Friday, June 21, 2013

အမှုကိုမြန်မြန်ပြီးနိုင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန်

ယခုကိစ္စက ညီအရင်းဖြစ်သူက ပတ်စပိုစ့်စာအုပ်နှင့် ဘန်ကောက်တွင်ရှိသော်လည်း အစ်ကို ဖြစ်သူဒဏ်ရာရှင်ကို သွားရောက်ကူညီခြင်းမရှိ။တွေ့ဆုံခြင်းမရှိ။အချက်အလက် စာရွက်စာတမ်း စုဆောင်းပေးခြင်းမရှိ။ အကြောင်းပြချက်က ထိုင်းစကားမတတ်လို့ မသွားခြင်းဖြစ်သည် ဟုပြော သည်။ ယခုအလုပ်သမားကိစ္စကို ယခင်ရက်သတ္တပတ်က သိရသည်။ ကူညီပေးလိုသော်လည်း ညီဖြစ်သူက ပူးပေါင်းဆောင်ရွက်မှု့မရှိ၍ ဘာမှ မဆောင်ရွက်နိုင်ပါ။ ရက်အနည်းငယ်အတွင်း ဥပဒေအရ တိုင်တန်းနိုင်ခွင့် ရှိသည့် ၉၀ရက်ပြည့်ပါတော့မည်။ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူ ကိုယ်စား ဆွေမျိုးသားချင်းက ကူညီမည့်အဖွဲ့အစည်းများနှင့် ပူးပေါင်ဆောင်ရွက်ဖို့ အရေးကြီး ပါသည်။
အမည်။ ။ စောအယ်မူး Saw All Hmuee

လက်ရှိအလုပ်အကိုင်နေရာ။ ။ CCP Concrete Factory

Nong Prue intersection (Junction), Chon Buri 20150

နေရပ်လိပ်စာ။ ။ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်း

ID အမှတ်အသားများ။ ။ ၇၁၀ ၅၂၇၀ M17 (2231) MMR

မွေးသက္ကရာဇ်။ ။ ၂၇၊ ၅၊ ၁၉၇၁ ခုနှစ်

အိမ်ထောင်။ ။ ရှိ၊ ကလေး (၂) ဦး

ဆက်သွယ်ရန် ဖုန်းအမှတ်။ ။ ၀၈၂ ၂၁၅ ၃၈၆၄ ( ဘန်ကောက်ရှိ ညီဖြစ်သူ ၀၈၆-၇၇၄-၆၈၂၅)

ကျွန်တော် ဧရာဝတီတိုင်း၊ မအူပင်မြို့နေ စောအယ်မူးသည် ရွှေပင်လယ် ဂုပ္မဏီ၏ စီစဉ်မှုဖြင့် လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ထွက်ခွါလာခဲ့ပါသည်။ ခေါ်ဆောင်လာသူမှာ ကိုသန်းကျော်ဇော ဖြစ်ပါသည်။ ယခုအခါသူ့ကိုဆက်သွယ်မရတော့ပါ။ ကော့သောင်းမှတဆင့် ၂၁၊ ၀၂၊ ၂၀၁၂ ခုနှစ်တွင် ချွန်ဘူရီခရိုင်၊ နောင်းဖရုန်ရှိ CCP Concrete စက်ရုံသို့ရောက်ရှိလာခဲ့ပါသည်။ ခေါ်ဆောင်လာသူမှာ မစတာ ထနာဖတ် ဖြစ်ပါသည်။ ယခုအခါသူ့ကိုဆက်သွယ်မရတော့ပါ။ ရောက်လာသည့် အချိန်မှစပြီး အလုပ်ရှင်မှ ယာယီပတ်စပို့နှင့် စာရွက်စာတမ်းမူရင်းအားလုံးကိုသိမ်းထားပြီး မိတ္တူသာပေးထားပါသည်။ ရောက်သည့်အချိန်မှ စပြီး (၂) ပါတ် ငွေခြေရက်တွင် ဘတ် ငွေ (၅၀၀) ဖြတ်ပါသည်။ စုစုပေါင်း ဘတ် (၁၀ ၀၀၀) ဖြတ်ပြီးပါပြီ။

မတ်လ ၂၆ ရက်၊ ၂၀၁၃ ခုနှစ်တွင် အလုပ်လုပ်နေစဉ် သံထည်ပြုပ်ကျပြီး ညာဖက်လက်ကို ဖိမိကာ ချွန်ဘူရီ ဆေးရုံကြီးသို့ စက်ရုံ မှပို့ပေးခဲ့ပါသည်။ ချွန်ဘူရီ ဆေးရုံကြီးတွင် တစ်လကျော် ကြာခဲ့ပါသည်။ လက်ကိုခွဲစိတ်မှုများပြုလုပ်ခဲ့ပါသည်။ ဆေးရုံတွင်ရှိနေစဉ် ခြေသလုံးမှ အသားများကိုခွါပြီး လက်ကိုပြန်အုပ် ပေးပါသည်။ တစ်လကျော်ကြာပြီး ဧပြီလ ၂၈ ရက်တွင်ဆေးရုံမှ ပြန်ဆင်းလာကာ စက်ရုံဝင်းတွင်နေစေပါသည်။ ညာဖက်လက်မှ လုံးဝလှုပ်မနိုင်ပါ။ ဆေးရုံမှ ဆင်းလာပြီးနောက်ပိုင်း စက်ရုံမှဘာထောက်ပံ့ကြေးမှပပေးတော့ပါ။ လခလဲမရပါ။ စက်ရုံမှ မြန်မာ အဖေါ်များပြုစုကျွေးနေတာကိုဘဲစား ရပါသည်။ အလုပ် မလုပ်နိုင်တာ ၂ လကျော် ရှိသွားပါပြီ။ စက်ရုံမှ ချွန်ဘူရီ ဆေးရုံကြီးသို့ လာမည့် ဇွန်လ (၁၂) ရက်နေ့တွင် တခါထပ်ပြမည်ရအုံးမည်ပြော သော်လည်း ရက်ထပ်ချိန်းမည်ဟုသိရပါသည်။

ခေါ်လာသော ရွှေပင်လယ် ဂုပ္မဏီကိုလည်းဆက်သွယ် မရပါ။ ဘယ်ကိုဆက်သွယ်ပြီးဘာလုပ်ရမှန်း မသိပါ။ ဒဏ်ရာရထားသောလက်မှာ နာနေပါသည်။ ဖြတ်ပြစ်လျင်ပိုကောင်းမည်ဟုထင်ပါသည်။ သို့ဖြစ်ပါ လောလောဆယ်တွင် စားစရာမရှိတော့။ အဖေါ်များကိုလည်း ဒုက္ခမပေးချင်တော့ပါ။ ရစရာလျော်ကြေးတွေလဲရချင်ပါသည်။ လက်ဖြတ်ပြီး စက်ရုံမှာ လက်တဖက်ဖြင့်လုပ်နိုင်သည့် အလုပ်ရှိပါက ဆက်လုပ်ချင်ပါသည်။ မြန်မာပြည်ကျန်ရှိသော ခလေးများကျောင်းဆက်တက်ဖို့ဖြစ်ပါသည်။

အမှုကိုမြန်မြန်ပြီးနိုင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် အနူးအညွန့် တောင်းခံအပ်ပါ သည် ခင်ဗျား။

No comments: