============================== ==
     Created on Friday, 28 June 2013 02:44
 
 ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက် 
မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ဇွန် ၂၇ ရက်က ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ 
သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲနှင့် 
ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ 
ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် ကြေညာချက် 
ထုတ်ပြန်ခဲ့သည်။
 
 
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပေးပညာပေး 
တားဆီးကာကွယ်ရန်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး 
စည်းရုံးရန် အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းပြည်နှင့် လူမျိုးကို 
တရားဥပဒေဖြင့် ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်း 
ဖြစ်သည်ဟု ဆိုသော်လည်း အခမ်းအနားတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်သည်များ 
ဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ရှင်းလင်းခြင်း၊ အဆိုတင်ခြင်းများ 
ပြုလုပ်ခဲ့သည်။
 
 အခမ်းအနားသို့ အင်းစိန်ရွာမဆရာတော် 
ဘဒ္ဒန္တတိလောကာဘိဝံသ၊ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀န၊ 
အမေရိကန်နိုင်ငံတွင် သီတင်းသုံး နေထိုင်သည့် ဆရာတော် ဦးဇောတလင်္ကာရ၊ 
မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတေဇောသာရဘိဝံသ၊ 
မော်လမြိုင်မြို့ မြစေတီ စာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိစသည့် ဆရာတော်များ
 တက်ရောက်ခဲ့ပြီး သီတဂူဆရာတော် ဦးဥာဏိဿရလည်း တက်ရောက်ခဲ့သည်။
 
 
အခမ်းအနား နံနက်ပိုင်းတွင် မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိ စာသင်တိုက် 
ဆရာတော် ဦးတေဇောသာရဘိဝံသက အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း 
စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းပေးရန်နှင့် မျိုးစောင့် ဥပဒေကဲ့သို့သော 
အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေကို အသိပညာရှင်၊ 
အတက်ပညာရှင်များနှင့် နိုင်ငံတကာ စံထားလောက်သည့် ဥပဒေများကို မှီငြမ်းပြီး 
ဖွဲ့စည်းပေးရန် စသည်တို့ကို အဆိုတင်သွင်းခဲ့ပြီး မော်လမြိုင်မြို့ 
မြစေတီစာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိက ထောက်ခံခဲ့သည်။
 
 အဆိုပါ 
အစည်းအဝေး ကြေညာချက်တွင် (၁)နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် 
သံဃာမဟာနာယက အဖွဲ့တို့အား အမျိုးဘာသာ သာသနာရေး ကိစ္စများနှင့် ပတ်သက်၍ 
ကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ (၂)နိုင်ငံတော်သားအားလုံး 
ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပဋိပက္ခများ ထပ်မံ မဖြစ်ပေါ်စေရန် 
ဝိုင်းဝန်းဆောင်ရွက်မည်၊ (၃) အမျိုးဘာသာ သာသနာ ထိန်းသိမ်း 
စောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်းရန် အစည်းအဝေးမှ 
ထောက်ခံအတည်ပြုသည်၊ (၄) မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် 
တိုင်းနှင့်ပြည်နယ် အသီးသီးမှ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သံဃာတော် 
၁၅၃၀ ကျော်တို့က တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုကြောင်း၊ (၅) 
ဦးဝီရသူ၏ပုံနှင့် (The Face of Buddhist Terror) ဟု ဖော်ပြခဲ့သည့် 
တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း စသည်တို့ ပါဝင်သည်။
 http://news-eleven.com/
 မီဒီယာတွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်နေစဉ်
==============================
Created on Friday, 28 June 2013 02:44
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ဇွန် ၂၇ ရက်က ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပေးပညာပေး တားဆီးကာကွယ်ရန်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး စည်းရုံးရန် အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းပြည်နှင့် လူမျိုးကို တရားဥပဒေဖြင့် ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အခမ်းအနားတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်သည်များ ဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ရှင်းလင်းခြင်း၊ အဆိုတင်ခြင်းများ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀န၊ အမေရိကန်နိုင်ငံတွင် သီတင်းသုံး နေထိုင်သည့် ဆရာတော် ဦးဇောတလင်္ကာရ၊ မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတေဇောသာရဘိဝံသ၊ မော်လမြိုင်မြို့ မြစေတီ စာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိစသည့် ဆရာတော်များ တက်ရောက်ခဲ့ပြီး သီတဂူဆရာတော် ဦးဥာဏိဿရလည်း တက်ရောက်ခဲ့သည်။
အခမ်းအနား နံနက်ပိုင်းတွင် မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးတေဇောသာရဘိဝံသက အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းပေးရန်နှင့် မျိုးစောင့် ဥပဒေကဲ့သို့သော အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေကို အသိပညာရှင်၊ အတက်ပညာရှင်များနှင့် နိုင်ငံတကာ စံထားလောက်သည့် ဥပဒေများကို မှီငြမ်းပြီး ဖွဲ့စည်းပေးရန် စသည်တို့ကို အဆိုတင်သွင်းခဲ့ပြီး မော်လမြိုင်မြို့ မြစေတီစာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိက ထောက်ခံခဲ့သည်။
အဆိုပါ အစည်းအဝေး ကြေညာချက်တွင် (၁)နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့တို့အား အမျိုးဘာသာ သာသနာရေး ကိစ္စများနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ (၂)နိုင်ငံတော်သားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပဋိပက္ခများ ထပ်မံ မဖြစ်ပေါ်စေရန် ၀ိုင်းဝန်းဆောင်ရွက်မည်၊ (၃) အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်းရန် အစည်းအဝေးမှ ထောက်ခံအတည်ပြုသည်၊ (၄) မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးမှ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သံဃာတော် ၁၅၃၀ ကျော်တို့က တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုကြောင်း၊ (၅) ဦးဝီရသူ၏ပုံနှင့် (The Face of Buddhist Terror) ဟု ဖော်ပြခဲ့သည့် တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း စသည်တို့ ပါဝင်သည်။
http://news-eleven.com/
မီဒီယာတွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်နေစဉ်

No comments:
Post a Comment