Thursday, November 29, 2012

သက်သေခံဓါတ်ပုံများစွာ ရှိသော်လည်း မီးလောင်ဗုံးအသုံးမပြုကြောင်း အစိုးရ အရှက်မရှိစွာ ဗြောင်လိမ်

သက်သေခံဓါတ်ပုံများစွာ ရှိသော်လည်း မီးလောင်ဗုံးအသုံးမပြုကြောင်း အစိုးရ အရှက်မရှိစွာ ဗြောင်လိမ် (အရေးကြီးသတင်း လက်ဆင့်ကမ်း Share ပေးရန်)

ယနေ့မနက်အစောပိုင်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုအား အကြမ်းဖက်နှိမ်နင်းမှုများပြုလုပ်ခဲ့ပါသည်။ ထိုသို့ အကြမ်းဖက်နှိမ်နင်းမှုများပြုလုပ်ရာတွင် နိုင်ငံတကာမှ အသုံးပြုလျက်ရှိသော အကြမ်းဖက်လူစုလူဝေးအား မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများအသုံးပြုခြင်းအပြင် လူအများသေကြေပျက်စီးစေနိုင်သည့် မီးလောင်ဗုံးများကို အသုံးပြုခဲ့ကြောင်း ဓါတ်ပုံအထောက်အထားများ ပေါ်ထွက်လာခဲ့သည်။ သို့သော် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် မီးလောင်ဗုံးများအသုံးမပြုခဲ့ကြောင်း သတင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။ သို့ဖြစ်၍ အဆိုပါကိစ္စရပ်တွင် အဓိကတာဝန်ရှိသော ပြည်ထဲရေးဝန်ကြီး၊ ဒုတိယ၀န်ကြီးရဲချုပ်နှင့် တာဝန်ရှိသူများအား နှုတ်ထွက်ပေးပါရန်တောင်းဆိုလိုက်သည်။ ထို့အပြင် နောက်ကွယ်က ပါဝင်ခဲ့သည့် စစ်တပ်အကျိုးစီးပွားပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အား ယနေ့မှစ၍ သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
by: People Development for Knowledge
photo by: Eleven media

People Development For Knowledge

အေးချမ်းမွန်မှ  April Maung Maung တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :April Maung Maung
သက်သေခံဓါတ်ပုံများစွာ ရှိသော်လည်း မီးလောင်ဗုံးအသုံးမပြုကြောင်း အစိုးရ အရှက်မရှိစွာ ဗြောင်လိမ် (အရေးကြီးသတင်း လက်ဆင့်ကမ်း Share ပေးရန်)

ယနေ့မနက်အစောပိုင်းက လက်ပ
ံတောင်းတောင်ကြေးနီစီမံကိန်းအား ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုအား အကြမ်းဖက်နှိမ်နင်းမှုများပြုလုပ်ခဲ့ပါသည်။ ထိုသို့ အကြမ်းဖက်နှိမ်နင်းမှုများပြုလုပ်ရာတွင် နိုင်ငံတကာမှ အသုံးပြုလျက်ရှိသော အကြမ်းဖက်လူစုလူဝေးအား မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများအသုံးပြုခြင်းအပြင် လူအများသေကြေပျက်စီးစေနိုင်သည့် မီးလောင်ဗုံးများကို အသုံးပြုခဲ့ကြောင်း ဓါတ်ပုံအထောက်အထားများ ပေါ်ထွက်လာခဲ့သည်။ သို့သော် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် မီးလောင်ဗုံးများအသုံးမပြုခဲ့ကြောင်း သတင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။ သို့ဖြစ်၍ အဆိုပါကိစ္စရပ်တွင် အဓိကတာဝန်ရှိသော ပြည်ထဲရေးဝန်ကြီး၊ ဒုတိယ၀န်ကြီးရဲချုပ်နှင့် တာဝန်ရှိသူများအား နှုတ်ထွက်ပေးပါရန်တောင်းဆိုလိုက်သည်။ ထို့အပြင် နောက်ကွယ်က ပါဝင်ခဲ့သည့် စစ်တပ်အကျိုးစီးပွားပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အား ယနေ့မှစ၍ သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
by: People Development for Knowledge
photo by: Eleven media

People Development For Knowledge

အေးချမ်းမွန်မှ April Maung Maung တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
ည်။
Photo From :April Maung Maung
 
 ပြက်လုံးထုတ်သော အစိုးရနှင့် မီးလောင်ခံရသူများ

ကြေးနီတောင်စီမံကိန်း ရပ်တန့်ရန် ကွက်ကွက်နေသော သံဃာတော်များ၊ ပြည်သူလူထုများကို ယနေ့နံနက်တွင် မီးဗုံးများနှင့် အင်အားဖြိုခွဲမှုကြောင့် သံဃာတော် ၃၀ကျော်အပါအ၀င် လူ စုစုပေါင်း ၅၀ကျော် မီးလောင်ဒဏ်ရာရရှိခဲ့သော်လည်း
ယင်းကိစ္စနှင့် ပတ်သက်၍ မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများ ကိုသာ အသုံးပြုခဲ့ပြီး အင်အား အလွန်အကျွံသုံးစွဲဆောင်ရွက်ခဲ့ခြင်း မရ
ှိကြောင်း သမ္မတရုံးက ယနေ့ညနေ ၄နာရီတွင် သတင်းထုတ်ပြန်လိုက်သည်။

တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိပေသေးသည်။

သမ္မတရုံး၏ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်း ထုတ်ပြန်ချက်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်း ထုတ်ပြန်ချက်

၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူ လူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်း ပေးလျက်ရှိသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီ ကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါ ဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင်ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများ ဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကို စနစ်တကျ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။

၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရလက်ထက်မှစ၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သဘာဝ သယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော် အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သော ရည်ရွယ်ချက်များရှိနေသည်ကို မျက်ကွယ်ပြု၍ လူအများအား စည်းရုံးလှုံ့ဆော်ပြီး စီမံကိန်းပျက်ပြားစေရန် ဆောင်ရွက် လာသည် ကို တွေ့ရှိရသည်။ ကြေးနီစီမံကိန်းအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများဖွင့်ခြင်း၊ စီမံကိန်းပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်း ထောက်ပံ့ရေး စနစ်များကို ဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာ လူစုလူဝေးနှင့် ဆူပူ ဆန္ဒပြလာခဲ့သည်။

၎။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်း အားလုံးသည် ၂၇-၁၁-၂၀၁၂ ရက် ည(၁၂)နာရီတွင် နောက်ဆုံးအချိန်ထားပြီး ဖယ်ရှား ရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ခြားရှင်းလင်းခြင်း မပြုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ၂၇-၁၁-၂ဝ၁၂ ရက်တွင် သတိပေး ထုတ်ပြန် ကြေညာ ခဲ့သည်။ နောက်ဆုံး ထွက်ခွါပေးရန် သတ်မှတ်သည့်အချိန် မတိုင်မီ လုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာ မေတ္တာ ရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်း မရှိသည်ကို ထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။

၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်း မရှိသဖြင့် ၂၈-၁၁-၂ဝ၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်း နှိမ်နှင်းရေး နည်းစနစ်များ အတိုင်း အဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်း နှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ပြီး အင်အား အလွန်အကျွံသုံးစွဲဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ကို ပြည်သူ့ဆေးရုံများ တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက် ရှိကြောင်း သိရှိရသည်။

၆။ ထိုသို့ ဆောင်ရွက်ရခြင်းသည် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော် ၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဓါတ်ပုံ - အင်တာနက်

No comments: