ထိုအမျိုးသားရေးထိမ်းသိမ်းမှုကိုဖတ်သည်ဆိုသည့်သူများ
      မည်သည်ကို ဖတ်၍မည်သည်ကို မမြင်ကြသနည်း စဉ်းစားစေချင်သည်။
      
      
      
 
 
  
 
 
  
  
  
  
 
 
  
  
  
 
 
 
 
  
 
 
  
 
 
  
 
 
 
 
  
စစ်အာဏာရှင်တွေက
          အာဏာ၊ လက်နက်နဲ့ လွတ်လပ်ခွင့်တွေကို
          ထိမ်းချုပ်ဘို့နည်းအမျိုးမျိုးကြိုးစားကြတယ်။  အခု
          သာသနာအရေခြုံထားတဲ့သူတွေကလဲ အာဏာရှင်ရဲ့ဖိနှိပ်မှုတွေကို
          အားမရသေးလို့ ထပ်ပြီး ချုပ်ချယ်မှုတွေပြဌာန်းစေ ချင်တယ်။  
ဘာသာပေါင်းစုံငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ရေးဟန်ပြပြောသော်လည်း
ခရစ်ယာန်ဘာသာဝင်များအပေါ်
          ဘာသာရေးအ ရဖိနှိပ်မှုများ၊ ချင်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင်
          ဘုရားကျောင်းများဖျက်၊ တရားဟောဆရာများကို သတ်ဖြတ်ဖမ်းဆီး မှုများ၊
          ဘာသာခြားဝင်အမျိုးသမီးများကို
          မုဒိမ်းကျင့်စော်ကားမှုများကို တားဆီးရေးကိုတော့ ယောင်လို့ပင်
          အစအနဖေါ်ပြ အသိအမှတ်ပြုခြင်းပင်မရှိပေ။
ဘယ်ဆရာတော်များပါလဲ။ 
          ဆရာတော်တွေရဲ့ဘွဲ့အမည်တွေကိုတောင်မှ
          ရှင်းရှင်းလင်းလင်းဖေါ်ပြထားမှုမရှိပဲ ရောင်ဝါးဝါး
          နဲ့သံဃာတော်တရပ်လုံးပါဝင်နေသလိုလိုလုပ်ထားတယ်။ 
          
စင်္ကာပူနိုင်ငံက
          ကိန်းဂဏန်းအရေအတွက်ကိုကျတော့ လေ့လာဖေါ်ပြထားပါတယ်။  သို့သော် မြန်မာပြည်တွင်
          အတင်းအ ဓမ္မအကြပ်ခိုင်စေခိုင်းခံရပြီး
          ဘာသာပြောင်းရသူမည်မျှရှိပါသနည်း။ 
          ထိုသို့ အတင်းအဓမ္မခြိမ်းခြောက်စေခိုင်းမှုများကို
          သ တင်းပို့၍အကာအကွယ်ပေးရန်လျှောက်ထားမှုမည်မျှရှိပါသနည်း။  တရားစွဲဆိုမှုမည်မျှရှိခဲ့ပါသနည်း။  ဒီအချက်များကို
          အများပြည်သူသိအောင်လုပ်ဆောင်ပြီး
          ထိုအရေအတွက်ကြောင့် အလွန်တရာစိုးရိမ်ရသည်ဟု
          တိတိကျကျရှင်းပြနိုင်လျှင် တော့ကောင်းမည်ဖြစ်သည်။  ယောင်ဝါးလုပ်ခြင်းမျိုးမဟုတ်ပဲ
          ကိန်းဂဏန်းအချက်အလက်နှင့်
          ဖေါ်ထုတ်ပြသခြင်းက (မှန် ကန်သောကိန်းဂဏန်းများဖြစ်ရန်တော့လိုသည်)
          မိမိဆိုလိုနေသော ကိစ္စ၏အရေးကြီးမှုကို
          အထောက်အကူပြုလိမ့်မည် ဖြစ်သည်။ 
          ပါးစပ်ပြောဖြင့်
          ပြော၍မကောင်းပါ။  
မြန်မာနိုင်ငံတွင်
          စစ်တပ်မှမုဒိမ်းကျင့်လူသတ်၊ မိန်းကလေးများကို
          အုပ်စုလိုက် စော်ကားမော်ကားလုပ်ခြင်းများ ရေမ တွက် နိုင်အောင်
          ပေါများနေသည်ကို ထိုသူများမသိသည်ပဲလား၊
          ဂရုမစိုက်သည်ပဲလားတော့မသိပေ။  ထိုအရေအတွက်က
အ
          လွန်အမင်းကြောက်လန့်စရာကောင်းအောင်များပြားလှသော်လည်း
          ထိုသို့ဖြစ်ရပ်ကို ကာကွယ်ရန်တော့
          လုပ်ရန်မလိုအပ်ပဲ ယခုစာရင်းကိန်းဂဏန်းအရပင်
          သေသေချာချာမရှိသောလုပ်ရပ်ကို အလွန်တရာအရေးကြီးသည်ပြောနေသည်မှာ
          ထူးခြား သည်။  
မြန်မာအမျိုးသမီးများ၊
          ဗုဒ္ဒဘာသာအနွယ်ဝင်များကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရန်
          ထိုသူတို့ဆင်းရဲနွမ်းပါးနေချိန် တွင်ကူညီပံ့ပိုးပေးကြ၊
          လမ်းညွှန်ပေးကြရသည်။  ထိုသူတို့ရပ်တည်နိုင်အောင်
          ဝိုင်းဝန်းဖေးမပေးကြရသည်။  အာဏာရှင်
          ကဲ့သို့ သေနတ်အားကိုး၊ ဥပဒေအားကိုးဖြင့်
          ဖိနှိပ်ချုပ်ချယ်၍ ထိုသူတို့ကို အကာအကွယ်ပေးမည်မဟုတ်ပါ။  ထိုဥပဒေက ပင်လျှင်
          ထိုသို့ကြေငြာယူဆောင်ခြင်းကို
          မပြုရဲတော့ကြသဖြင့် တိတ်တိတ်ပုန်းမယား၊
          တိတ်တိတ်ပုန်းဘာသာပြောင်းတာ တွေဖြစ်တာမျိုးတွေကို
          ဖြစ်စေလိမ့်မည်ကိုလဲ စဉ်းစားမိကြဟန်မတူသော အလွန်ကြီးမြတ်သည့်
          ဥာဏ်ကြီးရှင်ကြီးများဖြစ်
          သည်။  တရုတ်ပြည်တွင်
          တအိမ်ထောင်ကလေးတယောက်နှုန်းသာယူရမည်ဟု
          အာဏာစက်ဖြင့်လုပ်ခဲ့သောကြောင့်မည်
          သို့သောဖြစ်ရပ်တွေဖြစ်ခဲ့သည်ကို လေ့လာကြည့်သင့်သည်။  
ထို့အပြင်
          အမျိုးသားကာကွယ်စောင့်ရှောက်ရေးတခုလုံးက
          ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို
          အတည်ပြုထားပြီး ထိုဥပဒေ
          ကိုပိုမိုထိမ်းချုပ်နိုင်သောဥပဒေဖြစ်အောင်သာ ဦးတည်သည်။  ထိုဥပဒေကိုယ်ဌ်က
          တရားမျှတမှန်ကန်မှုရှိသောဥပဒေမဖြစ်
          သည်ကို လျှစ်လျှူရှုထားသည်။  
၂၀၀၈ဖွဲ့စည်းပုံအရလက်ခံသတ်မှတ်ထားသော
          ဘာသာကြီးများကို ပြန်လည်သုံးသပ်လေ့လာရန်လိုဟုဆို။  ထိုအဆိုအ ရဆိုလျှင်
          မိမိတို့၏ဗုဒ္ဒဘာသာကိုလဲ ပြန်လည်လေ့လာသုံးသပ်ရန်ကော
          မလိုအပ်ဘူးလား
အိမ်ထောင်ကွာရှင်းပြတ်စဲလိုလျှင်
          အစ္စလာမ်ဘာသာကူးပြောင်းခဲ့သူအမျိုးသမီးအနေဖြင့်
          အစ္စလာမ်တရားဥပဒေအရ အဆုံးအဖြတ်ခံယူရသည်    
          ----- မြန်မာနိုင်ငံတွင် ရှာရီးယားဥပဒေကို
          လက်သင့်ခံထားသည့်သဘောမျိုးရေးခြင်းလား
မြန်မာနိုင်ငံတွင်
          တည်ဆဲဥပဒေများနှင့် လင်ကွာမယားကွာကိစ္စများကို
          ဆုံးဖြတ်ကြရသည်။  မည်သည့်ဘာသာရေး
          ဥ ပဒေနှင့်မျှ
          လင်ကွာမယားကွာအမှုများကို ဆုံးဖြတ်ခြင်းရှိသည်ဟုမသိရပေ။  ထိုသို့သာ
          အစ္စလာမ်ဘာသာဝင်ထားသော ကြောင့်အမျိုးသမီးတို့အနေနှု့်
          အစ္စလာမ်ဥပဒေအတိုင်းသာ ကွာရှင်းပြတ်ဆဲနိုင်သည်ဆိုခြင်းမှာ
          အခြေအမြစ်မရှိပေ။  သို့
          သော ထိုပြောနေသူများက ယခင်ကတည်းက ရှာရီးယားဥပဒေကို
          လက်ခံကျင့်သုံးအသိအမှတ်ပြုခဲ့ ပြီး ထိုဥပဒေအတိုင်း
          ကျင့်သုံးခွင့်ပြုခဲ့လျှင်တော့ မသိပေ။  
ဤလေသံက
          အမျိုးသမီးတို့၏လွပ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကို
          တားဆီးလိုသည့် လေသံမဟုတ်လျှင် ဘာပါလဲ။  သို့မဟုတ်လျှင်
          မြတ်စွာဘုရားသခင်ကို အာခံပြုပြီး သူပြဌာန်းထားခဲ့သော
          တရားတော်များကို မလုံလောက်သေး
          ပြန်ရေး ရမည်ဟုဆိုလိုပါသလား။  ဘုရားထက်တတ်သည့်အလွန်ထူးမြတ်သော
          ပုဂ္ဂိုလ်ထူးကြီးများဖြစ်လိမ့်မည်နှင့်တူသည်။
အရည်းကြီးတို့ခေတ်ကလို
          အမျိုးသမီးတွေကို ဘယ်လိုအရည်အချင်းနဲ့ပြည့်စုံမှ
          လက်ထပ်ယူရမည်ကို အရေးကြီးတို့က
          ဆုံးဖြတ်သလိုများပြန်ပြီးဆုံးဖြတ်ချင်နေသလားမသိပါ။  ဤစာပိုဒ်က
          မြန်မာဗုဒ္ဒဘာသာအမျိုးသမီးများကို သူတို့နှစ်သက်
          သောသူ၏အရည်အချင်းကို သူတို့ဘာသာသူတို့ရွေးချယ်ခွင့်အစားကို
          အရည်းကြီးတို့က ဆုံးဖြတ်ထားသည့်အတိုင်း
          ရွေး ချယ်ရန်သတ်မှတ်ခြင်းမျိုးပင်ဖြစ်သည်။ 
          မြတ်စွာဘုရားက မြန်မာအမျိုးသမီးများ မည်သူ့ကိုလက်ထပ်ရမည်၊
          မည်သူ့ကို မရွေးချယ်ပါနှုင့်ဟု
          ကန့်သတ်ခြင်းမျိုးရှိတယ်ကြားဘူးပါသလား။  
မမှန်ကန်သော
          ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ရှေ့နေလိုက်ပေးနေခြင်းလား။  ထိုသူတို့က ယင်းဥပဒေအား
          အသိအမှတ်အသေအချာပြုထား တာကတော့
          ငြင်းပယ်၍မရအောင်ဖြစ်သည်။  
အခြားဘာသာတို့ကို
          မတိုက်ခိုက်ပဲ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးဟု
          အယောင်ပြပြောသော်လည်း အောက်ပါလေသံက တော့
          ရှေ့ပြောနှင့်နောက်ပြောမညီသည်ကိုပြသည်။
ဒါ့အပြင်လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကိုလဲ
          အခုလိုတားမြစ်မှုနဲ့လုပ်ချင်တာက
          သူတို့လဲပဲအစွမ်းရောက်ဘက်ကို သွားချင်တာလို့ မပြောနိုင်ဘူးလား
No comments:
Post a Comment