Wednesday, November 28, 2012

လက်ပံတောင်းတောင်ကာကွယ်ရေးဆန္ဒပြပွဲအပေါ်သဘောထားထုတ်ပြန်

လက်ပံတောင်းတောင်ကာကွယ်ရေးဆန္ဒပြပွဲအပေါ်သဘောထားထုတ်ပြန်ချက
၂၆ရက်၊နိုဝင်ဘာလလ၊၂၀၁၂ခှုနှစ်
၁။ မြန်မာ-၀မ်ပေါင်ကုမ္မဏီမှမုံရွာမြို့နယ်ဒေသခံတောင်သူလယ် သမားများနှင့် ပွင့်လင်းစွာကြိုတင်ညှိနှိုင်း ခြင်းမရှိပဲအစိုးရမှအတင်းအဓမ္မအာဏာသုံးကြေးနီတူဖေါ်ရေးလုပ်ငန်းစီမံချက်ကို မိမိတို့ IFBNC အနေ ဖြင့်ဆန္ဒပြဒေသခံတောင်သူလယ်သမား၊ရဟန်းသံဃာများနှင့်တသားတည်းရပ်တည်ကြေးနီတူဖေါ်ရေး လုပ်ငန်းကိုပြင်းထန်စွာကန့်ကွက်သည်။
၂။ထို့အတူ မိမိတို့ IFBNC အနေဖြင့်ပြည်သူလူထုအားကြိုတင်ကြိုတင်အသိပေးခြင်း၊ညှိနှိုင်းတိုင်ပင်ခြင်း မရှိပဲ စစ်အစိုးရမှတရုတ်အစိုးရနှင့်တိတ်တဆိတ်စာချုပ်ချုပ်ပြီးလုပ်ကိုင်နေဆဲ၊ လုပ်ရန်ရှိသော စီးပွားရေး လုပ်ငန်းစီမံချက်အားလုံး(၁၂၄ခု)ကိုလည်းပြင်းထန်စွာကန့်ကွက်သည်။
၃။လေ့လာသိရှိရသည့် သတင်းအချက်အလက်များအရ လက်ပံတောင်းတောင်ကြေးနီတူးဖေါ်ရေးလုပ် ငန်း စီမံချက်သည် ရင်းနှီးမြှုပ်နှံသူတရုတ်ကုမ္မဏီ၊ ဦးပိုင်လီမီတက်နှင့် အရပ်သားအရေခြုံစစ်အစိုးရနှင့် တို့ နှင့်စီးပွားရေးလုပ်ဖက် ခရိုနီသူဌေးကြီးများအတွက်အသာအကျိုးအမြတ်ရရှိမှာဖြစ်ပြီး၊ ဒေသခံ တောင်သူ လယ်သမားအတွက်ထိုစီမံချက်မှမည်သည့်အကျိုးရလာဒ်မျှမရရှိနိုင်သည့်အပြင်၊ လယ်မြေ၊ခြံ မြေဆုံးရှုံးမှုများနှင့် စီမံချက်မှ စွန့်ပစ်ဓာတုပစ္စည်းများ၏အန္တရယ်နှင့်သဘာဝပတ်ဝန်းကျင်ပျက်သုံးခြင်း ဆိုးကျိုးများကိုသာရရှိလိမ့်မည်ဟုယုံကြည်သည်။
၎။ထို့ကြောင့်ဗိုလ်သိန်းစိန်အစိုးရအနေဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းများကို ချက်ချင်း ရပ်ဆိုင်းပြီးရုတ်သိမ်းပေးရန် ဆန္ဒပြလယ်သမားများ၊ ရဟန်းသံဃာများနှင့် အတူလေးနက်စွာတောင်း ဆို သည်။
၅။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်တွင် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏သာ သနာ့အဆောက်အဦးကိုပင်ဖျက်ဆီးပစ်မည်ကိုသိရှိရ၍စီးပွားရေးလောဘဇောတိုက်မှုကြောင့် သမိုင်းဝင်ဗုဒ္ဓ ဘာသာ၊ သာသနာအမွေအနှစ်ပျက်စည်းရမည့်အရေးကိုလည်းမိမိတို့ IFBNC မှမလိုလားသဖြင့်ကြေးနီ တူးဖေါ်ရေးစီမံချက်ကိုပြင်းထန်စွာကန့်ကွက်သည်။
၆။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက်ရန်ကုန်တွင်ဆန္ဒပြစဉ်ဖမ်းဆီးထားသောပြည်သူ့အကျိုးဆောင်သူရဲကောင်း(၄)ဦး (၁) နော်အုံးလှ(၂)ကိုရဲလင်း(၃)ကိုဝေဠု(၄)ကိုမျိုးချစ်(၅)ကိုညီညီတို့ (၅)ဦးကိုချက်ချင်းပြန်လွှတ်ပေးရန်၊နှင့်အပြစ်မရှိပဲတရားစွဲဆိုခြင်းခံရသည့် ပြည်သူ့အကျိုးဆောင် သူရဲ ကောင်းများဖြစ်သော ကိုဟန်ဝင်းအောင်၊ ကိုအောင်နိုင်သူ၊ ကိုသီဟ၀င်းတင် တို့အားတရားစွဲဆိုခြင်း ရုတ် သိမ်း ပေး ရန်လေးနက်စွာတောင်းဆိုလိုက်သည်။
၇။ ယခုအချိန်တွင် မိမိတို့ IFBNC အနေဖြင့်ဆန္ဒပြသူများနှင့်အစိုးရလုံထိန်းရဲများအကြားတင်းမာမှု  များဖြစ်ပေါ်နေ ပြီးဆန္ဒပြအဖွဲ့ကို အစိုးရမှအကြမ်းဖက်နှိမ်းနင်းမည့်အလားအလာများလည်းရှိနေသည်ဟုသိရှိရပေသည်။ အကယ်အစိုးရမှလယ်သမားများနှင့်ရဟန်းသံဃာများတောင်းဆိုချက်ကိုလိုက်လျောခြင်းမရှိပဲ အကြမ်းဖက်ဖြိုခွဲမည်ဆိုပါက အဆိုပါအကျိုးဆက်ကို စစ်အာဏာရှင်များ၏လက်ပါးစေဗိုလ်သိန်းစိန်အစိုးရမှလုံးဝ တာဝန်ယူရလိမ့်မည်ဖြစ်ကြောင်း အထူးသတိပေးအပ်ပေသည်။
 
 
အလုပ်အမှူဆောင်အဖွဲ့
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း
International Foundation for Burma National Congress (IFBNC)
ifbncexecutive@gmail.com; ifbncblog.blogspot.com ; http://www.ifbnc.org; http://www.ifbnc.org/bur

No comments: