အာရှတိုက်မှာ ဒုတိယမြောက် အဆင်းရဲဆုံးနိုင်ငံဘာကြောင့်ဖြစ်ရတာလဲ……
ဗြိတိသျှ ၁၈၈၅-၁၉၄၈ ထိ အုပ်ချုပ်ပြီးတုန်းက မြန်မာပြည်က အာရှမှာ ထိပ်တန်းစာရင်းဝင်နိုင်ငံ ဖြစ်ခဲ့သေးတယ်။
ကိုယ့်လူမျိုးဟို. အရည်းအချင်းမရှိပဲ ရာထူးလိုချင်တဲ့ အရှက်ကင်းမဲ့တဲ့ အချောင်သမား၊ (သို့) နတ်ဆိုးတွေ
..ဆရာတွေပြန်အုပ်ချုပ်လိုက်တဲ့ နှစ်ငါးဆယ်ကျော်မှပဲ အဆင်းရဲဆုံးနိုင်ငံထဲ မှာထိပ်ဆုံးစာရင်းရောက်ခဲ့ရတော့ တာပါပဲ...။
၁၉၆၂ အာဏာသိမ်းတုန်းက မြန်မာနိုင်ငံဟာ အာရှတိုက်က အချမ်းသာဆုံး ၁၀ နိုင်ငံစာရင်းဝင်။ ၁၉၈၈ ဒုတိယအကြိမ် အာဏာထပ်သိမ်းတော့ အာရှတိုက်ရဲ့ အဆင်းရဲဆုံး ငါးနိုင်ငံ စာရင်းဝင်။ ၂၀၁၂ ရောက်တော့ အာရှတိုက်မှာ ဒုတိယမြောက် အဆင်းရဲဆုံးနိုင်ငံ၊ စစ်အာဏာရှင်တွေကနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရလဒ်ပါ။
၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးနောက် တပ်မတော်ရဲ့ထိပ်ပိုင်း ဗိုလ်ချုပ်တွေဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အသွင်ပြောင်း (တစည) ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD နှင့်အပြိုင် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြီးစွာ ထင်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ မင်္ဂလာဒုံမြို့နယ်လို ကိုကိုးကျွန်းမြို့နယ်တွေ စစ်တပ်က လုံးဝ ကြီးစိုးထားတဲ့ ဒဂုံမြို့နယ် တွေလိုမှာ NLD သာ အနိုင်ရရှိသွားလို့ ဗိုလ်ချုပ်များ ထိတ်လန့်တုန်လှုပ် သွားခဲ့ရပါတယ်။ တပ်မတော်သား အရာရှိ အကြပ်တပ်သားများဟာ အထက်ဗိုလ်ချုပ်များရဲ့ သွေးထိုး သွေးခွဲမှုတွေရှိခဲ့သော်လည်း NLD အဖွဲ့အား မဲပေးခဲ့ကြပါတယ်။အဲဒီအချိန်က စပြီး စစ်တပ်ခေါင်းဆောင်တွေဟာ NLD ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အား ပစ်မှတ်ထားပြီး စိတ်ဓာတ်စစ်ဆင်ရေး စတင်လုပ်ဆောင် ပါတော့တယ်။
တပ်မတော်ရဲ့ပြိုကွဲရေးကို NLD တို့က လုပ်နေတာ။ ဒေါ်အောင်ဆန်းစုကြည်ပုံ ကာတွန်းရုပ်ပြောင်များ ရေးဆွဲ၍ ဖော်ပြသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ စပ်လျဉ်းကာ ဝေဖန်တိုက်ခိုက်တဲ့ စကားမျိုး ပြောဆို ခဲ့ကြပါတယ်။ တကယ်တမ်း လေ့လာကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေမှာတပ်မတော်အပေါ် မေတ္တာထားဆဲ ဒီစစ်တပ်ဟာ သူ့ဖခင် တည်ထောင်ခဲ့တဲ့ တပ်မတော်အဖြစ် မှတ်ယူထားဆဲဖြစ်ပြီး စစ်တပ်အနေနဲ့ ပြန်လည် အဖတ်ဆယ်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အမြဲပြောပါတယ်။ ဘီဘီစီ ရေဒီယို ၄ ရဲ့ Desert Island Discs ထုတ်လွှင့်တဲ့ ရေဒီယို အစီအစဉ်တစ်ခုမှာ တပ်မတော်ကို ဒေါ်စုက မေတ္တာထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ပြီး သတ္တိရှိသည့် တပ်မတော်သားများ လိုအပ်ကြောင်း၊ တပ်မတော်နှင့်လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။
တကယ်တမ်း တပ်မတော် ပြိုကွဲရေးဆိုတာကို သမိုင်းကြောင်း လေ့လာကြည့်တော့ မ.ဆ.လ ခေတ်၊ န.ဝ.တ ခေတ်၊န.အ.ဖ ခေတ်၊စတဲ့ စစ်တပ်ကအုပ်ချုပ် လာတဲ့သက်တမ်းတလျှောက်လုံး အောက်ခြေ လူတန်းစားတစ်ရပ်ဖြစ်သည့် တပ်မတော်သား အခြားအဆင့်များနှင့် မိသားစုများသည် ကျွန်များသဖွယ် ဖြစ်နေခဲ့ကြပါတယ်။ တပ်မတော်အတွင်း ဝင်ခါစမှာတော့ နိုင်ငံကို ကာကွယ်ဖို့ဖြစ်ပါတယ်။ သို့သော် တပ်မတော်အတွင်း တကယ် ရောက်သွားသောအခါ ဗိုလ်ချုပ်ကြီးများ၊ မိသားစု ဆွေမျိုးများ၏ အသက်ကိုသာ ကာကွယ်နေရသည့် ကျွန်များသာ ဖြစ်သွားကြပါတော့တယ်။ အကြီးအကဲဆိုသူများ၏ ဇနီးများ၊ သားသမီးများက တပ်မတော်သား စစ်သည်တစ်ဦး အပါအဝင် ဇနီးနှင့်သားသမီး မိသားစုများကိုပါ အော်ချင်အော်၊ ဟောက်ချင်ဟောက်၊ ဆဲချင်ဆဲ၊ ၄င်းတို့ အဖိုးအခ ပေးထားသော အခိုင်းအစေများသဖွယ် ခိုင်းစေနေကြသည်မှာ အစဉ်အလာသဖွယ် ဖြစ်နေကြပါတယ်။ အကြီးအကဲဆိုသူများက တပ်မတော်တရပ်လုံး အကြီးအကဲများပါမကျန် ဆွဲထည့်လို့ နိုင်ငံတော်ကို ကာကွယ်နေသည်ဟု ဆိုကြပြန်ပါတယ်။ စည်းစိမ်ရစ်လို့ ကြွယ်ဝချမ်းသာ နေကြသည်က အကြီးအကဲများဖြစ်ပြီး ဆင်းရဲတွင်းနက်လို့ ဖြစ်သလိုစား ဖြစ်သလိုဘဝနဲ့ သေဆုံးသွားရသူများက လက်အောက်ငယ်သား ရဲဘော်များပင်ဖြစ်ပါတယ်။တပ်မတော်အတွင်း စိတ်ဝမ်းကွဲမှုနှင့် ဆင်းရဲချမ်းသာ ကွာဟမှုများကို ဖြစ်ပေါ်လာစေတာက သူတို့ကိုယ်တိုင်ပါဘဲ။
၁၉၅၁ ခုနှစ်လောက်က စစ်တပ်မှနေပြီး တပ်တွင်းသက်သာချောင်ချိရေးဆိုပြီး
စီးပွားရေးလောကထဲ စတင်ဝင်ရောက် လာပါတယ်။ ပထမတွင် ငါးပိ၊ငါခြောက်
ရောင်းဝယ်ရာမှ ၁၉၅၈ စစ်တပ် အိမ်စောင့်အစိုးရလက်ထက်မှာ မှာတော့
မြန်မာကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားပြီး တပ်မတော်သက်သာချောင်ချိရေး
ဆိုကာ စီးပွားရေးလုပ်ငန်းကြီး အဖြစ်တိုးချဲ့လာပါတော့တယ်။ထို့ေ နာက် မြန်မာနိုင်ငံစီးပွားတိုးတက်ရေး
ကော်ပိုရေးရှင်း အမည်နှင့် စီးပွားရေးလုပ်ငန်းရှင် ကြီးဖြစ်လာပါတယ်။
တဆင်ပြီးတဆင့် စစ်တပ်က စီးပွားရေး လောကကိုဝင်ရောက်ကာ ခေါင်းပုံဖြတ်စနစ်ကို
ကျင့်သုံးလာပါတော့တယ်။ သွင်းကုန်လုပ်ငန်း ဆောက်လုပ်ရေးလုပ်ငန်းတို့တွင်လဲ ကိုယ်တိုင်လုပ်ဆောင်ခြင်းမဟုတ်ဘဲ
မူလလုပ်ငန်းရှင်များကိုသာ လုပ်ကိုင်စေပြီး ပွဲခယူခေါင်းပုံဖြတ်
စနစ်ဖြင့်ဝင်ရောက် လုပ်ကိုင်လာခဲ့ပါတယ်။ထိုသို့ ခေါင်းပုံဖြတ်စနစ်
ဖြင့်ကျင့်သုံးလာသောကြောင့် တကယ်လုပ်ကိုင်သူ
လုပ်ငန်းရှင်တို့မှာအမြတ်အစွန်း အပြင် ခေါင်းပုံဖြတ်စရိတ်ပါပေးနေရသောေ ကြာင့်
ဈေးနှုန်းများမြင့်တက်လာပြီး အခွန်ထမ်း အရပ်သားပြည်သူ တို့မှာ များစွာ
နစ်နာခဲ့ရပါတယ်။စစ်တပ်မှာတော့ သူတို့အတွက် ရရှိသော
အမြတ်အစွန်းများကိုကြည့်ပြီး သူတိုကိုယ်သူတို့ တော်လှပြီ အထင်နှင့်
လုပ်ငန်းများ ကိုတိုးချဲ့လုပ်ကိုင်လာပါတယ်။ ထိုနောက်
စစ်တပ်ပိုင်ဘဏ်လုပ်ငန်း ပင်လယ်ရေကြောင်းလုပ်ငန်း
အထိပါဆောင်ရွက်လုပ်ကိုင်လာကြပါတ ယ်။ စစ်တပ်မှာ အခွန်ကင်းလွတ်ခွင့်ရထားသောကြောင့် ပုဂ္ဂလိက လုပ်ငန်းများထက် အဆ ၂၀၀ လောက် ပိုမိုမြတ်ကြပါတယ်။
မြေလွတ်မြေကွက်များကို စစ်တပ်အာဏာဖြင့် ဂရန်ရယူကာ တိုက်ဆောက်ပြီး နိုင်ငံခြားသားများကိုငှားစားပါ တယ်။တိုက်တလုံးနှင့်မျှ
မကျေနပ်နှိုင်ကြဘဲ စစ်ဗိုလ်တဦးလျှင် လေးငါးဆယ်လုံး အပိုင်ယူကြ ပါတော့တယ်။
စစ်ဗိုလ် တို့၏တိုက်များမှာ ပါရမီရပ်ကွက်မှစတင်တည်ထောင်ခဲ့ပါတယ်။ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ စစ်ဗိုလ်တို့ ရိပ်သာကြီးသည် ယခင်က ဆင်းရဲသားတဲများကို မြေတူးစက်များနှင့်ဖြိုဖျက်ပြီး စစ်တပ်မှသိမ်းယူ တည်ဆောက်ထားသော တိုက်များပင်ဖြစ်ပါတယ်။ဗိုလ်နေဝ င်းဟာ
အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်ဖြစ်စဉ်အခါကထဲက
စစ်အာဏာဖြင့်ပြည်သူလူထုအပေါ် ညှင်ပန်းနှိတ်စက်ခဲ့ပြီး မိမိကိုယ်ကျိုး
အတွက်သာ ကြည့်ခဲ့သူဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းတွေကို အမြတ်တော်ခွန်
နှုံးထား ၉၉% အထိ တိုးမြှင်လိုက်တယ် သူတို့လုပ်ငန်းတွေကျတော့
အခွန်ကင်းလွတ်ခွင့် ရကြပါတယ်။၁၉၆၃ ခုနှစ်မှာ ဆိုရှယ်လစ် စီးပွားရေး
စနစ်ထူထောင်မယ်ဆိုပြီး လုပ်ငန်းတွေ အားလုံးကို လက်နက်အားကိုးနဲ့ ပြည်သူ
ပိုင်သိမ်းခဲ့တယ်။မ.ဆ.လ ပါတီဝင်တွေကို မူလပိုင်ရှင်တွေနေရာမှာ အစားထိုးပြီး
လုပ်ကိုင်ကြ ပါတယ်။ဆိုင်ကြီးများမှ လက်လီဆိုင်လေးများအထိ
ပြည်သူပိုင်အမိန့်ကိုဖတ်ပြပြီး လုပ်ငန်း၏ သော့နှင့်ငွေကို
အပ်ကြရပါတယ်။ထို့အပြင် မော်တော်ယဉ်နှင့် ကားသော့များပါ ပြည်သူပိုင်အဖြစ်
သိမ်းယူခြင်း ခံခဲ့ရကြရပါတယ်။လုပ်ငန်းရှင်များ၊ဆိုင်ရှင်များ
ထံမှ သိမ်းယူထားသော ကားများကို ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက်သုံးကြ
ကုန်စည်များကိုလည်း ခိုးကြဝှက်ကြနှင့် အဖိုးတန်ဆိုင်များကို သိမ်းယူရသော
စစ်ဗိုလ်များသည် နေ့ချင်းညချင်း ချမ်းသာလာကြပါတော့တယ် သိမ်းယူရရှိသော
ကုန်စည်များကို စုပေါင်းရောင်းချရန် ဆိုင်ကြီးများသို့ ပြောင်ရွှေ့ပြီး
လစ်လပ်သွားသော ဆိုင်ခန်း အိမ်ခန်းများ ကို စစ်ဗိုလ်များမှ ခွဲဝေယူပြီး
ပြန်လည်ရောင်းစားကြရာတရုပ်၊ကုလားများလက်သို့ပင် ရောက်ရှိသွားပါတော့တယ်။
ဘဏ်များ၊ဆိုင်များ၊လုပ်ငန်းများ ကို
မတရားသိမ်းယူပြီး စာရင်းမရှိ၊အင်းမရှိ ခိုးယူကြပြီး အများစုပိုင်
မြန်မာလုပ်ငန်းများကိုမူ လျော်ကြေးမပေးပါ။သို့ရာတွင် နိုင်ငံခြားသားပိုင်
လုပ်ငန်းများကိုမူ နိုင်ငံခြားငွေဖြင့် လျော်ကြေးပေးခဲ့ပါတယ်။
ဗိုလ်နေဝင်းမှာ နိုင်ငံခြားသားများကို သူရဲဘောကြောင် ကြောက်တတ်သော
စိတ်ဓါတ်နှင့် မြန်မာပြည်သူများကို အနိုင်ကျင့် ရက်စက်တတ်သည့် စိတ်ဓာတ်မှာ
အလွန်ပင် စက်ဆုတ်ရွံရှာ ဖွယ် ကောင်းလှ ပါတော့တယ်။ မြန်မာပိုင်ဆိုပေမယ့်
သူနှင့်နီးစပ်ရာ လုပ်ငန်းရှင်များကိုတော့ လက်သိပ်ထိုး
လျော်ကြေးပေးခဲ့ပါတယ်။ ဗိုလ်နေဝင်းဟာ မတရားမှူမှန်သမျှ တခုမကျန်
ကျူးလွန်ခဲ့သူပဲ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီး နောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့တဲ့ ပထမဆုံးစီးပွားရေးလုပ်ငန်း၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက်
(The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ်
အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့် ကြော်ငြာစာ အမှတ် ၇/ ၉၀ ဖြင့် ကြေညာခဲ့ပါတယ်။ စစ်ဗိုလ်ချုပ် မိသားစုများရဲ့ရာသက်ပန်အကျိုးစီးပွားအတွက်တိုင်းပြည်၏စီးပွားရေးအသ က်သွေးကြောတခုလုံးအား
အာဏာဖြင့် လက်ဝါးကြီးအုပ်ရန် ပြင်ဆင်လုပ်ကိုင်ခြင်းပင်ပဲ ဖြစ်ပါ တယ်။
ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမီတက်မှ အခွင့်ထူးခံ
အရာရှိကြီးများဟာ “ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက်” စကားနှင့်အညီ
လုပ်ချင်ရာ လုပ်နေကြပါတယ်။ အောက်ခြေ တပ်မတော်သား အများစု ငတ်ပြတ်
စုတ်ချာနေကြသလောက် ဦးပိုင်မှ အရာရှိကြီးများကတော့ သူ့ထက်ငါ
ယစ်မူးပျော်ပါးကာ အထက်ဖါး အောက်ဖိ လုပ်နေကြပါတယ်။ ဗိုလ်နေဝင်း လက်ထက်က
ပြည်သူပိုင် သိမ်းသည်ထက်ပင် ဆိုးပါတော့တယ်။မြန်မာနိုင်ငံ၏
စီးပွားရေးအသက်သွေးကြော တစ်ခုလုံးကို ပင် ဦးပိုင်မှ
ဝါးမြိုလိုက်ပါတယ်။စစ်အုပ်စုနှင့်
သူတို့၏ နီးစပ်ရာများ သားသမီးများ ကောင်းစားလာ ပါတော့တယ်။
တပ်မတော်သားများ၏ လစာငွေများမှ ဖြတ်တောက်ထားသော တပ်ရင်းရန်ပုံငွေများနှင့်
စစ်မှုထမ်းဟောင်းများ ထည့်ဝင်ထားသော အစုရှယ်ယာ ငွေများဖြင့် စုစည်း၍
ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုပင် ဖြစ်ပါတယ်။ပြည်သူလူ ထုထံမှသာမက
မိမိတို့တပ်တွင်း အောက်ခြေမှတပ်သားများ ၏လခကိုဖြတ်ပြီး အရင်းပြုကာ
သွေးစုတ် ရေး စသည်တို့ အလိုလိုပါဝင်ပြီးဖြစ်နေ ပါတယ်။ အောက်ခြေ
တပ်မှူးတပ်သားများ၏ဘ၀ကို အသေခံ ပဲစားဘ၀မှ မြှင့်တင် မည့်ရည်ရွယ်ချက်
လုံးဝမပါဝင်ခဲ့ပါဘူး။ စစ်တပ် အရာရှိကြီးများကသာ ထိပ်ပိုင်းမှ
ချယ်လှယ်အကျိုး ခံစားရရေးဘဲဖြစ်ပါတယ်။ဗိုလ်နေဝင်းလက်ထက်က ပြည်သူလူထုအပေါ်သာ ဂုတ်သွေးစုတ်ခဲ့ပေမဲ့ လူစွမ်းကောင်းသန်းရွှေ ကတော့ တပ်မတော်သား အချင်းချင်းပါ မချန်ခဲ့ပါဘူး။
စီးပွားရေးဦးပိုင်လိမိတက်တွင် ပြည်သူများ အစုရှယ်ယာငွေ ထည့်ဝင်ခွင့် မပြုပါ။
တပ်မတော်သားများနှင့် စစ်မှုထမ်းဟောင်းများသာ ရာထူးအဆင့် အလိုက် သတ်မှတ်ထားသော အစုရှယ်ယာများသာ ထည့်ဝင်ခွင့် ရရှိကြပါတယ်။ ရာထူးကြီးလေ အစုရှယ်ယာများများ ထည့်ဝင်ခွင့် ရလေဖြစ်ပါတယ်။ အမြတ်ငွေ (အတိုး)နှုန်းသည် ငွေ (၁၀၀) ကျပ်လျှင် တစ်လ (၃) ကျပ်တိုးနှုန်း ဖြစ်ပါတယ်။မြန်မာစီးပွားရေးဦး ပိုင်
လီမိတက် လက်အောက်တွင် တာဝန်ထမ်းဆောင်သော အငယ်တန်းစာရေး၏ လစာမှာ (၄၇၀၀၀)
ကျပ်နှင့် တစ်လ စားစရိတ်ငွေမှာ (၃၆၀၀၀) ကျပ် (ရုံးပိတ်ရက် (၈) ရက်မပါ)
စုစုပေါင်း (၈၃၀၀၀) ကျပ် ရရှိသဖြင့် တပ်မတော်တွင် တာဝန်ထမ်းနေသော
တပ်ကြပ်ကြီးများထက်ပင် လစာ ပိုများနေပါတယ်။
အခက်အခဲ အများဆုံး ကြုံတွေ့နေရသူများမှာ တပ်မတော်တွင် စွန့်လွှတ်စွန့်စားခဲ့သော မသန်မစွမ်း စစ်သည်များပင်ဖြစ်ပါတယ်။ ၎င်းမသန်စွမ်း စစ်သည်များအား တပ်မတော်တွင် မလိုအပ်တော့သဖြင့် အငြိမ်းစားများ ပေးခဲ့ပြီးစီးပွားရေးဦးပိုင် လီမိတက်တွင် အစုရှယ်ယာငွေ ကျပ်တစ်သိန်းစီ တပ်မတော်မှ ထည့်ပေးခဲ့ပါတယ် နယ်ဘက်တွင် စီးပွားရေးလုပ်ငန်းများ မလုပ်ကိုင်တတ်ခြင်း၊ နေထိုင်ရေး အခက်အခဲဖြစ်ခြင်း၊ ငွေကြေး အခက်အခဲဖြစ်ခြင်း စသည့် အခက်အခဲများစွာဖြင့် ရင်ဆိုင် ကြုံတွေ့နေကြရသောကြောင့် တစ်နှစ်မှ တစ်ခါသာ ထုတ်ပေးလေ့ရှိသော ၎င်းတို့ ရရှိမည့် အမြတ်ငွေ (အတိုး) ကျပ်တစ်သိန်းအတွက် (၃၆၀၀၀) ကျပ်အား မဖြစ်မနေ လာရောက် ထုတ်ယူကြပါတယ်။လုံခြုံရေးများ၊ စာရေးများ၏ ဆူပူကြိမ်းမောင်းမှုများလည်းခံရ၊
ရှယ်ယာဌာနသို့ ရောက်လာတော့လည်း စာရေးဝန်ထမ်းများ၏ အချိန်ဆွဲမှုများလည်း
ခံကြရ အမြတ်ငွေ လာထုတ်လျှင် အနည်းဆုံး (၂) ရက်မှ (၄) ရက်အထိ ကြာလေ့ရှိပြီး
အရာရှိကြီးများနှင့် ယခင် အရာရှိဟောင်းကြီးများသာ နေ့ချင်းပြီး
ရရှိကြပါတယ်။
မြန်မာပြည်ရဲ့ သူဌေးတိုင်းရဲ့ လုပ်ငန်းတိုင်းမှာ မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ်သားသမီးတွေရှယ်ယာ ပါပြီးသား။ ဤသို့ ဤပုံ မြန်မာစစ်ဗိုလ်ချုပ်များက ကွက်ကျော်မြင် ဂွင်ကျော် ရိုက်ထားတတ်ကြပါတယ်။ ပုဂ္ဂလိက ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့ မြန်မာပြည်ကို အိမ်တိုင်ပါ ချွတ်ရောင်းတဲ့ပုံ ပေါက်နေကြတယ်။ ပိုပြီး စိုးရိမ်စရာ ကောင်းတာက အခြေအနေ အပြောင်းအလဲကြောင့် စစ်အစိုးရ ပြုတ်ကျလျှင်တောင်မှ ပြည်သူတွေနဲ့ဆိုင်တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ မရှိတော့တဲ့ အခြေအနေပါဘဲ။ ပြောရလျှင် ပုဂ္ဂလိက အမည်ခံကာ အစိုးရပိုင်အဖြစ်မှ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနေခြင်းပါဘဲ။အလွန်တရာ ကလိန်စေ့ ငြမ်းဆင်နိုင်သော လှည့်ကွက်ပင် ဖြစ်ပါတယ်။။ သူတို့ ပြုတ်ကျခဲ့ရင်တောင်မှ မြန်မာပြည်အား အခွံဘဲ ချန်ခဲ့မယ်ဆိုတဲ့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့် စိတ်ဓါတ်မျိုးဘဲ ဖြစ်ပါတယ်။
အခုတော့ မြန်မာနိုင်ငံမှာက လက်လုပ်လက်စားနဲ့ ဝန်ထမ်းများသာ ပုတ်ပွလို့ ထနေတယ်။ သူတို့ အလုပ်လုပ်နေတဲ့ ရည်ရွယ်ချက်ကို မယုံလျှင် သွာမေးကြည့်ပါ။ စားဖို့အတွက်နဲ့ အတိုအထွာလေး ဝယ်နိုင်ဖို့ကသာ သူတို့ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက် ဖြစ်နေပါလိမ့်မယ်။ အဘယ်မျှ စိတ်ထိခိုက်စရာ ကောင်းလိုက်ပါသလဲ။ ကားဝယ်ဖို့၊ တိုက်ဝယ်ဖို့က သူတို့ရဲ့ အိပ်မက်ထဲမှာတောင် ထည့်ပြီး မမက်ဝံ့သော စည်းစိမ် အရာဝတ္ထုများသာ ဖြစ်နေပါလိမ့်မယ်။ တိုးတက်နေတဲ့ ခေတ်ကြီးမှာ မြန်မာပြည်သားတွေအလွန်အလှမ်းဝေး စွာ ပြတ်ကျန်နေခဲ့ကြပါပြီ။အောက်ခြေစ စ်သည်တွေနဲ့ ပြည်သူ့အကြား ဖြစ်လာတဲ့အနေအထားမှာ ပြည်သူက အစိုးရရဲ့လုပ်ရပ်လို့မမြင်ဘဲတပ် မတော်ရဲ့လုပ်ရပ်လို့မြင်လာတယ်။ ပြည်သူနဲ့တပ်မတော်ဟာတသားတည်း မဖြစ်တော့ဘူး။ကျနော်တို့နိုင်ငံ မှာ ပြည်သူက အစိုးရနဲ့စစ်တပ်ကို မခွဲတတ်အောင်လုပ်ထားတယ်။ ပြည်သူက တပ်မတော်ကို မုန်းနေပြီ။ ဘာကြောင့်မုန်းတယ်ဆိုတော့တပ်မတော်ကို မုန်းတာမဟုတ်ဘူး လက်ရှိ တပ် မတော်ရဲ့ လုပ်ရပ်ကိုမုန်းတာ။
ဒီလိုမတရားမှုတွေကို ကာကွယ်ရန်အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၄၃ မှာ မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန်
သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရဟု ပါရှိပါတယ်။၎င်းဥပဒေအရ ပြဋ္ဌာန်းရန်
ကြိုးစားသှူုများကလည်း ယင်းဥပဒေပါ ပြဋ္ဌာန်းချက်ကို
ဆန့်ကျင်နေသလိုဖြစ်နေပါတယ်။အဲဒီ တော့
အပ်နှင်းထားတဲ့ အာဏာကို အလွဲသုံးစားပြုပြီး ဆောင်ရွက်ခဲ့တဲ့ သူတွေကို
အရေးယူနိုင်ရန် ဥပဒေပြဋ္ဌာန်းဖို့ ကိစ္စကတော့ အဲဒီကာလက အာဏာကို အမှန်တကယ်
အလွဲသုံးစား ပြုခဲ့ရင်တောင်မှ အဲဒီအချိန်က ရှိရင်းစွဲ ဥပဒေအရသာ အရေးယူ
ဆောင်ရွက်ရမလို ဖြစ်နေပါတယ်။ အခုကာလမှာ အရေးယူနိုင်ဖို့ ဥပဒေ
တရပ်ပြဋ္ဌာန်းမယ် ဆိုပြန်ရင်လဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ မှာပါတဲ့
မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန်
ပြဋ္ဌာန်းခွင့်မရှိစေရဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေမှာဖြစ်ပါတယ်။အဲဒီအချ က်တွေဟာသူတို့ရဲ့အကျိုးစီးပွားေ တွကိုကာကွယ်ထားတာဖြစ်ပါတယ်။
အာဏာကို အလွဲသုံးစားပြုပြီး ဆောင်ရွက်ခဲ့တဲ့ သူတွေကို အရေးယူနိုင်ရန် ဥပဒေပြဋ္ဌာန်းဖို့ သင့်မသင့်ဆိုတာ ရယ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဟုတ်မဟုတ် ဆိုတာ စဉ်းစားဆင်ခြင်သင့်ကြပါပြီ။
အာဏာရှင်တစ်စုဟာ သူတို့အာဏာ တည်မြဲရေးအတွက် နည်းလမ်း ပေါင်းစုံသုံးစွဲကာ ကျားကန် ထားကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ သူပုန်ထခြင်း ဆိုတဲ့ “ရန်သူပြနည်း” ပါ။ ပြည်တွင်းသောင်းကျန်းမှု၊ သောင်းကျန်းသူ၊ သူပုန်ဆိုတာတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ညွှန်ပြဖူးးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ သူပုန်ထခြင်း ဆိုတဲ့ လတ်တလောအမြင် “အကျိုး” ပေါ်မှာသာ လက်ညှိးထိုးပြ ခဲ့ပါတယ်။ တပ်ကို အာရုံလွဲဖို့နဲ့ စုစည်းဖို့ အသုံးပြုတာပါ။ ဒါဟာ တကယ်တော့ အကြောင်းရင်းကို ရှာဖွေရှင်းလိုက်ရရင် အစောကြီးထဲက ဖြေရှင်းမယ်ဆိုရင် ဖြေရှင်းလို့ရ နိုင်တဲ့ ကိစ္စပါ။ ဒီလို မရှင်းတာဟာလည်း မရှင်းချင်လို့ မရှင်းတာ၊ အာဏာကို ဆုပ်ကိုင်ထားချင်လို့ မရှင်းတာသာ ဖြစ်ပါတယ်။
နောက်တော့ ပြည်ပစစ် မျှော်မှန်းပါတယ်တဲ့၊ ပြည်ပစစ်အတွက် ပြည်ပက ကျူးကျော်လာရင်လည်း ရင်ဆိုင်နိုင်စွမ်း အမှန်တကယ် မရှိပါဘူး။ တကယ်တော့ အာဏာရှင်တွေက သူတို့ရဲ့ အကြံအစည်တွေ သူတို့ရဲ့ အမှားတွေ အားနည်းချက်တွေ၊ ကိုယ်ကျိုးစီးပွား ကာကွယ်နေတာတွေကို မမြင်အောင် ဖုံးကွယ်လိုက် တာပါ။ အောက်ခြေက အရာရှိ၊ စစ်သည်တွေဟာ ဒီပရိယာယ်ကို မမြင်နိုင်ကြပါဘူး။ မျှားပစ်တဲ့ မုဆိုးကို ရန်သူလို့မမြင်ပဲ မျှားတံကိုသာ ရန်သူထင်ပြီး လိုက်နေကြသလိုပါပဲ။ နောက်ဆုံးမှာတော့ အာဏာရှင်ကြီးများ ထိုးပြထားတဲ့ ရန်သူဟာ ပြည်သူလူထုသာ ဖြစ်နေပါတော့တယ်။စစ်အာဏာရှင်တွေ ဟာ
စစ်တပ်ကိုလည်း ခါးပိုက်ဆောင် ချုပ်ကိုင်နိုင်ဖို့ ပြည်သူ လူထုဘက်
ပါမသွားဖို့ ပြည်သူလူထုကို နှိပ်ကွပ်ဘို့ စစ်တပ် လူတန်းစား တစ်ရပ်ကို
မွေးထုတ် နှိုင် လိုက်ကြ ပါတယ်။
ဇော်ဝမ်းမောင်...
ဗြိတိသျှ ၁၈၈၅-၁၉၄၈ ထိ အုပ်ချုပ်ပြီးတုန်းက မြန်မာပြည်က အာရှမှာ ထိပ်တန်းစာရင်းဝင်နိုင်ငံ ဖြစ်ခဲ့သေးတယ်။
ကိုယ့်လူမျိုးဟို. အရည်းအချင်းမရှိပဲ ရာထူးလိုချင်တဲ့ အရှက်ကင်းမဲ့တဲ့ အချောင်သမား၊ (သို့) နတ်ဆိုးတွေ
..ဆရာတွေပြန်အုပ်ချုပ်လိုက်တဲ့ နှစ်ငါးဆယ်ကျော်မှပဲ အဆင်းရဲဆုံးနိုင်ငံထဲ မှာထိပ်ဆုံးစာရင်းရောက်ခဲ့ရတော့
၁၉၆၂ အာဏာသိမ်းတုန်းက မြန်မာနိုင်ငံဟာ အာရှတိုက်က အချမ်းသာဆုံး ၁၀ နိုင်ငံစာရင်းဝင်။ ၁၉၈၈ ဒုတိယအကြိမ် အာဏာထပ်သိမ်းတော့ အာရှတိုက်ရဲ့ အဆင်းရဲဆုံး ငါးနိုင်ငံ စာရင်းဝင်။ ၂၀၁၂ ရောက်တော့ အာရှတိုက်မှာ ဒုတိယမြောက် အဆင်းရဲဆုံးနိုင်ငံ၊ စစ်အာဏာရှင်တွေကနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရလဒ်ပါ။
၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးနောက် တပ်မတော်ရဲ့ထိပ်ပိုင်း ဗိုလ်ချုပ်တွေဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အသွင်ပြောင်း (တစည) ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD နှင့်အပြိုင် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြီးစွာ ထင်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ မင်္ဂလာဒုံမြို့နယ်လို ကိုကိုးကျွန်းမြို့နယ်တွေ စစ်တပ်က လုံးဝ ကြီးစိုးထားတဲ့ ဒဂုံမြို့နယ် တွေလိုမှာ NLD သာ အနိုင်ရရှိသွားလို့ ဗိုလ်ချုပ်များ ထိတ်လန့်တုန်လှုပ် သွားခဲ့ရပါတယ်။ တပ်မတော်သား အရာရှိ အကြပ်တပ်သားများဟာ အထက်ဗိုလ်ချုပ်များရဲ့ သွေးထိုး သွေးခွဲမှုတွေရှိခဲ့သော်လည်း NLD အဖွဲ့အား မဲပေးခဲ့ကြပါတယ်။အဲဒီအချိန်က စပြီး စစ်တပ်ခေါင်းဆောင်တွေဟာ NLD ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အား ပစ်မှတ်ထားပြီး စိတ်ဓာတ်စစ်ဆင်ရေး စတင်လုပ်ဆောင် ပါတော့တယ်။
တပ်မတော်ရဲ့ပြိုကွဲရေးကို NLD တို့က လုပ်နေတာ။ ဒေါ်အောင်ဆန်းစုကြည်ပုံ ကာတွန်းရုပ်ပြောင်များ ရေးဆွဲ၍ ဖော်ပြသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ စပ်လျဉ်းကာ ဝေဖန်တိုက်ခိုက်တဲ့ စကားမျိုး ပြောဆို ခဲ့ကြပါတယ်။ တကယ်တမ်း လေ့လာကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေမှာတပ်မတော်အပေါ် မေတ္တာထားဆဲ ဒီစစ်တပ်ဟာ သူ့ဖခင် တည်ထောင်ခဲ့တဲ့ တပ်မတော်အဖြစ် မှတ်ယူထားဆဲဖြစ်ပြီး စစ်တပ်အနေနဲ့ ပြန်လည် အဖတ်ဆယ်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အမြဲပြောပါတယ်။ ဘီဘီစီ ရေဒီယို ၄ ရဲ့ Desert Island Discs ထုတ်လွှင့်တဲ့ ရေဒီယို အစီအစဉ်တစ်ခုမှာ တပ်မတော်ကို ဒေါ်စုက မေတ္တာထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ပြီး သတ္တိရှိသည့် တပ်မတော်သားများ လိုအပ်ကြောင်း၊ တပ်မတော်နှင့်လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။
တကယ်တမ်း တပ်မတော် ပြိုကွဲရေးဆိုတာကို သမိုင်းကြောင်း လေ့လာကြည့်တော့ မ.ဆ.လ ခေတ်၊ န.ဝ.တ ခေတ်၊န.အ.ဖ ခေတ်၊စတဲ့ စစ်တပ်ကအုပ်ချုပ် လာတဲ့သက်တမ်းတလျှောက်လုံး အောက်ခြေ လူတန်းစားတစ်ရပ်ဖြစ်သည့် တပ်မတော်သား အခြားအဆင့်များနှင့် မိသားစုများသည် ကျွန်များသဖွယ် ဖြစ်နေခဲ့ကြပါတယ်။ တပ်မတော်အတွင်း ဝင်ခါစမှာတော့ နိုင်ငံကို ကာကွယ်ဖို့ဖြစ်ပါတယ်။ သို့သော် တပ်မတော်အတွင်း တကယ် ရောက်သွားသောအခါ ဗိုလ်ချုပ်ကြီးများ၊ မိသားစု ဆွေမျိုးများ၏ အသက်ကိုသာ ကာကွယ်နေရသည့် ကျွန်များသာ ဖြစ်သွားကြပါတော့တယ်။ အကြီးအကဲဆိုသူများ၏ ဇနီးများ၊ သားသမီးများက တပ်မတော်သား စစ်သည်တစ်ဦး အပါအဝင် ဇနီးနှင့်သားသမီး မိသားစုများကိုပါ အော်ချင်အော်၊ ဟောက်ချင်ဟောက်၊ ဆဲချင်ဆဲ၊ ၄င်းတို့ အဖိုးအခ ပေးထားသော အခိုင်းအစေများသဖွယ် ခိုင်းစေနေကြသည်မှာ အစဉ်အလာသဖွယ် ဖြစ်နေကြပါတယ်။ အကြီးအကဲဆိုသူများက တပ်မတော်တရပ်လုံး အကြီးအကဲများပါမကျန် ဆွဲထည့်လို့ နိုင်ငံတော်ကို ကာကွယ်နေသည်ဟု ဆိုကြပြန်ပါတယ်။ စည်းစိမ်ရစ်လို့ ကြွယ်ဝချမ်းသာ နေကြသည်က အကြီးအကဲများဖြစ်ပြီး ဆင်းရဲတွင်းနက်လို့ ဖြစ်သလိုစား ဖြစ်သလိုဘဝနဲ့ သေဆုံးသွားရသူများက လက်အောက်ငယ်သား ရဲဘော်များပင်ဖြစ်ပါတယ်။တပ်မတေ
၁၉၅၁ ခုနှစ်လောက်က စစ်တပ်မှနေပြီး တပ်တွင်းသက်သာချောင်ချိရေးဆိုပြ
မြေလွတ်မြေကွက်များကို စစ်တပ်အာဏာဖြင့် ဂရန်ရယူကာ တိုက်ဆောက်ပြီး နိုင်ငံခြားသားများကိုငှားစားပါ
ဘဏ်များ၊ဆိုင်များ၊လုပ်ငန်းများ
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီး နောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့တဲ့ ပထမဆုံးစီးပွားရေးလုပ်ငန်း၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွာ
စီးပွားရေးဦးပိုင်လိမိတက်တွင် ပြည်သူများ အစုရှယ်ယာငွေ ထည့်ဝင်ခွင့် မပြုပါ။
တပ်မတော်သားများနှင့် စစ်မှုထမ်းဟောင်းများသာ ရာထူးအဆင့် အလိုက် သတ်မှတ်ထားသော အစုရှယ်ယာများသာ ထည့်ဝင်ခွင့် ရရှိကြပါတယ်။ ရာထူးကြီးလေ အစုရှယ်ယာများများ ထည့်ဝင်ခွင့် ရလေဖြစ်ပါတယ်။ အမြတ်ငွေ (အတိုး)နှုန်းသည် ငွေ (၁၀၀) ကျပ်လျှင် တစ်လ (၃) ကျပ်တိုးနှုန်း ဖြစ်ပါတယ်။မြန်မာစီးပွားရေးဦး
အခက်အခဲ အများဆုံး ကြုံတွေ့နေရသူများမှာ တပ်မတော်တွင် စွန့်လွှတ်စွန့်စားခဲ့သော မသန်မစွမ်း စစ်သည်များပင်ဖြစ်ပါတယ်။ ၎င်းမသန်စွမ်း စစ်သည်များအား တပ်မတော်တွင် မလိုအပ်တော့သဖြင့် အငြိမ်းစားများ ပေးခဲ့ပြီးစီးပွားရေးဦးပိုင် လီမိတက်တွင် အစုရှယ်ယာငွေ ကျပ်တစ်သိန်းစီ တပ်မတော်မှ ထည့်ပေးခဲ့ပါတယ် နယ်ဘက်တွင် စီးပွားရေးလုပ်ငန်းများ မလုပ်ကိုင်တတ်ခြင်း၊ နေထိုင်ရေး အခက်အခဲဖြစ်ခြင်း၊ ငွေကြေး အခက်အခဲဖြစ်ခြင်း စသည့် အခက်အခဲများစွာဖြင့် ရင်ဆိုင် ကြုံတွေ့နေကြရသောကြောင့် တစ်နှစ်မှ တစ်ခါသာ ထုတ်ပေးလေ့ရှိသော ၎င်းတို့ ရရှိမည့် အမြတ်ငွေ (အတိုး) ကျပ်တစ်သိန်းအတွက် (၃၆၀၀၀) ကျပ်အား မဖြစ်မနေ လာရောက် ထုတ်ယူကြပါတယ်။လုံခြုံရေးများ၊ စာရေးများ၏ ဆူပူကြိမ်းမောင်းမှုများလည်းခံရ၊
မြန်မာပြည်ရဲ့ သူဌေးတိုင်းရဲ့ လုပ်ငန်းတိုင်းမှာ မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ်သားသမီးတွေရှယ်ယာ ပါပြီးသား။ ဤသို့ ဤပုံ မြန်မာစစ်ဗိုလ်ချုပ်များက ကွက်ကျော်မြင် ဂွင်ကျော် ရိုက်ထားတတ်ကြပါတယ်။ ပုဂ္ဂလိက ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့ မြန်မာပြည်ကို အိမ်တိုင်ပါ ချွတ်ရောင်းတဲ့ပုံ ပေါက်နေကြတယ်။ ပိုပြီး စိုးရိမ်စရာ ကောင်းတာက အခြေအနေ အပြောင်းအလဲကြောင့် စစ်အစိုးရ ပြုတ်ကျလျှင်တောင်မှ ပြည်သူတွေနဲ့ဆိုင်တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ မရှိတော့တဲ့ အခြေအနေပါဘဲ။ ပြောရလျှင် ပုဂ္ဂလိက အမည်ခံကာ အစိုးရပိုင်အဖြစ်မှ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနေခြင်းပါဘဲ။အလွန်တရာ ကလိန်စေ့ ငြမ်းဆင်နိုင်သော လှည့်ကွက်ပင် ဖြစ်ပါတယ်။။ သူတို့ ပြုတ်ကျခဲ့ရင်တောင်မှ မြန်မာပြည်အား အခွံဘဲ ချန်ခဲ့မယ်ဆိုတဲ့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့် စိတ်ဓါတ်မျိုးဘဲ ဖြစ်ပါတယ်။
အခုတော့ မြန်မာနိုင်ငံမှာက လက်လုပ်လက်စားနဲ့ ဝန်ထမ်းများသာ ပုတ်ပွလို့ ထနေတယ်။ သူတို့ အလုပ်လုပ်နေတဲ့ ရည်ရွယ်ချက်ကို မယုံလျှင် သွာမေးကြည့်ပါ။ စားဖို့အတွက်နဲ့ အတိုအထွာလေး ဝယ်နိုင်ဖို့ကသာ သူတို့ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက် ဖြစ်နေပါလိမ့်မယ်။ အဘယ်မျှ စိတ်ထိခိုက်စရာ ကောင်းလိုက်ပါသလဲ။ ကားဝယ်ဖို့၊ တိုက်ဝယ်ဖို့က သူတို့ရဲ့ အိပ်မက်ထဲမှာတောင် ထည့်ပြီး မမက်ဝံ့သော စည်းစိမ် အရာဝတ္ထုများသာ ဖြစ်နေပါလိမ့်မယ်။ တိုးတက်နေတဲ့ ခေတ်ကြီးမှာ မြန်မာပြည်သားတွေအလွန်အလှမ်းဝေး
ဒီလိုမတရားမှုတွေကို ကာကွယ်ရန်အတွက်ဖွဲ့စည်းပုံအခြေခ
အာဏာကို အလွဲသုံးစားပြုပြီး ဆောင်ရွက်ခဲ့တဲ့ သူတွေကို အရေးယူနိုင်ရန် ဥပဒေပြဋ္ဌာန်းဖို့ သင့်မသင့်ဆိုတာ ရယ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဟုတ်မဟုတ် ဆိုတာ စဉ်းစားဆင်ခြင်သင့်ကြပါပြီ။
အာဏာရှင်တစ်စုဟာ သူတို့အာဏာ တည်မြဲရေးအတွက် နည်းလမ်း ပေါင်းစုံသုံးစွဲကာ ကျားကန် ထားကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ သူပုန်ထခြင်း ဆိုတဲ့ “ရန်သူပြနည်း” ပါ။ ပြည်တွင်းသောင်းကျန်းမှု၊ သောင်းကျန်းသူ၊ သူပုန်ဆိုတာတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ညွှန်ပြဖူးးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ သူပုန်ထခြင်း ဆိုတဲ့ လတ်တလောအမြင် “အကျိုး” ပေါ်မှာသာ လက်ညှိးထိုးပြ ခဲ့ပါတယ်။ တပ်ကို အာရုံလွဲဖို့နဲ့ စုစည်းဖို့ အသုံးပြုတာပါ။ ဒါဟာ တကယ်တော့ အကြောင်းရင်းကို ရှာဖွေရှင်းလိုက်ရရင် အစောကြီးထဲက ဖြေရှင်းမယ်ဆိုရင် ဖြေရှင်းလို့ရ နိုင်တဲ့ ကိစ္စပါ။ ဒီလို မရှင်းတာဟာလည်း မရှင်းချင်လို့ မရှင်းတာ၊ အာဏာကို ဆုပ်ကိုင်ထားချင်လို့ မရှင်းတာသာ ဖြစ်ပါတယ်။
နောက်တော့ ပြည်ပစစ် မျှော်မှန်းပါတယ်တဲ့၊ ပြည်ပစစ်အတွက် ပြည်ပက ကျူးကျော်လာရင်လည်း ရင်ဆိုင်နိုင်စွမ်း အမှန်တကယ် မရှိပါဘူး။ တကယ်တော့ အာဏာရှင်တွေက သူတို့ရဲ့ အကြံအစည်တွေ သူတို့ရဲ့ အမှားတွေ အားနည်းချက်တွေ၊ ကိုယ်ကျိုးစီးပွား ကာကွယ်နေတာတွေကို မမြင်အောင် ဖုံးကွယ်လိုက် တာပါ။ အောက်ခြေက အရာရှိ၊ စစ်သည်တွေဟာ ဒီပရိယာယ်ကို မမြင်နိုင်ကြပါဘူး။ မျှားပစ်တဲ့ မုဆိုးကို ရန်သူလို့မမြင်ပဲ မျှားတံကိုသာ ရန်သူထင်ပြီး လိုက်နေကြသလိုပါပဲ။ နောက်ဆုံးမှာတော့ အာဏာရှင်ကြီးများ ထိုးပြထားတဲ့ ရန်သူဟာ ပြည်သူလူထုသာ ဖြစ်နေပါတော့တယ်။စစ်အာဏာရှင်တွေ
ဇော်ဝမ်းမောင်...
No comments:
Post a Comment