Showing posts with label တရားတော်. Show all posts
Showing posts with label တရားတော်. Show all posts

Monday, September 25, 2017

တစ်ယောက်တည်း ငြိမ်းချမ်းအောင်နေနည်း


ယောဆရာတော်ကြီးက
အ​မေဒေါ်အောင်ဆန်းစုကြည်ကို ဟောကြားခဲ့သည့် အဆုံးအမ တရားတော်
"တစ်ယောက်တည်း ငြိမ်းချမ်းအောင်နေနည်း"၊
"အများနဲ့ ငြိမ်းချမ်းအောင်နေနည်း" လို့နှစ်နည်းရှိတယ်။ တစ်ယောက်တည်း ငြိမ်းချမ်းအောင် နေတတ်မှ အများနဲ့လည်း ငြိမ်းချမ်းအောင် နေတတ်တယ်။
ကိုယ် ငြိမ်းချမ်းအောင် နေတတ်မှ သူများကိုလည်းငြိမ်းချမ်းအောင် လုပ်ပေးနိုင်တယ်။
တစ်ယောက်တည်း ငြိမ်းချမ်းအောင် နေနည်းက"သတိ"ပါ။ သတိ အမြဲထားနေတာပါ။
အများနဲ့ ငြိမ်းချမ်းအောင်နေနည်းအတိုချုပ်က
"ခန္တီနဲ့ မေတ္တာ"ပါ။
ဘ၀ထဲက ဓမ္မလုပ်ငန်း အချုပ်က သစ္စာလေးပါး အမှန်တရားပါ။
ပါဠိလို "ဒုက္ခ၊ သမုဒယ၊နိရောဓ၊ မဂ္ဂ" မြန်မာလို အတိုချုပ်ခေါ်ရင်
"ပိတာ၊ ငြိတာ၊ အိတာ၊ သိတာ"ပါ။
ဒုက္ခဆင်းရဲဆိုတာ သူ့ကိုနိုင်တဲ့ ဉာဏ်မပေါ်သေးသမျှ ကိုယ့်အပေါ် ပိနေတာပါ။
သမုဒယလောဘက ဒုက္ခခန္ဓာအပေါ် ဖြုတ်ရ၊ ဖယ်ရ ခက်လှအောင် ငြိနေပါတယ်။
မသိလို့ ငြိတယ်။ငြိလို့ ပိတယ်။
မသိကြီးလေ အငြိကြီးလေ၊
အငြိကြီးလေ အပိကြီးလေပါ။
နိရောဓကအပိနဲ့အငြိ ချုပ်ငြိမ်းတာ၊
အေးချမ်းတဲ့ နိဗ္ဗာန်ပါ။ အိပေါ့။
နိဗ္ဗာန်မရသေးခင်ဘ၀ထဲမှာလည်း ငြိတဲ့
ကိလေသာအပူကို ဖယ်နိုင်ရင် ပိတဲ့ဒုက္ခ လျှော့ချနိုင်ရင်အေးချမ်းတဲ့ 'အိ' အကောင်းကို ရနိုင်တယ်။
ငြိတာကို ဖယ်နိုင်တဲ့အား၊
ပိတာကို လျှော့ချပေးနိုင်တဲ့ အားပဲ လိုပါတယ်။
မဂ္ဂဆိုတာ ဒုက္ခကိလေသာ အပိ အငြိ အဆိုး ဒီဘက်ကမ်းကနေ နိရောဓ 'အိ' အကောင်း
ဟိုဘက်ကမ်းကို ကူးဖို့ တံတားခင်း ပေးတာပါ။
မဂ္ဂင် ၈ ပါး ရှိပါတယ်။ မဂ္ဂင် ၈ပါးကို ချုံးလိုက်ရင် သီလ၊ သမာဓိ၊ ပညာသိက္ခာ သုံးပါး၊
ဘ၀ထဲက ဓမ္မစည်းကမ်းသုံးချက်ပါ။
အရာရာ စည်းကမ်းရှိတာ၊
တည်ငြိမ်အေးချမ်းတာ၊ ရင့်ကျက်တာပါ။
ဣနြေ္ဒရရ၊သိက္ခာရှိရှိ ပြောဆိုနေထိုင်တာပါ။ အသက်ကြီးတိုင်း ဂုဏ်မြင့်အောင် မြှင့်ပေးတာပါ။
သိက္ခာဟာ အာဏာထက် အရာရောက်တယ်။ လူ့အလုပ်အားလုံး သိက္ခာ သုံးပါး၊ စည်းကမ်း
သုံးချက်အတိုင်းသာ လုပ်နိုင်ရင် အရာရာ အောင်မြင် တိုးတက်ပါတယ်။
သီလသိက္ခာကကိုယ်နှုတ်နဲ့ ကျူးလွန်ဖောက်ပြန် သောင်းကျန်းတဲ့ ကိလေသာ အကြမ်းစားကို
ထိန်းချုပ်ဖယ်ရှားပေးတာ။
သမာဓိသိက္ခာက စိတ်ထဲမှာ ထကြွသောင်းကျန်း လှုပ်ရှားနေတဲ့ကိလေသာအလတ်စားကို ထိန်းချုပ်ဖယ်ရှား ပစ်တာ။
ပညာသိက္ခာက စိတ်ထဲမှာအမြစ်တွယ်နေတဲ့ အကြောင်းဆုံရင် အချိန်မရွေး ပေါ်လာနိုင်တဲ့ ကိလေသာအနုစားကိုဖယ်ရှားပစ်နေတာ ဖြစ်လို့ အဆိုး ကင်းလွတ်ကြောင်းလည်း ဖြစ်ပါတယ်။
မဂ္ဂင် ၈ ပါး၊ (သိက္ခာ ၃ ပါး) ကို ထပ်ချုံးလိုက်ရင်
သတိ တစ်လုံးပဲကျန်တယ်။
သတိဟာငြိတာကိုလည်း ဖယ်ရှားပေးနိုင်တယ်။ ပိတာကိုလည်း လျှော့ချပေးနိုင်တယ်။
အေးချမ်းတဲ့ အိ- ချမ်းသာကိုလည်း အရယူပေးနိုင်တယ်။ အရှိန်အ၀ါ အကြီးဆုံးတရားပါ။
ကျန်တဲ့မဂ္ဂင် ၇ ပါးတရားတွေ အကောင်းဂုဏ် တက်နေတာဟာ အဓိက "သတိ"ပါဝင်ယှဉ်တွဲနေလို့ပါ။ ဘယ်တရားမဆို "သတိ"ပါမှ အကောင်းပြည့်စုံ နိုင်ပါတယ်။
*သတိဆိုတာ -
၁။ကိုယ်လုပ်လိုတဲ့ အာရုံကို ပေါ်အောင် ဖော်ပေးတယ်။
၂။ပေါ်လာတဲ့အာရုံနဲ့ စိတ်ကို ကိလေသာအပူ ကြားမခိုနိုင်အောင် ကပ်ပေးတယ်။
၃။အချိန်၊ အကြိမ်၊ လုပ်ငန်း ပမာဏအားဖြင့် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ
အဲဒီအာရုံမပျောက်ရအောင် ထိန်းပေးတယ်။
၎။အလုပ်တစ်ခု လုပ်နေတုန်း အခြားအာရုံတစ်ခုခု ကြားဖြတ် ၀င်မလာရအောင်
ကာကွယ်စောင့်ရှောက်ပေးတယ်။
၅။အလုပ်တစ်ခု လုပ်နေတုန်း ရှေ့အသိနဲ့ နောက်အသိ၊ အသိချင်းစပ်ပေးတယ်။
စိတ်ပေါက်ကို ဖာပေးတယ်။
စိတ်စုတ်ကို ချုပ်ပေးတယ်။
စိတ်ကို အာရုံပေး လုံနေအောင်ထိန်းပေးတယ်။
၆။လုပ်နေဆဲ အလုပ်အားလုံး အရေးအကြီးဆုံးလို့ သတ်မှတ်ပေးတယ်။ စူးစိုက်ပေးတယ်။
အရေးတကြီး စူးစိုက်လုပ်ရင် အလုပ်အားလုံး တရားအလုပ်ချည်းပဲ။
သတိဟာအချိန်တိုင်းကို ကိုယ်ပိုင် အချိန်ဖြစ်အောင် လုပ်ပေးတဲ့ အချိန်ထိန်း ကိရိယာပါ။
အာရုံတိုင်းကို ကိုယ်ပိုင် ကုသိုလ်အာရုံဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့အာရုံထိန်း ကိရိယာပါ။
စိတ်တိုင်းကို ကိုယ်ပိုင် ကုသိုလ်စိတ်ဖြစ်အောင်
ဖန်တီးနိုင်တဲ့ စိတ်ထိန်း ကိရိယာပါ။
ပစ္စုပ္ပန်ရောက်နေဆဲ အချိန်တိုင်းကိုတန်ဖိုးထားတယ်။ ပစ္စုပ္ပန်လုပ်နေဆဲ အလုပ်တိုင်းကို လေးစားတယ်ဆိုရင် တစ်ယောက်တည်းငြိမ်းချမ်းအောင် နေတာပါပဲ။ လူ့ဘ၀မှာ တစ်ယောက်တည်း ငြိမ်းချမ်းအောင်နေတတ်ပြီဆိုရင်အများနဲ့လည်း ငြိမ်းချမ်းအောင် နေတတ်ပါပြီ။
{ ၁၃၇၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ တနင်္လာနေ့ နေပြည်တော်ရှိ ရွှေနန်းတော်
ဟိုတယ်၌ တိပိဋက ယောဆရာတော် သီတင်းသုံးနေရာ ဒေါ်အောင်ဆန်းစုကြည်ဂာ
ဖူးမြော်လိုကြောင်း ကြိုတင်ခွင့်တောင်း အသိပေးပြီး လာရောက် နာယူတော်မူသော
တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်
အရှင်ပညာသာရ သံသရာခရီးသည်
၁-၂-၂၀၁၇ (ဗုဒ္ဓဟူးနေ့)
Ashin kalyarna

Monday, August 14, 2017

အိမ်ကို ပြန်ခဲ့ပါ - ရဝေနွယ် (အင်းမ)

Image may contain: one or more people, people sitting, tree, outdoor and nature


အိမ်ကို ပြန်ခဲ့ပါ - ရဝေနွယ် (အင်းမ)
__________
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ပံ့သကူ သင်္ကန်းကိုသာ ဝတ်လေ့ရှိတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ မထေရ်ကိုလည်း ပံ့သကူမထေရ်လို့ ပဲ ခေါ်ကြပါတယ်။
တစ်နေ့ တော့ ပံ့သကူမထေရ်က စေတိယတောင်ကို ဘုရားဖူး ထွက်ခဲ့ပါတယ်။ ဘုရားဖူးပြီးတော့ ပံ့သကူမထေရ်က ဘယ်လိုစဉ်းစားသလဲဆိုတော့ " ငါ့ရဲ့ သင်္ကန်းဟာ ဆွေးမြေ့နေပြီ, လူအများနေတဲ့အရပ်မှာတော့ ပံ့သကူသင်္ကန်း ရကောင်းပါရဲ့ " ဆိုပြီး တွေးမိပါတယ်။
နောက် မဟာဝိဟာရကျောင်းတိုက်ဘက်ကို ကြွခဲ့ပါတယ်။ကျောင်းတိုက်ရောက်တော့ ကျောင်းတိုက်အကြီးအကဲ မထေရ်ကိုရှိခိုးပြီး မိမိခေတ္တနေဖို့ လည်း ပန်ကြား လျှောက်ထားပါတယ်။
နောက်နေ့ နံနက်ကျတော့ အကြီးအကဲမထေရ်ကို သွားပြီး ရှိခိုးပါတယ်။ အကြီးအကဲမထေရ်က " ငါ့ရှင်...ဘာကိစ္စလဲ "လို့  မေးတော့ ပံ့သကူမထေရ်ကလည်း " ရွာတံခါးကို သွားမလို့ ပါဘုရား "လို့  ပြန်လျှောက်ပါတယ်။ ဒီတော့ အကြီးအကဲမထေရ်က " အတော်ပဲ ငါ့ရှင်, ငါလည်း အဲဒီကို သွားမလို့ ဘဲ " လို့ မိန့် ပါတယ်။
ဒီလိုနဲ့ အကြီးအကဲမထေရ်နဲ့ အတူ ကြွခဲ့ပါတယ်။
မဟာဗောဓိပင်တံခါးနားရောက်တော့ ပံ့သကူ မထေရ်က ရှေ့ ဆက်မကြွတော့ဘဲ ရပ်နေလိုက်ပါတယ်။
" ဒီနေရာလေးဟာ ဘုန်းကံကြီးတဲ့သူတွေနေတဲ့ အရပ်ဆိုတော့ နှစ်သက်စရာ ပံ့သကူသင်္ကန်းတော့ ရလောက်ပါရဲ့ " လို့  တွေးလိုက်ပါတယ်။ နောက် ကိုယ်တွေးလိုက်တဲ့ အတွေးကို ပြန်သတိရပြီး " ဟယ်... ငါ့အတွေးတွေ မစင်ကြယ်လိုက်တာ " လို့ တွေးမိပြီး အဲဒီတံခါးမုခ်ကပဲ တည်းခိုရာကျောင်းကို လှည့် ပြန်ခဲ့ပါတယ်။
နောက်တစ်နေ့ ရောက်တော့ ပံ့သကူသင်္ကန်း ကောက်ဖို့ ထွက်ခဲ့ပြန်ပါတယ်။ သရက်ပင်မြေပြင်အနားရောက်တော့ မစင်ကြယ်တဲ့အတွေးတွေ တွေးမိလိုက်ပြန်ပါတယ်။ သတိရလိုက်တာနဲ့ ချက်ချင်းပဲ ကျောင်းကိုလှည့်ခဲ့ပြန်ပါတယ်။
နောက်တစ်နေ့ ကျတော့ တစ်ခါ ထပ်ထွက်ပြန်ပါတယ်။ မဟာစေတီမြောက်တံခါးနားရောက်တော့ မစင်ကြယ်တဲ့ အတွေးတွေ တွေးမိလိုက်ပြန်ပါတယ်။ သတိရလိုက်တာနဲ့  ချက်ချင်းပဲ ကျောင်းကို လှည့်ခဲ့ပြန်ပါတယ်။
လေးရက်မြောက်နေ့ မှာတော့ အကြီးအကဲ မထေရ်ကို သွားပြီး ရှိခိုးပါတယ်။ မထေရ်အကြီးအကဲကလည်း သိလိုက်ပါပြီ။ " ဒီမထေရ်မစင်ကြယ်တဲ့ သင်္ကန်းအတွေး ဖြစ်နေပြီ " ဆိုပြီး သင်္ကန်းကို ယူခဲ့ပြီး ပံ့သကူမထေရ်နဲ့ အတူ ထွက်ခဲ့ပါတယ်။
လမ်းမှာလည်း ပုစ္ဆာတွေမေးပြီး လာခဲ့ပါတယ်, အမေးအဖြေလုပ်ရင်း ရွာထဲကို ဝင်ခဲ့ပါတယ်။
အဲဒီညမှာ လူတစ်ယောက်က ကျင်ကြီးတွေ ပေကျံနေတဲ့ ပုဆိုးတစ်ထည်ကို အမှိုက်ပုံမှာ ပစ်ထားပါတယ်။ ယင်မမဲရိုင်းတွေလည်း ဝိုင်းအုံနေပါတယ်။
ပံ့သကူမထေရ်က ဒီပုဆိုးစုတ် မြင်လိုက်ရတော့ ပုဆိုးစုတ်ရှိရာကိုသွားပြီး လက်အုပ်ချီ ရှိခိုးလိုက်ပါတယ်။
ဒါကိုမြင်တော့ အကြီးအကဲမထေရ်က " ငါ့ရှင် ဘာဖြစ်လို့  အမှိုက်ပုံကို ရှိခိုးနေတာလဲ " လို့ မေးပါတယ်။
ပံ့သကူမထေရ်ကလည်း " တပည့်တော် အမှိုက်ပုံကို ရှိခိုးနေတာ မဟုတ်ပါဘူးဘုရား။ တပည့်တော်ရဲ့ အဖမြတ်စွာဘုရားကို သတိရလို့  ရှိခိုးတာပါဘုရား။ ပုဏ္ဏကျွန်မရဲ့ အလောင်းကောင်ကိုပတ်ထားတဲ့ ပံ့သကူ အဝတ်ကို ကောက်ယူတဲ့အခါ တစ်ပြည်သားလောက်ရှိတဲ့ ပိုးလောက်တွေကို ခါထုတ်ပြီး ကောက်ယူတဲ့ မြတ်စွာဘုရားဟာ ခဲယဉ်းတဲ့အမှုကို ပြုခဲ့ပါတယ် ဘုရား " လို့ ပြန်လျှောက်ပြပါတယ်။
အကြီးအကဲမထေရ်လည်း " ပံ့သကူမထေရ်ရဲ့ သင်္ကန်းအတွေးဟာ စင်ကြယ်သွားပြီး " လို့ စိတ်ထဲက ကျေနပ် အတွေး တွေးလိုက်ပါတယ်။
ပံ့သကူမထေရ်လည်း စင်ကြယ်တဲ့ ပံ့သကူအဝတ်ကိုရပြီး နေရာမှာတင် ရပ်လျက် ဝိပဿနာပွားလိုက်တာ အနာဂါမ် ဖြစ်သွားပါတယ်။
ပံ့သကူပုဆိုးစုတ်ကို ကောက်ယူချုပ်ဆိုးပြီး သင်္ကန်းအဖြစ် ရတဲ့အခါ ဝတ်ရုံပြီး ပါစိနခဏ္ဍရာဇိအရပ်ကို ကြွသွားပါတယ်။ နောက်ဆက်ပြီးတော့ တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်သွားပါတော့တယ်။
(သုတ်ပါထေယျအဋ္ဌကထာ,နှာ - ၁၉၃, အင်္ဂုတ္တိုရ်အဋ္ဌကထာ, ဒုတွဲ, နှာ - ၂၇၈ - ၂၇၉)
အမှိုက်ပုံက ပုဆိုးစုတ်တစ်ထည်ဟာ သီဟိုဠ်ခေတ်က ရဟန်းတစ်ပါးအတွက်တော့ ရဟန္တာဖြစ်သွားစေခဲ့ပါတယ်။ ပုဆိုးစုတ်ကလေးက ရဟန်းတစ်ပါးအတွက် ရဟန္တာဖြစ်သွားစေခဲ့တာဆိုတော့ တကယ့်အံ့သြစရာ အဖြစ်အပျက်တစ်ခုပါပဲ။
ဘာမဟုတ်တဲ့ ပစ္စည်းလေးတွေကလည်း တရားထူးရဖို့ အတွက် အထောက်အပံ့ဖြစ်စေတယ်ဆိုတာ သီဟိုဠ်ခေတ် ပံ့သကူ မထေရ်က သက်သေပြနေပါတယ်။ ဒီတော့ ကိုယ်ဝန်းကျင်မှာရှိနေတဲ့ တချို့ ပစ္စည်းလေးတွေကလည်း တရားအတွက် အထောက်အပံ့ ဖြစ်စေမှု ရှိတယ်ဆိုတာကို ငြင်းလို့  မရပါဘူး။
ကဲ... အရှင်မြတ်ဟာ ဘယ်လောက်ကြည်ညိုဖို့ ကောင်းလဲ။ ဘယ်လောက်အားကျဖို့ ကောင်းလဲ။
သူဖြစ်တဲ့ အကုသိုလ်လေးက တကယ့်ပါးပါးလေးပါ။ လူတွေ အကြည်ညိုပျက်သွားစေမယ့် အကုသိုလ်မျိုးလည်း မဟုတ်ပါဘူး။ လူတွေ ခွင့်လွှတ်နိုင်တဲ့ ပါးပါးလေးပါ။
မထေရ်ကတော့ ကျန်တဲ့သူတွေ ခွင့်လွှတ်ချင် လွှတ်မယ်။ သူကတော့ သူ့ ကိုယ်သူ ခွင့်မလွှတ်နိုင်ပါဘူး။ အဲဒီခွင့်မလွှတ်နိုင်မှုကိုဘဲ အရင်းတည်ပြီး မဂ်အဆင့်ဆင့်ကို ရယူသွားခဲ့ပါတယ်။ လူတွေခွင့်လွှတ်နိုင်လောက်တဲ့ အကုသိုလ်ပါးပါးလေးကိုပဲ သိပ်ကြောက်လှတဲ့ မထေရ်မြတ်ရဲ့ ထေရုပ္ပတ္တိကို ဖတ်ခွင့်ရလိုက်ရုံနဲ့ တင်ပဲ ကျေနပ်သွားပါပြီ။
ဖတ်နေဆဲမှာပဲ ကျန်တဲ့ ဖတ်လက်စတွေ ခဏရပ်ပြီး အရှင်မြတ်ကို ခဏလေးတော့ လက်အုပ်ချီပြီး ကြည်ညိုလိုက်မိပါတယ်။ " သြော်...အရှင်ဘုရားရယ် အားကျလိုက်တာ " လို့ လည်း နှလုံးသားက လျှောက်မိပါတယ်။ တွေးမိတိုင်းလည်း စိတ်နှလုံးအေးရပါတယ်။ တရားမရရင် နေပါစေ, ပံ့သကူမထရ်ရဲ့ ဓာတ်ကလေး ကူးခွင့်ရရင်ကိုပဲ ကျေနပ်လှပါပြီ။
အဝတ်တစ်ထည်ကြောင့် တရားထူးရသွားကြတဲ့သူတွေရှိသလို အစားတစ်လုပ်ကြောင့်လည်း တရားထူး ရသွာတဲ့ သူတွေ အများကြီးရယ်ပါ။
သုံးတတ်ရင် ပစ္စည်းဝတ္ထုတွေကလည်း တရားအတွက် အထောက်အပံ့ကောင်းတွေပါပဲ။
ဒီတော့ ကိုယ်ဝတ်နေတဲ့ အဝတ်အစားတွေထဲ မှာလည်း တရားတွေရှိနေပါတယ်။ ကိုယ်စားနေတဲ့ အစားတွေထဲ မှာလည်း တရားတွေ ရှိနေပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်တွေထဲမှာလည်း တရားတွေ ရှိနေပါတယ်။ ကိုယ်က ဒါကို သိထားဖို့ ပါပဲ။
ပံ့သကူအရှင်မြတ် ရဟန္တာဖြစ်တာ မဖြစ်တာ အပထား။ အကုသိုလ်ပါးပါးလေးကို ကြောက်တတ်တာလေးကိုပဲ ကြည်ညိုဖို့ ကောင်းနေပါပြီ။ ဖတ်ရင်းနဲ့ တင် စိတ်ထဲမှာ အေးချမ်းနေပါပြီ။
သူများ အကုသိုလ်ကြောက်တတ်တာလေး သိခွင့်ရတာနဲ့ တင် စိတ်ထဲက အေးချမ်းနေပြီဆိုတော့ ကိုယ်တိုင်ကြောက်တတ် လိုက်ရင်တော့ ဒီထက်မကတဲ့ အေးချမ်းမှုတွေကို ရလိုက်တော့မှာပါ။
မူလပဏ္ဏသပါဠိတော် အင်္ဂဏသုတ်မှာ အရှင်သာရိပုတ္တရာက ပုဂ္ဂိုလ်လေးမျိုးကို ဟောပြထားပါတယ်။
၁။ မိမိမှာ အကုသိုလ်အညစ်အကြေး ရှိနေပါလျက်နဲ့  ရှိမှန်းမသိသူ။
၂ ။ မိမိမှာ အကုသိုလ်အညစ်အကြေး ရှိနေတာကို ရှိမှန်းသိသူ။
၃။ မိမိမှာ အကုသိုလ်အညစ်အကြေး မရှိတာကို မရှိမှန်းမသိသူ။
၎။ မိမိမှာ အကုသိုလ်အညစ်အကြေး မရှိတာကို မရှိမှန်းသိသူ။ အားလုံးပုဂ္ဂိုလ်လေးမျိုးရှိပါတယ်တဲ့။
အရှင်သာရိပုတ္တရာက ဆက်ဟောပြပါတယ်။
မိမိမှာ အကုသိုလ်အညစ်အကြေး ရှိနေသူဖြစ်ပါလျက် အညစ်အကြေး ရှိနေပါလားလို့ မသိသူနှစ်ဦးမှာ မသိသူက ယုတ်ညံ့သူ, သိသူက မြင့်မြတ်သူဖြစ်ပါတယ်တဲ့။
လိုရင်းကတော့ ကိုယ့်ရင်ထဲမှာအကုသိုလ်စိတ် ဖြစ်နေတာကို သိသူ မသိသူနှစ်ဦးမှာ သိသူက မြတ်ပါတယ်တဲ့။
ဒီစကားကိုကြားရတော့ အရှင်မဟာမောဂ္ဂလာန်က အရှင်သာရိပုတ္တရာကို ပြန်မေးပါတယ်။
" အရှင်ဘုရား ..ဘာဖြစ်လို့  ဒီလိုဆိုတာလဲဘုရား "
ဒီတော့ အရှင်သာရိပုတ္တရာက " ငါ့ရှင် မောဂ္ဂလာန် ကိုယ့်ရင်ထဲမှာ အကုသိုလ်အညစ်အကြေး ရှိနေပါလျက် ရှိမှန်း မသိတဲ့ သူဟာ ပယ်ဖို့ အားထုတ်တော့မှာ မဟုတ်ပါဘူး။ အဲဒီလူဟာ ရာဂ ဒေါသ မောဟတန်းလန်းနဲ့ သေဖို့ ပဲ ရှိတော့တယ်။
ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်ဖြစ်တာကို သိတဲ့သူကတော့ ပယ်ဖို့  အားထုတ်တော့မှာပါ။ အဲဒီလူဟာ သန့် ရှင်းတဲ့ စိတ်နဲ့ ပဲ သေဖို့ ပဲရှိတယ် "
အရှင်သာရိပုတ္တရာကတော့ ပုဂ္ဂိုလ်လေးမျိုးကို အကျယ်ဆက်ဟောပြထားပါတယ်။
ဒီနေရာမှာတော့ ကိုယ့်ရင်ထဲက အကုသိုလ်စိတ် ဖြစ်နေတာကို သိသူနဲ့ မသိသူအကြောင်းလေး ပြောချင်လို့ ပါ။
ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်ဖြစ်နေတာကို မသိတဲ့သူက ယုတ်ညံ့ပြီး သိသူက မြတ်ပါတယ်တဲ့။
ပုထုဇဉ်အားလျော်စွာ အကုသိုလ်မျိုးစုံတော့ ရှိကြ ဖြစ်ကြမှာပါပဲ။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာ အကုသိုလ်ရှိနေတာ ဖြစ်နေတာကို သိနေတာကကို ကိုယ်က မြတ်တဲ့သူ စာရင်းထဲမှာပါနေပါပြီ။
ဒီတော့ အကုသိုလ်ဖြစ်တာချင်းအတူတူ ကိုယ်က သိနေတဲ့အတွက် ကိုယ်က သူများထက် တပန်းသာနေပါပြီ။
ဒါကြောင့် ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်ဖြစ်နေတာကို သိဖို့  သိပ်အရေးကြီးပါတယ်။ သိအောင်လည်း ကြိုးစားရပါ့မယ်။ သိချင်ရင် သိပါတယ်။ မသိချင်ရင် မသိပါဘူး။ တကယ်သိချင်လို့ သတိထားကြည့်ရင် သိတာပါပဲ။ ဒါကြောင့် ကိုယ့်ရင်ထဲမှာ အကုသိုလ်ရှိမရှိ ပြန်ပြန်ကြည့်ပေးရပါမယ်။ ပယ်နိုင်တာ မပယ်နိုင်တာ ခဏထား လိုက်ပါဦး။ သိလိုက်ရင်ပဲ ကိုယ်က မြတ်တဲ့သူဖြစ်နေပါပြီ။
ဆိုင်ရာမဂ်အဆင့်ဆင့်ကို မရသေးသရွေ့ တော့ အကုသိုလ်စိတ်တွေကတော့ ဖြစ်နေကြမှာပါပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် ကိုယ်က ဖြစ်တာကို သိဖို့ ပါပဲ။
တချို့ကျတော့ အကုသိုလ်စိတ်တွေတော့ ဖြစ်နေကြတာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဖြစ်နေမှန်းလည်း မသိပါဘူး။ အကုသိုလ်စိတ်ဖြစ်ရတာလေးကိုပဲ အရသာတစ်ခုလို့ ထင်နေတော့ တာပါ။ ကြာလာရင် အကုသိုလ်ရောဂါ စွဲသွားတတ်ပါတယ်။ စွဲသွားရင် အကုသိုလ်မဖြစ်ရရင် မနေတတ်တော့ပါဘူး။
အတွေးတစ်ခု မတွေးလိုက်နဲ့ ။ အကုသိုလ်လေးက ပါလိုက်ရမှ။ စကားလေးတစ်ခွန်း မပြောလိုက်နဲ့ ။ အကုသိုလ်လေးက ပါလိုက်ရမှ။ အလုပ်ကလေးတစ်ခု မလုပ်လိုက်နဲ့ ။ အကုသိုလ်လေးက ပါလိုက်ရမှ နေသာထိုင်သာ ရှိတာပါ။
ဒီတော့ ဘာပဲတွေးတွေး , ဘာပဲပြောပြော , ဘာပဲလုပ်လုပ်, အကုသိုလ်လေးတွေက တွဲတွဲပါနေတော့ တာပါ။ ကိုယ့်ကိုယ်ကို အကုသိုလ်ပါနေမှန်းလည်း မသိတော့ပါဘူး။ ဒါအကုသိုလ် စွဲသွားတဲ့ သဘောပါ။
မသိတော့ ပိုဆိုးပါတယ်။ ပယ်ဖို့ လည်း အားမထုတ်တော့ပါဘူး။ သေတဲ့အခါလည်း အကုသိုလ်တန်းလန်းနဲ့  သေရဦးမှာပါ။
သိတဲ့သူကတော့ ကိုယ့်ရင်ထဲအကုသိုလ်စိတ်ရောက်တာနဲ့  ကိုယ့်ကိုကို မကြည်ညိုတော့ပါဘူး။ မကြည်ညိုရုံတင်မကပါဘူး။ ကိုယ့်ကိုယ်ကိုပါ စက်ဆုပ်တော့တာပါ။ ကိုယ့်ကိုယ်ကို မကြည်ညိုဘူး, စက်ဆုပ်ပြီ ဆိုတော့ မဖြစ်မနေ ပယ်ဖို့ ကိုပဲ အားထုတ်တော့တာပါ။ ဆက်ဖြစ်ပါ, ပိုက်ဆံပေးပါ့မယ်ဆိုရင်တောင် ပိုက်ဆံကို မလိုချင်တော့ပါဘူး။
ဒါ သိသူနဲ့ မသိသူရဲ့ ကွာခြားချက်တွေပါပဲ။
တချို့က အောင်မြင်မှုအတွက် အကုသိုလ်နဲ့ ရင်းကြပါတယ်။ အောင်မြင်တာ မအောင်မြင်တာထား, အကုသိုလ်ကတော့ အကုသိုလ်ပါပဲ။
အရွယ်ရလာလို့ ပဲဖြစ်ဖြစ်, တရားသဘောတွေကို ဉာဏ်သိ မဟုတ်ပေမယ့် စာသိ သိလာရင်ပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဘဝကို အောင်မြင်ခြင်း မအောင်မြင်ခြင်းတွေက မပြဋ္ဌာန်းဘူးဆိုတာ တွဲပြီး သိလာရပါတယ်။
အဲဒီအခါကျရင် အောင်မြင်တယ်ဆိုတာလည်း ဘာမှမဟုတ်တော့သလို မအောင်မြင်တာလည်း ဘာမှမဟုတ်တော့ပါဘူး။ တရားကသာ အဓိကဖြစ်သွားပါပြီ။ တရားနဲ့ သာ အေးအေးချမ်းချမ်း နေသွားချင်တော့တာပါ။
ပံ့သကူမထေရ်ရဲ့ ဝတ္ထုလေးကို ဖတ်ရရုံနဲ့ တင် စိတ်က ကြည်နူးနေပါပြီ။ ကဲ...ပံ့သကူမထေရ်လို မကောင်းတဲ့ အတွေးလေးတွေးမိလို့  အိမ်ကိုပြန်လာရတယ် ဆိုတာများ ဘယ်နှခါပဲ ရှိဖူးပါသလဲ။
ပံ့သကူမထေရ်လို အားလုံး အားလုံးဟာ အကုသိုလ်စိတ်ဖြစ်လို့  အိမ်ကိုပြန်ပြန်လာကြရင် တစ်လောကလုံး ငြိမ်းချမ်းနေကြမှာပါ။ ကိုယ်အိမ်ပြန်လာလိုက်တာဟာ ကမ္ဘာကြီးငြိမ်းချမ်းဖို့ အတွက် တစ်ထောင့်တစ်နေရာက ကျေးဇူးပြုလိုက်တာပါ။
ကိုယ်ကအရေးပါရင် ပါသလောက် ကျေးဇူးပြုတာပါ။ " ဟယ်...သမီးလေး ဘာဖြစ်လို့ အိမ်ပြန်လာတာလဲ " " အကုသိုလ် စိတ်ဖြစ်လို့ ပါ " " ဟယ်...အဖေကြီး ဘာမေ့ကျန်ခဲ့လို့ အိမ်ပြန်လာတာလဲ " " အကုသိုလ်စိတ်ဖြစ်လို့ ပါ " " သြော်..ထိုင်ထိုင် တရားခွေလေး နာလိုက်ပါဦး " စသည်ဖြင့်ပေါ့။ အိမ်ပြန်လာတာဟာ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ အတွက်လည်း အထောက်အပံ့ကောင်းတွေ ဖြစ်သွားတော့တာပါ။
ဘယ်သူတွေ ဘယ်လောက်ပဲ ရှေ့ဆက်သွားနေ သွားနေကိုယ်တစ်ယောက်ကတော့ဖြင့် အိမ်ပြန်လာနိုင်ရပါမယ်။ စာရေးသူလည်း ကျောင်းပြန်လာနိုင်အောင် ကြိုးစားရပါဦးမယ်။
ဘာပဲပြောပြော အကုသိုလ်ဖြစ်တာချင်းအတူတူ ကိုယ်က သိလိုက်တယ်ဆိုရင်ပဲ မသိသူတွေထဲမှာ သိသူက မြတ်သွားပါပြီလေ။
ကလျာမဂ္ဂဇင်း
ဇန်နဝါရီလ, ၂၀၁၀
ကျမ်းကိုး
---------
၁။ သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများ(ဓမ္မာစရိယ ဦးဌေးလှိုင်)
၂။ ပိဋကတ်အနှစ်ချုပ် မဇ္ဈိမနိကာယ် ပ-တွဲ,(ဓမ္မာစရိယ ဦးမောင်မောင်လေး)
ဆရာတော်အရှင်ရာဇိန္ဒ - ရဝေနွယ်(အင်းမ) ရေးသားတော် မူခဲ့သော - " စိတ်ညစ်ရင် ရေချိုးပါ " စာအုပ်မှ
Khät Hätüň - ရေးသား ပူဇော်သည်။

Saturday, April 8, 2017

"သူတောင်းစား နဲ့ ဘုန်းကြီး "


ဆရာတော်အစဉ်အဆက်က ပြောပြခဲ့တဲ့ ဓမ္မပုံ ဝတ္တုလေးတစ်ပုဒ်ကို အရင်ပြောရအောင်ပါ ။
တစ်ခါတုန်းက ဘုန်းကြီးကျောင်းတစ်ကျောင်းကို သူတောင်းစားတစ်ယောက် ရောက်လာပါတယ် ။
ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဘုန်းကြီးကို အသင့်တွေ့တာနဲ့ . .

"ဘုန်းကြီးဘုရား , ဆွမ်းကျန်လေးများရှိရင် စွန့်ပါ ဘုရား"
ဒီတော့ ကျောင်းထိုင်ဘုန်းကြီးက. . .
"မင်းမှာ ခြေ,လက် အကောင်းကြီး ,ကိုယ့်ဟာကိုယ် လုပ်စားပါလား ? ဘာဖြစ်လို့ တောင်းစားနေရတာလဲ ? သွား မပေးနိုင်ဘူး , အခု ဆင်းသွား " လို့ ခပ်ငေါက်ငေါက်လေး ပြောလိုက်ပါတယ် ။
သူတောင်းစားက ချက်ချင်းမဆင်းသေးဘဲ လက်အုပ်ကလေး ချီပြီး. .
"ဘုန်းကြီးဘုရား , တပည့်တော် အခုပဲ ဆင်းပါ့မယ် ဘုရား ၊ မဆင်းခင် လင်္ကာလေးနဲ့ ကန်တော့ပြီး ဆင်းပါရစေဘုရား"
ဘုန်းကြီးကလည်း ဆွမ်းစားခါနီးနေပြီဆိုတော့ " မင်းကန်တော့မှာဖြင့် မြန်မြန်ကန်တော့ , ကန်တော့ပြီးရင် ဆင်းတော့" လို့ ခပ်မာမာလေး ထပ်ပြောလိုက်တယ် ။
သူတောင်းစားလည်း စောင့်ကြောင့်ကလေးထိုင် ၊ လက်အုပ်ကလေး ချီပြီး . . .
-ရှေးကကောင်းလို့ ခုကောင်းပါသည် ၊
-ခုကောင်းရင် နောင်ကောင်းပါလိမ့်မည် ၊
-ရှေးကမကောင်းလို့ ခုမကောင်းပါသည် ၊
-ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်။"
လို့ ဆိုပြီး ကန်တော့လိုက်ပါတယ် ။ ကန်တော့ပြီး ပြန်ဆင်းမယ်လည်း လုပ်ရော ဘုန်းကြီးက. .
" ဟဲ့ . . ကိုရင် လာစမ်း ၊ ဟိုပြင်ထားတဲ့ ဆွမ်းအုပ် ထဲက တစ်ယောက်စာ လုံလုံလောက်လောက် ထည့်ပေးလိုက်" လို့ ပြောလိုက်ပါတော့တယ် ။
သူတောင်းစားလည်း ဆွမ်းထုပ်ရသွားတော့ ပြုံးပြုံးနဲ့ ကျောင်းပေါ်က ဆင်းသွားပါတယ် ။
------------------------------------------------
သူတောင်းစား ဆိုသွားတဲ့ လင်္ကာလေးက သိပ်ကို တာသွားတာပါ ။ ဒီလင်္ကာလေးကို အခြေခံပြီး အတွေးလေးချက် တွေးလို့ ရပါတယ် ။
ရှေးက ကုသိုလ်ကောင်းမှုတွေ ပြုခဲ့လို့ အခုဘဝ ကောင်းနေတယ် ။ ခုဘဝ ကုသိုလ်ကောင်းမှုတွေ ဆက်ပြုနေရင် နောင်ဘဝလည်း ဆက်ကောင်း နေဦးမယ် ။
ရှေးက ကုသိုလ်ကောင်းမှု မပြုခဲ့လို့ အခုဘဝ မကောင်းဘူး ။ ခုဘဝ ကုသိုလ်ကောင်းမှု ဆင့်ကာဆင့်ကာ ပြုနေရင် နောင်ဘဝ ကောင်းမှာပဲ ။
စိတ်နေစိတ်ထားဘက် လှည့်တွေးမယ် ဆိုရင်လည်း ရှေးဘဝ စိတ်ထားကောင်းလို့ ခုဘဝ ကောင်းနေတယ် ။ ခုဘဝ စိတ်ထား မကောင်းရင် နောင်ဘဝ မကောင်းဦးမှာပဲ ။
အတွေးလေးချက်က ဆင့်ပွား ထွက်လာတာပါ ။
---------------------------------------------
လူဆိုတာ သူ့ကံနဲ့သူ ၊ ကိုယ့်ကံနဲ့ကိုယ်ပါ ။
ဥပမာ . . .ဌာန ၊ ရုံး ၊ ကုမ္ပဏီတစ်ခုမှာ ကိုယ့်ထက် သာနေတဲ့လူ ဆိုတာ ရှိနေတတ်ပါတယ် ။
တကယ်တော့ ကိုယ့်ထက် သာနေတဲ့ သူတပါးရဲ့ ကံကို အားကျရမှာပါ ။ မနာလိုရမှာ မဟုတ်ပါဘူး ။ မနာလိုတဲ့စိတ် ဖြစ်နေတာဟာ ကိုယ့်ရဲ့ အတွေးအခေါ် မှားနေတာပါ ။
ကိုယ့်ထက်သာတဲ့လူနဲ့တွေ့တဲ့အခါ နှလုံးသွင်း မှန်ဖို့ သိပ်အရေးကြီးပါတယ် ။ နှလုံးသွင်းမှားရင် နစ်သထက် နစ်သွားပါလိမ့်မယ် ။
နှလုံးသွင်းမှန်ဖို့ကတော့ သိပ်မခက်လှပါဘူး ။ အထက်က လင်္ကာလေးကို ပြန်အာရုံပြု လိုက်ရုံပါပဲ ။
----------------------------------------------
"သြော်. . . သူက ရှေးကကောင်းလို့ ခုကောင်းနေတာ ၊ ငါက ရှေးက မကောင်းလို့ ခု မကောင်းနေရတာ ။ သူ့လို ကောင်းအောင် ခုဘဝမှာတော့ ကောင်းအောင်ပဲနေမယ် ။ " လို့ နှလုံးသွင်းပြီး ကုသိုလ်ကောင်းမှုတွေ ဆင့်ကာ ဆင့်ကာ ပြုနေဖို့ပါပဲ ။
ကုသိုလ်ဆိုလို့ ကျောင်းကြီးတွေ ဆောက်လှူမှ ကုသိုလ်ရတာ မဟုတ်ပါဘူး ။
မနက်အိပ်ယာထတာနဲ့ ဂုဏ်တော်လေးပွား ၊ မေတ္တာလေးပွား ၊ ဝိပဿနာလေး ပွားနေလိုက် ရင်လည်း ပိုက်ဆံမကုန်ဘဲ ကုသိုလ် ဖြစ်နေတာပါ ။
နောက်ငါးပါးသီလကို နေ့စဉ်အထူး စောင့်ထိန်းပြီး ရှစ်ရက် , ဆယ့်ငါးရက် ဥပုသ်နေ့ တွေမှာလည်း ရှစ်ပါးသီလ , ကိုးပါးသီလတွေကို ဝတ်တစ်ခုလို စောင့်ထိန်းသွားမယ် ၊ ကိုယ့်ရဲ့ စိတ်ဓါတ်ကိုလည်း မြင့်မြတ်အောင် တည်ဆောက် သွားမယ်ဆိုရင် မကြာခင်အချိန်မှာ ကိုယ်မျှော်လင့်တဲ့ ကောင်းကျိုးတွေ ရလာမှာပါ ။
-------------------------------------------
နောက်တစ်ခု သတိရတာ ပြောရရင် စာထဲမှာ အဆင့်လေးဆင့် ပြထားတယ် ။
ပထမအဆင့်က ဗဟုသုတဖြစ်အောင် တရားနာပါ ။
ဒုတိယအဆင့်က ဖတ်ထားတဲ့ တရားထဲ စာထဲက ဆောင်သင့်ဆောင်ထိုက်တာကို ဆောင်ထားပါတဲ့ ။
တတိယအဆင့်က ဆောင်ထားတဲ့တရားထဲက ကြံစည်စဉ်းစားပါတဲ့ ။
စတုတ္ထအဆင့်က ကြံစည်စဉ်းစားရုံတင် ရပ်မထားဘဲ လက်တွေ့အသုံးချပါတဲ့ ။
လူဆိုတာ တစ်ဦးတစ်ယောက်ထဲ ရပ်တည်လို့ မရတာ ဆိုတော့ ပတ်ဝန်းကျင်ဆိုတာ သေသည်အထိ ရှိနေမှာပါပဲ ။ ပတ်ဝန်းကျင်ကို အမှီပြုပြီး ခံစားချက် မျိုးစုံ ဝင်လာမှာပါပဲ ။
ပတ်ဝန်းကျင်ကို မှီပြီး ခံစားချက် ဝင်လာရင် နှလုံးသွင်း မှန်ဖို့ သိပ်အရေးကြီးပါတယ် ။
ဘာပဲပြောပြော ကိုယ့်ထက်သာတဲ့ တစ်ယောက်နဲ့ ကြုံပြီး မနာလိုစိတ် ဝင်ခဲ့ရင်တော့ အောက်ပါလင်္ကာလေးကို တိုးတိုးလေးသာ ရွတ်ကြည့်လိုက်ပါတော့. . .။
ရှေးကကောင်းလို့ ခုကောင်းပါသည်
ခုကောင်းရင် နောင်ကောင်းပါလိမ့်မည်
ရှေးကမကောင်းလို့ ခုမကောင်းပါသည်
ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်
------------------------
ကျမ်းကိုး
သဗ္ဗမင်္ဂလဓမ္မဒေသနာ ( အရှင်ဝါသဝါဘိဝံသ)
ရဝေနွယ်-အင်းမ (အတွေးများနှင့် မိတ်ဖွဲ့ခြင်း )
( စာ-၂၃-၂၈ )
Credit - ဓမ္မ နှစ်သက်သူ

Sunday, January 15, 2017

အာဠာဝကဘီလူးက ဘုရားရှင်ကို မေးတဲ့ မေးခွန်း




" အကောင်းဆုံး ဥစ္စာ "
အာဠာဝကဘီလူးက ဘုရားရှင်ကို မေးတဲ့ မေးခွန်းပါ
လောကမှာ အကောင်းဆုံး ဥစ္စာဟာ ဘာလဲ တဲ့ ။
လောကမှာ အကောင်းဆုံး ဥစ္စာ ဘာလဲလို့ မေးရင်
လူတွေက ဘာပြောကြမလဲ ။
- စိန်က အကောင်းဆုံး
- ရွှေက အကောင်းဆုံး
- ပတ္တမြားက အကောင်းဆုံး လို့ ပြောကြမှာပဲ ။
အဖြေက အမျိုးမျိုး ထွက်မှာပဲ ။
မြတ်စွာဘုရားက ...
" သဒ္ဓါတရားဟာ အကောင်းဆုံး ဥစ္စာ " တဲ့ ။
ဒီအဖြေရဲ့ လေးနက်မှုက ဘယ်လောက်ထိ သွားလဲ ဆိုရင် ...
--------------------------------------
ဆိုပါစို့ ...
- စိန်ဟာ တန်ဖိုးရှိတယ် ။ ရွှေဟာလဲ တန်ဖိုးရှိတယ်။
ပတ္တမြားလဲ အင်မတန်မှ တန်ဖိုး ရှိတယ် ။ သို့သော် ...
တန်ဖိုးရှိတဲ့ ရတနာပစ္စည်းတွေဟာ ရန်သူမျိုး ငါးပါးနဲ့ ပျက်နိုင်လား ။ မပျက်နိုင်ဘူးလား ။ ပျက်နိုင်တယ် ။
နောက်ဆုံး ကိုယ်က ဘဝတစ်ခု ပြောင်းသွားရင် ကိုယ်ပိုင်တဲ့ စိန် မထားခဲ့ရဘူးလား ။ ထားခဲ့ရတယ် ။
ပိုက်ဆံရှိလာပြီဆိုရင် အန္တရာယ်ကို ဖိတ်ခေါ်နေတာပဲ ။
မကြောက်ရဘူးလား ။ ကြောက်ရတယ် ။ ဒါလက်တွေ့ပဲ ။
မရှိတောင့်တ ရှိကြောင့်ကြ တဲ့ ။
ပစ္စည်းဥစ္စာဟာ လူကို နှိပ်စက်ဖျက်ဆီးတတ်တယ် ဆိုတာ
မြတ်စွာဘုရား ကိုယ်တိုင် ဟောထားတယ် ။
ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး ဒီဘဝမှာ လုယက်တိုက်ခိုက်
သတ်ဖြတ်ခံရတဲ့သူတွေ ရှိတယ် ။ ဒီဘဝတင်မကဘူး ။
နောင်ဘဝမှာ ဗြိတ္တာဘဝ ရောက်သွားတဲ့လူတွေ ရှိတယ် ။
ပစ္စည်းဥစ္စာက လူကို ဒုက္ခပေးသွားတာ။
----------------------------------------------
လောကလူတွေကတော့ ထင်တယ်။
ရွှေငွေ ချမ်းသာလို့ရှိရင် ဒီပစ္စည်းဥစ္စာတွေဟာ ငါ့အတွက် ချမ်းသာသုခ ပေးလိမ့်မယ်လို့ ။ သို့သော် ချမ်းသာချည်း ပေးတာ မဟုတ်ဘူး။
ဆင်းရဲဒုက္ခကို ပေးတာက ပိုများတယ်နော် ။
စိန်လေးရှိလို့ ခေါင်းလေးယမ်းလိုက်ရင် ဝင်းကနဲ ဆိုတာလေးက
လူအထင်ကြီးတယ် ။ ဒီအရသာလေး တစ်ခုပဲ ခံလို့ရမယ်။
ကြောက်နေရတာက ပိုတယ်။ ဟုတ်ရဲ့လား ။
ဒါကြောင့် အမြတ်ဆုံးဥစ္စာလို့ ခေါ်နိုင်ပါ့မလား။ မခေါ်နိုင်ဘူး။
-------------------------------------------
ဒါဖြင့် သဒ္ဓါကို အကောင်းဆုံး ဥစ္စာလို့ ဘာဖြစ်လို့ ပြောလဲ။
လောကလူတွေဟာ ...
သဒ္ဓါတရား မရှိရင် ဒါနကောင်းမှု လုပ်ပါ့မလား ။ သီလရော ဆောက်တည်ပါ့မလား ။ ကမ္မဋ္ဌာန်းဘာဝနာရော အားထုတ်ပါ့မလား ။
သဒ္ဓါ လို့ ဆိုတဲ့ စိတ်ဝင်စားမှုလေး , ယုံကြည်မှုလေးပေါ် အခြေခံပြီး
- ဒါနကောင်းမှု လုပ်တယ် ။
ဒါနကောင်းမှု လုပ်တဲ့သူတွေ ဘဝသံသရာမှာ ချမ်းသာသုခ ရကြတယ်။
လောကမှာ သူဌေးကြီး ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ ကြည့်
- ကိုယ့်ဘဝ ကိုယ့်လက်ထက် ကိုယ်ကြိုးစားလို့ စည်းစိမ်ဥစ္စာ ရရှိလာတာ မဟုတ်ဘူး ။ ရှိတယ် ။ ဒါလဲ ကံပေးမှ ခိုင်မြဲတယ် ။
ဘဝမှာ အလွန်ချမ်းသာတဲ့ မိသားစုထဲ ရောက်ဖို့
ဘယ်သူက ပို့တာလဲ ။
- ကံ ကပို့တာ , သဒ္ဓါတရား ရှိခဲ့တဲ့အတွက်
သဒ္ဓါတရားက ပို့လိုက်တာ။
----------------------------------------
သဒ္ဓါဆိုတဲ့ ဥစ္စာ ပိုင်ဆိုင်ရင် ဇောတိက လို
သူဌေးကြီးမျိုးလဲ ဖြစ်တာပဲ။
သံသရာခရီးသွားတဲ့အခါမှာလဲ ...
သဒ္ဓါဆိုတဲ့ ပစ္စည်းဥစ္စာ ပါသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
- လူဖြစ်ရင်လဲ အထက်တန်း
- နတ်ဖြစ်ရင်လဲ အထက်တန်း
- ဘယ်နေရာပဲ ဖြစ်ဖြစ် အထက်တန်းကျကျ , စည်းစိမ်ဥစ္စာ
ပြည့်ပြည့်ဝဝ ဖြစ်ရတယ် ။
ဒါကြောင့် သဒ္ဓါ ဆိုတဲ့ ဥစ္စာ ရှိရင်
- စိန် ရှိဖို့လဲ မခဲယဉ်းဘူး။
- ရွှေ ရှိဖို့လဲ မခဲယဉ်းဘူး။
- တိုက် ရှိဖို့လဲ မခဲယဉ်းဘူး။
လောကမှာ ချမ်းသာမှန်သမျှ သဒ္ဓါတရား အရင်းခံတဲ့
ကံက အကျိုးပေးလို့ ရကြတာ။
ကံအကောင်း အကြောင်းမလှပြီဆိုရင် ဘာလုပ်လုပ်
ပျက်စီးတတ်တယ်။ ကံရှိတဲ့ ပုဂ္ဂိုလ်မှ အောင်မြင်တယ်။ ဖြစ်ထွန်းတယ်။ လောကမှာ ကြိုးစားကြပေမယ့် လူတိုင်း စီးပွား ဖြစ်ရဲ့လား။ မဖြစ်ဘူး။
မဖြစ်တာ ဘာကြောင့်လဲ ။ အခြေခံ ကွဲလွဲချက်တွေ ရှိနေလို့ပဲ။
အဲဒီ အခြေခံ ကွဲလွဲချက်ကို ရည်ညွှန်းပြီး မြတ်စွာဘုရားက ...
" သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ " -
သဒ္ဓါတရားဟာ အကောင်းဆုံးသော ဥစ္စာပါ . . .တဲ့ ။
အဲဒီတော့ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင် တို့
ဘဝအရေး စိတ်အေးရန်အတွက် သဒ္ဓါဆိုတဲ့ ပစ္စည်းကို စုရမယ်။

" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ"
( ဘဝအရေး စိတ်အေးရလေအောင် ၊ စာ- ၁၉-၂၇) မှ

" ဘာလုပ်ရင် ချမ်းသာမလဲ "
မြတ်စွာဘုရားကို အာဠာဝကကြီးက မေးခွန်းဆက်မေးတယ်။
-ကိံသု သုစိဏ္ဏော သုခမာဝဟတိ - ဘာလုပ်ရင် ချမ်းသာမလဲ တဲ့ ။
လောကလူတွေက ဘာလုပ်ရင် ချမ်းသာမလဲ လို့
မေးကြတဲ့အခါ ...
- အရောင်းအဝယ် လုပ်ပေါ့ , လက်ဖက်ရည်ဆိုင် ဖွင့်ပေါ့ကွာ ,
ဥယျာဉ် စိုက်ပေါ့ကွာ , တချို့က နှစ်လုံးထိုးဖို့ ပြောသေးတယ်။
အပေါ်ယံလေး ကြည့်ပြီး ပြောတာ။ ခုခေတ်အဖြေတွေက ဒီလို မဟုတ်ဘူးလား ။
မြတ်စွာဘုရားကတော့ ဘယ်လိုဖြေတုန်း...
- "ဓမ္မာ သုစိဏ္ဏော သုခမာဝဟတိ - ဓမ္မကို ကျင့်သုံးလို့ရှိရင်
ချမ်းသာမယ် " တဲ့ ။
- မြတ်စွာဘုရားရဲ့အဖြေနဲ့ လောကလူသားတွေရဲ့အတွေး
ကိုက်ရဲ့လား ။ မကိုက်ဘူး ။
-------------------------------------------
ဓမ္မကို ကျင့်သုံးတယ် ဆိုတော့ ဓမ္မဆိုတာ ဘာလဲ။
အားလုံး သိပြီးသား ဖြစ်လို့ အကျယ်မပြောဘူး ။
- ကုသလကမ္မပထတရား ( ၁၀ ) ပါးကို " ဓမ္မ " လို့ ခေါ်တယ် ။
- ကာယသုစရိုက် ( ၃ ) ပါး ၊
- ဝစီသုစရိုက် ( ၄ ) ပါး ၊
- မနောသုစရိုက် ( ၃ ) ပါး ၊ ပေါင်း ( ၁၀ ) ပါး ။
---------------------------------------
မနောသုစရိုက် ( ၃ ) ပါး
- သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့ လောဘ မရှိရဘူး။
- သူများ ဒုက္ခရောက်ရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးမျိုး မတွေးပဲ
ဒီလူ ကြီးပွားပါစေ , ဒုက္ခလွတ်ပါစေ ဆိုတဲ့ အတွေးမျိုး တွေးပါ တဲ့။
- ကံ , ကံရဲ့ အကျိုးကို ယုံကြည်လက်ခံ သိမြင်တဲ့ သမ္မာဒိဋ္ဌိ တဲ့ ။
အဲဒါ ဓမ္မ ပဲ ။ အဲဒီ ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ် တဲ့ ။
----------------------------------------
ဝစီသုစရိုက် ( ၄ ) ပါး . . . ဆိုတာ နှုတ်ရဲ့စည်းကမ်းချက်တွေ
ဖြစ်တယ်။
- လိမ်မပြောဘူး ။
- မှန်တာပဲ ပြောတယ်။
- ဂုံးမတိုက်ဘူး။ ညီညွတ်အောင် လုပ်တယ် ။
- ရိုင်းပျတဲ့ စကား မပြောဘူး , ချိုသာဟယဉ်ကျေးတဲ့ စကား ပြောတယ် ။ အကျိုးမရှိ , တန်ဖိုးမရှိတဲ့ စကား မပြောဘူး ။ အကျိုးရှိ တန်ဖိုးရှိ တဲ့ စကားကိုသာ ပြောတယ် ။
အဲဒါ ဝစီသုစရိုက် ( ၄ ) ပါး ၊ အဲဒါ ဓမ္မ ပဲ ။
ဓမ္မ နဲ့ အဓမ္မကို ကွဲဖို့ လိုတယ် ။ ဓမ္မကို ကျင့်သုံးပါ လို့ ပြောတယ်။
---------------------------------------
နောက် ကာယသုစရိုက် ( ၃ ) ပါး
- သူ့အသက်သတ်တာ
- သူများ ဥစ္စာ ခိုးတာ
- သူများ ဥစ္စာ မတရားနည်းနဲ့ ယူတာ
- ကာမကိစ္စတွေမှာ ဓမ္မ နဲ့ ဆန့်ကျင်ပြီး မှားယွင်း
ကျင့်သုံးတာတွေဟာ . . . အဓ္ဓမ ။
- အဲဒါတွေကို ရှောင်ကြဉ်တာက . . ဓမ္မ ကို ကျင့်သုံးတာ ။
ပေါင်းလိုက်တဲ့အခါ ...
- အဓမ္မ ဆိုတာက - အကုသလကမ္မပတ တရား
- ဓမ္မ ဆိုတာက - ကုသလကမ္မပတ တရား ။
လောကမှာ ဒါပဲ ကျင့်စရာ ရှိတယ် ။
ကိုယ်လျှောက်နေတာ ဓမ္မ လမ်းကြောင်းပေါ် လျှောက်နေသလား။
အဓမ္မ လမ်းကြောင်းပေါ် လျှောက်နေသလား ။
ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းကို ကြည့်လိုက်ရင် သိတယ် ။
- ကိုယ့်ဘဝအရေးမှာ ကိုယ်လျှောက်နေတဲ့လမ်းကို
ဆန်းစစ်ရမယ်နော်။

" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ"
( ဘဝအရေး စိတ်အေးရလေအောင်၊ စာ- ၃၁- ၃၈ ) မှ

"အကောင်းဆုံး အရသာ"
---------------------------------
အာဠာဝက မြတ်စွာဘုရားကို မေးခွန်းတစ်ခု ဆက်မေးတယ် ။
ဘာမေးလဲ ဆိုတော့ ...
" ကိံသု သာဓုတရံ ရသာနံ - အရသာတွေထဲမှာ အကောင်းဆုံး အရသာဟာ ဘာလဲ တဲ့ ။
လောကလူတွေကို ဒီအမေး မေးလို့ရှိရင် ဝက်သားကြိုက်တဲ့သူက ဝက်သားလို့ မပြောပေဘူးလား ။ ဗမာစကားပုံ အဆို တစ်ခု ရှိသေးတယ် ။ အသီးမှာ သရက် , အသားမှာ ဝက်တဲ့ ။ သရက်သီး ကြိုက်တဲ့ သူက သရက်သီးကို အရသာ အရှိဆုံး ထင်ကြတယ် ။
လောကလူတွေက ကိုယ်ကြိုက်တာ ကို အရသာ အရှိဆုံး လို့ ထင်ကြတာပဲ ။ အဲဒီ ကောင်းတယ် ဆိုတဲ့ အရသာတွေဟာ အကုန်လုံး အကန့်အသတ်နဲ့ချည်းပဲ ။
ဝက်သားကြိုက်သူကို နေ့တိုင်း ဝက်သားချက်ကျွေးရင် သူစားနိုင်မလား ။ မစားနိုင်တော့ဘူး ။
-------------------------------------------
မြတ်စွာဘုရားရဲ့ အဖြေက " သစ္စံ သာဓုတရံ ရသာနံ - လောကမှာ အကောင်းဆုံး အရသာဟာ သစ္စာ ပဲ "
- မှန်တာကို ပြောတဲ့ သစ္စာစကား ။
ဘာလို့ ကောင်းတဲ့ အရသာ လို့ ပြောတာတုန်း ၊
လောကလူတွေဟာ မှန်တဲ့စကားကို ပြောနေလို့ရှိရင် နွယ်မြက် တစ်ပင်တောင် ဆေးဘက်ဝင်တယ် မဟုတ်လား ။
ဝစီသစ္စာနဲ့ ပြောရင် အရာခပ်သိမ်း အောင်မြင်နိုင်တယ် ။
ဝစီသစ္စာလို ကောင်းတဲ့အရသာ က ဘယ်တော့မှ အီမသွားဘူး ။
ဝက်သားစားရင် အီသွားမယ် ။ အချိုအချဉ်တွေ စားရင် အီသွားမယ်။
ဒိပြင် အရသာတွေလဲ ဒီတိုင်းအကန့်အသတ်နဲ့ချည်းပဲ ။
မှန်တဲ့ စကားဟာ အကြိမ်တစ်ရာ ပြောလဲ အရသာ မပျက်ဘူး။
------------------------------------------
ရလာတဲ့အကျိုးဟာလဲ အင်မတန်ကြီးတယ် ။
လူသားကို မဆိုထားနဲ့ ၊ ဘုရားအလောင်းငုံး ဖြစ်စဉ်က
တောမီး လောင်တဲ့အခါ မှန်တာကို ပြောလိုက်တယ် -
သူ့မှာ အတောင်တော့ ပေါက်ပြီး မပျံနိုင်သေးဘူး တဲ့ ။
သူ့မှာ ခြေထောက်တွေတော့ ရှိတယ် မသွားနိုင်ဘူးတဲ့ ။
အမေအဖေတွေလည်း ထွက်ပြေးကုန်ကြပြီတဲ့ ။
သူ ပြောတဲ့ စကား ( ၃ ) ခွန်းလုံး မှန်တယ် ။ အဲဒီမှန်တဲ့ စကားကြောင့် တောမီးကြီး သူ့ကို ရှောင်သွားပါစေ . . .လို့ သစ္စာ ဆိုတာ
မီးက သူ့ဆီ လုံးဝ ရောက်မလာနိုင်ဘူး ။
မှန်တဲ့စကား အရသာ ရှိတယ် ။ မှန်တဲ့စကား က ဘေးအန္တရာယ်ကို လဲ ကာကွယ် နိုင်တယ် ။
------------------------------------------
သို့သော် လောကလူတွေဟာ မှန်တဲ့စကားကို အရသာ ခံပြီး ပြောနိုင်လား ဆိုတော့ မပြောနိုင်ဘူး ။ မပြောနိုင်လို့ မှန်တာကို ပြောရရင် လင်္ကာမချောဘူးတဲ့ ။ ဒါကြောင့်မို့ "မုသားမပါ လင်္ကာမချော " တဲ့ ။
မှန်တာ ပြောရရင် စကားက တယ်မချောတာလို့ ,.အဆင်မပြေလို့
လင်္ကာချောအောင် လိမ်တာလေးတော့ ထည့်ချင်သေးသပေါ့ ။
မြတ်စွာဘုရားက လောကမှာ အရသာတွေထဲမှာ အကောင်းဆုံး အရသာ ဆိုတာ ဝစီသစ္စာကို ပြောတာပါ ။
မှန်တာပြောတာ အရသာ အရှိဆုံးပဲ ။
ဒါဖြင့် တို့တတွေဟာ ဘဝအရေးမှာ အကောင်းဆုံးသော အရသာကို စားဖို့ လိုအပ်နေတယ် ။ ဘယ်လိုတုန်းဆို မှန်ကန်တဲ့စကားကို ပြောပြီး သစ္စာဆိုမယ် ဆိုရင် ကိုယ်လိုချင်တာတွေ လုပ်လို့ ရပါတယ်။
----------------------------------------
ဆိုပါစို့ ဘုရားရှိခိုးရမှာ ပျင်းတဲ့လူက သစ္စာ ဆိုလို့ ရတယ်။
- ကျွနုပ်သည် နေ့စဉ်နဲ့အမျှ ဘုရား ရှိခိုးရမှာ အလွန် ပျင်းပါသည် ။ ဘယ်တော့မှလဲ ရှိမခိုးပါဘူး ။
ဤမှန်သော သစ္စာစကားကြောင့် တစ်ခုခု လိုချင်တာကို ပြော။
စွမ်းအားသတ္တိတွေ ပြည့်လာတဲ့နေ့မှာ အောင်မြင်လာမှာပဲ ။
မဟုတ်တာ တစ်ခုခုလုပ်တာလဲ မဟုတ်တာလုပ်တာကို
သစ္စာဆိုလို့ ရပါတယ် ။ သစ္စာဆိုတာ မှန်တာကို ပြောတာ ။ဒါကြောင့်မို့ သစ္စာဆိုတဲ့ စကားတစ်ခုဟာ အင်မတန်မှ အရသာ ရှိတဲ့ အရာ တစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီမှာ ဖြေတယ် ။
" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ "
( ဘဝအရေး စိတ်အေးရလေအောင် ၊ စာ- ၃၈-၄၃ ) မှ
ကောက်နုတ်ပူဇော်ပါ၏
Credit - ဓမ္မ နှစ်သက်သူ
____________________________________________________
အာဠာဝကဘီလူး နှင့်
ဂေါတမမြတ်စွာဘုရား
အမေး အဖြေ
အာဠာဝက အမေး
မြတ်စွာဘုရားက အဖြေ
အမေး - လောကမှာ အကောင်းဆုံး
ဥစ္စာက ဘာလဲ။
အဖြေ - သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။
၁။ (သဒ္ဓိဓ ၀ိတ္တံ ပုရိသဿ သေဌံ)
အမေး - လောကမှာ ဘာလုပ်ရင်
ချမ်းသာမှာလဲ။
အဖြေ - ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။
၂။ (ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
အမေး - လောကမှာ အကောင်းဆုံး အရသာက ဘာလဲ။
အဖြေ - အကောင်းဆုံး အရသာဟာ သစ္စာ။
၃။ (သစ္စံ သာဓုတရံ ရသာနံ)
အမေး - လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ - အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။
၎။ (ပညာဇီဝိံဇီဝိတ မာဟု သေဌံ)
အမေး - အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ - သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။
၅။ (သဒ္ဓါယ တရဟိ သြဃံ)
အမေး - ကျယ်ပြောသော ဘ၀ကြီးကို
ဘာနဲ့ ဖြတ်ကူးရမှာလဲ။
အဖြေ - သတိနဲ့ ဖြတ်ကူးရမယ်။
၆။ (အပ္ပမာဒေန အဏ္ဏ၀ံ)
အမေး - ဆင်းရဲဒုက္ခကို ဘာနဲ့
ဖယ်ရှားမှာလဲ။
အဖြေ - ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်
ဖယ်ရှားနိုင်မယ်။
၇။ (၀ီရိယေန ဒုက္ခမစ္စေတိ)
အမေး - စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပညာ ဖြင့်သာ ဆေးကြောရမယ်။
၈။ (ပညာယ ပရိသုဇျွတိ)
အမေး - ပညာကို ဘယ်လိုရအောင် ယူရမှာလဲ။
အဖြေ - နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ်
မှတ်သားချင်တဲ့ဆန္ဒ
ရှိရင်ပညာရပါတယ်။
၉။ (သုဿုတသာ လဘတေ ပညံ)
အမေး - ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ - လုံလ၀ီရိယရှိပြီး
တက်တက်ကြွကြွ ကြိုးစား
အားထုတ်ရမယ်။
၁၀။ (ပတိရူပကာရီ ဓုရ၀ါ၊ ဥဌာတာ
ဝိန္ဒတေ ဓနံ)
အမေး - အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - သစ္စာရှိ ကတိတည် မှန်ကန်ရန်လိုတယ်။
၁၁။ (သစ္စေန ကိတ္တိံ ပပ္ပေါတိ)
အမေး - မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပေးကမ်းပါ။
၁၂။ (ဒဒံ မိတ္တနိ ဂန္ထတိ)
အမေး - ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘ၀အရေး စိတ်အေးရမှာလဲ။
အဖြေ - အမှန်တရား၊ အသိပညာ၊ လုံလ၀ီရိယ၊စွန့်ကြဲပေးကမ်းမှု၊
ရှိရမယ်။
၁၃။ (သစ္စံ ဓမ္မော ဓိတိ စာဂေါ)
ဓမ္မဒါန အဖြစ် မျှဝေပါသည် ...
____________________________________________________
အာဠာဝကဘီလူး၏မေးခွန်းများ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
■ ပထမပုစ္ဆာ အမေး ■
.
၁. လောကလူ့ရွာမှာ အမြတ်ဆုံးကဘာလဲ
၂. ကောင်းစွာလေ့ကျင့်အပ်သောတရားမှာဘယ်တရားက ချမ်းသာ ကို ဆောင်နိုင်သလဲ
၃. အရသာအပေါင်းတို့မှာ အကောင်းမြတ်ဆုံး အရသာကဘာလဲ
၎.အသက်မွေးမှုအပေါင်းတို့မှာ အမြတ်ဆုံးအသက်မွေးမှုကဘာလဲ
.
မြတ်စွာဘုရား အဖြေ
.
အိုအာဠာဝက
.
၁.အမြတ်ဆုံးဥစ္စာကား ရတနာသုံးပါး ကိုယုံကြည်သော သဒ္ဓါတရား ။
၂.ကောင်းစွာလေ့ကျင့်အပ်သောတရားအပေါင်းမှာ ကုသိုလ် ကမ္မပထတရား ဆယ်ပါးဟာချမ်းသာကိုဆောင်နိုင်တယ် ။
၃.အရသာအပေါင်းတို့မှာ နိဗ္ဗာန် ဆိုတဲ့ပရမ္မတသစ္စာနဲ့ ဝစီသစ္စာတို့ဟာ အကောင်းမြတ်ဆုံး။
၎.အသက်မွေးခြင်းတကာတို့မှာ ပညာဖြင့်အသက်မွေးခြင်း ဟာအမြတ်ဆုံးပါပဲ ။
.
■ ဒုတိယပုစ္စာများ ■
.
အိုမြတ်စွာဘုရား
၁.အဘယ်တရားဖြင့်သံသရာအယဉ် ဟူသောသြဃကို ကူးမြောက်နိင်သလဲ ။
၂.အဘယ်တရားဖြင့်သံသရာအယဉ် ဟူသောသမုဒ္ဒရာကို ကူးမြောက်နိင်သလဲ ။
၃.အဘယ်တရားဖြင့် ကာမဂုဏ်ဆင်းရဲကို လွန်မြောက်နိုင်သလဲ။
၎.အဘယ်တရားဖြင့်စိတ်၏စင်ကြယ်ခြင်းကို ဖြစ်စေနိုင်သလဲ
မြတ်စွာဘုရား အဖြေ
အိုအဋ္ဌာဝက
၁. သံသရာအယဉ် ဟူသောသြဃကို ယုံကြည်မှု့သဒ္ဒါတရားဖြင့် ကူးမြောက်နိုင်တယ်။
၂. သံသရာအယဉ် ဟူသော သမုဒ္ဒရာ ကိုမမေ့မလျှော့သော အပ္ပမာဒတရားဖြင့် ကူးမြောက်နိုင်တယ်။
၃.ကာမဂုဏ်ဆင်းရဲကို ဝီရိယဖြင့်လွန်မြောက်နိုင်တယ်။
၎.ပညာဖြင့်စိတ်၏စင်ကြယ်ခြင်းကို ဖြစ်စေနိုင်တယ်။
.
■ တတိယပုစ္စာများ ■
အိုမြတ်စွာဘုရား
၁.အဘယ်သို့သောသူသည်ပညာရသလဲ။
၂.အဘယ်သို့သောသူသည်ဥစ္စာကိုရသလဲ။
၃.အဘယ်တရားဖြင့်ကျော်စောခြင်းသို့ေ၇ာက်သလဲ။
၎.အဘယ်တရားဖြင့်အဆွေခင်ပွန်းကို ရသလဲ ။
၅.အဘယ်သူသည်သေသည်၏နောက် တမလွန်၌ မစိုးရိမ်ရသလဲ။
.
မြတ်စွာဘုရား အဖြေ
.
အိုအဋ္ဌာဝက
.
၁.မမေ့လျှော့သောပညာရှိသည် နိဗ္ဗာန် ရောက်ကြောင်းတရားကို နာကြားသည်ဖြစ် ၍ပညာကိုရ၏။
၂.လျှောက်ပတ်သောအမှုကို ပြုလုပ်ရန် ဝီရိယရှိသူသည် ဥစ္စာကိုရ၏
၃.မှန်သောစကားဖြင့်ကြော်စောခြင်းသို့ရောက်၏
၎.ပေးကမ်းခြင်းဖြင့်အဆွေခင်ပွန်းကိုရ၏
၅.မှန်ကန်မှု့သစ္စာ ၊ ပညာရကြောင်းဓမ္မ ၊အားထုတ်မှု ဓီတိ ၊စွန့်ကြဲမှု စာဂ ဤလေးပါးတရားတို့နှင့် ပြည့်ဆုံသောသူသည် နောင်တမလွန်ဘဝ၌ မစိုးရိမ်ရသူ ဖြစ်ပေ၏။
သာဓုသာဓုသာဓု
.
.
Thanks:
#DrMintinmon

စကားကြီး (၁၀)မျိုး








စကားကြီး (၁၀)မျိုး
¤¤¤¤¤¤¤¤¤¤¤¤

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်၊ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်၊ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင် ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။

၁။ ရေကူး ညာတင်

၂။ ကောက်ပင် ရိတ်လှီး

၃။ ရေစီး ဖောင်ဆန်

၎။ အိုးတန် ဆန်ခပ်

၅။ ဆီပွတ် ကျည်ပွေ့

၆။ ဆင်ဝှေ့ ရန်ရှောင်

၇။ တောင်သူ ယာခုတ်

၈။ ကြက်ဆုတ် ခွပ်ပြစ်

၉။ ရေစစ်သည့်အင်

၁၀။ ခက်တင် မောင်းနင်း အခြင်းဆယ်ပါး

ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။

၁။ ရေကူးညာတင် ပြောနည်း

မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့
မိမိအလိုရှိရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် ( ရေကူးညာတင် ပြောနည်း ) မည်၏။
အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက-ပြောသောစကားကို သာဓကထုတ်အပ်၏။

၂။ ကောက်ပင်ရိတ်လှီး ပြောနည်း

စပါးရိတ်လျှင် ကောက်ပင်ကို လက်တဆုပ်ဖြင့် ဆုပ်သိမ်းကာ တံဇဉ်ဖြင့်အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် (ကောက်ပင်ရိတ်လှီး ပြောနည်း ) မည်၏။
သူဌေးသား ၂-ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။

၃။ ရေစီးဖောင်ဆန် ပြောနည်း

ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာဆန္ဒရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့
စကားအရာတွင်လည်း ဥပမာ-ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် (ရေစီးဖေညင်ဆန် ပြောနည်း ) မည်၏။
ဟံသာဝတီဘုရင် ရာဇာဓိရာဇ်က ( အဆွေတော် ) ဟု ရေးသားသည်ကို ဒွါရ၀တီမင်းက မကျေနပ်၍ ဟံသာဝတီ သားတို့က ပြေလည်အောင် ဖြေရှင်းပုံကို သာဓက ထုတ်အပ်၏။

၎။ အိုးတန် ဆန်ခတ် ပြောနည်း

အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့
စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် ( အိုးတန် ဆန်ခတ် ပြောနည်း) မည်၏။
သားရွှေအိုးထမ်းလာသည်ကို မြင်လိုပါသည်-ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘ ၂-ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၅။ ဆီပွတ် ကျည်ပွေ့ ပြောနည်း

ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့
အလိုရှိသောစကားကို အထပ်ထပ် ပြောဆိုခြင်းသည် ( ဆီပွတ်ကျည်ပွေ့ ပြောနည်း ) မည်၏။
ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မကျည်းနှစ်လဲ ကောင်း၊ ကျွန်းလဲ ကောင်း။
ရှားနှစ်လဲ ကောင်း၊ ကျွန်းလဲ ကောင်း-ဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၆။ ဆင်ဝှေ့ ရန်ရှောင် ပြောနည်း

ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့
စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် ( ဆင်ဝှေ့ရန်ရှေင် ပြောနည်း ) မည်၏။
ရက်မအောက် မြေကြီးအထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်က အဖျက်ခိုင်းရာ အိမ်ရှေ့မင်း စိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏စကားကို သာဓက ထုတ်အပ်၏။

၇။ တောင်သူ ယာခုတ် ပြောနည်း

တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ် သစ်ပင်ငယ်တို့ကို ဦးစွာ ရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးငယ်များကို လှဲသကဲ့သို့
စကားအရာတွင်လည်း ဦးစွာ စကားငယ်ကိုပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် (တောင်သူ ယာခုတ် ပြောနည်း ) မည်၏။
အမတ်ကြီးလေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့်ပညာ ဘယ်ဟာက-မြတ်သည် ဟူသော အငြင်းပွားပုံကို သာဓက ထုတ်အပ်၏။

၈။ ကြက်ဆုတ် ခွပ်ပစ် ပြောနည်း

ကြက်တို့၏သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့
စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သ၍ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် ( ကြက်ဆုတ် ခွပ်ပစ် ပြောနည်း ) မည်၏။
က၀ိသေတ္တု မဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီးဦးပေါဦးတို့ အပြန်အလှန် ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၉။ ရေစစ်ပမာ စကားပြောနည်း

ဓမ္မကရိုဏ်းခေါ်သော ရေစစ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့
တဘက်လူ၏ စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် ( ရေစစ်ပမာ စကားပြောနည်း ) မည်၏။
သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကား ပြောကြားပုံကို သာဓက ထုတ်အပ်၏။

၁၀။ ခက်တင် မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်း မဆို၊ မဟုတ်ဟုလည်း မဆိုဘဲ မတင်တကျ ပြောဆိုခြင်းသည် ( ခက်တင် မောင်းနင်း ပြောနည်း ) မည်၏။
ဤသူ ငါ့တူ-မဟုတ်ဟု မည်သူပြောသနည်း-ဟု တောင်ဖီလာဆရာတော် ပြောကြားပုံကို သာဓက ထုတ်အပ်၏။

မှတ်ချက်။ စကားကြီး ၁၀-မျိုးအကြောင်း ပြဆိုသော ပုံသက်သေ သာဓက၀တ္ထုများကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)တွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။ ထိုကျမ်း၌ လေ့လာကြည့်ရှုကြပါကုန်။
.

( အောင်ပွဲရ ကဗျာ )

၁။ ရေကူးညာတင်၊ ပြောရိုးတွင်၊ ဉာဏ်ယှဉ်ပါက အောင်ပွဲရ။

၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။

၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နိုင်းဆ အောင်ပွဲရ။

၎။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။

၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။

၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။

၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။

၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။

၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။

၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။

.

Thanks:
#Dhamma ပီတိ
#ULL
Photo;
#UPhayThein

မာရ်နတ်

မာရ်နတ်
☆☆☆☆☆
သိပ်တန်ဖိုးရှိတဲ့ ပို့စ်လေးပါ မာန်နတ်ဆိုတာ အခုမှ စုံစုံလင်လင် သိခွင့်ရတာအကျိုးများ၏။
၁-မာရ်ငါးပါးဆိုတာ မာရ်နတ်ငါးယောက်ကိုပြောတာလား ??
၂-ဘုရားမရှိတော့ပေမယ့် သိကြားမင်းတို့နတ်ပြည်ကို
ဘာလို့သွားမသိမ်းလဲ ??
၃-ဘိက္ခုနီသာသနာကိုကျတော့ ဘာလို့ မနှောက်ယှက်ခဲ့တာလဲ ??
၎-ဘုရားကို ပရိနိဗ္ဗာန်စံခိုင်းတာ မာရ်နတ်အကြီးမဟုတ်ဘူးလို့ဆိုတယ်၊
မာရ်နတ်သေးသေးလေးတဲ့မာရ်နတ်ကြီးကသာစံခိုင်းရင်ချက်ချင်းစံရမှာဆိုတာဟုတ်လား ??
၅-မာရ်နတ် ခိုင်းလို့ ပရိနိဗ္ဗာန်ပြုတာလား၊ ဝက်သားစားလို့လား ??
၆-မာရ်နတ်အခုဘယ်မှာလဲ ??
၇-မာရ်နတ်ကို နှောင့်ယှက်လို့မရအောင် ဘုရားကဘာလို့ တန်ခိုးနဲ့ မတားလဲ ??
၈-ရှင်ဥပဂုတ်ကမာရ်နတ်ကို ဆုံးမတယ်ဆိုတာ ဟုတ်လား ??
မာရ်ရဲ့အကြောင်းလေး အရင်ရှင်းရအောင် မာရ်ဆိုတာ မာရဆိုတဲ့ ပါဠိကနေလာတာ မာရဆိုတာ သေခြင်း၊ သေစေခြင်းလို့ အဓိပ္ပါယ်ရတယ်။
မာရ်ဆိုတာ သေတတ်တဲ့သဘော သေအောင်သတ်တတ်တဲ့သဘောကိုပြောတာ။
☆☆မာရ် (၅)ပါးကို အကျဉ်းလေး ပြောပြမယ်။
***************************************
(၁) ကိလေသမာရ်
(၂) ခန္ဓမာရ်
(၃) မစ္စုမာရ်
(၄) အဘိသခါင်္မာရ်
(၅) ဒေဝပုတ္တမာရ်
☆ ကိလေသမာရ် ဆိုတာ တစ်ထောင့်ငါးရာကိလေသာတွေကိုပြောတာ လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ အစရှိတဲ့ ကိလေသာတွေဟာ စိတ်ကို ပူလောင်စေတတ်တယ်၊ ညစ်နွမ်းစေတတ်တယ်၊ ပင်ပန်းဆင်းရဲအောင် နှိပ်စက်တတ်တယ်။
ဒီကိလေသာတွေ ရှိနေသရွေ့ကတော့ သံသရာမှာ တလည်လည်နဲ့ အမြဲသေနေဦးမှာပဲ။
ဒီလိုသေစေတတ်လို့ ကိလေသာကို မာရ်လို့ခေါ်တယ်။
☆ ခန္ဓမာရ် ဆိုတာ ဒီခန္ဓာ ၅ပါးကို ပြောတာပဲ။ ခန္ဓာရှိသရွေ့ သေနေဦးမှာပဲ။
ဘယ်ခန္ဓာဖြစ်ဖြစ် သေနေဦးမှာပဲ။
သေတတ်လို့ ခန္ဓာ ၅ပါးကို မာရ်လို့ခေါ်တယ်။
☆ မစ္စုမာရ် ဆိုတာ သေခြင်းတရားပါပဲ။ မရဏကိုပြောတာပေါ့။
သေတတ်တဲ့ မစ္စုကို မာရ်လို့ခေါ်တယ်။
☆ အဘိသခါင်္မာရ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကိုပြောတာ။
ကုသိုလ်ကံကြောင့် ကောင်းတဲ့ဘဝရောက်မယ်။ အကုသိုလ်ကံကြောင့် မကောင်းတဲ့ဘဝ ရောက်မယ်။ ဘယ်ဘဝရောက်ရောက် သေမှာပဲ။
သေစေတတ်လို့ အဘိသခါင်္ကို မာရ်လို့ ခေါ်တယ်။
☆ ဒေဝပုတ္တ မာရ်ဆိုတာ မာရ်နတ်ကို ပြောတာ။
မာရ်နတ်ဟာ သတ္တဝါတွေ သံသရာဝဋ်က လွတ်မှာကြောက်တယ်။
၃၁ဘုံ ဘယ်ကိုသွားသွား သူသဘောကျတယ်။
လွတ်ထွက်သွားမှာကြောက်လို့ လွတ်ကြောင်းလုပ်ရင် နှောင့်ယှက်တယ်။
မာရ်နတ် အနှောင့်အယှက် ခံရရင် သံသရာလွတ်ကြောင်း မလုပ်ဖြစ်တော့ဘူး။
၃၁ဘုံမှာပဲ ပျော်မွေ့တော့တယ်။ ဘယ်ဘုံဖြစ်ဖြစ် သေမှာပဲ။
ဒီလိုသေစေတတ်လို့ ဒေဝပုတ္တမာရ်နတ်ဟာလည်း မာရ်ပါပဲ။
ဒီတော့ မာရ်ငါးပါးဆိုတာကမာရ်နတ် ငါးပါးကိုပြောတာမဟုတ်ပါဘူး။
မာရ်နတ်ကလည်း ငါးယောက်မက ရှိနေနိုင်ပါတယ်။
ဘုရားနဲ့သံဃာတွေကို နှောင့်ယှက်တဲ့ မာရ်နတ်ကတော့ သူတစ်ယောက်တည်းပါပဲ။
၁ ရဲ့အဖြေ ပြီးပါပြီ။
မာရ်နတ်ဟာ နတ်ပြည် ၆ထပ်မှာ အထက်ဆုံး နတ်ဘုံမှာနေတယ်။
နတ်ပြည် ၆ထပ်ရဲ့ စည်းစိမ်နဲ့ သက်တမ်းလေး နည်းနည်းပြောပြမယ်။
☆စတုမဟာရာဇ်နတ်ပြည်ဆိုတာ မြင်းမိုရ်တောင်ရဲ့ အလယ်မှာရှိတယ်။
ဓတရဋ္ဌ၊ ဝိရုဠှက၊ ဝိရူပက္ခ၊ ကုဝေရဆိုတဲ့ နတ်မင်းကြီး လေးပါးက အုပ်ချုပ်တယ်။
စတုမဟာရာဇ်နတ်တွေဆိုတာ အလွန်တန်ခိုးကြီးတယ်။
သက်တမ်းက နှစ်ပေါင်း ၅၀၀ ရှိတယ်။
လူသက်နဲ့ဆို အနှစ် ၉သန်းရှိတယ်။
☆တာဝတိံသာ သူ့ထက်ပိုပြီးမြင့်တယ်။ မြင်းမိုရ်တောင်ထိပ်မှာ ရှိတယ်။
သိကြားမင်း ဦးမဃနဲ့တကွ ၃၃ယောက်သောနတ်မင်းကြီးတို့ အုပ်စိုးတယ်။
အခေါင်နတ်မင်းကတော့ ဦးမဃပဲ။ (မာဃမဟုတ် မဃသာအမှန်)
တခြားနတ်မင်းတွေလည်းရှိတယ်။ နတ်သားတစ်ယောက်တောင်မှ နတ်သမီးအခြွေအရံ
၅၀၀ ခြံရံပြီး ကာမဂုဏ်ချမ်းသာကို ခံစားတယ်။
သက်တမ်းက နှစ်၁၀၀၀ လူလိုတွက်ရင် ၃ကုဋေ၆သန်းရှိတယ်။
☆ယာမာကနေစပြီး ဘုံဗိမာန်တွေဟာ ကောင်းကင်ယံမှာတည်တယ်။
ယာမာနတ်တွေကို ဆင်းရဲခြင်းကင်းသောနတ်တွေလို့ခေါ်တယ်။
နတ်ချမ်းသာကိုချည့် သီးသန့်ခံစားတဲ့နတ်တွေ။
သက်တမ်းက နှစ် ၂၀၀၀ လူလိုတွက်ရင် ၁၄ကုဋေ၄သန်းရှိတယ်။
နတ်ဘုံတိုင်းမှာ ကိုယ့် နတ်မင်းကြီးနဲ့ကိုယ်ရှိတယ်။
ယာမာ နတ်ပြည်အတွက်တော့ သုယာမနတ်မင်းက အခေါင်နတ်မင်းကြီးပဲ။
☆တုသိတာနတ်ပြည်ဆိုတာ အလွန်နှစ်သက်ရွှင်လန်းတယ်။
ဘုရားလောင်းနဲ့ မယ်တော်ဟောင်းတွေဒီဘုံမှာ လာဖြစ်ကြတယ်။
အခေါင်နတ်မင်းကြီးက သန္တုဿိတနတ်မင်းပဲ။
သက်တမ်းက နှစ် ၄၀၀၀ လူလိုဆို ၅၇ကုဋေ၆သန်းရှိတယ်။
☆နိမ္မာနရတိနတ်ပြည်ဆိုတာ ကိုယ့်စည်းစိမ်ကိုယ်စိတ်ကြိုက် ဖန်တီးလို့ရတယ်။
အောက်ကနတ်ပြည်တွေက ကိုယ့်ကုသိုလ်ကံအလိုက် ဘုံဗိမာန် အစရှိသဖြင့် ရတယ်။
ဒီနတ်ပြည်ကတော့ စိတ်ကြိုက် ဖန်တီးပြီး ခံစားလို့ရတယ်။
လိုတာထက်ပိုပြီးခံစားလို့ရတယ်။
သက်တမ်းက နှစ် ၈၀၀၀ လူလိုဆို ၂၃၀ကုဋေ၄သန်းရှိတယ်။
ကျောင်းတကာမကြီး ဝိသာခါ သေတော့ ဒီဘုံကို ရောက်တယ်။
☆ပရနိမ္မိတဝဿဝတီနတ်ပြည်က နတ်ပြည် ၆ထပ်မှာ အမြင့်ဆုံးပဲ။
စည်းစိမ်ကလည်း ကိုယ်တိုင်တောင်ဖန်ဆင်းစရာမလိုဘူး။
ကျွန်အစေအပါးနတ်တွေက ဖန်ဆင်းပေးတယ်။
သူတို့က လိုတာထက်ပိုပြီး ခံစားချင်ရင်တောင် သူများဖန်ဆင်းပေးရတယ်။
သက်တမ်းက နှစ်ပေါင်း ၁၆၀၀၀ လူလို ၉၂၁သန်းအထိ ရှည်ကြာတယ်။
မာရ်နတ်က ဒီဘုံမှာနေတယ်။ အခေါင်နတ်မင်းကြီးတော့ မဟုတ်ဘူး။
မာရ်နတ်သားပဲ။ အခေါင်နတ်မင်းကြီးက ဝဿဝတီနတ်မင်းကြီး သပ်သပ်ရှိတယ်။
မာရ်နတ်ကို စင်ပြိုင်လို့တော့ သတ်မှတ်လို့ရတယ်။ သူ့တပည့်တွေက များတာကိုး။
ဗိုလ်ဆိုလည်း သူပုန်ဗိုလ်ပဲဆိုပါတော့။
မာရ်နတ်က ပုံထဲကလို ရုပ်ဆိုးဆိုးမဟုတ်ပါဘူး။
ကာမာဝစရနတ်ပြည် ၆ထပ်မှာ အချောအလှဆုံးနတ်တွေထဲက တစ်ပါးပါ။
အားကြီးတဲ့ ကုသိုလ်ကံတွေ ပြုခဲ့ဖူးသူပါ။
ဒီလောက်ဆို မာရ်နတ်က သိကြားမင်းကို ဘာလို့ သွားပြီး မတိုက်ခိုက် မသိမ်းပိုက်သလဲ
သိလောက်ပြီပေါ့နော်။
သူ့နေရာလောက်မှ စည်းစိမ်ချမ်းသာမရှိ။ သက်တမ်းမရှည်တဲ့နေရာကို သူကဘာလုပ်ဖို့လာသိမ်းမလဲ။ မာရ်နတ်က ဒီလောက်မအဘူးလေ။
၂ ရဲ့အဖြေပြီးပါပြီမာရ်နတ်ဆိုတာ သံသရာလွတ်ကြောင်းကလွဲရင် ဘာလုပ်လုပ် အမြဲအကောင်းမြင်တယ်။
သံသရာလွတ်ကြောင်း လုပ်လို့ကတော့ နည်းမျိုးစုံနဲ့တားတယ်။
သိဒ္ဓတ္ထမင်းသား တောထွက်ချိန်မှာလည်း တားခဲ့တယ်။
ဘုရားဖြစ်ကာနီးချိန်မှာလည်း လေကြီးမိုးကြီး ပြာပူမီးနဲ့ မှောင်ကြီးတစ်တန်
ဓားလှံမကြွင်း ပစ်ခတ်ခွင်းပြီး နှောင့်ယှက်တယ်။
ဘေးနားမှာရှိနေတဲ့ ဘုရားဖြစ်တာနဲ့ ကြိုဆိုမယ့်သူတွေ
ထွက်ပြေးကြတယ်။
သိကြားမင်းက ခရုသင်း၊ ဗြဟ္မာမင်းက ထီးဖြူ၊ ပဉ္စသိင်္ခနတ်မင်းက ဗေလုဝစောင်း။
ကိုယ့်ပစ္စည်း ဘယ်နားကျန်မှန်းတောင်မသိအောင် ထွက်ပြေးကြတယ်။
(တကယ်တော့ ဗေလုဝစောင်းက မာရ်နတ်ရဲ့အပိုင် ဘုရားလောင်း ၆နှစ်လုံးလုံး
အပြစ်လုပ်ရင်ထောက်ပြပြီး ပျော်ပျော်ပါးပါးတီးဖို့ ဂျိုင်းကြားညှပ်လာတာ။
၆နှစ်လုံး အပြစ်တစ်ချက်မှ မရှိတဲ့ ဘုရားလောင်းကို စိတ်ပျက်လက်ပျက်
စောင့်ကြည့်ရင်းက ထွက်ကျနေခဲ့တာ။ ဒါကိုသိကြားမင်းက ကောက်ပြီး ပဉ္စသိင်္ခနတ်မင်းကို
ပေးလိုက်တာ ###
^^^ဒီနေရာမှာက ကျမ်းညှိစရာတွေများတာရယ် ပို့စ်နဲ့လည်းသိပ်မဆိုင်လို့ဒီလောက်ပါပဲ)
သမီးတော် သုံးယောက်ရဲ့ အလှအပ၊ အတွေ့အထိ၊ အမွှေးနံ့သာ၊ အရက်သေစာ
မျိုးစုံနဲ့ နှောင့်ယှက်တယ်။
မရဘူး။
အရုဏ်တက်ချိန်မှာပဲ အရဟတ္တဖိုလ်အထွတ်တပ်တဲ့ အာသဝေါတရားတို့ အမြစ်မကျန်
ဖယ်ရှားပြီး သဗ္ဗညုတဉာဏ်ကို ရသွားတယ်။
ဒီတော့ သတ္တသတ္တာဟ ၄၉ရက်ရဲ့ အလွန် အဋ္ဌမသတ္တာဟ အဇပါလညောင်ပင်ကို
ဘုရားနောက်တဖန် ပြန်ရောက်ချိန်မှာ မာရ်နတ်က အချိုသပ်နဲ့ လာတောင်းပန်တယ်။
အရှင်ဘုရားအနေနဲ့ အရဟတ္တဖိုလ်လည်း တိုင်ပါပြီဘုရား။
အရှင်ဘုရား ပရိနိဗ္ဗာန်ပြုပါတော့လို့ လာတောင်းပန်တယ်။
ဘုရားက ပြန်ပြောတယ်။
ငါဘုရားမှာ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ ပရိသတ်
လေးပါးတို့က တရားတွေကို
- ပိုင်ပိုင်နိုင်နိုင်မဆောင်ရွက်နိုင်ကြသေးဘူးဆိုလျှင်
- သူတပါးကို မဟောပြောနိုင်သေးဘူးဆိုလျှင်
- ဆန့်ကျင်ဘက်လာပြောလို့မှ မနှိမ်နင်းနိုင်သေးဘူးဆိုလျှင်
ဂုဏ်အရည်အချင်းမပြည့်သေးသရွေ့
ပရိနိဗ္ဗာန်မပြုသေးဘူးလို့ ငြင်းခဲ့တယ်။
မာရ်နတ်စိတ်ပျက်ပျက်နဲ့ ပြန်သွားတယ်။
ကြားကာလတွေမှာ ကြုံရင်ကြုံသလို နှောင့်ယှက်တယ်။
ဘုရားက မာရ်နတ်အပေါ်မှာရော ကျန်သတ္တဝါတွေအပေါ်မှာရော မေတ္တာထားတယ်။
အနှောင့်အယှက်တွေကို ဂရုမစိုက်ပဲ ဆက်လက် တရားပြတယ်။
သတ္တဝါတွေအပေါ်မှာ ကရုဏာထားပြီး တရားပြတယ်။
မာရ်နတ်နှောင့်ယှက်သမျှကို ဥပေက္ခာနဲ့ ခွင့်လွှတ်ပေးခဲ့တယ်။
(မာရ်နတ် မနှောင့်ယှက်နိုင်အောင် ချုပ်ထားတာပဲ ဖြစ်ဖြစ်
မလုပ်ရခြင်းအကြောင်း နောက်မှ ထင်ရှားပါလိမ့်မယ်)
ဘိက္ခုနီသာသနာအတွက် မိထွေးတော်ဂေါတမီတို့ ကြိုးစားနေချိန်မှာ
မာရ်နတ်မနှောင့်ယှက်ရတဲ့အကြောင်းကတော့ ဘိက္ခုနီသာသနာပေါ်မှ
ပရိသတ် ၄ပါးစုံမယ်။ ဒီပရိသတ်လေးပါးစုံပြီးမှ ဘုရားပရိနိဗ္ဗာန်ပြုမှာမို့
မနှောက်ယှက်ခဲ့တာပါ။
၃ ရဲ့ အဖြေပြီးပါပြီ
ပရိနိဗ္ဗာန်မပြုခင် ၃လ အလိုမှာ တစ်ခါလာတောင်းပန်တယ်။
အရှင်ဘုရား အဋ္ဌမသတ္တာဟမှာပြောခဲ့တဲ့
ငါဘုရားမှာ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ ပရိသတ် လေးပါးတို့က
တရားတွေကို
- ပိုင်ပိုင်နိုင်နိုင်မဆောင်ရွက်နိုင်ကြသေးဘူးဆိုလျှင်
- သူတပါးကို မဟောပြောနိုင်သေးဘူးဆိုလျှင်
- ဆန့်ကျင်ဘက်လာပြောလို့မှ မနှိမ်နင်းနိုင်သေးဘူးဆိုလျှင်
ဂုဏ်အရည်အချင်းမပြည့်သေးသရွေ့
ပရိနိဗ္ဗာန်မပြုသေးဘူးဆိုတဲ့စကား မှတ်မိပါသလားဘုရား။
ယခုအခါတွင် အရှင်ဘုရား၌
ပရိသတ်လေးပါးမှာ ဘိက္ခုပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ
ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။ ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား။
ဘိက္ခုနီပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ
ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။ ပရိနိဗ္ဗာန်
စံတော်မူပါတော့ဘုရား။ဥပါသကာပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ
ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။
ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား။
ဥပါသိကာပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း
ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို
ဟောပြနိုင်ပါပြီပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။
ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား။´´´
ဒီလိုမျိုး ပြည်စုံပုံပြပြီး ပရိနိဗ္ဗာန်စံဖို့ လျှောက်တယ်။
ဒီတော့ ဘုရားပရိနိဗ္ဗာန်စံဖို့ လာလျှောက်တာ ဒီမာရ်နတ်ပါပဲ။
ဘုရားပရိနိဗ္ဗာန်စံမယ့်ကိစ္စက ဘုရားရဲ့ကိစ္စသာဖြစ်ပါတယ်။
ဘယ်သူစံခိုင်းလို့မှလည်း မဟုတ်ပါဘူး။
ဒီအချိန်မှာ ဘုရားရဲ့သက်တော်ဟာ ၈၀အတွင်းကို
ချဉ်းနင်းဝင်ရောက်နေပြီ။၈၀ ပြည့်ဖို့ ၃လပဲ လိုတော့တယ်။ ဘုရားရှင်တိုင်းဟာ သက်တမ်းရဲ့ ၅ပုံ ၄ပုံမှာပဲ ပရိနိဗ္ဗာန်စံလေ့ရှိတယ်။
ဘုရားရှင်ရဲ့ ပစ္ဆိမသာဝကဖြစ်တဲ့ သုဘဒ္ဒပရဗိုဇ်ကလည်းနောက်သုံးလနေမှ ဉာဏ်ရင့်မယ်။တရားဟောလို့ရမယ်။လွန်ခဲ့တဲ့ ၇လတုန်းက
သေလောက်တဲ့ သွေးဝမ်းသွန်ရောဂါကို အာယုပါလကဖလသမာပတ်နဲ့
၁၀ လတာထိန်းတာကလည်း နောက်သုံးလဆို ပြည့်ပြီ။
ပရိနိဗ္ဗာန်စံယူလောက်အောင် ပြင်းထန်တဲ့ သွေးဝမ်းသွန်ရောဂါဟာလည်း ပြန်ပေါ်တော့မယ်။
ပြန်ပေါ်လာတဲ့ ရောဂါကို အာယုပါလကဖလသမာပတ်နဲ့ ပြန်ထိန်းချင်လည်းရတယ်။မထိန်းတော့ပဲ အနုပါဒိသေသ ပရိနိဗ္ဗာန်ဝင်စံလိုက်လည်းရတယ်။
အရင်က ဖလသမာပတ်သုံးပြီး ရောဂါကိုထိန်းတာဟာ ပစ္ဆိမသာဝကကို
တရားဟောဖို့ မမီမှာစိုးလို့။ အခုကပစ္ဆိမသာဝကကိုတရားဟောမီတဲ့အတွက် မထိန်းတော့ဘူး ပရိနိဗ္ဗာန်စံတော့မယ်။ဒီတော့ ဘုရားပရိနိဗ္ဗာန်စံတာ မာရ်နတ်ကြောင့်လည်း မဟုတ်ဘူး သူကရမဒ္ဒဝကြောင့်လည်းမဟုတ်ပါဘူး။
(သူကရမဒ္ဒဝကို ဝက်သားမဟုတ်ကြောင်း ကျမ်းများစွာတို့မှာ
ရှင်းလင်းထားတာတွေ့ရပါတယ်။ ပို့စ်နဲ့မဆိုင်လို့ မရေးတော့ပါဘူး)
မာရ်နတ်ကလည်း လာလာနှောင့်ယှက်နေတာ ဒီတစ်ယောက်တည်းပါ။
ပရိနိဗ္ဗာန်မစံခင် ၁၀လ အလို (အာယုသခါင်္ရမလွှတ်ခင် ၇လ အလို) ကတည်းကပရိနိဗ္ဗာန်စံစရာ ရောဂါဝေဒနာ သွေးဝမ်းသွန်မှု ဖြစ်နေပြီးဖြစ်ပါတယ်။အချိန်တန်ပြီမို့ ပရိနိဗ္ဗာန်စံကြောင်း သိလောက်ပါပြီ။
၎နဲ့ ၅ ရဲ့ အဖြေ ပြီးပါပြီ
[[သူကရမဒ္ဒဝဟာ သွေးဝမ်းသွန်စေခဲ့တာမဟုတ်ပဲ
သွေးဝမ်းသွန်လို့ လျော့သွားတဲ့အာဟာရ၊
ဆုတ်ယုတ်သွားတဲ့ခွန်အားတွေကို ပြန်လည်ဖြည့်တင်းပေးခဲ့တာပါ။
အကယ်၍သာ သူကရမဒ္ဒဝကို ကြိုတင်မှီဝဲထားခြင်းမရှိရင်
သွေးဝမ်းသွန်ပြီးချက်ချင်းတောင်ပရိနိဗ္ဗာန်စံသွားနိုင်ပါတယ်။
ခုတော့ သူကရမဒ္ဒဝရဲ့အာဟာရက
ကုသိနာရုံအထိခြေကျင်ကြွသသွားနိုင်ပါသေးတယ်။
သူကရမဒ္ဒဝကို သုံးဆောင်မိလို့ အာဟာရရှိပြီး နေနိုင်တာကို သူကရမဒ္ဒဝကြောင့်သွေးဝမ်းသွန်တယ်ထင်ရင်တော့ မှားပါလိမ့်မယ်။
ဒီသူကရမဒ္ဒဝဟာ ဘုရားမဖြစ်ခင် အာဟာရဖြည့်တင်းတဲ့ သုဇာတာရဲ့ဃနာနို့ဆွမ်းလိုပဲအကျိုးကျေးဇူးကြီးမားကြောင်းပြောခဲ့ပါတယ်။ ]]
ဒီတော့ အကြောင်းစုံညီနေပြီဖြစ်တဲ့နောက် ၃လကို ဘုရားပရိနိဗ္ဗာန်စံတော့မှာဖြစ်လို့မာရ်နတ်က ပရိနိဗ္ဗာန်ပြုဖို့ လာလျှောက်ချိန်မှာ ဘုရားက -မာရ်နတ်ရေ ငါဘုရားပရိနိဗ္ဗာန်ပြုမယ့်
ကိစ္စမှာ မင်းကြောင့်ကြစိုက်မနေနဲ့တော့
နောက် ၃လနေရင် ငါဘုရား ပရိနိဗ္ဗာန်ပြုတော့မယ်။
ဒီလိုပြောပြီး အာယုသခါင်္ရကိုလွှတ်လိုက်ပါတော့တယ်။
ဒီလို အာယုသခါင်္ရကို လွှတ်လိုက်တဲ့အခါမှာ ကြောက်စရာကောင်းကြက်သီးမွေးညှင်း
ထလောက်အောင် မြေငလျင်အကြီးအကျယ်လှုပ်တယ်။
မိုးတွေချုန်း လျှပ်စီးတွေ လက်တယ်။
မြတ်စွာဘုရားကိုယ်တော်တိုင်တော့ ပရိနိဗ္ဗာန်ပြုဖို့ နီးကပ်ပြီမို့
နှစ်သက် ဝမ်းမြောက်တဲ့ ပီတိနဲ့ ဥဒါန်းကျူးတော်မူပါသေးတယ်။
ဥဒါန်း --
လောကသုံးဘုံ အလုံးစုံကို အကုန်သိမြင် ဘုရားရှင်သည် အကျိုးတရား အစားစား၏ ဖြစ်ပွားရာလည်းဖြစ်ထသော အသစ်တဖန် ဘဝကိုစီမံတတ်သည်လည်း ဖြစ်ထသော ချိန်ခွင်ပမာဉာဏ်ပညာဖြင့် ကောင်းစွာပိုင်ပိုင် မချိန်နိုင်သော မဟဂ္ဂုတ်ကံကိုလည်းကောင်း မဂ်အရဟတ္တ ရတုံးကပင် လုံးဝမငဲ့ စွန့်လွှတ်တော်မူခဲ့ပြီ၊ သူရဲကောင်းကြီးသည် စစ်ဝတ်တန်ဆာကို ဖျက်ဆီးလိုက်သကဲ့သို့ ထို့အတူ မိမိသန္တာန်၌မွေ့လျော်တော်မူသော ဗုဒ္ဓမြတ်စွာသည် မိမိသန္တာန်၌ အဖန်ဖန်ဖြစ်သောကိလေသာကို ဖျက်ဆီးတော်မူပြီ။
#လင်္ကာ ။ ။ မုနိ ထွဋ်တင် ဘုရားရှင်သည် များဖြင်အချိုး အမျိုးမျိုးဟု ကောင်းဆိုးနှစ်ပြင် ပေးစွမ်းအင်ကို ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် ကောင်းစွာလှလှ ချိန်၍ရသည့် တုလမည်ငြား ကာမာဝစရကံ တရားကိုလည်းကောင်း ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် ကောင်စွာပိုင်ပိုင် မချိန်နိုင်မှု အကြောင်းပြု၍ အတုလမည်ငြား မဟဂ္ဂုတ်ကံတရားကိုလည်းကောင်း ။မဂ် အရဟတ္တ ရတုန်းကပင်
လုံးဝမငဲ့ စွန့်လွှတ်ခဲ့၍ တကယ့်စစ်ပွဲ နိုင်အောင်နွှဲသည့် သူရဲခေါင်အုပ် စစ်ဗိုလ်ချုပ်သည် ဖွဲ့တုပ် စစ်ဝတ် အားလုံးချွတ်သို့ ဝဋ်ကိလေသာ အဖြာဖြာကို ကောင်းစွာ ဖျက်ဆီး အားလုံးပြီးသည် .....
အေးကြီး အေးရပြီ တကား။
မြတ်စွာဘုရား ဥဒါန်းကျူးသလိုပဲ မာရ်နတ်ကလည်း ပျော်ပြီး
ထွက်သွားတယ်။ဒီ ၃လအတွင်းမှာ အရှင်သာရိပုတ္တရာနဲ့
အရှင်မောဂ္ဂလာန် အဂ္ဂသာဝကကြီး ၂ပါးရှေ့ဆင့်နောက်ဆင့် ပရိနိဗ္ဗာန်ပြုကြပါတယ်ည အရှင်မောဂ္ဂလာန်
ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်မပြုခင် အခါတပါးက
တစ်ကိုယ်တည်း နေနေတုန်း မာရ်နတ်က ဝမ်းထဲကို ဝင်ရောက်နှောင့်ယှက်တယ်။
မထေရ်မြတ်ဝမ်းက မသာမယာဖြစ်လာလို့ အစာအာဟာရကြောင့်လားဆိုပြီး
လမ်းထလျှောက်တယ်။ တန်ခိုးတော်နဲ့လည်း ကြည့်တယ်။
ဒီတော့မှ မာရ်နတ်ဝင်နေတာသိပြီး မာရ်နတ်ကို ထွက်ခိုင်းတယ်။
မာရ်နတ်က ငါ့ကိုမြင်သွားပြီဆိုပြီး ဝမ်းထဲက ထွက်လာရတယ်။
တန်ခိုးပြင်းထန် အရှင်မောဂ္ဂလာန်ရဲ့စကားကို အာခံဖို့လည်း မဖြစ်နိုင်ဘူး။
အပြင်ထွက်ပြီးခပ်လှမ်းလှမ်းမှာ ကိုယ်ဖျောက်ရပ်နေတယ်။
အရှင်မောဂ္ဂလာန်က မင်းကို ငါမြင်ရသေးတယ်လို့ပြောပြီး
ဒီမယ်မာရ်နတ် ငါလည်း အရင်ကမာရ်နတ်ဖြစ်ခဲ့ဖူးတယ်။
ဒီတော့မာရ်နတ် စိတ်ဝင်စားသွားတယ်။
ငါ့ရဲ့နာမည်က အဲ့ဒီတုံးက ဒုဿီလို့ခေါ်တယ်။
အဲ့တုန်းက ငါ့နှမဟာ အခု မင်းအမေပဲ။
ဒီတော့မင်းနဲ့ငါဟာ တူအရီးတော်တယ်။
ဒီလိုပြောလိုက်တော့ မာရ်နတ် သူ့ဦးလေးမှန်းလည်းသိသွားရော
နှလုံးသားက နူးညံ့ပျော့ပြောင်းသွားတယ်။
ဒီအချိန်မှာမှ မထေရ်မြတ်က ငါမာရ်နတ်ဖြစ်ခဲ့တုန်းကလည်း
ဘုရားနဲ့ သံဃာတွေကိုစော်ကားခဲ့လို့ စုတိပြတ်ကြွေသေလွန်တဲ့အခါ
အဝိစိငရဲကို ကျဆင်းခံခဲ့ရတယ်။ မင်းလည်း ဘုရားနဲ့ သံဃာတွေကို
ဆက်ပြီးပြစ်မှားနှောင့်ယှက်နေဦးမယ်ဆိုရင် ငါ့တုန်းကလိုပဲ
အပယ်ကျလိမ့်မယ်လို့ ရှင်းပြလိုက်တယ်။
မာရ်နတ် အသိတရားဝင်သွားတယ်။
သူဒီအတိုင်းဆက်သွားရင် ငရဲကျမှာလည်းကြောက်လာတယ်။
သူမှားခဲ့သမျှကိုလည်း နောင်တရလာတယ်။
သတ္တဝါတွေ သံသရာဝဋ်က မလွတ်အောင်သူကြိုးစားခဲ့တာတွေကို
နောင်တရပြီး အရှင်မောဂ္ဂလာန်ရဲ့တရားတိုတိုလေးနဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်
ရလောက်ပါရဲ့နဲ့ သာဝကဗောဓိဉာဏ်မယူတော့ပဲ။
သတ္တဝါတွေကိုပါ သံသရာဝဋ်က ခေါ်ထုတ်နိုင်တဲ့ သမ္မာသမ္ဗောဓိဆုကို ပန်ခဲ့တယ်။
ပြီးတော့သူနေတဲ့ ပရနိမ္မိတဝဿဝတီနတ်ပြည်ကို ပြန်သွားခဲ့ပါတယ်။
ပါရမီပေါင်းများစွာဖြည့်ကျင့်ပြီး လောကသတ္တဝါတွေကို ဘုရားတစ်ဆူအနေနဲ့
ချေချွတ်ပါလိမ့်ဦးမယ်။
လက်ရှိတော့ ဝဿဝတီနတ်ပြည်မှာပါ။
၆ ရဲ့ အဖြေပြီးပါပြီ။
ဘုရားကမာရ်နတ်ကို မနှောင့်ယှက်အောင်ချုပ်ထားတာပဲဖြစ်ဖြစ်
ဘာလို့တစ်ခုခု မလုပ်သလဲကို သိလောက်ပါပြီ။
သူ့ဦးလေးဟောင်းက ဆုံးမမှ ရမှာကြောင့်ကတစ်ကြောင်း
တန်ခိုးနဲ့ဆုံးမရင် မာစ်နတ်က မနိုင်မှန်းသိလည်း သူချကိုယ်ချကွာဆိုပြီး
ပြန်ချနေရင် အကျိုးယုတ်မှာ စိုးတာကြောင့်ကတစ်ကြောင်း
ဘုရားဆုပန်မယ့် ဆန္ဒဖြစ်ဦးမယ့် ဥပနိဿယကို မြင်တာက တစ်ကြောင့်
စတာတွေကြောင့် အစောပိုင်း နှောင့်ယှက်သမျှကို မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာတွေနဲ့
သည်းခံခဲ့တာပါ။
၇ ရဲ့ အဖြေ ပြီးပါပြီ။
မာရ်နတ်ကိုအရှင်မောဂ္ဂလာန်ဆုံးမနိုင်ခဲ့တဲ့အတွက် အရှင်ဥပဂုတ်ဆုံးမတယ်ဆိုတာလုံးဝ မဖြစ်နိုင်တော့ပါဘူး။ နောက်တစ်ချက်က အရှင်ဥပဂုတ်ဆိုတာ
မဟာယာန အနွယ်ဝင် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ပါ။
၈ ရဲ့ အဖြေ ပြီးပါပြီတစ်ခါက စွန်းလွန်းဆရာတော်ကြီးကို ပရိနိဗ္ဗာန်ပြုဖို့ နတ်တစ်ပါးက လာလျှောက်ဖူးတယ်။
အရှင်ဘုရား အာယုသခါင်္ရလွှတ်ပါတော့ ဘုရားတဲ့
ဆရာတော်ကြီးက မလွှတ်ဘူးကွာဆိုပြီးငေါက်ထုတ်လိုက်တော့
သတ္တဝါတွေတော့ အကျွတ်တရားရကြလိမ့်ဦးမယ်ကွာဆိုပြီး
စိတ်ပျက်လက်ပျက် ပြန်သွားတယ်တဲ့။
ဆရာတော်ကြီးဘေးနားက တပည့်တွေက အဲ့ဒါမာရ်နတ်ဖြစ်လိမ့်မယ်လို့ပြောတော့
ဆရာတော်ကြီးက အဘိညာဉ်နဲ့ လိုက်ကြည့်ပြီးပြန်ပြောတယ်။
မာရ်နတ်မဟုတ်ဘူးကွ။ အောက်ကနတ်သေးနတ်မွှားလေးပါပဲ
မာရ်နတ်ကြီးက လိမ္မာနေပါပြီကွာ တဲ့
ကိုးကားသောကျမ်းစာအုပ်များ>>>>>
(၁) မဟာဂန္ဓာရုံဆရာတော်ရဲ့ နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ
(၂) မင်းကွန်းဆရာတော်ကြီးရဲ့မဟာဗုဒ္ဓဝင်
(၃) ကျီးသဲလေးထပ်ဆရာတော်ရဲ့ ဇိနတ္ထပကာသနီ
(၄) တည်တောဆရာတော်ရဲ့ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများ
(၅) စွန်းလွန်းအမေးအဖြေများနဲ့
(၆) ဒေါက်တာမင်းတင်မွန် တက္ကသိုလ်အဘိဓမ္မာပေါင်းချုပ်။
ရေးသားပူဇော်သူ>>> အကုသလပုတ္တ

Thursday, July 12, 2012

စွန်းလွန်းဆရာတော်ကြီးနှင့် ဦးနု ပဌာန်းတရားတော်




တကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံ ဂူကျောင်း ဘုန်းတော်ကြီး ဦးက၀ိ ရှိတယ်လို့ မကြားဘူးလား၊
ကြားပါ၏ ဘုရား။
အဲဒါ ဟိတ်ခတ်တာ၊ ဟေတု ပစ္စယော လို့ ခေါ်တယ်၊ ၎င်းနောက် သွားအုံးမှ ပါလေ လို့ အာရုံက မဆန့်ဘူးလား။
ဆန့်ပါ၏ ဘုရား။
အဲဒီ အာရုံ ဆန့်တာကို အာရမ္မဏ ပစ္စယော လို့ ခေါ်တယ်။

နောက်တဖန် အိမ်မှာ ကျီးစားစား ခွေးစားစား ဘုန်းတော်ကြီး၏ ခြေရင်းသို့ မေ၇ာက်ရောက်အောင် သွားအုံးမှဘဲလို့ ခန္ဓာကိုယ်ကြီးကို အာရုံက ဆွဲလာ၍ အခုဘုန်းကြီးခြေတော်ရင်းသို့ ရောက်လာတာဟာ ဒကာကြီး လာချင်လို့ လာတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်ကြီးကို အာရုံက အဓိပတိတပ်၍ ဆွဲလာခြင်းကြောင့် အဓိပတိ ပစ္စယော လို့ ခေါ်တယ်၊
မှန်လှပါ၏ ဘုရား။
အဲဒါ ဘာကြောင့် လာရတာလဲ ဆိုလျင် ရှေးက ဘုန်းကြီးနှငရှေးက ဘုန်းကြီးနှင့် တွေ့ခဲ့ရဘူးလို့ ခုတွေ့ချင်တယ်။ ခု တွေ့ချင်လို့ တွေ့ရပြန်တယ်၊ နောင်ကိုလဲ တွေ့ရလေအုံးမယ်။
ဒကာကြီး ၀က်သားများ စားဘူးသလား။
စားဘူးပါ၏ ဘုရား။
အဲ ရှေးက ၀က်သားကို စားခဲ့ ဘူးလို့ ခုစားချင်တယ်။ ခုစားချင်လို့ စားရပြန်တယ်၊ နောင်ကို လဲ စားရလေအုံးမယ်။
ခွေးသားကော စားဘူးပါသလား။
မစားဘူးပါ ဘုရား။
အဲ ရှေးက ခွေးသား မစားဘူးလို့ ခု မစားချင်ဘူး၊ ခု မစားချင်လို့ ခု မစားဘူး၊ နောင်ကိုလဲ စားရမှာ မဟုတ်ဘူး။
ရှေးက ဒီ တရားမျိုးကို နာခဲ့ ရဘူးလို့ ခု နာချင်တယ်။ ခု နာချင်လို့ နာရပြန်တယ်၊ နောင်ကို လဲ နာရလေအုံးမယ်။
အနန္တရ၊ သမနန္တရ ၊ သဟဇာတ ၊ အညမည ပစ္စည်း ဆက်မသွားဘူးလား၊
သွားပါ၏ ဘုရား၊
ဘုန်းကြီး၏ ခြေရင်းရောက်တော့ ဘုန်းကြီးက ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့ ၊ အမျှဝေ ၊ မိမိ ခန္ဓာကိုယ်ကို ဘုရားလှူု၊ နှာသီးဖျားမှာ စိတ်ကိုထား၊ လေတိုးထိတော့ သိလိမ့် မယ်။ သိတဲ့ အပေါ် သတိထားရမယ်။ ပြောတော့ နိဿယ ပစ္စယော၊ ဥပနိဿယ ပစ္စယောလို့ ခေါ်တယ်။
မှန်လှပါ ဘုရား။

အားထုတ်ဆဲ အခိုက်အတန့် မှာ မျက်စိကတော့ တောင်ကြည့် မြောက်ကြည့် ကြည့်သေးရဲ့လား။
မကြည့်ပါ ဘုရား။
နားကကော ဟိုထောင် သည်ထောင် ထောင်သေးရဲ့လား။
မထောင်ပါ ဘုရား။
နားခေါင်းကကော ဟိုရူ သည်ရူ ရူသေးရဲ့လား။
မရူပါ ဘုရား။
ပါးစပ်ကကော ဟိုစားချင် သည်စားချင် ရှိသေးရဲ့လား။
မရှိပါဘုရား။
ခန္ဓာကိုယ်ကြီးကကော ဟိုသွားချင် ဒီသွားချင် ရှိသေးရဲ့လား။
မရှိပါဘုရား။
အဲဒီတော့ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဆိုတဲ့ ဣနြေ္ဒ ငါးပါး မလုံဘူးလား။
လုံပါ၏ ဘုရား။
အဲဒါ ဣန္ဒြိယ ပစ္စယော လို့ ခေါ်တယ်ကွဲ့ ။

မိမိ နှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့် သုံးသပ်ပါများသော် ဈာန် သတ္တိ ဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်၊ ကိလေသာတွေ လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့၊ အဲဒါ ဈာန ပစ္စယော ပဲ။ မှန်လှပါ ဘုရား၊

ဘုန်းကြီးက ခန္ဓာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ အေးမှန်းသိတဲ့ အခါမျိုး ကျတော့ ပူမှု့နှင့် သိမှတ်မှု့ ၊ အေးမှု့နှင့် သိမှတ်မှု့ တွေ ချုပ်သွားလိမ့်မယ်၊ အဲဒါ မဂ်ခရီး ရောက်ခြင်းကြောင့် မဂ္ဂ ပစ္စယော လို့ ခေါ်တယ်၊ မှန်လှပါဘုရား။

၎င်းမဂ် ခရီးကို သွားပါများ၍ သမာဓိ အားကောင်းလာသော် ဖြစ်ခြင်း ချုပ်ခြင်းကို သိသော ဥာဏ်အမြင်ရင့်သန်လာခြင်းကြောင့်

မရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ ရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မရှိတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း ၊ ရှိတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပရမတ္ထတရားပဲ။

ကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကို လဲ ကျေးဇူးပြုလိမ့်မယ်၊မကင်းတာက သင်္ခတ ဓာတ်၊ ကင်းတာက အသင်္ခတ ဓာတ် မဟုတ်လား၊
ဟုတ်ပါ၏ ဘုရား။

အဲဒါ အတ္ထိ ပစ္စယော ၊ နတ္ထိ ပစ္စယော၊ ၀ိဂတ ပစ္စယော၊ အ၀ိဂတ ပစ္စယော လို့ခေါ်တယ်၊

( မှတ်ချက် ) ။ ဤနေရာမှ စ၍ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု နှင့် စွန်းလွန်း ဆရာတော်တို့ ၀ိပဿနာအကြောင်း ၊ ၀ိနည်း အကြောင်း၊ အဘိဓမ္မာသဘော တရားများ ဆွေးနွေးခန်း ပြီးဆုံးပါပြီ။

သို့ပါသော်လည်း စာအုပ်ပါ စိတ်ဝင်စားစရာ ကောင်းနိုးရာရာအကြောင်းအရာများကိုအလျင်းသင့်သလို ဖော်ပြသွားပါမည်၊

ထိုခေတ် ထိုအခါက ရဟန္တာ တစ်ပါး ဟု ထင်ရှား သတင်းကြီးနေသော ဆရာတော်အား ဘ၀တစ်လျောက်လုံး ရောက်လေရာနေရာ၌ တွေ့ရာ ဆ၇ာတော်ကြီးများ ၊ သံဃာတော်များက ၀ိပဿနာအကြောင်း သာသနာရေးအကြောင်းကို စာမတတ်သော ဆရာတော်ကြီး၏ အဖြေစကားများက ကျမ်းဂန် အထောက်အထားများနှင့် ညီ၊ မညီ၊ကို အချိန်ရလျင် ရသလို၊ စစ်ဆေး ၊ မေးမြန်း စမ်းသပ်လေ့ရှိ ကြရာ ဆရာတော်ကြီး၏ အံသြဖွယ်ရာ အဖြေစကားများသည် ကျမ်းဂန်များနှင့် အားလုံးကိုက်ညီနေသည်ကို တွေ့ကြရကား နောင်လာနောက်သားတို့ အတုယူဖွယ် ကြည်ညိဖွယ် ဖြစ်စေရန် မှတ်တမ်းတင်အပ်ပါသည်။ စွန်းလွန်းဖြေကြားသော နိဗ္ဗာန် အကြောင်း ဆောင်းပါးကို ဆက်လက်ဖတ်ရှု့ကြပါကုန် ---- --

(အရှင်သုနန္ဒာလင်္ကာရ)

Thursday, April 16, 2009

Anattalakkhana Sutta

Anattalakkhana-sutta

Blog Archive
▼ 2007 (19)
▼ March (19)
အနတ္တလက္ခဏာသုတ်

BarNyar
Hteik Khaung Tin
Sunday, March 25, 2007
အနတ္တလက္ခဏာသုတ်
အနတ္တလက္ခဏာသုတ်


ဗြဟ္မာ နတ် လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သော သီလ ဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်၊ ၀ိမုတ္တိညဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော် မူထပေသော သစ္စာ ဥေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေညဏ်ဖြင့် အမှန် ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူထပေသော ဣဿရိယ ဓမ္မယသ သီရိကာမပ ယတ္တ တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူပေထသော မြတ်စွာဘုရားအား ဘုရားတပည့်တော်တို့၏ ရှိခိုး ခြင်းသည် ဖြစ်ပါစေသတည်းဘုရား။


Anattalakkhana-sutta

Homage to the exalted,

the worthy, the fully

enlightened, the Buddha supreme.

Posted by BarNyar at 4:49 AM 0 comments
1
(၁)
ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ
တတြခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ "ဘိက္ခဝေါ"တိ
"ဘဒ္ဒန္တေ" တိ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ
ဘဂ၀ါ ဧတ ဒဝေါစ

(၁)

တစ်ပါးသောအခါ၌ မြတ်စွာဘုရားသည် ဗာရာဏသီနေပြည်တော်ကြီး၏ အနီး(၌) ရှေးခါခေတ်ဟောင်း ရသေ့သူမြတ် အပေါင်းတို့၏ သက်ဆင်းရာဖြစ်သော၊ သားသမင် အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံးနေတော်မူ၏။
ထိုသို့ သီတင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏ္ဍညအမှူး ငါးဦး အစုအဝေးရှိကုန်သော ရဟန်း တို့ကို "အို ရဟန်းတို့"ဟူ၍ ခေါ်တော်မူ၏။
ထိုပဉ္စ၀ဂ္ဂီရဟန်းတို့သည် "အရှင်မြတ်ဘုရား" ဟူ၍ မြတ်စွာဘုရားအား လျှောက်ထားကြကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤအနတ္တလက္ခဏသုတ်စကားကို မိန့်မြွက် ဟောကြားတော်မူလေသတည်း။


(1)

At one time, The Bhagavā was dwelling in Benares, at the deer park, Isipatana.

There the Bhagavā addressed the group of five Bhikkhus,

“ O! Bhikkhus! ”

And the Bhikkhus answered, “Bhaddante”.1

Then the Bhagava spoke thus:-

1. Bhaddante =ဘဒ္ဒန္တေ အရှင်မြတ်ဘုရား


“Sir”, “Reverened Sir”, “Venerable Sir”, A contracted form of Bhaddante is Bhante.





Posted by BarNyar at 4:38 AM 0 comments
2
(၂)
ရူပံ ၁ ဘိက္ခဝေ အနတ္တာ
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘ၀ိဿ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ
လဗ္ဘေထ စ ရူပေ "ဧ၀ံ မေ ရူပံ ဟောတု ဧ၀ံ မေ ရူပံ မာ အဟောသီ" တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ရူပေ "ဧ၀ံ မေ ရူပံ ဟောတု ဧ၀ံ မေ ရူပံ မာ အဟောသီ" တိ

(၂)

ချစ်သားရဟန်းတို့ ရုပ်တရားအပေါင်းသည် အစိုးမရ အလိုသို့မလိုက်သော အနတ္တ အမှန်ပင်တည်း။
ချစ်သားရဟန်းတို့ ရုပ်တရားအပေါင်းသည် ဧကန်စင်စစ်အလိုသို့ လိုက်သော အတ္တ သဘောရှိသည် ဖြစ်ပါမူကား ဤရုပ်တရားသည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏ရုပ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ရုပ်တရား၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် ရုပ်တရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ရုပ်တရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဖောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ရုပ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့အလိုဆန္ဒအတိုင်း ရုပ်တရား၌ အခွင့်မရနိုင်။


(2)

“Matter, Bhikkhus, is not the self ”.

If matter, Bhikkhus, were the self, then matter would not tend to sickness.

And one could say of matter, “Thus let matter be thus for me, let matter not be thus for me.”

“But, Bhikkhus, in as much as matter is not the self, that is why matter tends to sickness.

And one cannot say of matter, “Thus let matter be thus for me, let matter not be thus for me.”

၁။ ရူပ = ရုပ်၊ သရုပ်သဘော၊ အဆင်း၊ သဏ္ဌာန

Rǔpa - Matter, principle of form, figure, shape, image, object of the eye, appearance.







Posted by BarNyar at 4:30 AM 0 comments
3
(၃)
ဝေဒနာ ၁ အနတ္တာ
ေ၀ဒနာစ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ နယိဒံ ေ၀ဒနာ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ ဝေဒနာယ "ဧ၀ံ မေ ဝေဒနာ ဟောတု ဧ၀ံ မေ ဝေဒနာ မာ အဟောသီ"တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ဝေဒနာယ "ဧ၀ံ မေ ဝေဒနာ ဟောတု ဧ၀ံ မေ ဝေဒနာ မာ အဟောသီ "တိ

(၃)

ချစ်သားရဟန်းတို့ ခံစားမှုဝေဒနာအပေါင်းသည် အစိုးမရ အလိုသို့ မလိုက်သော အနတ္တ အမှန်ပင်တည်း။
ချစ်သားရဟန်းတို့ ခံစားမှုဝေဒနာအပေါင်းသည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တသဘောရှိသည် ဖြစ်ပါမူကား ဤဝေဒနာသည် အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ဝေဒနာသည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ဝေဒနာတရား၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် ဝေဒနာတရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ဝေဒနာတရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ဝေဒနာသည် ဤသို့ မဖြစ်စေလင့်"
ဤသို့ မိမိတို့ဆန္ဒအတိုင်း ဝေဒနာတရား၌ အခွင့်မရနိုင်။


(3)

Feeling, Bhikkhus, is not the self.

If feeling, Bhikkhus, were the self, then feeling would not tend to sickness.

And one could say of feeling, “Thus let feeling be thus for me.”

“But, Bhikkhus, in as much as feeling is not the self, that is why feeling tends to sickness.”

And one cannot say of feeling, “Thus let feeling be thus for me, let feeling not be thus for me.”

၁။ ဝေဒနာ = ခံစားခြင်း

Vedanā - Feeling, sensation, pain, suffering











Posted by BarNyar at 4:22 AM 0 comments
4
(၄)
သညာ ၁ အနတ္တာ
သညာ စ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ နယိဒံ သညာ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ သညာယ"ဧ၀ံ မေ သညာ ဟောတု ဧ၀ံ မေ သညာမာအဟောသီ"တိ

(၄)

ချစ်သားရဟန်းတို့ မှတ်သားမှု သညာအပေါင်းသည် အစိုးမရ အလိုသို့မလိုက်သော အနတ္တအမှန်ပင်တည်း။
ချစ်သားရဟန်းတို့ မှတ်သားမှု သညာအပေါင်းသည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တသဘောရှိသည် ဖြစ်ပါ မူကား ဤသညာသည် အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဖောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏သညာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏သညာသည် ဤသို့ မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း သညာတရား၌ အခွင့်ရနိုင်လေရာ၏။


(4)

Perception, Bhikkhus, is not the self.

If perception, Bhikkhus, were the self, then perception would not tend to sickness.

And one could say of perception, “Thus let perception be thus for me, let perception not be thus for me.”

၁။ သညာ = မှတ်ခြင်း၊ အာရုံ၏သဘောကို မှတ်ခြင်း

Saňňā - Perception, mark, recognition

ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ သညာယ " ဧ၀ံ မေ သညာ ဟောတု ဧ၀ံ မေ သညာ မာ အဟောသိ "တိ

ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်သာလျှင် သညာတရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် သညာတရားသည် အလိုသို့မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏သညာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏သညာသည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း သညာတရား၌ အခွင့်မရနိုင်။


“But, Bhikkhus, in as much as perception is not the self, that is why perception tends to sickness.”

And one cannot say of perception, “Thus let perception be thus for me, let perception not be thus for me.”









Posted by BarNyar at 4:11 AM 0 comments
5
(၅)
သင်္ခါရာ ၁ အနတ္တာ
သင်္ခါရာ စ ဟိဒံဘိက္ခဝေ အတ္တာအဘ၀ိဿံသု နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ
လဗ္ဘေထ စ သင်္ခါရေသု "ဧ၀ံ မေ သင်္ခါရာ ဟောန္တု ဧ၀ံ မေ သင်္ခါရာ မာ အဟေသု" န္တိ

ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ န စ လဗ္ဘတိ သင်္ခါရေသု "ဧ၀ံ မေ သင်္ခါရာ ဟောန္တု ဧ၀ံ မေ သင်္ခါရာ မာ အဟေသု" န္တိ

(၅)

ချစ်သားရဟန်းတို့ ပြုပြင်စီရင်မှု သင်္ခါရတရား အပေါင်းတို့သည် အစိုးမရ၊ အလိုသို့ မလိုက်သော အနတ္တအမှန်တို့ ပင်တည်း။
ချစ်သားရဟန်းတို့ ပြုပြင်စီရင်မှု သင်္ခါရ အပေါင်းတို့သည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တသဘောရှိကုန်သည် ဖြစ်ပါကုန်မူကား ဤသင်္ခါရတို့သည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်နိုင်ကုန်ရာ။
"ငါ၏ သင်္ခါရတို့သည် ဤသို့ဖြစ်ပလေစေကုန်၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်လင့်" ဤသို့ မိမိတို့ အလို ဆန္ဒအတိုင်း သင်္ခါရတရားတို့၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် သင်္ခါရတရားတို့သည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေကုန်၏။ ထို့ကြောင့် သင်္ခါရတရားတို့သည် အလိုသို့မလိုက်ပါဘဲလျက် ကျင်နာခံခက် နှောင့်ယှက် ဘောက်ပြန်ခြင်းငှာ ဖြစ်ကုန်၏။
"ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်ပလေစေကုန်၊ ငါ၏ သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်လင့်" ဤသို့ မိမိတို့ အလို ဆန္ဒအတိုင်း သင်္ခါရ တရားတို့၌ အခွင့်မရနိုင်။


(5)

Mental formation, Bhikkhus, is not the self.

If mental formation, Bhikkhus, were the self, then mental formation would not tend to sickness.

And one could say of mental formation, “Thus let mental formation be thus for me, let mental formation not be thus for me.”


But, Bhikkhus, in as much as mental formation is not the self, that is why mental formation tends to sickness.

And one cannot say of mental formation, “Thus let mental formation be thus for me, let mental formation not be thus for me.”

၁။ သင်္ခါရ = ပြုပြင်စီရင်တတ်သော အကြောင်းတရား

Sahkhāra - Mental formation, essential condition, mental coefficients.







Posted by BarNyar at 4:06 AM 0 comments
6
(၆)
ဝိညာဏံ ၁ အနတ္တာ
၀ိညာဏဥၥ ဟိဒံ ဘိကၡေ၀ အတၱာ အဘိ၀ိႆ နယိဒံ ၀ိညာဏံ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ ၀ိညာဏေ "ဧ၀ံ မေ ၀ိညာဏံ ဟောတု ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ" တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ၀ိညာဏံ အနတ္တာ တသ္မာ ၀ိညာဏံ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ၀ိညာဏေ "ဧ၀ံ မေ ၀ိညာဏံ ဟောတု ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ" တိ

(၆)

ချစ်သားရဟန်းတို့ သိမှုဝိညာဉ်သည် အစိုးမရ အလိုသို့မလိုက်သော အနတ္တ အမှန်ပင် တည်း။
ချစ်သားရဟန်းတို့ သိမှုဝိညာဉ်အပေါင်းသည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တ သဘောရှိသည် ဖြစ်ပါမူကား ဤ၀ိညာဉ်သည် အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏၀ိညာဉ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏၀ိညာဉ်သည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ၀ိညာဉ်တရားအပေါင်း၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်သာလျှင် ၀ိညာဉ်တရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ၀ိညာဉ်တရားသည် အလိုသို့မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ ၀ိညာဉ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏၀ိညာဉ်သည် ဤသို့မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ၀ိညာဉ်၌ အခွင့်မရနိုင်။


(6)

Consciousness, Bhikkhus, is not the self.

If consciousness, Bhikkhus, were the self, then consciousness would not tend to sickness.

And one could say of consciousness, “Thus, let consciousness be thus for me, let consciousness not be thus for me.

“But, Bhikkhus, in as much as consciousness is not the self, that is why consciousness tends to sickness.”

And one cannot say of consciousnesss, “Thus let consciousness be thus for me, let consciousness not be thus for me.”

၁။ ၀ိညာဏ = အထူးသဖြင့်သိခြင်း၊ အာရုံကိုသိခြင်း၊ ၀ိညာဏ်
Viññăha Consciousness







Posted by BarNyar at 3:51 AM 0 comments
Older Posts Subscribe to: Posts (Atom)

Thus have I hard: The Exalted One was at one time residing at Benares in the Deer Park at Isipatana. There the Exalted One addressed the group of five monks saying: "Monks and they replied to Him",

"Venerable Sir"

Then the Exalted One said:

" Form (rupa or matter) is not soul (anatta). If from,monks, were soul, then this form would not lead to affliction, and one would be able to say, "Let my form be thus. Let my form not be thus". But since form is not soul, so it leads to affliction, and no one can say ' Let my form be thus. Let my form be not thus.'

" Feeling (vedana) is not soul. If feeling, monks, were soul, then this feeling would not lead to affliction, and one would be able to say,'Let my feeling be thus. Let my feeling not be thus'. But since feeling is not soul, so it leads to affliction, and no one can say 'Let my feeling be thus. Let my feeling not be thus'.

" Perception (sanna) is not soul. If perception, monks, were soul, then this perception would not lead to affliction, and one would be able to say, " Let my perception be thus. Let my perception not be thus." But since perception is not soul, so it leads to affliction, and no one can say, 'Let my perception be thus. Let my perception not be thus."

"Mental formations (sankharas) are not soul. If mental formations, monks, were soul, then these mental formations would not lead to affliction, and one would be able to say,'Let my mental formations be thus. Let my mental formations not be thus.' But since mental formations are not soul, so they lead to affliction, and on one can say, ''Let my mental formations be thus. Let my mental formations not be thus."

"Consciousness (vinnana) is not soul. If consciousness, monks, were soul, then this consciousness would not lead to affliction, and one would be able to say 'Let my consciousness be thus. Let my consciousness not be thus'. But since consciousness is not soul, so it leads to affliction, and no one can say 'Let my consciousness be thus. Let my consciousness not be thus."
Buddha " Monks, what do you think? Is form permanent or impermanent?"
pancavaggi " Impermanent, Venerable Sir."
Buddha " Now what is impermanent, is it unsatisfactory (dukkha) or satisfactory (sukha)?"
Pancavaggi " Unsatisfactory Venerable Sir"
Buddha "Now what is impermanent, what is unsatisfactory, what is transitory is it fit to be perceived thus: ' This is mine, this is I; this is my soul?"
Pancavaggi " No, Venerable Sir"
Buddha " Monks, what do you think? Is feeling permanent or impermanent?"
Pancavaggi " Impermanent, Venerable Sir"
Buddha " Now what is impermanent, is it unsatisfactory or satisfactory?"
Pancavaggi " Unsatisfactory, Venerable Sir"
Buddha " Now what is impermanent, what is unsatisfactory what is transitory is it fit to be regarded thus:' This is mine. This is I. This is my soul?"
Pancavaggi "No, Venerable Sir"
Buddha " Monks, what do you think? Is perception permanent or impermanent?"
Pancavaggi " Impermanent, Venerable Sir"
Buddha "Now what is impermanent, is it unsatisfactory or satisfactory?"
Pancavaggi "Unsatisfactory Venerable Sir"
Buddha "Now that is impermanent, what is unsatisfactory what is transitory is it fit to be regarded thus: 'This is mine. This is I. This is my soul?'
Pancavaggi " No, Venerable Sir"
Buddha " "Monks, what do you think? Are mental formations permanent or impermanent?"
Pancavaggi "Impermanent, Venerable Sir"
Buddha " Now What is impermanent, is it unsatisfactory or satisfactory?"
Pancavaggi " Unsatisfactory, Venerable Sir"
Buddha " Now what is impermanent, what is unsatisfactory what is transitory is it fit to be regarde thus: 'This is mine. This is I. This is my soul"
Pancavaggi " No , Venerable Sir"
Buddha " Monks, what do you think? Is consciousness permanent or impermanent?"
Pancavaggi " Impermanent, Venerable Sir"
Buddha "Now, what is impermanent, is it unsatisfactory or satisfactory?"
Pancavaggi "Unsatisfactory, Venerable Sir"
Buddha "Now what is impermanent, what is unsatisfactory, what is transitory is it fit to be regarded thus: 'This is mine. This is I. This is my soul?"
Pancavaggi " No, Venerable Sir"

" So, monks, whatever perception, whether past, future, or present: whether gross or subtle; whether is oneself or in others; whether inferior or superior; whether far or near; must with right understanding of things as they really are, be regarded thus: 'This is not Mine. This is not I. This is not my soul."
"So, monks, whatever mental formations, whether past, future, or present; whether gross or subtle; whether far or near; must, with right understanding of things as they really are, be regarded thus: 'This is not mine. This is not I. This is not my soul."
" So, monks, whatever consciousness, whether past, future, or present; whether gross or subtle; whether in oneself or in others; whether inferior or superior: whether far or near; must, with right understanding of things as they really are, be regarded thus:'This is not mine. This is not I. this is not my soul."
"Seeing thus, monks, the learned disciple of the Noble Ones becomes weary of form, weary also of feelings, weary also of consciousness. Being weary, he becomes detached; being detached, he becomes free; being free, the knowledge arises, 'I am Free."
" And he knows, 'Rebirth is no more; I have finished practising of the life of purity; done is what should be done; of this there is no more beyond."
This is what the Exalted One Said. Delighted, the group of five monks rejoiced at the Exalted One's words.
And while this discourse was being given, the minds of the group of five monks were liberated from defilements through clinging on more.

Translated by U Silanadabivamsa