Tuesday, November 27, 2012

လက်ပံတောင်းတောင်

လက်ပံတောင်းတောင်နောက်ဆုံးမျှော်လင့်ချက်အတွက် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်
ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 27 Nov, 2012




မုံရွာခရိုင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ လာမည့်နိုဝင်ဘာလ (၂၉) ရက်နေ့၌ သွားရောက်၍ လူထုတင်ပြ သည်များအား သွားရောက်နားထောင်မည်ဖြစ်သည်။
 
 
 “လက်ပံတောင်းတောင်စီမံကိန်းမှာ ပြည်သူလူထုက လူထုဘ၀တွေ ဆုံးရှုံးနေပါတယ်။ သဘာဝပတ်ဝန်းကျင် လူမှုဘ၀တွေ ထိခိုက်နစ်နာဆုံးရှုံးနေပါတယ်။ ပြည်သူတွေ ခံစားချက် ရှိနေပါတယ်လို့ ပြောတယ်။ ပြည်သူလူထုရဲ့ ခံစားချက်တွေ နစ်နာချက်တွေကိုနားထောင်ဖို့ သွားတာပါဟု ဒီချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောသည်။
 
 
ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင်ရှိ ကြေးနီစီမံကိန်းကြောင့် ခံစားနေရသော ဒေသခံများအား သွားရောက်ကြည့်ရှု့မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
 
 နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းတွင် သွားရောက်မည်ဖြစ်ကာ တစ်ညအိပ် နှစ်ရက်ခရီးစဉ် ဖြစ်ကြောင်းကိုလည်း သိရသည်။
 
 
၂၉ ရက်နေ့ မနက်ပိုင်းသွားမှာပါ။ တစ်ညအိပ်ပဲနေမှာပါ။ ကျွန်တော်တို့အဖွဲ့ချုပ်က ခါတိုင်းသွားတဲ့ အစီအစဉ်တိုင်းပါပဲ။ ခါတိုင်းလိုပဲ ကျွန်တော်တို့ လုံခြုံရေးကျွန်တော်တို့ယူပြီး သွားရောက်မှာပါ။ဟု ဦးအုန်းကြိုင်က ဆက်ပြောသည်။
 
 
ဒေါ်အောင်ဆန်းဆုကြည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ သွားရောက်မည့်ခရီးစဉ်အား အများကြီးမျှော်လင့်ထားကြောင်း နိုဝင်ဘာ(၂၆)ရက်နေ့တွင် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ရပ်တန့်ရန် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်ရာတွင် ပူးပေါင်းပါဝင်သူ ကိုဝေဠုက ပြောသည်။
 
 
အများကြီးမျှော်လင့်ထားပါတယ်။ လူထုခေါင်းဆောင်ဖြစ်တဲ့ လူထုမျှော်လင့်နေတဲ့ သဘောထား တွေကို အကောင်းဆုံး ဆောင်ကျဉ်းပေးနိုင်လိမ့်မယ်။ လူထုလှုပ်ရှားမှုမျိုးစုံနဲ့ ရင်တွင်းစစ်တွေ ဖြစ်နေ ရတဲ့ဒေသခံ ပြည်သူ လူထုတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်တစ်ခုအနေနဲ့ အမေရောက်ရှိလာတယ် လို့ပဲ ထင်ပါတယ်။ဟု ကိုဝေဠုက ၎င်း၏ မျှော်လင့်ချက်ကို ပြောသည်။ 
 

No comments: