မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
လိုင်ဇာက လက်မခံသည့် ဗုဒ္ဓရုပ်ပွားတော် ကာကွယ်ရေးဦးစီးချုပ်ကို လက်ဆောင်ပေးရန် စီစဉ်ဟုဆို
 ...................................................................................
 Re-post By ACM - 24-6-2013
 
 လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့က တိုက်ပွဲဖြစ်ရာ နယ်မြေမှ 
ကောက်ယူလာသည့် ကျည်ဆန်ခွံများနှင့် ပြုလုပ်ထားသော မနောဝိမုတ္တိရသ 
ငြိမ်းချမ်းရေး ဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်ကို လိုင်ဇာ သို့ 
ပင့်ဆောင်ခဲ့သော်လည်း KIA ခေါင်းဆောင်များက ဆန္ဒမရှိ၍ မန္တလေးမြို့ သို့ 
ပြန်လည် သယ်ဆောင်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်ထံ ဓမ္မလက်ဆောင် အဖြစ် 
ပေးဆောင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ယင်း ပင့်ဆောင်ရေး အဖွဲ့မှ 
တာဝန်ရှိသူ ဦးဝင်းချိုက The Voice သို့ ပြောကြားသည်။
 
 "KIA ခေါင်းဆောင်တွေက သူတို့အဖွဲ့ ဗဟိုရဲ့ ခွင့်ပြုချက်နဲ့ လက်ဝါး
 ကပ်တိုင်ကိုတော့ လက်ခံထားပါတယ်။ ဆင်းတုတော်ကိုတော့ လက်မခံတဲ့ အတွက် ပြန်သယ်ခဲ့တယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
 
 အဆိုပါ ဆင်းတုတော်နှင့် လက်ဝါးကပ်တိုင်တို့ကို ဇွန်လ ၁၆ ရက်နေ့တွင် 
မန္တလေးမြို့မှ လိုင်ဇာသို့ ပင့်ဆောင်ကြောင်း ယင်းပင့်ဆောင်သူများ က 
ပြောကြားသည်။
 
 "ကျွန်တော်တို့ထဲမှာ လိုင်ဇာကို 
ပြန်ပို့ချင်တဲ့သူနဲ့ ကာချုပ်ဆီ လက်ဆောင်ပေး ချင်သူဆိုပြီး သဘောထား နှစ်ခု 
ထွက်လာပြန်တယ်။ ဒါကြောင့် နှစ်ခုစလုံး မသေချာခင်စပ်ကြား မန္တလေးမှာပဲ ယာယီ 
သီတင်းသုံးဖို့ သဘောတူခဲ့ ကြပါတယ်" ဟု ဦးဝင်းချိုက ရှင်းပြသည်။
 
 
ယခုအခါ မနောဝိမုတ္တိရသ ဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်မှာ မဟာမုနိ 
ရုပ်ရှင်တော်မြတ် တောင်ဘက်ဘုရားကြီး ကျောင်းတိုက်ဆရာတော် ဦးခေမာစာရ၏ 
ကျောင်းတွင် သီတင်းသုံးလျက်ရှိပြီး ရဟန်းရှင်လူပြည်သူ များ လာရောက် 
ဖူးမြော်နိုင်ကြောင်း လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့ထံမှ 
သိရသည်။
 
 လိုင်ဇာမြို့ KIA ဌာနချုပ်တွင် ဇွန်လ ၂၁ ရက်နေ့၌ 
ယင်းဌာနချုပ် အကြီးတန်း အရာရှိကြီးများဖြစ်သည့် ဗိုလ်မှူးကြီး ဇော်ထောင်၊ 
ဗိုလ်မှူးကြီး ရွမ်ထုံ၊ ဗိုလ်မှူးကြီး ဂမ်ဆိုင်းတို့က လက်ဝါးကပ်တိုင်ကို 
အခမ်းအနားနှင့် လက်ခံ ခဲ့ကြောင်း လိုင်ဇာ ငြိမ်းချမ်းရေး 
လမ်းလျှောက်အဖွဲ့ထံမှ သိရှိရသည်။
 
 အေးချမ်းမွန်  Credit To > The Voice Weekly < Thank
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment