Monday, November 26, 2012

"သင်......တရားမျှတမှုကို လိုလားပါသလား"



လက်ပံတောင်း ဒေသခံတွေနဲ့ သံဃာတော်တွေ ပြည်သူတွေ နေ့စဉ်ရက်ဆက် ပူးပေါင်းပါဝင်တောင်းဆိုနေတဲ့ လက်ပံတန်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေးအတွက် ရန်ကုန်မှ တရားမျှတမှုကို လိုလားသော ပြည်သူများမှ ရန်ကန်ုမြို့တွင် ထောက်ခံတောင်းဆိုခဲ့ကြရာ ယခုအခါ ထိုတောင်းဆိုလှုပ်ရှားမှုကြောင့် ဒေါ်နော်အုန်းလှ၊ဒေါ်ရှမ်းမ၊ဦးမျိုးချစ်၊ကိုဗိုလ်ကျော်
တို့အား ကျောက်တံတာားရဲစခန်းမှ ပုဒ်မ(၁၈)ဖြင့် ယမန်နေ့ည ၉နာရီခွဲမှစတင်ပြီး
နံနက် ၁ နာရီခွဲအထိဖမ်းဆီးခဲ့ကြောင်း ကျောက်တံတားရဲတပ်ဖွဲ့စခန်းမှူးထံမှတဆင့်သိရှိရပြီး ကိုဟန်ဝင်းအောင်၊ကိုနိင်လင်း၊ကိုအောင်နိင်သူ၊ကိုညီညီ၊ကိုသီဟ၀င်းတင်၊ကိုဝေဠုတို့အားလည်း အမှုဖွင့်ထားကြောင်း ပြောလာပါသည်။ ထို့ကြောင့် ၁၀နာရီတွင် ကျောက်တံတားရဲစခန်းသို့ မိမိမှ သွားရောက်ဖြေရှင်းမည်ဖြစ်ပါသဖြင့် တရားမျှတမှုကို လိုလားသော၊အမှန်တရားကို ချစ်မြတ်နိုးသော၊မတရားမှုကို အလိုမရှိကုန်သောရပ်ဝေးရပ်နီးမိတ်ဆွေများ၊စိတ်ပါဝင်စားသော ပြည်သူများ၊ သတင်းမီဒီယာများမှ လာရောက်လေ့လာ သတင်းယူ ၀န်းရံနိင်ပါကြောင်း ရေးသားသိစေအပ်ပါသည်။

လေးစားစွဖြင့်....
ကိုဝေဠု ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်
Photo

No comments: