Monday, June 24, 2013

အစ္စရေး လေတပ်သည် ဂါဇာကမ်းမြှောင် ဒေသကို ထိုးစစ်ဆင်

အစ္စရေးမြေပေါ်သို့ ဒုံးကျည်အချို့ ကျရောက်ပေါက်ကွဲသည့်နောက် တနင်္လာနေ့နံနက် အစောပိုင်းက အစ္စရေး လေတပ်သည် ဂါဇာကမ်းမြှောင်
ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အစ္စရေး စစ်ဘက်က တိုက်လေယာဉ် တစ်စင်းတည်းကို အသုံးပြုကာ
လေကြောင်းထိုးစစ်တစ်ရပ် ဆင်နွှဲခဲ့ကြောင်း အတည်ပြုခဲ့ပြီး ယင်းအခြေအနေသည် ဂါဇာရှိ ဟားမတ်စ် စစ်သွေးကြွတို့နှင့် အစ္စရေးတို့ကြား အပစ်အခတ် ရပ်စဲရန် သဘောတူညီမှုကို ယိမ်းယိုင်လာစေသည်။
...
အစ္စရေး စစ်တပ်က တိုက်လေယာဉ်သည် လက်နက်သိုလှောင်ထားသည့်
နေရာနှစ်ခုကို ပစ်ခတ် ဖျက်ဆီးခဲ့သလို ဒုံးကျည်ပစ်လွှတ်သည့် နေရာ
တစ်ခုကိုပါ ပစ်မှတ်ထား ချေမှုန်းခဲ့ကြောင်း ပြောဆိုခဲ့သည်။

ယခုဖြစ်စဉ်အတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှု သတင်းပေးပို့ချက် မရရှိကြောင်းလည်း အစ္စရေး စစ်ဘက်က ပြောကြားသွားသည်။

အေးချမ်းမွန် Credit To >Planet.com.mm < Thank
Re-post BY ACM 25-6-2013

No comments: