Tuesday, November 27, 2012

မော်လမြိုင်အကောက်ခွန်ဦးစီးဌာန မီဒီယာကိုရှောင်နေ

Tuesday, November 27, 2012

ရွှေသံလွင်ကုမ္ပဏီပိုင်သင်္ဘော ဖြင့် စက်သုံးဆီများအား တရား ၀င်လိုင်စင်ပါပမာဏထက်ပိုမို၍ စက်သုံးဆီ ၁၁၃ တန် တရား မ၀င်တင်သွင်းလာမှုကို ဖမ်းဆီးရ မိခဲ့ကြောင်း သတင်းရရှိ၍
မော်လမြိုင်မြို့ရှိအကောက်ခွန်ဦးစီး ဌာနသို့ (၁၃.၁၁.၂၀၁၂)နေ့လယ်
(၁) နာရီ အချိန်ခန့်က ရန်ကုန် တိုက်ဂျာနယ်တစ်ခုမှ မော်လမြိုင် သတင်းထောက်“မောင်မောင်ေ ရွှမြိုင်”သွားရောက်မေးမြန်းစုံစမ်းရာ တိကျစွာပြန်လည်ဖြေကြားပေး ခဲ့ခြင်းမရှိကြောင်းသိရသည်။

“ကျွန်တော့်ဂျာနယ်တိုက်က တာဝန်ပေးလို့ ရွှေသံလွင်သင်္ဘော နဲ့ စက်သုံးဆီတန်ချိန်ပိုသယ်လာ တာ ဖမ်းခံရတဲ့သတင်းကို အကောက်ခွန်ဦးစီးဌာန (မော်လမြိုင်)မှာ သွားမေးပါတယ်။ တာဝန်ရှိသူတစ်ဦးက အစိုးရအဖွဲ့ ကိုသွားပါဆိုလို့သွားပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဦးနိုင်လ၀ီအောင်ဆီကိုဖုန်းဆက်မေးပါတယ်။ သူကအစိုးရအဖွဲ့အတွင်းရေးမှူးဦးဇော်လင်းထွန်းကို ဆက်သွယ်ပါလို့ပြောတယ်။ ဦးဇော်လင်းထွန်းလက်ကိုင်ဖုန်းကို ဆက်တော့သူက အကောက်ခွန် လုပ်ထုံးလုပ်နည်းအရလုပ်တယ်။ အကောက်ခွန်မှာ သွားယူပါဆိုတာနဲ့ အကောက်ခွန်ကိုပြန်သွားတယ်။ အကောက်ခွန်ရုံးက၀င်းတံခါး ပိတ်ထားတော့အပြင်ကနေလှမ်း အော်
ပြောပါတယ်။ ထွက်လာတဲ့ တစ်ယောက် မြို့နယ်မှူးမရှိဘူးလို့ ပြောတော့ ဆက်စောင့်နေပါတယ်။ အဲဒီအချိန်မှာပဲ S.B တစ်ယောက်ရုံးဘေးပေါက်
ကနေ ဆိုင်ကယ်နဲ့ ၀င်သွားတော့မြို့နယ်မှူးဆိုသူကထွက်လာပါလေရော၊ မီဒီယာကိုတော့ ၀င်ခွင့်မပြုဘဲမရှိ ဘူးဆိုတဲ့ မြို့နယ်မှူးက S.B လာတော့ထွက်လာတယ်။ အဲဒီ အခါမှာ ပြည်နယ်အစိုးရအဖွဲ့ရုံး ကအတွင်းရေးမှူးဦးဇော်လင်းထွန်း ကို ထပ်ဆက်တော့ “ကောက်ခွန် ဦးစီးဌာနကို ပြောထားပြီးပြီ” လို့ ပြောပါတယ်။ နောက်ဖုန်းပြတ် သွားတယ်။ နောက်ထပ်ဆက်ပေမဲ့ဖုန်းမကိုင်တော့ပါဘူး။ ဦးနိုင်လ၀ီအောင်ကိုထပ်ပြီးအကူ အညီတောင်းတော့ အကောက်ခွန် ကိုသူမကိုင်ဘူး။ ဦးခင်မောင်သွင်ဆီဆက်ပါလို့ပြောပါတယ်။ ဦးခင်မောင်သွင်ဆီဆက်တော့သူကမြို့ နယ်အကောက်ခွန်ဦးစီးဌာနဖုန်း နံပါတ်တောင်းတော့ မထူးပါဘူး ဆိုပြီး အကောက်ခွန်ဦးစီးဌာနရုံး
ဘေးပေါက်ကနေ၀င်ပါတယ်။ အဲဒီအခါ S.Bကိုရာဇာ (တပ်ကြပ်ကြီး)
ထထွက်သွားပါ တယ်။ ဦးခင်မောင်သွင်ဖုန်းပြန်လာပါတယ်။
မြို့နယ်မှူးကိုပဲ သတင်း ကူးခွင့်ပေးဖို့ပြောတော့ ဖုန်းကိုချ လိုက်ပါတယ်။ သမ္မတကြီးက မီဒီယာတွေမေးရင်ဌာနတွေက ဖြေပါလို့ပြောခဲ့တာကို
မွန်ပြည် နယ်က ပြည်နယ်အဆင့်တာဝန်ရှိ သူတွေနားထဲရောက်ဖို့
တော်တော် လေးအချိန်လိုနေသေးသလားလို့ ပဲယူဆပါတယ်။

ဆီတန်ပိုတင်လို့ ဖမ်းတဲ့သင်္ဘောသတင်းလေးကို အခုလို အစိုးရအဖွဲ့ကအတွင်းရေး မှူးနဲ့ဝန်ကြီး (၂) ယောက်ကို အကူ အညီတောင်းတာတောင် မရခဲ့လို့ ဂျာနယ်တိုက်ကသတင်း
ထောက်ချုပ်ကိုအခြေအနေအား လုံးတင်ပြခဲ့ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

မော်လမြိုင်မီဒီယာဥက္ကဋ္ဌ ဦးစီးနားက “သိပ်မကြာသေးဘူး အကောက်ခွန်ဦးစီးဌာနမှာ သတင်း သွားယူတာသတင်းထောက်တွေကို ၀င်ခွင့်မပြုခဲ့ဘူး။ အများပြည် သူသိတဲ့ လေလံတင်ပွဲရဲ့သတင်း ကို တောင်ယူခွင့်မပြုပိတ်ပင်ခဲ့ တယ်။ နိုင်ငံတော်ရဲ့ လျို့ဝှက်ချက် များမှလွဲ၍ လွတ်လပ်စွာသတင်း ယူခွင့်ရပြီဆိုတာအပြောပဲရှိတယ်။ လက်တွေ့မှာ တကယ်မဟုတ်ဘူး” ဟုပြောသည်။

ယခုအခါဝန်ကြီးဌာနအလိုက် သတင်းပြန်ကြားရေးအဖွဲ့များဖွဲ့ စည်းပြီးဖြစ်သော်လည်း ယခုသတင်း ကဲ့သို့အားချင်းမေးမြန်းစုံစမ်းရ သည့်သတင်းများကို အနီးစပ်ဆုံး ဖြစ်သည့်အောက်ခြေအဆင့်ဌာန များမှ ဖြေကြားသင့်ကြောင်း မီဒီယာ သမားအချို့ကသုံးသပ်ကြသည်။

ထက်ဦးယံ
Hot News

No comments: