အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က
၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ တွင် နေရာအများစု အနိုင်ရ ပါ က
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ပူးပေါင်းကာ အစိုးရ
အဖွဲ့ ဖွဲ့စည်းမည် မဟုတ်ကြောင်း NLD ပါတီ၏ နာယ က အဖွဲ့ဝင် ဦးဝင်းတင်က
ပြောကြား သည်။
ပြည်ထောင် စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္က ဋ္ဌ သူရဦးရွှေမန်းက
အမေရိက ခရီး စဉ်အတွင်း လာမည့် ရွေးကောက်ပွဲအပြီး၌ အမျိုးသား ဒီမို ကရေစီ
အဖွဲ့ ချုပ် (NLD) ပါတီနှင့် ပူးပေါင်းကာ အစိုးရဖွဲ့ရန် အလား အ
လာရှိကြောင်း ထုတ်ဖော် ပြောကြား သည့်အပေါ် ဦးဝင်းတင်က ဇွန်လ ၁၉ ရက်နေ့တွင်
ကျင်းပပြုလုပ် သည့် ဒေါ်အောင် ဆန်းစုကြည် ၏ မွေးနေ့အခမ်း အနားအပြီး
သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ပြော ကြားခြင်းဖြစ် သည်။
NLD ပါတီသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်သွားမည်ဟု ဆုံးဖြတ် ထားပြီး
မိမိတို့အနေနှင့် ပါတီ အပေါ် ယုံကြည်မှု အပြည့်ရှိကာ တစ်ပါတီတည်း
လုပ်နိုင်မည်ဟု ယုံကြည်ထားကြောင်း ဦးဝင်းတင်က ဆက် လက် ပြောကြား သည်။
"ကျွန်တော်တို့အနေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ မူမရှိဘူး။ ဒါပေမဲ့
ညွန့်ပေါင်းကို ပစ်ပယ်တာ မဟုတ် ဘူး၊ ရွေးကောက်ပွဲမှာ Landslide
နိုင်ခဲ့ရင်တောင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ပြည့်ဝတဲ့ တိုင်းရင်း
သားပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူထောက်ခံတဲ့
အဖွဲ့တွေနဲ့ အမြဲပဲ လက်တွဲလုပ်ကိုင် သွား မှာ ပါ" ဟု ဦးဝင်းတင်က ဆိုသည်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်
လိုပါက လက်ရှိ လွှတ်တော်တွင် နေရာအများဆုံး အနိုင်ရထား သည့်
ကြံ့ခိုင်ရေးပါတီနှင့် သဘော တူညီချက် တစ်ခု ရယူကာ ညှိနှိုင်း
လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦး က သုံးသပ် သည်။
အကယ်၍ ၂၀၁၅ ခုနှစ်တွင် NLD ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင် ရပါကလည်း တပ်
မတော် ခေါင်းဆောင်ဟောင်း အချို့ ပါဝင်သော ကြံ့ခိုင်ရေးပါတီ
ခေါင်းဆောင်များကို အသိအမှတ်ပြု သည့် အနေနှင့် ပူးပေါင်း
လုပ်ဆောင်သင့်ကြောင်း အဆိုပါ နိုင်ငံရေး လေ့လာ သုံးသပ်သူက ဆက်လက် အကြံပြု
သည်။
သို့သော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အခြား ခေါင်းဆောင်တစ်ဦးဖြစ်သူ
ကာကွယ်ရေး ဦးစီး ချုပ်ဟောင်း ဦးတင် ဦး ကမူ ၂၀၁၅ ခုနှစ် တွင်
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေး တပ်မတော် သား များ ဝိုင်း ဝန်း
ကူညီရန် မေတ္တာရပ်ခံကြောင်း ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပ သည့်
ဒေါ်အောင် ဆန်း စုကြည်၏ (၆၈) နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားတွ င် ပြောကြား
သည်။
ပြည် သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ၎င်း၏ အမေရိက ခရီးစဉ် အတွင်း ၂၀၁၅
ခုနှစ်တွင် သမ္မတပြု လုပ် လိုကြောင်း၊ ရွေးကောက်ပွဲ အပြီး၌ NLD နှင့်
ညွန့်ပေါင်းအစိုးရ ဖွဲ့ရန် ဖြစ်နိုင်ခြေရှိပြီး အတိအ ကျ ပြော ရန် မူ စော
လွန်းနေသေးကြောင်း ၊ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း
ဆောင်ရွက် လျက် ရှိကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင်
မဲအပြတ်အသတ်ဖြင့် အနိုင် ရရှိ ခဲ့သော်လည်း တပ် မတော် ခေါင်းဆောင် များက
အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။
NLD ပါတီ သည် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲကို
သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု
လွှတ်တော်ကအခြေခံဥပဒေ၏ကန့်သတ်ချက် အချို့ကို ပြင် ဆင်ပေး ခဲ့သောကြောင့်
ကြားဖြတ် ရွေးကောက် ပွဲ ဝင်ကာ မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၃ နေရာ အနိုင်ရခဲ့
သည်။
No comments:
Post a Comment