Thursday, June 20, 2013

အဖြူရောင် ၀ိရောဓိ

























အကယ်၍... မြန်မာတွေသာ ဘင်္ဂလီတွေလို…မလေးရှားမှာ... ပြုလုပ်ခဲ့လျှင်... (ထွန်းထွန်းနိုင်) june13,2013
အထက်မြန်မာပြည်ကို ဗြိတိသျှအင်ပါယာအဖြစ် သွတ်သွင်းလိုက်သည့် ၁၈၈၆ခုနှစ် ဇန်န၀ါရီလ(၁)ရက် နေ့မှစ၍ မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘ၀ရောက်ခဲ့ရသည်။

တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့၏ အသုံးမ ကျ မှုကြောင့် တစ်နိုင်ငံလုံး သူ့ကျွန်ဘ၀ကို ရောက်ခဲ့ရသည့်တိုင် ဇာတိသွေး၊ ဇာတိမာန် ထက်သန်သည့် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေသည် ရရာလက်နက်ကို ဆွဲကိုင်လျှက် အမျိုး၊ ဘာသာ၊ သာသနာအတွက် နယ်ချဲ့လက်ပါးစေတို့အား ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဆင်၍ လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည့် အရှေ့တောင်အာရှ ၏ တစ်ခုတည်းသော သမိုင်းအစဉ်အလာကြီးမားသည့် မြန်မာပြည်သူ ပြည်သားတွေဖြစ်သည်ကို သမိုင်းက ပြဆိုခဲ့ပြီးဖြစ်ပါသည်။

သို့သော် သမိုင်းမှာ တကယ်ဖြစ်ခဲ့၊ ရှိခဲ့သော်လည်း အာဏာရူးတဲ့ အုပ်ချုပ်သူတို့ကြောင့်သမိုင်းအမှန်ကို သိခွင့်မရခဲ့သည့် ကျွန်တော်တို့ ပြည်သူတွေ သမိုင်းမကျေခဲ့လို့ သမိုင်းက ပေးသည့် အပြစ်ဒဏ်ကို ယခုတော့ ခံကြရပါပြီ…။

ဗိုလ်ချုပ်ဦးဆောင်သည့် ဗမာ့တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်တို့ကို အမိမြေပေါ်မှ အပြီးတိုင် တွန်းလှန် မောင်းထုတ်နေချိန်… မြန်မာပြည်၏ တစ်ခုသော အရပ်ဒေသမှ လူမျိုးတစ်မျိုးတို့သည်ကား…

“တောမီးလောင် တောကြောင်လက်ခမောင်း”ဆိုသည့် စကားအတိုင်း ...အကြံနက်သည့် လူ့တိရိစ္ဆာန်တို့ သည် ရည်ရွယ်ချက်ရှိရှိ အချိန်အခါကို အခွင့်ကောင်းယူ၍ ကျွန်တော်တို့၏ အမျိုးကောင်း သမီးပျိုတို့ကို မုဒိမ်း ကျင့်၊ လူသတ်၊ ဓါးပြတိုက်ရုံသာမက ရွာလုံးကျွတ် မီးရှို့ခဲ့ဖူးသည့် အဖြစ်အပျက်ပေါင်းများစွာ သမိုင်းမှာ အမှန်တ ကယ်ပင် ရှိခဲ့ဖူးပါသည်။

ရွာပေါင်းတစ်ရာကျော်နှင့်အတူ အပြစ်မဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေရဲ့ အသက်ပေါင်များစွာ ဒင်းတို့လက်ချက်နဲ့ ဆုံးရှုံးခဲ့ရသည်။

စစ်အင်အား၊ လက်နက်အင်အားကောင်းဖြင့် ကမ္ဘာပတ်၍ နယ်ချဲ့ခဲ့သည့် အင်္ဂလိပ်တို့သည် ပထမ အင်္ဂလိပ်-မြန်မာစစ်မှစ၍ တစ်နိုင်ငံလုံးကို သိမ်းပိုက်သည်အထိ နှစ်ပေါင်း ၆၂ ကြာ အချိန်ယူခဲ့ရသည်။ သို့သော် လည်း ဘာစစ်အင်အားမျှမရှိ၊ ဘာလက်နက်မျှမရှိပါပဲ ရာစုနှစ်တစ်ခုကျော်အတွင်း မြန်မာနိုင်ငံအနောက် ဘက်အခြမ်းကို ခြေကုတ်ယူနိုင် ယုံသာမက တစ်နိုင်ငံလုံးကိုပါ ခြိမ်းခြောက်နိုင်နေသည့် ဘင်္ဂလီတို့၏ ကျူးကျော်မှုသည် ယနေ့ခေတ်၏ အအောင်မြင်ဆုံးနှင့် အထိရောက်ဆုံး နယ်ချဲ့ပုံစံသစ်ဟုပင် မှတ်ချက် ပြုရပေလိမ့်မည်။

မလေးရှားကို တရားဝင် အလုပ်လာလုပ်သည့် မြန်မာအလုပ်သမားတစ်ယောက် တစ်နေကုန်လုပ်မှ ရင်းဂစ် ၂၀၊ ၂၅ ခန့်ရနေချိန် = ဘင်္ဂလီ(ခ) ရိုဟင်ဂျာတစ်ယောက် ဓါးပြ တစ်ခါတိုက်လို့ ရင်းဂစ် ရာဂဏန်းဖြင့် တွက်ခြေကိုက်နေသည်။

စားသောက်ဆိုင်က မြန်မာစားပွဲထိုးတစ်ယောက် တစ်လလုံးလုပ်မှ စရိတ်ငြိမ်း ရင်းဂစ် ၇၀၀ခန့်ရနေချိန်မှာ =စာတန်း၊ ဆလာယန်းလို ကုန်စိမ်းဈေးမှာ တောင်းနေတဲ့ ဘင်္ဂလီ သူတောင်းစား တစ် ယောက်က တစ်လကို ရင်းဂစ် ထောင်ဂဏန်းနဲ့ချီပြီး စုနေနိုင်သည်။

ဘင်္ဂလီတွေဟာ သူတို့လိုချင်တာကို နည်းနှစ်နည်းကိုသာ သုံး၍ ယူတတ်ကြသည်။

သူတို့ အင်အား နည်းလျှင် သူတောင်းစားလို တောင်းသည်။

သူတို့ အင်အားတောင့်လျှင်တော့ဖြင့် ခိုက်ရန်ပြု၍ ယူတတ်သည်။

နယ်ချဲ့တို့သည် သူတို့ ၏ အကျင့်ဆိုးအတိုင်း သူတို့ လက်အောက်ခံ ကိုလိုနီ နိုင်ငံတိုင်းကို ရာသက်ပန် ကိုလိုနီပြု အုပ် ချုပ်ချင်ကြသည်။ မလွှဲသာလို့ လွတ်လပ်ရေး ပေးခဲ့ရင်လည်း လွတ်လပ်စ နိုင်ငံတိုင်းကို ပြဿနာပေါင်းစုံနှင့်အတူ နလန်မထူနိုင်အောင် ကြိုတင်ကြံရွယ်၍ ဖန်တီးထားတတ်ကြသည်။

“ဗမာပြည်ဟာ လွတ်လပ်ရေးနှင့်အတူ သွေးချောင်းစီးလိမ့်မည်”ဟု ၀န်စတန်ချာချီပြောခဲ့ဖူးသည့် စကားက နယ်ချဲ့တို့၏ မြန်မာနိုင်ငံ အပေါ်ထားရှိသည့် သဘောထားကို လှစ်ဟပြသလိုဖြစ်နေသည်။

ယနေ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတို့သည် အင်္ဂလိပ်-မြန်မာ ပထမစစ်ကြီးအတွင်း အင်္ဂလိပ်တို့နှင့်အတူ မြန်မာမြေကို ရောက်ရှိလာခဲ့ကြသည်။ အစကနဦးအတည်းက အကြံကြီးသည့် ဘင်္ဂလီတို့သည် သီတဂူဆရာ တော်ကြီး၏ သြ၀ါဒအတိုင်း ..”အိမ်ရှင်ကို ရိုက်၍ အိမ်ကိုလုယူမည့် အစီအစဉ်အတွက် ” သခင်အားရ ကျွန်ပါးဝ လုပ်ပြ ခဲ့ကြသည်။

အရှင်မွေးလို့ နေ့ချင်းကြီးခဲ့ရသည့် ဘင်္ဂလီတို့သည် သမိုင်းတလျှောက်လုံး နယ်ချဲ့အရှင်သခင်တို့၏ အကျိုးစီးပွားကို ကာကွယ်ရင်း အချိန်ကောင်းကို စောင့်နေခဲ့ကြသည်။

လူ့အခွင့်အရေးကို ထောက်ပြပြီး ဘင်္ဂလီတွေကို အကာအကွယ်ပေးချင်သည့် လူ့အခွင့်အရေးသမားနှင့် မီဒီယာလောကသား တချို့တွေကို တစ်ခုတော့ ပြောချင်ပါသည်။

လွတ်လပ်ရေးတိုက်ပွဲကာလအတွင်း ဘင်္ဂလီတွေ ရွာလုံးကျွတ် မီးရှို့လို့ ပျောက်ဆုံးခဲ့ရတဲ့ ရခိုင်ရွာပေါင်း တစ်ရာကျော်နှင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ ရာပေါင်းများစွာသော ရခိုင်တိုင်းရင်းသားတွေ ရှိခဲ့ဖူးတယ်..ဆိုတာကို အထောက်အထားတွေနဲ့ အခိုင်အမာပြနိုင်တယ်ဆိုရင် အမှန်တရားအတွက် နစ်နာခဲ့ရတဲ့ ရခိုင်တွေဘက်က လူ့အခွင့်အရေး စကားလုံးကို သုံးလို့ ကမ္ဘာ့ပြည်သူတွေရဲ့နားကို ရောက်အောင် အော်ပေးနိုင်မလားလို့…။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို တွင်တွင်ကြီး သုံးနေတဲ့ အမေရိကန်ကြီး ကိုယ်တိုင်အမျိုးသားလုံခြုံရေးအတွက် အီရတ်ကို ၀င်တိုက်တော့ လူ့အခွင့်အရေးသမားဆိုသူတွေ ပါးစပ်က အမြုံ့ထွက်ရုံ မှ တပါး ဘာများ တတ်နိုင်ခဲ့ကြသနည်း။

အမျိုးသားလုံခြုံရေးထက် လူ့အခွင့်အရေးက ပိုအရေးကြီးသယောင် အသံကြောင် ဟစ်နေသည့် လူ့အခွင့်အရေးသမား၊ နိုင်ငံရေးသမားဆိုသူတွေကို ဘင်္ဂလီ ယောက်ျားတစ် ယောက်လောက်များ ခင်ဗျားတို့အိမ် ခေါ်ထားနိုင်မလား…ဗျာ။

စနစ်ဟူသည် အမျိုးသားအကျိုးစီးပွား၏ တန်ဖိုးကို ပြောင်းလဲပေးသည့် ထပ်ညွှန်းကိန်း တစ်ခုမျှသာဖြစ်သည်။ ခေတ်၏တောင်းဆိုမှုအရ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရေစီစသည့်ဖြင့် စနစ်တွေ မည်သို့ပင် ပြောင်းလဲစေကာမူ.. နိုင်ငံရေးပါတီတစ်ခု၊ အစိုးရတစ်ရပ်၏ မူဝါဒတို့သည် အမျိုးသားအကျိုးစီးပွားကိုသာ ရှေးရှုသင့်သည်။

အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု၏ ဒေသ အစိတ်အပိုင်းတစ်ခုကို ပွဲလန့်တုန်း ဖျာဝင် ခင်းသလိုမျိုး ကျူးကျော်လာတာကို အချိန်ကာလနှင့်တွက်ပြီး တရားဝင် အသိအမှတ်ပြုကြကြေးဆိုလျှင်ဖြင့် ကျွန်တော်တို့ဘက်က လည်း ထောက်ပြရပေလိမ့်မည်။

မလေးရှားနိုင်ငံ ပီနန်ကျွန်းမှာ အင်းဝခေတ်ကတည်း ဗမာတွေ အခြေချနေထိုင်တာကနေ စရ ပေလိမ့်မည်။

မြန်မာပြည်ထဲကို ဘင်္ဂလီတွေရောက်လာတဲ့ ခုနှစ်ထက်... ဗမာတွေ ပီနန်ကျွန်းမှာ အခြေချနေထိုင်တာ နှစ်ပေါင်းရာနှင့်ချီ၍ စောနေသည်ကို တွေ့ရပေလိမ့်မည်။

မလေးရှားဘုရင် ကိုယ်တိုင် သူကောင်းပြုခြင်းကိုတောင် ခံခဲ့ရဖူးသည့် ဗမာတွေ ရှိခဲ့ဖူးသည်။

ယခုအချိန်တွင် မလေးရှားမှာ မြန်မာတွေ သန်းထက်ဝက်ခန့် ရှိနေပြီ။ အကယ်၍များ မြန်မာတွေက ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုသုံးပြီး တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုလာမယ်ဆိုရင်…။

ဘင်္ဂလီတွေ ယုတ်မာသလိုမျိုး ဗမာတွေက မလေးမတွေကို မုဒိမ်းကျင့်၊ လူသတ်၊ နယ်မြေလုတဲ့ လုပ်ရပ်တွေကို လုပ်ခဲ့မယ်ဆိုရင်…။

မီဒီယာကို ငိုပြီး သမိုင်းလိမ်ကို ဖန်တီးခဲ့မယ်ဆိုရင်…။

လှိုင်းလေတွေ ထန်နေတဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်လို့ လှေစီးဒုက္ခသည်တွေအဖြစ် စွန့်စားပြခဲ့မယ်ဆိုရင်…။

ဌာနေ ဗုဒ္ဓဘာသာဝင် တရုတ်၊ အိန္ဒိယလူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင် မလေးတွေကြားမှာ ဘာသာရေး အဓိကရုဏ်းတွေဖြစ်အောင် ဖန်တီးခဲ့မယ် ဆိုရင်… ။

ကင်တားနား အပါအ၀င် လူ့အခွင့်အရေးသမားဆိုသူတွေ၊ ဘင်္ဂလီအရေး ဆောင်ရွက်နေတဲ့ NGO တွေ၊ ဘင်္ဂလီတွေ ဘက်ကနေ ရပ်တည်ပေးနေတဲ့ မီဒီယာတွေ ...အားလုံး ကျွန်တော်တို့ဘက်ကနေ ...ရပ်တည် ပေးနိုင်ပါ့မလား ခင်ဗျာ...လို့… မေးချင်ပါသည်။

(ထွန်းထွန်းနိုင်)


-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net

No comments: