်တကူ မဆုံးဖြတ်စေချင်ဘူး။ ဒေါ်လာဘီလီယံ ချီပြီးရရှိမှာ အားလုံးနားလည်သဘော ပေါက်ပါတယ်။ ဒါတွေဟာ လူ့တန်ဖိုး၊ သဘာဝအရင်းအမြစ်တို့ရဲ့ တန်ဖိုးထက် မက်မောစရာလားဆိုတာ ချိန်ဆဖို့လိုပါ တယ်။ စင်ကာပူနိုင်ငံဟာ ရေကိုဝယ် သောက်ရပြီး ဘာပစ္စည်းမှ မထွက်တဲ့ မြို့ တော် နိုင်ငံတစ်ခုဖြစ်ပေမဲ့ ဒီကနေ့မှာ ကျွန်တော်တို့ပါးစပ်ဖျားမှာ အတူယူ ပြောဆိုနေကြရတဲ့ နိုင်ငံတစ်ခုဖြစ်လာခဲ့ ပြီ။ အဲဒါ သဘာဝအရင်းအမြစ်မရှိပေမဲ့ လူသားစွမ်းရည်၊ လူသားအရင်းအမြစ် တွေးခေါ်မှု မှန်မှန်ကန်ကန် တည်ဆောက် နိုင်မှုကြောင့်ဖြစ်တယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်သားတွေလူ့ အရည်အသွေး၊ အရည်အချင်း ဉာဏ်ပညာတို့တက်မှုသာ အားသွန်ခွန်စိုက် အားထုတ်ရမှာပါ။ ရှိသမျှ ရောင်းချစား တဲ့ မိမိရဲ့ ပကတိအသွင်အပြင် ပျက်စီး ဆုံးရှုံးသွားစေမဲ့ အနေအထားကို အသိမဲ့ စွာ မလုပ်မိစေဖို့ များစွာ စဉ်းစားသင့်ပါ ပြီ။
ကြေးနီစီမံကိန်းကို တာဝန်ယူထမ်း ဆောင်နေကြတဲ့ ပုဂ်္ဂိုလ်များမှာမြန်မာ ဘက်က စီးပွားရေးဦးပိုင်က တာဝန်ခံ တွေနဲ့ တရုတ်ပြည်ဝမ်ပေါင်ကုမ္ပဏီဘက်ကမိတ် ဆွေများရှိပါတယ်။ တရုတ်ဘက် အနေနဲ့ တရုတ်ပြည်ဗဟိုအစိုးရရဲ့အသံကို သူတို့ အပြည့်အ၀နားထောင်မှုရှိမှာဖြစ် ကြောင်း ကျွန်တော်နားလည်ယုံကြည်နေ ပါတယ်။
မြန်မာဘက်အပိုင်းကတော့တာဝန် ခံလုပ်ဆောင်နေကြတဲ့ ပုဂ်္ဂိုလ်ပိုင်းဆိုင်ရာ တို့ရဲ့ စာနာနားလည်မှုနဲ့ မိမိနိုင်ငံရဲ့ တစ် စိတ်တစ်ပိုင်းဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ရင်ဆိုင် နေကြရတဲ့ ဒေသခံအပေါ် မထီမဲ့မြင်ပြု မှု၊ ပမာမခန့် ဂရုမမူ မိမိတို့ လုပ်ချင်တာ လုပ်လို့မရပါဘူး။ သတ်မှတ်နေရာက ကျော်လွန်ပြီး မြေစာပုံတာတွေ ရှိနိုင်ပါ တယ်။ ဒေသခံတွေ မခံမရပ်နိုင်တာတွေ ရှိနိုင်ပါတယ်။ ပကတိမိမိတို့တွေ့ မြင်နေ ရတာကို သက်ဆိုင်ရာ ပုဂ်္ဂိုလ်များ ထံမှန် မှန်ကန်ကန် တင်ပြခဲ့ကြပါသလား။
မိမိတို့ရဲ့ နိုင်ငံတော် တာဝန်ကို ဒေသခံတွေက အာခံကြတယ်ဆိုတဲ့ စကားနဲ့ ပြည်သူ့အသံကို နားမထောင်ဘဲ လုပ်ဆောင်ခဲ့ကြရင် (သို့မဟုတ်) ပြည်သူ တို့ကပဲ အမိန့်အာဏာနဲ့ မိမိတို့ရဲ့လုပ်ရပ် ကို ဖျက်လို့ဖျက်ဆီးလုပ်ဆောင်နေသလို၊ သက်ဆိုင်ရာ နယ်မြေက အုပ်ချုပ်သူများ ရဲ့ အဖမ်းအဆီး၊ အချုပ်အနှောင်ပြုကြ မယ်ဆိုရင် ဒီလိုလုပ်ရုံနှင့်ကြေးနီစီမံကိန်း ကြီးရဲ့ ပြဿနာကပြီးပျောက်သွားမှာ မဟုတ်ဘဲ နောင်ကာလတာရှည်သမိုင်း မှာ အမဲစက်ကြီး ထင်ကျန်ရစ်တော့မယ့် ကိန်းဆိုက်နေပါတယ်။
ပြည်မြန်မာ ဂျာနယ်ရဲ့ စာမျက်နှာ ၂၇ မှာ ကြေးနီထုတ်လုပ်မည့် စီမံကိန်း ကို ဆက်လက်လုပ်ဆောင်မည့်အပြင် စီမံကိန်းပြီးစီးပါက တူးထားသည့် အနက် ကို မြေပြန်ဖို့မည်ဖြစ်ပြီး သစ်ပင်များ ပြန် လည်စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း ဂျာနယ်သတင်းမှာ ဖော်ပြထားတာကို ဖတ်ရှုပြီး ပါးစပ်ထဲက ရုတ်တရက်ထွက် ပေါ်လာတဲ့ နှစ်သိမ့်စကားဆိုတာ အလွယ် တကူသိသာပါတယ်။
ဒီစီမံကိန်းကြီးကို လက်တွေ့လုပ် ဆောင်နေသူ မြန်မာဘက်က ပုဂ်္ဂိုလ်များ စဉ်းစားကြည့်ပါ။ ဒီစီမံကိန်းကာလက အနည်းဆုံး နှစ်ပေါင်း (၃၀)ဆိုပါစို့။ မိမိ ရဲ့ယနေ့အသက်နဲ့ ပေါင်းကြည့်လိုက်ပါက လူ့သက်တမ်းကာလအတွင်းမှာ ဘယ် အရာမှ တိကျရေရာမှုမရှိလှပါ။ တောင် ကြီးကိုဖြိုပြီး ဒီနေရာမြေပြန်ဖို့ပို့က ဘယ် က မြေသားရမလဲ။ စွန့်ချင်ရာစွန့်ပစ် ထားတဲ့ မြေသားကရော အနှစ်(၃၀) ခိုင် မာနေပြီတော့ တောင်တစ်လုံးစာ ပြန်ဖြို ရမယ်။ လုပ်အား၊ စက်အား၊ ငွေအားတွေ လိုမယ်။ စာချုပ်စာတမ်းထဲမှာ ဒီလို လုပ် ပေးဖို့ပါမပါ မြန်မာပြည်သူတွေ ပွင့်လင်း မြင်သာလုံးဝမရှိခဲ့တဲ့ စီမံကိန်းကြီးဖြစ်နေ တာပြီးစလွယ်ပြောဆိုခဲ့တဲ့ ပုဂ်္ဂိုလ်များ မိမိ လိပ်ပြာမိမိ မေးကြည့်ဖို့ သင့်ပါတယ်။
သစ်ပင်ကြီးသစ်ပင်ငယ်ပြန်လည်စိုက် ပျိုးပေးဦးမယ်ဆိုတာကလည်း အပင်ငယ် အပင်ဖြစ်ဖို့ မလွယ်ကူလှတော့ ဒီတောင် ပတ်လည်ဝန်းကျင်မှာ ပကတိ ရှင်သန် ကြီးမားဖြစ်ထွန်းနေတဲ့ ကန္တာရ အပင် တွေ၊ အပင်ကြီးတွေဟာ လွန်ခဲ့တဲ့နှစ် ပေါင်း (၅၀-၁၀၀)ကျော်က အပင်ကြီး တွေဖြစ်ပြီး အဲဒီလက်ပံတောင်းတောင် ဒေသ၀န်းကျင်က အပင်ကြီးတွေဟာ အထူးသဖြင့် အပင်ဖြစ်နှုန်းနှေးကွေးတဲ့ ထန်းပင်၊ မန်ကျည်းပင်၊ အင်ကြင်းပင် တို့ဆိုတာ နှစ်ပေါင်းဆယ်ချီ၊ ရာချီသက် တမ်းရှိတဲ့ အပင်အမျိုးအစားများသာဖြစ် ပါတယ်။ ဒီတော့ အပင်တွေ ကိုစိုက်ပျိုး ပေးဦးမယ်ဆိုတဲ့ စကားပြော ခဲ့တဲ့သူ တောင် စာချုပ်သက်တန်းစေ့ချိန်မှာ သက်ရှိထင်ရှားရှိပါဦးမလား။ ကျန်ရစ် သူတွေကရော အလေးဂရုပြုပြီး ဆောင် ရွက်ပေးပါဦးမလား။ ဆိုလိုတာက အရေး ကြီးလှတဲ့ စီမံချက်မျိုးမှာ စနစ်တကျ မပြောဆိုခြင်းက နားထောင်နာကြားရသူ အဖို့ များစွာ ခံစားသွားစေနိုင်ပါတယ်။ လေးနက်စွာ မပြောဆိုဘဲ အလေးမမူ၊ ဂရုမထား ပြီးစလွယ်ပြောဆိုခြင်းမျှသာ ဖြစ်ကြောင်း ထင်ရှားလှပါတယ်။
အချို့က စေတီပျက်လျှင် စေတီ အသစ်တည်ထားပေးပါ့မယ်ဆိုကြပြန် သေးတယ်။ စေတီရဲ့ သက်တမ်းကာလ ရည်ရွယ်ချက်ကာလတာရှည်မှုတွေ အဲဒီ စေတီရဲ့ သမိုင်းကြောင်းပါပဲ။ စေတီသစ် တည်ပြီး အစားထိုး အတုပြုလုပ်ခြင်းက မူလစေတီ အစားပုံတူ တုပထားတာဖြစ် တော့ အနှစ်သာရမှာ ကင်းမဲ့လှပါတယ်။ မိခင်အရင်းနဲ့ ထိတွေ့ဆက်ဆံနေရာက အစားထိုးမိခင်နဲ့ ဆက်ဆံရတဲ့အခါ ဒီကလေးငယ်ရဲ့ ခံစားမှုက ရင်တွင်းမှာ တမြည့်မြည့်ဖြစ်ပေါ်နေမှာအမှန်ပါ။
ကျွန်တော်တို့ နားလည်ခံစား ကြည့်ကြရအောင်ပါ။ တရုတ်ပြည်ဗဟို အစိုးရက သူ့နိုင်ငံနဲ့ သူ့ပြည်သူတွေကို ၀မ်းဝခါးလှအောင် စီမံကွပ်ကဲရာမှ တည် ဆောက်ပြုပြင်၊ ကမ္ဘာတစ်ခွင်မှာ စီးပွား ရေးအင်အားကြီးမားသူအဖြစ် ကမ္ဘာ အလယ်မှာ တင့်တယ်ခဲ့ပါပြီ။ ဒီလိုအနေ အထားဆီရောက်ရှိလာဖို့ ၁၉၇၇ က သံမဏိခေါင်းဆောင်ကြီး တိန့်ရှောက်ဖိန် ရဲ့ ပြုပြင်ပြောင်းလဲမှု မဟာစီမံကိန်းနဲ့ ခေတ်သစ်တရုတ်ပြည်ကြီးကိုတည်ဆောက် ခဲ့တဲ့ နောင်နှစ်ပေါင်း(၃၀)ကျော်ကာလ မှာ ကမ္ဘာ့ဒုတိယမြောက် စီးပွားရေး အောင်မြင်ဆုံး နိုင်ငံတော်ကြီးဖြစ်လာခဲ့ ပါပြီ။
ကျွန်တော်တို့ မြန်မာနိုင်ငံတော် လည်း စနစ်သစ်၊ ခေတ်သစ်၊ အစိုးရသစ် လက်ထက်မှာ လူသားအရည်အချင်း ပြည့်ဝစွာ ဇွဲ၊ လုံ့လ၊ ပညာဉာဏ်အရည် အချင်း သွေးပြည့်ဝစွာ သွေးစည်းညီညွတ် မှုအရင်းခံနဲ့ နိုင်ငံတော် တည်ဆောက်ကြ ရမှာဖြစ်ပါတယ်။ စိတ်ဝမ်းကွဲပြား ရင်ထဲ မှာ ခံစားသွားစေမယ့် ကိစ္စရပ်များကို ဖယ်ရှားပယ်ရှင်းကြရပါမယ်။
ဆားလင်းကြီးဒေသရဲ့ လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းဟာ နိုင်ငံ တော်ပိုင်းဆိုင်ရာ အနေနဲ့တော့ နှစ်နိုင်ငံ စလုံးရဲ့အတိုင်းအတာမှာ မပြောပလောက်တဲ့ စီးပွားရေး အစိတ်အပိုင်းကလေးမျှ သာဖြစ်ပါတယ်။ နှစ်နိုင်ငံရဲ့ ဗဟိုအစိုးရ တို့က နားလည်စွာကိုင်တွယ်ဖြေရှင်း၊ ရပ်ဆိုင်းခြင်းပြုခဲ့လျှင် မြန်မာပြည်ဖွား မုံရွာ ဒေသသားတို့က အဆပေါင်းများစွာ နိုင်ငံတော်ရဲ့ တန်ဖိုးမြင့်မားဖို့ လူသားတို့ ရဲ့ တန်ဖိုးတို့ကို စွမ်းစွမ်းတမံအားထုတ် လုပ်ဆောင်ကြမှာ အမှန်ပါပဲ။
ဒီနေရာမှာ မြန်မာပြည်သားအချင်း ချင်း မုံရွာဒေသခံပြည်သူတို့ရဲ့ ရင်တွင်း ခံစားချက်တို့ကိုမှ စာနာ နားလည်ပေး ခြင်းမရှိ၊ မိအေးက ပိုမိုအကဲပါနေရင် တော့ အရေးကြီးရင် သွေးစည်းတတ်ကြ တဲ့ မြန်မာ့စိတ်ရင်းတွေ ပျောက်ပျယ် ကွယ်လွင့်သွားပြီပေါ့။ ကျွန်တော်နား လည်ယုံကြည်ထားသည်မှာ ဗုဒ္ဓဘာသာ နိုင်ငံတော်ဖြစ်သော ဤမြေ၊ ဤရေ၊ ဤ ဒေသကြီးတွင် သစ္စာတရားသည် ခိုင်မြဲ တည်တံ့လျက်ရှိပါသည်။ လူသားတို့၏ တန်ဖိုးသည် ဤမြန်မာနိုင်ငံကြီးတွင် လောကပါလတရားတို့နှင့်အတူ ခိုင် ကျည်တည်တံ့စွာ ဒွန်တွဲတည်ရှိနေမည် ဖြစ်ပါသည်။ ခိုင်မတ်မှန်ကန်ခြင်းတည်း ဟူသော တရားတော်မြတ်သည် လူသာ ပဓာနဖြစ်သော ဤလောကကြီးအတွက် စောင့်ရှောက်ပေးနိုင်စွမ်းရှိပါစေသတည်း။
ဒေါက်တာကျော်သန်းထွန်း
No comments:
Post a Comment