Group mail ထဲမှ စိတ်ဝင်စားစွာ ဖတ်ဖြစ်သော အပြန်အလှန်ပေးစာများကို ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
ဘလော့ဂါ။
ထူးထူးခြားခြား
ကောင်းဘွိုင်ဘွတ်မစီးရဘူးဆိုတဲ့ ဥပဒေကို ဒီမိုကရေစီ နိုင်ငံကြီးမှာ
ပြဌားန်းတယ်ဆိုတော့ ရှာကြည့်တာ အနီးစပ်ဆုံး အောက်ကအချက်ပဲတွေ့တယ်။
သေသေချာချာ ဖတ်ပါဦး
လီဂန်ဆိုတဲ့စာလုံးလေးပါတာလဲ စိတ်ဝင်စားစရာပဲ။
On 6/20/2013 1:22 PM,
The ban on wearing cowboy boots for Houston
police (Jan 30,
1978) တနိုင်ငံလုံးနဲ့  တဒေသလုံးမဟုတ်ပါဘူး။ ရဲမှာ
ဒေါက်မြင့်ဖိနပ်ပေးမစီးတာလဲ သဘာဝကျမယ်ထင်ပါ တယ်။
နောက်တွေ့တာတခုကလဲ
Urban legend also has it that the city of Blythe,
Calif., bans people from wearing cowboy boots unless they
own at least two cows.
However, even the city manager of Blythe has never heard of that
rule being
enforced, so you’re probably safe in those boots.
လီဂန်ဆိုတဲ့စာလုံးလေးပါတာလဲ စိတ်ဝင်စားစရာပဲ။
On 6/20/2013 1:22 PM,
ငြိမ်းချမ်းဆိုသူသို့လူတိုင်းမှာ ကိုးကွယ်ရာ ဘာသာတရားရှိသင့်တယ် လူတိုင်းမှာဘာလို့ဘာသာတရားရှိသင့်လည်းဆိုတော့ ကိုယ့်အဖေကို ကိုယ်ကနွားလို့ပြန်မခေါ်အောင် ယဉ်ကျေးသိမ်မွေ့အောင်ပါဘဲ။ ပြီးတော့ လူတိုင်းကိုယ်ယုံကြည်တဲ့ ဘာသာ သာသနာနဲ့ အမျိုးကို ကာကွယ်စောင့်ရှောက်ဘို့တာဝန်ရှိတယ်။ ကိုးကွယ်ရာ ဘာသာမရှိသူတွေကတော့ ဘယ်ဘာသာကိုမှကာကွယ်စောင့်ရှောက် နေဘို့မလိုဘူးပေါ့။ မူစလင်တွေလည်း သူတို့ဘာသာကိုသူတို့ ကာကွယ်မှာဘဲ စောင့်ရှောက်မှာဘဲ။ဒီမိုကရေစီဆို သိသော လူကြီးမင်း ငြိမ်းချမ်း ဗမာပြည်တွင် ဒီမိုကရေစီရပါပြီလား ဗမာပြည်တွင် ဒီမိုကရေစီကျင့်သုံးနိုင်ပါပြီလား။ လူကြီးမင်းငြိမ်းချမ်းသိသော ဒီမိုကရေစီဆိုသည်မှာ ဘာလည်း။ ကိုယ့်အဖေကို နွားလို့ခေါ်နိုင်တဲ့ယဉ်ကျေးမှုတွေ ထွန်းကားတဲ့ဒီမိုကရေစီတော့မဟုတ်ပါဘူးနော်။ဒီမိုကရေစီဘိုးအေနိုင်ငံများဆို သောနိုင်ငံကြီးများတွင် ကြက်ဖမမွေးရသော နေရာ ကောင်းဘွိုင် ဖိနပ်မစီးရသော ဒေသများရှိသည်ဆိုလျှင် ဒီမိုကရေစီကျပါ၏လော။ဒီမိုကရေစီဆိုတာ ကိုယ်ဝါဒဖြန့်ချင်တာကို ဖြန့်လို့ရတယ် ကိုယ်လုပ်ချင်တဲ့ဥပဒေ စနစ်ကို တင်ပြလို့ရတယ် လူအများထောက်ခံလျှင် ဥပဒေကဲ့သို့အသက်ဝင်လာမယ်။ဗမာနိုင်ငံမှာ ဗမာအများစုဟာ ဗုဒ္ဓဘာသာဝင်တွေပါ ဒီလောက်ကောင်းတဲ့တရားတွေ ရှိပါရက်ကယ်နဲ့ ဘာဖြစ်လို့ ဟိုဥပဒေ ဒီဥပဒေတွေ ဗမာပြည်မှာ ရှိနေလုပ်နေကြရသလဲ။ ဗုဒ္ဓ အဆုံးအမနဲ့နေကြပါလား။ဗုဒ္ဓ၀ါဒနဲ့ လူတွေ ကျင့်ကြံနေထိုင်ယုံနဲ့ ဗမာပြည်ထဲမှာ ရှိသူတွေကို ထိမ်းကြောင်းနိုင်ဘို့ မလွယ်လို့ ဥပဒေတွေ လုပ်ခဲ့ကြတာမဟုတ်လား။ နိုင်ငံနဲ့ ချီပြီးကျင့်သုံးတော့ ဥပဒေလို့ခေါ်ပါတယ်။ လူတစုက ကျင့်သုံးရင်တော့ စည်းကမ်းလို့ခေါ်ကြတယ်။ အဓိကကတော့ အဲဒီလူတွေ သတ်မှတ်တဲ့ နယ်မြေဒေသနဲ့ အဲဒီအဖွဲ့ဝင်တွေ နိုင်ငံသားတွေ ကျင့်သုံးလိုက်နာဘို့ဘဲ။ မလိုက်နာနိုင်သူကို ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူခြင်းတွေလုပ်ရတယ်။ဒီတော့ အဲဒီမျိုးစောင့်ဥပဒေဖြစ်အောင် လုပ်နေတဲ့သူတွေသူတို့လုပ်နေတာ ဥပဒေနဲ့ ဆန့်ကျင်ပါတယ်ဆိုရင် အပြစ်ပေးအရေးယူကြပါ။ သူတို့ကို ထောက်ခံနေသူတွေကို အပြစ်ပေးအရေးယူကြပါ။ဒီနေရာကနေ ကျွန်တော့အနေနဲ့ အခိုင်အမာပြောနေတာကတော့ လူကြီးမင်းငြိမ်းချမ်းပြောသလို ဝေလေလေ အရင်တုန်းကလုပ်နေရင် တောင် အခုမလုပ်ကြဘဲ ဗမာပြည်မှာ စစ်မှန်သော (မသိရင်တော့ ငြိမ်းချမ်း ကိုမေးကြပါ) ဒီမိုကရေစီရအောင် လုပ်ကြပါ။ အယားပြေဘဲလုပ်မနေကြပါနဲ့။ကျွန်တော်တယောက်တည်း သဘောကိုပြောစရာမလိုပေမယ့် ရှင်းအောင်ပြောပြလိုက်ပါ့မယ်။ဗမာပြည်မှာ စစ်မှန်သော ဒီမိုကရေစီရရင် ဗုဒ္ဓဘာသာဝင်တွေ အစော်ကားခံနေရမယ် ဘုန်းတော်ကြီးတွေကို သင်္ဃန်းမှအားမနာ ပြောချင်ရာ ကို ငါ့စကားနွားရ ပြောနေကြမယ်ဆို ရင်။ ဗမာပြည်ကို စစ်အာဏာရှင်တွေသာ အုပ်ချုပ်ကြပါစေတော့။လူတိုင်းလူတိုင်း ကိုယ်ကိုးကွယ်ရာ ဘာသာနဲ့ ကိုယ့်မိဘ ကိုယ့်လူမျိုးကို ကိုယ်တိုင် မစော်ကားကြဘဲ။ ကာကွယ်စောင့် ရှောက်နိုင်သော ဒီမိုကရေစီလိုလားသူများဖြစ်ပါစေလို့။အားလုံးကို ကျေးဇူးတင်စွာဖြင့်။ဒီမိုကရေစီထက် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ချင်သူ။မောင်ဂဏန်းမှတ်ချက်၊။ ။မတရားသော အပြုမူများ မမှန်ကန်သော လုပ်ရပ်လုပ်နေသူများကို တရားဥပဒေ ဘောင်တွင်းမှနေ (ဗမာပြည်မှာ ယ္ခုမရှိသေးပါဘူး) အပြစ်ပေးအရေးယူခြင်းများ အမြန်ပြုလုပ်နိုင်ကြပါစေ။
အမျိုးသာသာနာကို ချစ်ပါဆိုသော်
ယခုတလော အမျိုးသာသနာကို ချစ်ခင်ပါစောင့်ထိမ်းပါဆိုပြီး အမျိုးသမီးတွေကို သူတို့ဆန္ဒအားအလေးမထားပဲ ဘာသာတူသာယူခွင့်ဖြင့်ချုပ်ထိမ်းရန်ကြိုးစားလာ မှုကို တွေ့ရသည်။ ဒီမိုကရေစီအော်ပြီးဘာမှ ဒီမိုကရေစီအားနားလည်မှုမရှိသော ကျွန်တော့်သူငယ်ချင်းတချို့လဲ တို့လူလေးများဆိုသလေးဆိုရာတွင် ဝေလေလေ ဝင်လုပ်ကြသည်။ ဒီမိုကရေစီ၏အနှစ်သာရအရ သူတပါး၏၊ လူ၏အခွင့်အရေးများ ကိုချုပ်ထိမ်းရန်ကြိုးစားခြင်းကို ခွင့်ပြုသင့်ပါသတဲ့လား။ အဲ့ဒါဆိုလျှင် ဘာကိစ္စများ ကျွန်တော်တို့အားလုံးစစ်အစိုးရ၏ဖိနှိပ်မှုအောက်ကလွတ်မြောက်ရန်လွပ်လပ်ခွင့် ရရန်ကြိုးစားဘို့လိုခဲ့ပါသနည်း။ ဦးနှောက်ကိုသုံး၍စဉ်းစားသင့်သည်များအများကြီး ရှိပါသည်။
ဦးဝီရသူက ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုမှိုင်းတိုက်လျှက်ရှိသည်။ သာသနာကို ကာကွယ်ဘို့အတွက်ဟုဆိုလျှင် ဗုဒ္ဒဟောကြားတော်မူခဲ့သော မေတ္တာတရားများ ကိုတော်လှန်မျက်ကွယ်ပြု၊ သူတပါးအားရန်လိုဒေါသအမျက်ထားခြင်းမရှိစေရန်ညွှန် ကြားမှုများကို ချိုးဖေါက်ကာ ဗုဒ္ဒဘုရားရှင်၏တရားတော်များကို တော်လှန်ပုန်ကန် ပြီး ဝီရသူတရားတော်တည် ထောင်ရန်ကြိုးစားခြင်းပေပဲလား စဉ်းစားရန်လိုပါသည်။ ဗုဒ္ဒဘာသာ၏အနှစ်သာရကို ချိုးဖေါက်ကာ၊ အစဉ်အဆက်တလျှောက်လုံးအေးချမ်း သောဘာသာအဖြစ်အများအသိအမှတ်ပြု ခံခဲ့ရမှုများကို အခြားဘာသာများကို ရန်လိုတိုက်ခိုက်တတ်သော၊ အပြောနှင့်အလုပ်နှင့်မညီသောဘာသာအဖြစ်မြင်သွားကြစေရန် ထိုလူများကထိထိရောက်ရောက်လုပ်ခဲ့ကြသည်။ ကျွန်တော်တို့ဗုဒ္ဒဘုရားရှင် ဟောကြားတော်မူသောတရားနှင့် ကိုယ့်ရှင်တို့ လုပ်ရပ် ဘာများကိုက်ညီသနည်းကို ပြန်ဆန်းစစ်ကြည့်သင့်သည်။ သတ္တိရှိ လျှင် ပြောပါသည်။ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်ရဲသောသတ္တိမရှိသူများ မဟုတ်လျှင်တော့ ထိုသူများသည် ဘာသာတရားကို ကာကွယ်ရန်အကြောင်းပြ ပြီး ယခုတောင် ဗုဒ္ဒဘာသာကို ကမ္ဘာ့အလယ်တွင်ရန်လိုမုန်းတီးမှုအရှေ့ထားသော ဘာ သာတရားအဖြစ် အမည်ပျက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်နေကြခြင်းသာလျှင် ဖြစ်နိုင်သည်။ ဗုဒ္ဒဘာသာအား ကိုယ့်ရှင် တို့လုပ်ရပ်ကြောင့်မည်မျှ သိက္ခာကျဆင်း၊ အထင်သေးခံစေခြင်းဖြင့် သာသနာကို မည်သို့ ထိမ်းသိမ်းကြမည်နည်း။ လူသားဦးနှောက်ဖြင့် စဉ်းစားတတ်ရန်လိုသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဒဘာသာကို လူအများစုကကျင့်သုံးယုံကြည်ကြသည်ဆိုပေမဲ့ လူအများအားနှင့် အနဲကို ဖိနှိမ်တိုက်ခိုက်ခြင်းသည် ဗုဒ္ဒတရားတော်ကိုကော၊ ဒီမို ကရေစီကိုပါ စော်ကားဖျက်ဆီးခြင်းဖြစ်သည်။ ဘာသာတရားကို ထိမ်းသိမ်းကြရန် ဥပဒေထုတ်မည်ဘာညာဆိုပါက ထိုသို့လုပ်ခြင်းက အခြားဘာသာများအတွက် မည်သို့သော တူညီမှုပြဌာန်းနိုင်ပါမည်နည်း။ ဥပမာ ဗုဒ္ဒဘာသာက ထိုဥပဒေကို ထုတ်ပြန်ခွင့်ပြုရမည်။ အစ္စလာမ်ဘာသာကလဲ ရှာရီးယားဥပဒေကို ထုတ်ပြန်ပေး စေရန်တောင်းဆိုနိုင်ပေသည်။ ဘာသာပေါင်းစုံစုစည်းနေထိုင်ကြ သောနိုင်ငံတွင် မည်သည့်ဘာသာတရားတခုတည်းကိုမျှ ဦးစားပေး ဘက်လိုက်ခြင်းမလုပ်သင့်ပေ။
ထိုသို့လုပ်ရန်လိုသည်ဟုစဉ်းစားပါက ကျွန်တော်တို့ပြောပြောနေသော ဒီမိုကရေ စီဆိုသည်မှာ ဘာမျှအဓိပါယ်ရှိသောစကားလုံးဟုတ်မည်မထင်ပါ။
တချို့က ပြောကြသေးသည်။ မြန်မာနိုင်ငံတွင်နေလျှင် မြန်မာစကားတော့ တတ်ရ မည်။ တတ်ထားလျှင်တော့ ကောင်းပါသည်။ သို့သော် လမ်းမပေါက်စာသင်ကျောင်းမရှိသော တိုင်းရင်းသားကျေးရွာများတွင် မြန်မာစကား တလုံးမျှမပြောတတ်သော သူများတပြုံကြီးရှိနေသေးသည်ကို ထိုသူများတသက် တွင်တခါမျှ မတွေ့ဘူးကြဟုထင်သည်။ ထိုကလေးများ၊ လူကြီးများသည် ဘာသာ စကားမတတ်သော်လည်း မြန်မာနိုင်ငံသားများဖြစ်ကြသည်။ စကားကို လက်လွတ် စပါယ်ပြောရန်မသင့်ကြပေ။ အထူးသဖြင့် ဒီမိုကရေစီပြောနေသော ၈လေးလုံး ခေါင်းဆောင်များအနေဖြင့် ပိုပြီးလက်လွတ်စပါယ်မပြောသင့်ပေ။
ဒီမိုကရေစီတွင် မြွေကဲ့သို့ လျှာနှစ်ခွထားသောမူမျိုးလက်ခံသင့်မည်မဟုတ်ပါ။ ထိုသို့ လူကြီးအကောင်ကြီးများအတွက်ဥပဒေတမျိုး၊ လူထုအတွက် ဥပဒေတမျိုး လုပ်လေ့ရှိသော စစ်အစိုးရကို မကြိုက်သောကြောင့် ရုန်းကန်လာကြသည်ပဲ မဟုတ်ပါလား။ မိမိတို့ကလဲ့တွင်လဲ ဒီလို လျှာနှစ်ခွ၊ ကျောသားရင်သားခွဲခြားသော ဥပဒေမျိုးကို လက်သင့်ခံသင့်ပါသလော။
On 6/19/2013 2:57 PM, Billy Mackenzie wrote:အင်္ဂလန်က အိမ်ထောင်ပြု အိမ်ထောင်ကွဲ ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ကောင်းကောင်းသိပါတယ် ။ မဇင်မာအောင်လဲ အမျိုးသမိးခေါင်းဆောင်လုပ်နေတာ သိပါမယ် ။အဂ်လန်မှာ ၁၉၈၄ -ခုနစ်ဆီက ဆော်ဒီက ဘီလျံနာသူဌေး ခါရှော်ဂီ ( ဗမာပြည်မှာ ရှော်ဖီ ) အဂ်လိပ်မနဲ့  လင်မယားကွားရှင်းကြတော့ ရှာရိယာ ဥပဒေ အသံတောင်မထွက်နိုင်ဘူး ။ ငါတို့ ဆီမှာ အပေါ်စီးပေးထားခဲ့တာ ငါတို့ အဂ်လိပ်ကိုတော်လှန်တာ အကျွင်းအကျန်တွေ ကျန်နေသေးတယ်ဆိုတာ သဘောပေါက်ကြပါ ။ အင်္ဂလန်မှာ မယားလေးယောက် ယူခွင့်ရှိသလား ဒေါ်စုကိုမေးထား ။ ယဉ်ကျေးတဲ့ နို်င်ငံတိုင်းမှာ မယားတစ်ယောက်ထက်ပိုယူခွင့်မရှိပါဘူး ။ အဲကျုပ်တို့ ဆီမှာ မယားပြိုင်ဆိုပြီး ယူခွင့်ပေးထားတာ ဦးနေဝင်းလို မိုးပေါ်ထောင်မပြစ်ဘူးဆိုတဲ့ လူရမ်းကားတွေက လုပ်သွားတာ ။ အဲဒီဥပဒေကို ရတနာနဲ့  နပ်ဖို့ ထုတ်လိုက်တာမို့  ရတနာနတ်မယ် ဥပဒေလို့  တွင်နေတယ် ။ လူရမ်းကား ( x ) သရမ်းချင်လို့ ထုတ်ထားတဲ့ ဥပဒေ ။ ပြန်ဖျက်ရမယ် ။အဆိုးဆုံးက မြန်မာ ဗုဒ္ဓဘာသာနဲ့  မွတ်စလင် အိမ်ထောင်ကျတယ် ။ ကိုယ်ကအိမ်ရှင် ။ လက်ထပ်တော့ မင်းတို့  ဗုဒ္ဓဘာသာ နဲ့  အသိအမှတ်မပြုနိုင်ဘူး လုပ်တာကတော့ ရှက်တတ်လျင် လဲသေဖို့ ဘဲရှိတော့တယ် ။ ဒီမင်္ဂလာ ဒီအိမ်ထောင်ပြုတဲ့ ကိစ္စမှာ အိမ်ရှင်က ထုတ်သုံးစရာ ဥပဒေမရှိ ။ ကိုးကားစရာ ဥပဒေမရှိ ။ ဧည့်သည်တွေက အသိအမှတ်မပြုဘူး ဆိုတဲ့အထိ စော်ကားနေတာ ခံနေရတယ် ။ လင်မယားကွဲတယ် ။ လင်သေလျင် အမွှေမရဘူးတဲ့ ။အထက်ပါ အမျိုးစောင့် ဥပဒေဆိုတာ တကယ်ကတော့ ဒီခေတ်မှာ အတည်ဖြစ်မလာနို်င်ပါဘူး ။ ဒါပေမည့် မြန်မာအမျိုးသမီးကို ဧည့်နိုင်ငံသားနဲ့  အိမ်ထောင်ပြုကြ ယူကြတယ်ဆိုလျင် သူတို့ ဘက်က ဘာသာရေးဥပဒေနဲ့  အသာစီးယူထားတာကိုတော့ တရားမျှတမှုရှိအောင် ဘယ်လိုလုပ်မလဲ ဆိုတာလောက်တော့ အမျိုးဘာညာ ဖယ်ထားဦး ။ လူအခွင့်အရေးရှုဒေါင့်ကနေ အကာအကွယ်ပေးဖို့  အထူးသဖြင့် အမျိုးသမီးအဖွဲ့ တွေ စဉ်းစားကြရပါမယ် ။ ဒါတာဝန်ပါ ။ ကျမတို့ မသိပါဘူး မပြောပါနဲ့  ။ တကယ်တော့ မြန်ာမနိုင်ငံမှာ အစ္စလမ်ဘာသာဟာ ရှေးယခင်ကထည်းက မြန်မာမင်းတွေ လက်ထက်မှာ ရှ၇ီယာ ဥပဒေ သုံးခွင့်မပေးခဲ့ပါဘူး ။့  အင်္ဂလိပ်အဓ္ဓမကျွန်ပြုတာ ခံရပြီးနောက်အဂ်လိပ်တွေ မြန်မာနိုင်ငံနဲ့  လူမျိုးကို စံနစ်တကျအုပ်ချုပ်ဖို့  ( တကယ်က နိပ်ကွပ်ဖို့  ) အိန္ဒိယနွယ်ဖွား အစ္စလမ်အပါအဝင် ကုလားတွေ ခေါ်လာခဲ့တာပါ ။ ဒီနေရာမှာ ကုလားလို့ သုံးရတာကလဲ အိန္ဒိယနွယ်ဖွားတွေ အမျိုးစုံနေလို့  ခြုံခေါ်လိုက်တာပါ ။ မိဘက မဆုံးမလို့ မဟုတ်ရပါဘူး ။ ။ နောက်ကုလား ( ကူးလာသူ )ဆိုတာ ကုလသမဂ္ဂကိုယ်တိုင် ( ကူးလာသူများ = MIGRANT ) လို့ တရားဝင်သုံးနေလို့ ပါ ။အင်္ဂလိပ်ကသခင်ဖြစ်ချိန်ဆိုတော့ ကျနော်တို့ က ကျွန် ။ ကျွန်ဆိုတော့ လူရာအသွင်းမခံရဘူးပေါ့ ။ ဒီတော့ ဗုဒ္ဓဘာသာကိုလဲ သူတို့  လူမျိုးရေးနဲ့  တွဲဖက်မြင်ထားတော့ အမြင်က ကပ်နေတယ်လေ ။ နိုင်ငံရေး အမျိုးသားရေး နဲ့  မာန်ထောင်လာမယ် မြင်နေတယ်လေ ။ ဗုဒ္ဓဘာသာကို နိပ်ကွပ်ဖို့  ပျောက်ပျက်သွားအောင် ကျနော်တို့ ဆီမှာ အစ္စလမ်နဲ့ အိမ်ထောင်ပြုတာရှိခဲ့ရင် ရှရီယာဥပဒေ ကို အသုံးပြုစေခဲ့တယ် ။ အဲဒီဥပဒေကို ထားခဲ့ပေးတယ် ။ အဲဒီလို အင်္ဂလိပ်က တဖက်သတ် လုပ်ထားတဲ့ ရည်ရွယ်ချက်ကိုက ဗုဒ္ဓဘာသာ ပပျောက်သွးစေဖို့  ။ သူတို့ က သခင် ။ ကျနော်တို့  ကျွန်ဘဝ ရောက်နေတော့ ပြုသမျှနုနေခဲ့ကြရတာပေါ့ ။နောက်ဆုံး ဘုန်းကြီးတွေကို ဥိးထိပ်ပန်ရတာ သူတို့ မျက်စေ့စပါးမွှေးအစူးဆုံး ။ နောက်ဆုံး သင်္ကြန်ကို ဖျောက်ဖို့ လုပ်ရာကနေ အမျိုးသားရေး ပေါက်ကွဲစေတဲ့အထိ လုပ်မိသွားပါတယ် ။ အချုပ်က ဗုဒ္ဓဘာသာပျောက်ရင် ဒီနိုင်ငံကို ရာသက်ပန်သိမ်းပိုက်ထားနိုင်ပြီ ။ အဲဒီရည်ရွယ်ချက်နဲ့  မလွှဲသာလို့ လွတ်လပ်ရေးပေးပေမဲ့ သာသာလေး သပ်လျှိုထားခဲ့တယ် ။
သူတို့ နိုင်ငံမှာ ကျတော့ ရှရီယာ ဥပဒေ ကိုသုံးခွင့်မပေးခဲ့ဘူး ။ ကျနော်တို့ က ကျွန်ဘဝမှာ မလွှဲသာလို့  ငြိမ်ခံရပေမည့် အခု သခင် သခင် ။ သူတို့ နိုင်ငံ ကိုနမူနာယူရမယ်ဆိုတဲ့ အသိရှိသင့်ပါပြီ ။ ကဲ အမျိုးသမီး ဘာဘာညာညာတို့  ။ပိုဆိုးတာက အင်္ဂလိပ်လုပ်ခဲ့တာက မြန်မာ့ဓလေ့ထုံးတမ်းကို အိမ်ထောင်ပြုရာမှာ ဓလေ့အနေနဲ့  အသိအမှတ်ပြုတဲ့အဆင့်လောက် ဘဲပေးထားပြီး ဥပဒေအနေနဲ့  လွှမ်းမိုးခွင့်မရှိနေတာပါ ။ အင်္ဂလိပ်ကိုကန်ထုတ်ပြီး သူတို့ ကိုယ်တိုင် သူတို့ နိုင်ငံမှာ မကျင့်သုံးနိုင်တဲ့ မတရားတဲ့ မမျှတတဲ့ ဥပဒေကို ကျနော်တို့ ဆီမှာ ရာသက်ပန် ထားဖို့  အခွင့်ပေးမယ်ဆိုလျှင် ကျနော်တို့ ရထားတဲ့လွတ်လပ်ရေး ဆိုတာက ၁ဝဝ-% မဟုတ်သေးဘူးဆိုတာ ပြနေတာဘဲ ။ကဲ မျက်နာလွှဲနေကြမှာလား ။ နဲနဲ ရီုင်းတာပါလို့  စိတ်မရှိဖို့  ။
လှိုင်မြင့်
2013/6/19 Sitt Aungအစောင့်အရှောက်များဖြင့်ကိုင်ပေါက်ခြင်း၁။ အမျိုးဘာသာသာသနာကာကွယ်ရေးတို့ -စောင့်လေမျိုးနွယ် တာဝန်ဝတ္တရားတို့ သည်ညောင်ပင်ပေါ်မှရုတ်က္ခဆိုးလည်းမစောင့်ရှောက်ပေးနိုင်ဘူး၊မမနှဲ(ခေါ်)မနှဲလေးလည်းလာ၍မစောင့်ရှောက်ပေးနိုင်ဘူး၊သမတဗိုလ်သိန်းစိန်မှအစလွှတ်တော်ဥက္ကဌဗိုလ်ရွှေမန်းအလယ်-ဘုန်းကြီးဦးဝီရသူအဆုံးတို့လည်းမစောင့်ရှောက် ပေးနိုင်ဘူးဆိုသည်ကိုသတိချပ်စေလိုပါသည်။၂။ စံနစ်နှင့်ခေတ်ရေစီးကြောင်းတွင် ဖြစ်တည်စီးဆင်းနေသောလူ့ အဖွဲ့ အစည်း၏လူသားမျိုးနွယ်ဆက်များမှသာထိန်းသိမ်းစောင့်ရှောက်နိုင်ပါသည်။လူ့ နှင့် တိရစ္ဆာန်ခြားနားခြင်းသည်ဆင်ခြေဥာဏ်(ခေါ်)အသိဥာဏ်ကြောင့်သာဖြစ်သည်။တိရစ္ဆာန်များဖြစ်သောခွေး၊၀က်၊ကြောင်၊နွားတို့ သည်ပင်၎င်းတို့ ၏ဗီဇစိတ် လက္ခဏာဖြစ်သောမေထုန်မှီဝဲခြင်းကိုတူရာမျိုးနွယ်အစုအတွင်း၌သာပြုလုပ်ကြသဖြင့်ခွေးတူ၊၀က်တူလိုမျိုးနွယ်များဖြစ်ပေါ်ခြင်းမရှိသာကိုတွေ့နိုင်ပါသည်။၃။ သို့ သော်ငြားလည်းပုခုံးနှစ်ဖက်ကြားခေါင်းပေါက်၍ဆင်ခြင်အသိဥာဏ်ရှိသည့်လူသားတို့ အဖို့ တွင်ရိုးရာဓလေ့ထုံးတမ်း၊မိရိုးဖလာအစဉ်အလာ၊အမျိုးသာဘာသာသနာများနှင့်သာမကယဉ်ကျေးမှုအမွေ-အမျိုးသားရေးတာဝန်-ပြည်သူ့ နီတိအစရှိသဖြင့်ရှိနေ၍စောင့်စည်းရမည့်ကျင့်ဝတ်နှင့်ဘ၀နေနည်းများလည်းရှိသည်ကိုတွေ့ ရမည်ဖြစ်ပါသည်။၎။ ကိုလိုနီခေတ်မှာကျွန်ဘ၀ရောက်နေရသည့်အချိန်အခါ၌ဗမာပြည်သူလူထုအတွင်းတွင်ဝံသာနုစိတ်ဓါတ်နှင့်ဝံသာနုရက္ခိတတရားထွန်းကားခဲ့ပါသည်။ထို့ အတူပင်အမျိုးသ္မီးထုအတွင်းတွင်လည်းကုမ္ပရီအသင်းများဖွဲ့ စည်းနိုင်ခဲ့ပါသည်။ကိုလိုနီခေတ်တွင်ဗမာ့ယဉ်ကျေးမှုဖြင့်လုံးဝမကိုက်ညီသောအင်္ဂလန်မှတင်သွင်းသောရှန်သားထည်အကျီ င်္များ(အောက်ခံဘောဒီအကျီ င်္သာမကအသားကိုပင် မြင်တွေ့ ရသည့်ပိတ်စ) ကိုဝတ်ဆင်လျှင်ဆိုရှယ်ကျသောထင်သည့်အယူအဆပေါ်ထွန်းခဲ့ပါသည်။အမျိုးသ္မီးကုမ္ပရီအသင်းများ၏ပညာပေးလမ်းပြမှု-၀ံသာနုရက္ခိတတရား၏လှူံဆော်မှုများကြောင့်ဗမာ့လူ့ အဖွဲ့ အစည်းသည်အင်ဂလို-ဘာမန်လူ့ အဖွဲ့ အစည်းအဖြစ်သက်ဆင်းကျရောက်ခဲ့ခြင်းမရှိတာကိုတွေ့ နိုင်ပါသည်။ထို့ သို့ ထိန်းသိမ်းမှုများအကြားမှာပင်အင်ဂလို-ဘာမန်သွေးစပ်များကိုဗြူရိုကရက်လူတန်းစားအသိုင်းအ၀ိုင်းမှကြိုက်နှစ်သက်စွာဖြင့်သွေးနှောခဲ့ပါသည်။ဂျပန်ခေတ်တွင်လည်းလူထုအကြားတွင်ရေပန်းစားသောသီချင်းကဖြင့်“စိန်ကြည်ရယ်xလင်ယူပက်စက်သည်xမာစတာကြီးလည်းပြန်ရောxဗိုက်တလုံးနဲ့ ကျန်” ဆိုသောသီချင်းပင်ဖြစ်ပါသည်။၅။ အမျိုးကိုချစ်မြတ်နိုးခြင်း-စောင့်ရှောက်ခြင်းတို့ သည်မင်္ဂလာတရားတော်ဖြစ်သည်ကိုဗုဒ္ဓဘုရား၏တရားတော်များတွင်တွေ့ နိုင်ပါသည်။ သို့ သော်ငြားလည်းဗုဒ္ဓသည်အရာရာကိုမဇ္မျိမနည်းဖြင့်ခန္ဒီစစိတ်ကိုနှလုံးသွင်း၍ပဌိစ္စသမုပတ်တရားနှင့်လျှော်ညီစွာလောကီမှကျော်လွန်၍လောကုတ္တရာအကျိုးအားရှာကြံရေးကို တရားရေအေးတိုက်ကျွေးခဲ့သည်ကိုဗုဒ္ဓအဘိဓမ္မာများတွင်လေ့လာတွေ့ ရှိနိုင်ပါသည်။၆။ နိုင်ငံရေးသဘောတရားနှင့်ဘာသာရေးတရားတို့ သည်ရောစပ်လို့ မရသည့်အရာများဖြစ်ပါသည်။မည်သို့ ကြောင့်ဆိုလျှင်လောကီနှင့်လောကုတ္တရာ-အရှေ့ နှင့်အနောက်-သံသရာကျင်လည်ခြင်းနှင့်သံသရာမှလွတ်မြောက်ခြင်းအစရှိသောကွဲပြားခြားနားခြင်းများရှိနေ၍ဖြစ်ဖြစ်ပါသည်။တခါတရံတွင်ဗုဒ္ဓဘုရားရှင်မြတ်ကိုယ်တိုင်မှပင်သကျသာကီဝင်များနှင့်ကောလိယတို့  နိရောဓမြစ်ကြောင့် စစ်မက်ဖြစ်ပွားမည့်အရေး၊အဇာတသတ်မင်းမှဝဇ္ဇီတိုင်းပြည်အားစစ်တိုက်မည့်အရေးတို့ မှာစစ်မက်မဖြစ်ပေါ်ဖို့ နှင့်လူသတ္တ၀ါများငြိမ်းချမ်းချမ်းသာရေးအတွက်တရားရေအေးတိုက်ကျွေးခဲ့ရပါသည်။၇။ ဒေသန္တရအကျိုးစီးပွား-အမျိုးသားရေးအကျိုးစီးပွားနှင့် ပထ၀ီနိုင်ငံရေးတို့  သည်နိုင်ငံရေးစံနစ်တိုင်းမှာယှဉ်တွဲလိုက်ဖက်နေမည့်အရေးကိစ္စများဖြစ်၍မျိုးစောင့်ဥပဒေပဲထုတ်ထုတ်-ခြံစောင့်ဥပဒေပဲထုတ်ထုတ်-မာလီ(ခေါ်)ဒရ၀မ်ဥပဒေပဲထုတ်ထုတ် အစွန်းရောက်မှုနှင့်ကျဉ်းမြောင်းမှုအပေါ်အခြေမခံပဲလူသားကျင့်ဝတ်နှင့်လူ့ ဂုဏ်အင်္ဂါများကိုထည်တွက်စဉ်းစားအသုံးချကြဖို့ အရေးကြီးလှပါသည်။၈။ ထို့ အတူပင်ရိုက်ခတ်နေသောနိုင်ငံရေး-ဘာဘာရေး-လူမျိုးရေးဒွေးရောယှက်တင်ဖြစ်နေမှုများကိုလည်းဗမာပြည်လုံးဆိုင်ရာမှအမျိုးသမီးအဖွဲ့ များမှ ကျယ်ကျယ်ပြန့် ပြန့် လေ့လာစမ်းစစ်ဖို့ လိုနေသကဲ့သို့ တခေတ်တခါမှကုမ္ပရီအမျိုးသ္မီးများအသင်းကဲ့သို့ ဝံသာနုစိတ်ဓါတ်တရားကိုအခြေခံထား၍တိုင်းပြည်၏အရှုပ်အထွေးအရေးများ၌ဘက်ညီသောဖြေရှင်းချက်များထုတ်ပြန်ပြီးအမျိုးသ္မီးထုသာမကလူထုတရပ်လုံးအတွက်လှူံဆော်သောလုပ်ရပ်များကိုဖော်ပြသင့်ပါသည်။၉။ တချိန်တုန်းကထိုင်းနိုင်ငံ-ချင်းမိုင်မြို့ ၏မြန်မာနိုင်ငံအမျိုးသ္မီးအဖွဲ့ များဆိုသောအစည်းအဝေး၌အမျိုးသ္မီးခေါင်းဆောင်(အမည်မဖော်ထုတ်ချင်ပါ)ဟုဆိုသောမိန်းမတဦးမှယောင်္ကျားတွေတောင်မိန်းမပေါင်းများစွာယူတာပဲ၊မိန်းမတွေလည်းယောင်္ကျားပေါင်းများစွာယူသင့်သည်(မှတ်ချက်။ ။ ယောင်္ကျားပေါင်း မောင်းမတထောင်ကိုကိုးကားသည့်အတွေးအခေါ်)ဟုထုတ်ပြောခဲ့၍ကရင်အမျိုးသ္မီးတို့ လို-တိုင်းရင်းသားအမျိုးသ္မီးအဖွဲ့ များမှတက်ရောက်လာသောအမျိုးသ္မီးကိုယ်စားလှယ်များမှ“ဒါမျိုးဖြင့်လုပ်၍မရပါ”ဟူ၍ကန့် ကွက်ပြောဆိုကြပါသည်။ဤကိစ္စအပေါ်သွားလေသူအဝေးရောက်ညွှန့် ပေါင်းအစိုးရ၀ံကြီးတဦးမှပြောဆိုခဲ့တာက“အမျိုးသ္မီးအခွင့်အရေးတောင်းဆို၍တချိန်တည်းတ��
No comments:
Post a Comment