![]() |
![]() |
Monday, 26 November 2012 17:50 |
![]() တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ခရိုင်တရားရုံး၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးနှင့် ပျဉ်းမနားမြို့နယ် တရားရုံးများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ဒီတရားရုံးတွေမှာရှိတဲ့ လက်နှိပ်စက်တွေက သက်တမ်းအတော်ရင့်နေတာ တွေ့ရတယ်။ ရုံးအသုံးအဆောင် ပစ္စည်းတွေ ခေတ်မှီဖို့လိုတယ်။ ဒီတရားရုံးတွေကို စစ်ဆေးရာမှာ တွေ့ရသလောက်ကတော့ အဆင်ပြေပါတယ်။ ဒီမှာတွေ့ရတဲ့ တရားခံတွေကိုတော့ အရမ်းသနားမိတယ်။ ဒီဘ၀မှာ ဒီလိုဖြစ်နေကြရတာ။ အခြေအနေတွေကိုတော့ တစ်ခုခုကို ပြင်ယူသွားရမှာပေါ့" ဟု ဇမ္ဗူသီရိတရားရုံးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ "အခုသွားရောက်စစ်ဆေးခဲ့တဲ့ တရားရုံးတွေမှာ ၀န်ထမ်းတွေနည်းတာ တွေ့ရပါတယ်။ စာရေးကိရိယာတွေ လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။ မြေမှုတွေနဲ့ ပတ်သက်တာတော့ တစ်ခုမှမတွေ့ခဲ့ရဘူး။ မြေမှုတွေနဲ့ ပတ်သက်လို့တော့ တရားရုံးက ၀န်ထမ်းတစ်ဦး ပြောပြတာတော့ အများကြီးပဲ ကြားခဲ့ရတယ်။ အုပ်ချုပ်ရေးအပိုင်းနဲ့ ပူးပေါင်းလုပ်နေတယ်လို့ သိရတယ်။ အဲဒါတွေကိုလည်း ကြိုးစားပြီး ဖော်ထုတ်ရမယ်"ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် ဒေါ်ခင်စောဝေက ပြောကြားခဲ့သည်။ နေပြည်တော်ရှိ တရားရုံးများသို့ တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်၊ ဒေါ်ခင်စောဝေ၊ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ဦးကိုကိုနိုင် (ဒု-ညွှန်မှူး-ပြည်သူ့လွှတ်တော်)တို့ လိုက်ပါစစ်ဆေးခဲ့ကြောင်း သိရပါသည်။ ![]() |
No comments:
Post a Comment