Tuesday, November 27, 2012

ကျိုင်းတုံမြို့(နောင်နွန်း) ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားမဝင် လက်နက်/ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ကျိုင်းတုံမြို့(နောင်နွန်း) ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားမဝင် လက်နက်/ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နိုဝင်ဘာ ၂၂ ရက်က တြိဂံဒေသတိုင်းစစ်ဌာန ချုပ်နယ်မြေအတွင်း သတင်းအရ တာချီလိတ်မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း ဦးစိုင်းထွန်း(ဘ) ဦးလောဘ မောင်းနှင်လာသော Light truck (အနီရောင်)ယာဉ်အား ကျိုင်းတုံမြို့ (နောင်နွန်း) ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ နယ်မြေခံတပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ ပူးေ

ပါင်းအဖွဲ့ဖြင့် ရှာဖွေစစ်ဆေးရာ အဆိုပါယာဉ်ပေါ်၌ လိုက်ပါလာသူ မနန်းမွန်းလင်း(ဘ) ဦးလုံနန္တိအား တရားမဝင် သယ်ဆောင်လာ သည့် Slide Action Shot Gun အမျိုးအစား သေနတ် ၆ လက်၊ အသံတိတ် ကိရိယာ တပ်ဆင် ထားသော စနိုက်ပါ ပြောင်းရှည် ၆ လက်၊ ၉-မမ ပစ္စတို ၄ လက်၊ ၄ဝ- မမ ဗုံးပစ်လောင်ချာ ၂ လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၈ လက်နှင့် ကျည်မျိုး စုံ ၂ဝဝ၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၂ ခုတို့အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ လက်နက်/ ခဲယမ်းများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း ပေးခဲ့ပြီး တရားမဝင် သယ်ဆောင် လာသူနှင့် ၎င်း၏ နောက်ကွယ်၌ ကြိုးကိုင် စေခိုင်းသူများအား ဒေသခံပြည်သူ၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။

No comments: