Tuesday, June 18, 2013

စိတ်ဒဏ်ရာနဲ့ လူ

 ( အဖေများမွေးနေ့ သို့ အမှတ်တရ )

by Ko Baloi (Notes) on Tuesday, June 18, 2013 at 11:43am

ဆိုရှယ်လစ်ဖခင်တွေရဲ့
ရိုက်ချက်ပြင်းပြင်း ဆုံးမမှုအောက်မှာ
ငယ်ငယ်ကတည်းက ဆိုပါတော့
စိတ်ဒဏ်ရာတွေ သင့်ခဲ့ဘူးတယ်..။

ပြန်ပြောရင် ပြန်ပြောတာမကြိုက်တဲ့ ငါ့အဖေရဲ့
တယူသန်ဆုံးမမှုဟာ
မိသားတစ်စုလုံးကို ချစ်အားထက်
ကြောက်အားတွေ ပိုစေခဲ့ပါတယ်..။

ဆုံးမတာလား ပြုံးပြတာလားတော့ မသိ
တခါတခါ ကြုံးထဲ့လိုက်တာ
ကုန်းကွကုန်းကွဖြစ်သွားတဲ့ ကျနော်
၂ရက်ကျော်ကျော် ၃ ရက်လောက်
မစားနိုင်မသောက်နိုင် ကယ်သူမဲ့ဘဝနဲ့
အမေလက်ပိုက်ကြည့်နေရတဲ့....ခေတ်။

ငါ့ သားကို ငါဆုံးမတာ
ကျိုးကျိုးကန်းကန်း
ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ ငါ့အဖေ၊
မကျိုးမကန်းဆုံးမပါဆရာ ဆိုပြီ
အတန်းပိုင်ဆရာတွေလက်ထဲ
ဝကွက်ခံရတဲ့ ခေတ်စနစ်ဆိုးကြီး၊

အဲဒီတုန်းက.....
အနန္တော အနန္ဒငါးပါးကို
ရိုကျိုးမိခဲ့လို့တော်သေးတယ်။

အကယ်၍သာ ဒေါသအလျှောက်
ဆရာမိဘတွေအပေါ် ပြစ်မှားတုန့်ပြန်မိခဲ့မယ်ဆိုရင် ဆိုတဲ့
ယူကြုံးမရတဲ့အတွေး ရနေပေမယ့်
ငါဟာ....တခါတရံမှာ အထီးကျန်ဆန်ပြီး
တစုံတရာအပေါ် မကျေနပ်လေနိုးနိုးနဲ့
ကနေ့အချိန်ထိ
စိတ်ဒဏ်ရာနဲ့ လူသားတစ်ယောက်ဖြစ်နေဆဲပါ..။

 ကိုဗလိုင် ( အမေ့သား )

မှတ်ချက်။  ။ဆိုရှယ်လစ်ဖခင်တွေလို သား/သ္မီးအပေါ်ဆုံးမတာမမှားဖို့ ရည်ရွယ်သည်။
 ကျနော့်ဆန္ဒအရ မိမိသား/သ္မီးတွေကို မိမိဘယ်လောက်ချစ်ကြောင်းကို မိမိရင်ထဲကအ
ချစ်တွေကို ထင်သာမြင်သာအောင် ဖခင်တွေကထုတ်ပြသင့်သည်။ မိမိရင်ထဲက အချစ်
တွေကို ရင်ဘတ်ထဲမှာပဲ သိမ်းဆည်းပြီး ချစ်နေမယ်ဆိုရင် ဒီအချစ်ကို သား- သမီးတွေ ခံစားသိရှိနိုင်မည်မဟုတ်။ ကြောက်ချစ်ရိုသေစကားကိုလက်ခံသော်ငြားလည်း၊ တချိန်
လုံးကြောက်ချစ်ရိုသေနေ၍မရပါ..။ ဖခင်တွေအမြဲလိုလို အသုံးပြုနေတဲ့ လက်သုံးစကား
ရှိပါတယ်..။ မင်းအကြောင်းကို ငါအသိဆုံးလို့ ဖခင်တွေသုံးနှုန်းတဲ့ အခါ၊ ကျနော်က
လည်း အဖေ့အကြောင်းကို ကျနော်အသိဆုံးပါလို့ စိတ်ထဲက ပြောမိခဲ့ပါတယ်။ စိတ်ထဲက
မပြောပဲ တကယ်သာပြောမိမယ်ဆိုရင် ကြုံးခံရမှာသေချာတယ်။ အမှန်တကယ်တော့မိဘ
နဲ့ သား- သမီးတွေဆိုတာ ငယ်ပေါင်းတွေပါ..။ တစ်ယောက်အကြောင်းတစ်ယောက်အသိ
ဆုံးပါ..။ ဒါကြောင့် မိဘရဲ့အချစ်တွေကို လှစ်ဟကာဖွင့်ချပြီး ချစ်ပြမှသာ သား/သမီးများ
က ငါ့အဖေနဲ့ ငါ့အမေ ငါတို့ကိုတကယ်ချစ်ပါလားဆိုတဲ့အသိ သူတို့ရင်ထဲရှိလာကြမှာဖြစ်
ပါတယ်။ ဥပမာတခုပြရမယ်ဆိုရင်- မိမိချစ်သူကို မိမိချစ်နေမိကြောင်း ဖွင့်ဟမပြောပဲ ရင်
ဘတ်ထဲမှာသာ သိမ်းဆည်းကာထား- ထားမယ်ဆိုရင်  မိမိချစ်သူအနေအဖြင့်   မိမိဘယ်
လောက်ထိချစ်နေမိကြောင်း မိမိချစ်သူသိရှိလိမ့်မည်မဟုတ်။ ထို့နည်းလည်းကောင်ပဲ မိမိ
အချစ်တွေကို မိမိရဲ့ သား- သမီးတွေကို ဖွင့်ဟကမပြပဲ ရင်ထဲမှာသိမ်းဆည်းပြီး ချစ်နေမယ်
ဆိုရင်- မိမိရဲ့ သား- သမီးများကလည်း မိမိဖခင် မိမိတို့အေပါ် ဘယ်လောက်အထိချစ်
ကြောင်း သိရှိကြလိမ့်မည်မဟုတ်။
သေကာမှသိတဲ့အချစ်- ကြီးလာမှသိတဲ့အချစ်တွေဟာ အလားကားပါ..။ မိမိဘယ်လောက်
အထိ မိမိရဲ့သား- သမီးတွေအပေါ် ချစ်မိကြောင်း၊ အမှန်တကယ် ချစ်ပြသွားတတ်မယ်ဆိုရင်
အကောင်းဆုံးပါ။ အဲဒီလိုသာ မိမိဖခင်က သားသမီးတွေအပေါ် အမှန်တကယ်ချစ်နေတဲ့အ
ကြောင်း လက်တွေ့ကျကျ ငယ်စဉ်ကတည်းက ခံစားသိရှိသွားကြမယ်ဆိုရင်...သား- သမီး
တွေအနေနဲ့ တကယ်ပျော်နေကြမှာပါ..။
သား/သမီးတွေကို ရင်ထဲမှာပဲသိုဝှက်ပြီး ချစ်နေ၍မရပါ။ သား/သမီးတဦးနဲ့ တဦးအပေါ်လည်း 
တန်းတူရည်တူအချစ်တွေနဲ့ ချစ်ကြပါ၊ တန်းတူရည်တူမချစ်မိခဲ့မိရင်....တချိန်မှာ သား/သမီး
တွေကြီးပြင်းလာတဲ့အခါ- ငါ့အပေါ် င့ါအဖေနဲ့ အမေ- အကြီးလောက်၊ အငယ်လောက်၊ အနိုလတ်
ကောင်လောက်  ငါ့ကိုပိုမချစ်ဘူးဆိုတဲ့ အတွေးတွေက အသိစိတ်ထဲစွဲပြီး  စိတ်ဒဏ်ရာသင့်စေ
နိုင်ပါတယ်။ ကိုယ်ကမွေးတဲ့  ကိုယ့်သား/သမီးတွေစိတ်ဒဏ်ရာမသင့်ကြရအောင်၊ ဆိုဆုံးမတဲ့
အခါ လက်လွန်ခြေလွန်မဖြစ်မိစေဖို့နဲ့ တန်းတူအချစ်နဲ့ သား/သမီးတွေအပေါ် မိဘတိုင်းကချစ်
ခင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း.....မိသားစုတိုင်း ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ..။

( ကိုဗလိုင် ) အမေ့သား။

မှတ်ချက်။  ။ တချို့အရွယ်ရောက်လာစမိန်းကလေးတွေဟာ  မိဘရဲ့ ကြမ်းတမ်းမှားယွင်းတဲ့ ဆို
ဆုံးမမှုကြောင့်၊ အိမ်ထောင်စောစောကျသွားသလို...ဘေးဒုက္ခဆိုးတွေနဲ့ ကြုံတွေ့ခဲ့ကြရပြီး၊ ဘ
ဝပျက်သွားတာတွေလည်းရှိကြပါတယ်။ တချို့အရွယ်ရောက်စ သားယောကျာင်္းလေးတွေက ဖြစ်
ချင်ရာဖြစ်ဆိုပြီး အိမ်ပေါ်ကဆင်းသွားကြပြီး  မပြန်လမ်းကိုမြန်းသွားကြသူတွေလည်းရှိကြပါ
တယ်။ သား/သမီးတွေအပေါ် ဆိုဆုံးမမှုတွေမမှားကြပါစေနဲ့လို့ မိဘများကိုမှတ်ချက်အနေနဲ့
သတိပေးရေးသားခြင်းသာဖြစ်ပါသည်။ ဖခင်တိုင်းကို မဆိုလိုပါ- သက်ဆိုင်သူ ဖခင်များကိုသာ
ရည်ရွယ်၍ ရေးသားခြင်းဖြစ်သည်။

( လူတိုင်းလူတိုင်း သာယာအေးချမ်းသော မိသားစုဘဝကို အမြဲထာဝရပိုင်ဆိုင်နိုင်ကြပါစေ..။)

( ကိုဗလိုင် ) အမေ့သား။


No comments: