Tuesday, June 25, 2013

May , 29, 2013ထုတ် Right Time ဂျာနယ်ရဲ့ အမှား(၂)ခု

ဒီမိုဝေယံသို့ ပေးစာ..
May , 29, 2013ထုတ် Right Time ဂျာနယ်ရဲ့ အမှား(၂)ခု
http://www.demowaiyan.org/2013/06/may-29-2013-right-time.html

ဝေဖန်ရပါတော့မယ်။ မရေးခင် သေသေချာချာ စုံစမ်းပြီးမှ ရေးသင့်တဲ့ကိစ္စပါ။ Right Time ဂျာနယ်...Wed; May , 29, 2013 ဂျာနယ် စာ- ၃ မှာ ( သတင်းသုံးသပ်ချက် ) မှာ ရန်ကုန်-မန်း လမ်းမကြီးကိစ္စ ရေးထားတာ အလွဲ(ကြီး) ၂-ခု။

တစ်က အပိုဒ်-၅ - ။ ၁၉၆၂-ခုနှစ်တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးကာလ လို့ ရေးထားပါတယ်။ တကယ်တော့ အာဏာမသိမ်းခင် ပါလီမန်ခေတ်က ပရောဂျက်ပါ။ အင်္ဂလိပ်လို ဘယ်လိုပေါင်းတယ်တော့ မသိဘူး။ (လူဝီ ဘာဂါ) ပရောဂျက်လို့ ခေါ်တယ်။ လူဝီ ဘာဂါ - ကရေးဆွဲတာလို့ သိထားပါတယ်..။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ မြေပုံကြီးတွေ Blue prints တွေ ယခုအထိရှိနေပါသေးတယ်။

ဒီလိုဘဲ နောက်စီမံကိန်းတခုဖြစ်တဲ့ သမိုင်း(လှိုင်တက္ကသိုလ်) ကမူလက (ပြည်စောင့်ရဲဌာနချုပ်) နေရာပါ။ တက္ကသိုလ်အတွက် စစ်တပ်ကဖယ်ပေးတယ်။ န.အ.ဖ လက်ထက် အဲဒီနေရာက ကန်ထုတ်ပြီး သူတို့ ယူတယ်။ မောင်ဝိတ် မလုပ်ကောင်းတာ လုပ်မိတော့ ထောင်ကျတယ်။

ပညာမျက်စေ့ မရှိတာပြတာဘဲ။ အသိအမြင် ဘယ်လောက်ကျယ်တယ် လက်တွေ့ ပြလိုက်တာဘဲ။ ဒီလိုအသိနဲ့  အနစ်-၂ဝ-ကျော်အုပ်ချုပ်ခဲ့တာ တိုင်းပြည်ဒီထက် ပိုမပျက်သွားတာတောင် ကျေးဇူးတင်ကြရဦးမယ်။ အဲဒီလောက်တုံးတဲ့သူတွေ။ လှိုင်တက္ကသိုလ်ထဲ့က ဧရာမ ကွန်ကရိ ဖေါင်ဒေးရှင်းတွေကို ကြည့်ရင် ဘယ်လောက် ကြီးကျယ်မယ်။ ဘယ်လောက်သားနားမယ်ဆိုတာ ခန့် မှန်းနိုင်ပါတယ်။

အာဏာသိမ်းလို့ ရပ်လို်က်ရတာပါ။ လူဝီဘာဂါ လဲ အာဏာသိမ်းလို့ ရပ်လိုက်တာပါ။ ဒါကို နေဝင်းတို့ က အမေရိကန်က ကမ်းလှမ်းတယ်။ လေယာဉ်ဆင်းဖို့  စီမံချက်ပါနေလို့ လက်မခံတာဆိုပြီး ပြည်တွင်းမှာ အောက်လမ်းနည်းနဲ့ ကောလဟာလ ဘဲထုတ်ရဲတာပါ။ တရားဝင်ဘယ်ပြောရဲမှာလဲ။ မသိသူတွေကို ရွှီးတာ။

ဥပမာ လူငယ်တွေကြား ကောင်လေးက ကောင်မလေးကို ပိုးတယ်။ မရတော့ အရှက်ပြေရွှီးတာနဲ့  တစ်ထေရာထဲဘဲ ။ နေဝင်းကတော့ ရွှီးမှာဘဲ။ သူ့ ကိုယ်သူ ကာကွယ်တာလေ။ အင်္ဂလိပ်လိုတော့ The grapes are sour။
သတင်းသမာက အသိဘယ်လောက် မများဘူး ဖြစ်သွားပြီ။

နံပါတ်(၂) အမှားကတော့ နိုင်ငံရေးအသိ VOID ပြလိုက်တာဘဲ။ ၇- အပိုဒ်- ယင်းသို့ ငြင်းဆန်ခဲ့ခြင်းမှာ (၎င်းတို့ အားကိုးနေသည့် တရုတ်) တစ်စက်မှ အားမကိုးပါဘူး။ ထိုခေတ် ထိုအခါက တရုတ်ကရန်သူပါ။ နေဝင်း-စန်းယု စစ်အာဏာရှင်လူတစ်စု ဆိုပြီး ပီကင်းသတင်းဋ္ဌာနကနေ တတွင်တွင် အော်ဆဲနေတာပါ။ တရုတ်ကို အားတော့မကိုးဘူး။ တရုတ်က အဲဒီလမ်းဖေါက်ရင် သူပုန်တွေဘက်က ဝင်တိုက်မယ်ကြိမ်းဝါးနေတာပါ။

တရုတ်က ၈၈၈၈ - ဖြစ်ခါနီး သူ့ နိုင်ငံဘေးမှာ ဒီမိုကရေစီနိုင်ငံပေါ်လာမှာကို လုံးဝ လက်မခံနိုင်တော့ ၁၉၈၈- ဂျူလိုင်လကုန်မှာ ရေးကြီးတက်သုတ် လက်နက်တွေ အကြွေးပေးပါမယ် လောဂွတ်ချော၊ တက်သုတ်ရီုက်ပြီး နယ်စပ်ကုန်သွယ်ရေး လက်မှတ် ထိုးခဲတ့ာတာပါ။ ပထမဆုံး ကုန်သွယ်ခဲ့တဲ့ ကုန်ပစ္စည်းတွေက စစ်ကားတွေနဲ့  သေနတ်တွေ ကျည်ဆံတွေပါဘဲ။ အင်မတန် မင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့ ကုန်သွယ်ရေးပါ။ ပြီးပထမဆုံး ထရိတ်ဒင်းကိုက ခရဲဒစ် အကြွေး။ ကောင်းကြသေးလား အရပ်ကတို့ ။ ဝယ်တာက ကိုယ်ြ့ပည်သူကိုသတ်ဖို့ ။

ကနေ့ လဲ လူသေစေတဲ့ ဆေးဝါးတွေ အစားအသောက်တွေ ဝင်နေတာပါဘဲ။ အမဂ်လာနဲ့ စခဲ့တာ တစ်လျောက်လုံး ဒီလိုဘဲနေပါတော့မယ်။ ပြည်သူတွေအာလုံး ကလေးတွေ ပြောမရလို့ ရှိရင် သေစေချင်ရင် စိန်တိုက်မနေနဲ့  တရုတ်မုန့် တွေသာ များများဝယ်ကျွေး လို်က်ြက။

ဒါကြောင့်လဲ ..၁၉၈၉ - မေလမှာ တိန်ယီမင် တရုတ် ကျောင်းသား အုံကြွမှုကြီးကြုံရပြီး ဇွန်-၄-ရက် မှာ ကျောင်းသားတွေ သူတို့ ကိုယ်တိုင် သတ်ရတော့တာပါဘဲ။

နောင်ဒီလိုတစ်လွှဲတွေ အမှုမဲ့အမှတ်မဲ့ မရေးမိအောင် သတိပေးလို်က်တာပါ။

နှောင်းလူတွေ အမှားကို အမှန်လို့ မထင်ရအောင် ဒီမိုဝေယံမှ တဆင့်တင်ပြပေးဖို့ တောင်းဆိုပါတယ်...။

အမှန်ဖြစ်စေချင်သူ..

No comments: