မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
သံဃာ့ဂုဏ်
ကျေးဇူးမြင်၍ မေတ္တာပေါ်နေသလား ကျေးဇူးပျောက်၍ မာနပေါ်နေသလား ကိုချိုတူးဇော်...
 
 ဖေ့စ်ဘွတ်ခ်ပေါ်မှာ မြင်နေကြားနေရတာတွေကို Status မရေးလို့ ဆုံးဖြတ်ထားပေမယ့်...
 
 သံဃာ့ဂုဏ်ကို နားလည်ရင်ဆိုတဲ့ ကိုချိုတူးဇော်ရဲ့ Status ကိုဖတ်မိရင်းက
 အောက်ပါ ကွန်မာန့်ကို မာန့်မိပြန်ပါတယ်.. 
 
 သမုတိ သံဃာနဲ့ အရိယာသံယာ ခွဲခြားပြီး မြင်သင့်တယ်..။ ယနေ့ခေတ်ကာလသည် 
သမုတိသံဃာခေတ် ဖြစ်သည်...။ အရိယာ သံဃာမဟုတ်၍ မကိုးကွယ် မဆည်းကပ် ဟူသည်ထက် 
သံဃာကို သံဃာဟု မြင်၍ အရိုအသေ ပြုခြင်းဖြင့် ကုသိုလ်ယူအပ်သည်..။ 
 
 
မင်းကွန်းဆရာတော် ဘုရားကြီး တနေ့ ကျောင်းမှာ တံပူထိုးနေစဉ် ဒကာ၊ ဒကာမများ 
ရောက်လာပြီး ကျောင်းဝင်းအတွင်း ဘောလုံးကန်နေသော ကိုရင်လေးများအား ဆရာတော်မှ
 မာန်မဲခြင်းမရှိသည့်အတွက် အပြစ်ပြောဆိုလေသည်..။ ထိုသို့ ပြောဆိုသည့်အခါ 
ဆရာတော်ကြီးမှ ဒီကိုရင်ငယ်တွေ ပျော်အောင်ထားမှ သာသနာတော်အတွက် အထောက်အပံ့ 
ဖြစ်မှာဟု မိန့်ဆိုခဲ့သည်...။ 
 
 အဓိက ကိုရင်ငယ်နဲ့ သံဃာတော်များနှိုင်းယှဉ်ခြင်းမဟုတ်
 ... ဆိုလိုသည်မှာ ၈၈အရေးအခင်းကို မှီခဲ့သော ကိုချိုတူးဇော်အနေဖြင့် 
တောမီးလောင် တောကြောင် လက်ခမောင်းခတ်သော ကာလတွင် ပြည်သူတွေအား 
စောင့်ရှောက်ပေးခဲ့သည်မှာ မည်သူတွေ ဖြစ်သနည်း၊ တိုင်းပြည်တွင် ဖြစ်ပေါ်လာသော
 ရေဘေး၊ မီးဘေးများတွင် မည်သူတွေက ရှေ့ဆုံးမှ ဦးဆောင် ကာကွယ်ခဲ့သနည်း။ 
 
 တနည်းကျေးဇူးကို မြင်အောင်ကြည့်သင့်သည်။ ကျေးဇူးမြင်လျှင် မေတ္တာပေါ်သည်။
  ကျေးဇူးပျောက်လျှင် မာနပေါ်သည်။ ကျေးဇူးမြင်၍ မေတ္တာပေါ်နေသလား 
ကျေးဇူးပျောက်၍ မာနပေါ်နေသလား ခန္ဓာထဲမှာ မိမိကိုယ်ကိုယ် တရားရှာကြည့်ပါ..။ 
 
 သမုတိသံဃာခေတ်မှာ သံဃာဂုဏ်ကို နားလည်မယ် ဆိုရင်ပေါ့..
 
 ဒီမိုဝေယံ
 
 ကိုချိုတူးဇော်ရဲ့ သံဃာ့ဂုဏ်ကို နားလည်ရင် https://www.facebook.com/chotuzaw/posts/549828858416660?comment_id=4632183¬if_t=like
 
 
သံဃာ့ဂုဏ် ကို နားလည်ရင်. . .
 
 ဒီလောက်တောင် သာသနာရေးကို အလေးထားရင် Time မဂ္ဂဇင်းမှာပါတဲ့ ဦးဝီရသူ ကို 
ရေးသားချက်တွေဟာ သာသနာရေးစော်ကားမှုတွေပဲ၊ ဘာလို့ မချေပသလဲ လို့ 
ဆိုလာပြန်ပါသေး။
 
 ကျနော်က အဲဒီ တိုင်းမ်မဂ္ဂဇင်း ရဲ့ ရေးသားချက်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ 
 ဒါကြောင့် ချေပဖို့ဆိုတာ မလိုအပ်တဲ့အပြင်၊ ၀မ်းသာအားရသာ ဖြစ်မိပါတယ်။ 
သာသနာ ကို စော်ကားတဲ့ အရေးအသားလည်း လုံးဝ မတွေ့မိပါ။ အမှန်တကယ် ချက်နဲ့ 
လက်နဲ့ မြန်မာပြည်ရဲ့ ထေရ၀ါဒမှာ ဖြစ်ပျက်နေတာကို 
မီးမောင်းထိုးထောက်ပြထားတဲ့၊
 ဆောင်းပါးကောင်းတပုဒ် လို့ ပြတ်ပြတ်သားသား မြင်တဲ့အတွက်ပါ။
 
 နိုင်ငံတော်အစိုးရ သမ္မတရုံးက ဒါကိုပဲ ကန့်ကွက်ထားတယ် ဆိုပါလား။ 
 အဲဒီ သမ္မတရုံးရဲ့ ဓမ္မအဆင့်အတန်း၊ ဉာဏ်ရည်အဆင့်အတန်း ကို ထင်းလင်းအောင် မြင်သာသွားစေတာပါပဲ။
 
 ဘာကြောင့် ကန့်ကွက်စရာ မလို ဆိုတာကို ဗုဒ္ဓကျမ်းဂန် ပမာ ဆောင်ပြီးပဲ၊ 
 ဖြေရှင်းပါ့မယ်။ (လူ့အခွင့်အရေး မဟုတ်ဘူးနော့)
 
 ရှင်သာရိပုတြာမထေရ်ဖြစ်လာမယ့် သာရိပုတြာသတို့သားလောင်းဟာ အမှန်တရားကို
 ရှာဖွေဖို့၊ သူ့သူငယ်ချင်း မောဂလိသတို့သားနဲ့အတူ တိုင်းတကာ နယ်လှည့်လို့၊ 
ခြေဆန့်ခဲ့ကြတယ်။ ဒိဋ္ဌိကြီးတွေဆီမှာလည်း ပညာသင်ခဲ့တယ်။ ဒါပေမယ့် 
ကျေနပ်လောက်အောင် ဓမ္မစစ် ကို ရှာမတွေ့ခဲ့ကြဘူး။ တနေ့တော့ သာရိပုတြာသတို့သား
 ဟာ ဇရပ်တခုမှာ နားနေတုန်း ထူးခြားတဲ့အသွင်အပြင်နဲ့ ရှင်အဿဇိမထေရ 
်ကြွလာတာကို အဝေးကပဲ လှမ်းတွေ့ရပါသတဲ့။ ရှင်အဿဇိမထေရ် အဝေးက ကြွလာ၊ 
လှမ်းလာတာ ကို မြင်တာနဲ့ဒီပုဂ္ဂိုဟ်ဟာဖြင့် ထူးခြားသော ပုဂ္ဂိုလ်လို့ 
မြင်ပါတယ်။
 ဇရပ်ပေါ်မှာ မထေရ်ကြီး တက်လာတော့ သေချာ နေရာထိုင်ခင်းပေး၊ 
ခရီးဦးကြိုပြုတယ်။ မထေရ်ကြီးဆွမ်းဘုန်းပေးတော့ ဝေယျာဝစ္စပြုပေးတယ်။ အဲဒီ 
အချိန်ထိ ကို ရဟန်းမှန်း သံဃာ မှန်း မသိသေးဘူးနော်။
 မသိသေးပေမယ့် အကြင်သူသည် ကိုးကွယ်စရာ၊ ဆည်းကပ်စရာ ထူးခြားသော အသွင်
 ရှိသည့် ထူးမြတ်သော ပုဂ္ဂိုလ် လို့ကို မြင်ပါတယ်။ 
 ဒါ့ကြောင့်လည်း မြတ်စွာဘုရားက သံဃာ ဆိုတာ လယ်ယာမြေကောင်းတို့နှင့်တူသော လို့ ဥပမာ ပေးခဲ့တာပါ။
 
 အဲဒီလို သံဃာ ကို သံဃာမှန်းမသိရခင်ကတည်း က ကြည်ညိုခဲ့ရပြီး၊ တရားတော် ကို 
လေးပါဒသော ယေဓမ္မာဟေတုပ. .ဘ၀ါ ဆိုတဲ့ ဂါထာ ကိုမိန့်ချီရင်ပဲ သောတပန်တည်လို့ 
ဘုရား ဂုဏ်၊ တရားဂုဏ်၊ သံဃာ ဂုဏ်တို့ကို သိသော သံဃာအဖြစ်ကို 
အရှင်သာရိပုတြာလည်း ဆိုက်ရောက်သွားရပါပြီ။
 
 ဒီဇာတ်တော်လေး ကို 
ကြည့်ရင်ပဲ သံဃာတို့မည်သည်၊ ကံသုံးပါး စလုံးက ဒကာ ဒကာမ တို့အတွက် 
ကြည်ညိုဖွယ်ရာ ဖြစ်ရမယ်၊ ကြည်ညိုဖွယ်ရာဖြစ်၍ ကြည်ညိုသည့်အလျောက်လည်း 
ကုသိုလ်ဖြစ်ထွန်းရမယ်၊ လို့ မြတ်စွာဘုရား မိန့်ကြားသည့်အတိုင်း သံဃာ ဂုဏ 
်ဆိုတာ ဘာလဲ လို့ ဆင်ခြင် ပွားများရပါတယ်။
 
 အဲဒီ ဇာတ်တော်မှာ 
သာရိပုတြာသတို့သားဟာ ဗုဒ္ဓဘာသာဝင် မဟုတ်သေးခင်၊ ဘာသာခြား ဘ၀ မှာကတည်းက 
ကြည်ညိုစိတ်ဖြစ်စေတဲ့ သံဃာ၏ အပြုအမူ အပြောအဆို ကို မြင်အောင်ကြည့်နိုင်ရင်၊
 သံဃာတပါး ကို အပြောအဆို၊ အပြုအမူကြောင့် အဓမ္မ၀ါဒီလို့ မြင်ခြင်းဟာ၊ 
ထိုအကြင်သူ သံဃာမှာသာ တာဝန်ရှိသလား၊ မြင်သောသူမှာ တာဝန်ရှိသလား၊ 
ဆင်ခြင်နိုင်ပါ
 လိမ့်မယ်။
 
 တနည်းအားဖြင့်လည်း အဲဒီ 
ရှင်သာရိပုတြာမထေရ်ကြီးဟာ လက်ျာတော်ရံ မထေရ်ကြီး ဖြစ်လာသည့်တိုင် 
သင်္ကန်းဝတ်သောအခါမညီ၊ ဆွမ်းစားဖိတ်၍ ကြွမြန်းသောအခါမှာလည်း မြောင်းတွေ့ရင် 
ခုန်ကျော် တတ်ပါသတဲ့။ 
 ဒီတော့ ၇ နှစ်နှစ်သား သာမဏေလေး က ရဟန်းကြီး 
သင်္ကန်းကို ညီအောင် ရုံမှပေါ့ လို့ ထောက်ပြတဲ့အခါ လက်အုပ်ချီ လို့ နောက်လည်း
 အမြင်မတော်တာ တွေ့ရင် ဆုံးမတော်မူပါ လို့  ပြင်တော်မူတယ်။
 တခါ 
မြောင်းကို ခုန်တာကို ဆွမ်းစားပင့်တဲ့ တကာ က ကပ်မယ့် သင်္ကန်းသုံးစုံက 
တစုံပြီး တစုံလျော့လျော့လာလို့ နောက်ဆုံး အစုံကျမှ သိတော်မူကြောင့် 
သိမ်မွေ့စွာ ဟောတယ်။ ဒီလို ရဟန်းတို့မည်သည်၊ သံဃာတို့မည်သည် မိမိတို့ 
ကံသုံးပါး ချွတ်ယွင်းလို့
 မှားယွင်းခဲ့တာကို ဒကာ ဒကာမကဖြစ်စေ၊ ရဟန်းအချင်းချင်း ဖြစ်စေ၊ ထောက်ပြ ဝေဖန်
 ပြောဆိုခဲ့ရင်လည်း ထို ဝေဖန်သူကို အပြစ်မတင်၊ အပြစ်မမြင်၊ ဒေါသနှင့် မတုန့်ပြန်၊
 ပြင်ဆင်တော်မူတယ်။ တောင်းပန်တော်မူတယ်။
 
 ဒါ ဒေါင်ဒေါင်မြည်တဲ့ သံဃာတော်တွေရဲ့ အမူအကျင့်ပါ။ 
 
 ဒါကို သိရင်ဖြင့်၊
 ဘာကြောင့်များ ဦးဝီရသူ ကို ဝေဖန်တာကို သာသနာတော်ကို ပုတ်ခတ်တယ် လို့ 
 စိတ်ဆိုးမာန်ဆိုး တုန့်ပြန်စရာ အကြောင်းရှိသလဲ၊
 ဦးဝီရသူ အနေနဲ့ကော သံဃာကောင်းတို့ ကျင့်ဝတ်အညီ ဘယ်လို တုန့်ပြန်သင့်သလဲ
 ဗုဒ္ဓသာသနာဟာ ဘယ်လို သာသနာ လို့ လူတို့မြင်ဖို့၊
 သံဃာတို့ အပေါ်မှာသာ မူတည်တယ်
 သံဃာတို့သာ ကြည်ညိုဖွယ်ရာဖြစ်ရင်၊
 ဘာသာခြားနားသည်မရှိ အလိုလို ကြည်ညိုပါတယ် ဆိုတာ
 မြတ်စွာဘုရားရဲ့ ဓမ္မစာပေကျမ်းဂန်တွေ အရ ကို သိပါတယ်။
 
 လူမပြောနဲ့ တောစောင့်၊ တောင်စောင့်၊ သစ်ပင်စောင့်၊ ရုက္ခစိုး၊ ဘုမ္မစိုး 
ဘာသာအမျိုးမျိုး တို့က ကြည်ညို သဒ္ဓါစိတ်နဲ့ လောင်းလှူတရားနာရင်း ချွတ်ခဲ့၊ 
သာသနာကြီးတည်
 ခဲ့တယ် ဆိုတာ ဗုဒ္ဓဖြစ်စဉ်တွေကို အသေအချာဖတ်ရင်းကို သိသာမြင်သာလာပါလိမ့်မယ်။
 
 ဉာဏ်နည်း လွန်းလို့လား၊
 တမင်တကာ ရည်ရွယ်ချက်နဲ့ လူမိုက်မွေး ချင်လို့လား
 သမ္မတ ကိုယ်တိုင်နဲ့ ပြန်ကြားရေးဝန်ကြီး(ဒုဝန်ကြီးဦးရဲထွဋ် က လည်း 
ဖေ့စ်ဘွတ်ခ် ကနေ ဘာကြောင့် ကန့်ကွက်ရကြောင်းတောင်ရေးလိုက်သေး) 
သမ္မတရုံးတို့က 
 တက်ညီလက်ညီ နဲ့ ၀ိုင်းကန့်ကွက်ကြတာဟာ
 စိတ်ပျက်စရာ ဉာဏ်နည်းမိုက်မဲလွန်းတာ လို့သာ မြင်မိပါတော့တယ်။
 
 ချိုတူးဇော်
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment