မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
ခုတ်ရာတလွဲ ရှတာ တနေရာဖြစ်နေသည် …
 
 ကျော်ငြိမ်းမိုး၊ ဇွန် ၂၆၊ ၂၀၁၃
 
 လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကိုအကာအကွယ်ပေးသော၊ အမှန်တကယ် အသက်ဝင်သော ဥပဒေတစ်ရပ်လိုအပ်သည်။
 
 အမျိုးစောင့်ဥပဒေဆိုသည်မှာ၊ စေတနာပါသော်ငြား၊ ခုတ်ရာတလွဲ၊ 
ရှတာတနေရာဖြစ်သော ဥပဒေဖြစ်သည်။ အမည်နာမကိုက ဘောင်ကျဉ်းတဲ့၊ အာဏာရှင်ဆန်တဲ့၊
 ဥပဒေဖြစ်သည်။
 
 အရင်က တိုင်းရင်းသားဒေသတခုဖြစ်တဲ့ KNU နယ်မြေမှာ၊ 
ကရင်အမျိုးသမီးအစည်းအရုံးက၊ ကျောင်းသားတွေကရင်နယ်မြေကိုရောက်လာတဲ့အခါမှာ၊ 
အခုလို ပုံစံဥပဒေထုတ်ဖူးတယ်။ ကရင်အမျိုးသမီး ဗမာကိုမယူရ။ ဗမာကိုယူရင် 
ထိုင်းဘတ်ငွေ ၁၅၀၀၀ အစရှိတဲ့၊ ဥပဒေဖြစ်သည်။
 
 KNU မှာ 
ခရစ်ယာန်ဖြစ်မှ၊ ရာထူးကြီးတွေအတွက် တက်လမ်းရှိသည်၊ KNU ကို စကောဘာသာ 
စကားပြော၊ ခရစ်ယာန်ကြီးစိုးသည့်အဖွဲ့ အစည်းတခုအဖြစ်တည်ထောင်ရန်ကြိုးပမ်း 
ခဲ့တဲ့အတွက်၊ အကွဲအပြဲတွေဖြစ်ခဲ့လို့ ၊ ကျရှုံးခဲ့တာလည်း ရှိခဲ့ဘူးပြီ … ဟု 
ပြောသံများ ကြားခဲ့ရသည်။
 
 လက်တွေ့ မှာ သက်ဝင်မှုမရှိ။ 
ကရင်အမျိုးသမီးနဲ့  ဗမာချစ်ကြိုက်ရင်ယူကြတာပဲ။ ကရင်အမျိုးသမီးနဲ  
့မွတ်ဆလင်ယူကြတာပဲ။ ဘဲဂလော၊ နို့ ဘိုး နယ်စပ်ဒေသက၊ ထိုင်းမြို့ နဲ့  
နီးတဲ့နေရာက ဒုက္ခသည်စခန်းတွေမှာဆိုရင်၊ မွတ်ဆလင်ဈေးဆိုင်တွေ၊ 
မွတ်ဆလင်သူဋ္ဌေးတွေ ပြည့်လို့ ။
 
 မွတ်ဆလင်နဲ့ အိမ်ထောင်ပြုပြီး 
ခေါင်းမြီးခြုံသွားတဲ့ ကရင်မလေးများကလည်းတပုံကြီး။ အမေရိကန်ကို 
ခေါင်းမြီးခြုံ ကရင်မလေးတွေ ရောက်လာမဆုံး တဖွဲဖွဲ။
 
 
အင်္ဂလိပ်တွေမြန်မာနိုင်ငံကို သိမ်းပိုက်တဲ့အခါကြတော့လည်း 
နိုင်ငံတော်ဘာသာဖြစ်တဲ့၊ ဗုဒ္ဓဘာသာကို နှိမ်ချ၊ အားမပေး။ ခရစ်ယာန်တွေကို 
အခွင့်အရေးပေး၊ ငွေပေး၊ ပညာသင်ပေး၊ ရာထူးစည်းစိမ်ပေးနဲ 
့အင်္ဂလိပ်အစိုးရကလည်း၊ နောက်ကွယ်က အားပေးထားလိုက်တာ 
တောင်တန်းဒေသလူဦးရေအများစုက ခရစ်ယာန်တွေဖြစ်သွားကြတာပဲ။ ခရစ်ယာန်နဲ 
့ဗုဒ္ဓဘာသာ ကရင်၊ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ ကချင် အချင်းချင်း 
သတ်ကြတာပဲမဟုတ်လား။
 
 အင်္ဂလိပ်လက်ထက်ကစလို့ ၊ 
ခေတ်အဆက်ဆက်အုပ်ချုပ်သူတွေရဲ့ အသုံးမကျမှုတွေ၊ ဖောက်ပြန်မှုတွေ 
ပေါင်းလိုက်တဲ့အခါကြတော့၊ ဗုဒ္ဓဘာသာမြန်မာနိုင်ငံဟာ ဘာသာခြားတိုင်းပြည်၊ 
လူမျိုးတွေရဲ့ တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းကို ခံလာရတာ၊ 
ခံနေရတာကတော့ အတိအကျပဲ။
 
 ဒါတွေ ဘယ်သူ့ မှာတာဝန်ရှိသလဲ။ 
အကြောင်းတရားကိုရှာရင် ကိုယ့်မှာပဲတာဝန်ရှိတယ်။ အင်္ဂလိပ်ကိုစစ်ရှုံးတာလည်း 
ကိုယ့်ကြောင့်ပဲ။ ဘုန်းကြီးတွေကိုသတ်၊ သာသနာကို မသန့် စင်အောင်လုပ်၊ 
တရားမ၀င်သော နည်းလမ်းတွေနဲ့ နိုင်ငံခြားသားတွေကို အလုံးအရင်းနဲ 
့မြန်မာနိုင်ငံထဲ နေခွင့်ရအောင်၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ခွင့်ရှိအောင်၊
 ကြီးထွားခွင့်ရှိအောင်၊ ဥပဒေနဲ့ မတရားသဖြင့် အကာကွယ်ပေး၊ 
ကိုယ့်လူမျိုးအချင်းချင်း၊ ဘာသာအချင်းချင်း၊ စော်ကား၊ ယုတ်မာ မတရားလုပ်ခဲ့၊
 လုပ်နေတာလည်း၊ ကိုယ်တိုင်ပဲ (စစ်အာဏာပိုင်များ)။ 
 
 အခုလည်း 
ဆရာတော်ဦးသုမင်္ဂလာလို သာသနာအစစ်အမှန်ဆိုတာဘယ်လို၊ သာသနာသန့် စင်အောင်ဘယ်လို၊
 သာသနာဘယ်လိုကာကွယ်မလဲဆိုတာမျိုးကို၊ မှန်ကန်တဲ့နည်းလမ်းနဲ 
့ထောက်ပြပြောဆို၊ ဝေဖန်တဲ့ ဆရာတော်မျိုးကိုကြတော့၊ တရားဟောခွင့်ပိတ်ပင်၊ 
လှုပ်ရှားခွင့်ပိတ်ပင်။
 
 စစ်အာဏာရှင်တွေ၊ 
အာဏာပိုင်တွေဖြစ်ချင်နေတာက၊ အငြှိုးအတေးတွေနဲ့  ကလဲ့စားချေလိုစိတ် 
ပြင်းပြနေတာရယ်၊ ဗုဒ္ဓဘာသာအတိုက်အခိုက်၊ အခြိမ်းအခြောက်ခံနေရတာကို 
အသုံးချပြီး၊ အာဏာဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့ ပဲ။ ၂၀၀၇ 
ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာ သံဃာတွေက 
ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုကြွချီခဲ့တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့  
NLDရဲ့နောက်မှာ သံဃာထုရပ်တည်နေတာရယ်၊ ဒါတွေဟာ စစ်အာဏာပိုင်တို့ အတွက်၊ 
အာဏာဆက်လက်တည်မြဲရေးကို အတားအဆီး၊ အန္တရာယ်ဖြစ်နေစေတယ်။
 
 သား ၃ သား 
(ဘုရားသား၊ ကျောင်းသား၊ စစ်သား) ညီညွတ်ရင် မြန်မာပြည် 
ကောင်းစားတိုးတက်မယ်လို့ မြန်မာလူထုက ပြောကြတယ်။ ဒီ သား ၃ သားမညီညွတ်အောင်၊
 အမြဲရန်ဖြစ်နေအောင်၊ သွေးကွဲနေအောင်လုပ်ရမှာက စစ်အာဏာပိုင်တွေရဲ့ 
အန္တိမတာဝန်တစ်ခုဖြစ်နေတယ်။
 
 အဲ့အတွက်ကြောင့် ၉၆၉နဲ 
့ဆရာတော်ဦးဝီရသူတို့ ရဲ့လှုပ်ရှားမှုဟာ ခုတ်ရာတခြား၊ ရှရာတနေရာ ဖြစ်နေတယ်။ 
အမျိုး ဘာသာ သာသနာကာကွယ်တဲ့နေရာမှာ အမျိုးစောင့်ဥပဒေ ဆိုတာထက် 
လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို အာမခံတဲ့၊ ရှင်သန်အောင်လုပ်တဲ့ 
ဥပဒေမျိုးထွက်လာသင့်တယ်။
 
 ဥပမာ … မည်သို့ သောဘာသာဝင်မဆို 
အိမ်ထောင်ပြုလို့ ပဲဖြစ်စေ၊ မည်သို့ သော အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊
 အခြားဘာသာဝင်ဖြစ်ဖို့ ခြိမ်းခြောက်၍ဖြစ်စေ၊ ငွေပေး၍ဖြစ်စေ၊ အခွင်းအရေး 
အာဏာပေး၍ဖြစ်စေ၊ လူမှုအသိုင်းအဝန်းမှ ဖယ်ကျဉ်၍ဖြစ်စေ၊ ဘာသာ 
သာသနာသွတ်သွင်းစည်းရုံးခွင့်မရှိ။ အကယ်၍ အဲသလို စည်းရုံးလာပါက၊ 
အတင်းအကြပ်ပြုလုပ်တာကို တွေ့ ရှိပါက၊ တရားစွဲဆိုခွင့်၊ အပြစ်တွေ့ ရှိပါက 
တရားဥပဒေအတိုင်းအရေးယူဆောင်ရွက်ခြင်းတို့ ကိုပြုလုပ်ရမှာဖြစ်သည်။
 
 
မတူညီတဲ့ ဘာသာဝင်တို့ အိမ်တခုအတူနေထိုင်တဲ့အခါ၊ အထူးသဖြင့် 
အိမ်ထောင်စုတခုမှာ၊ ဘာသာမတူတဲ့ မိန်းမနဲ့ ယောက်ျားအတူနေထိုင်တဲ့အခါ၊ 
အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာဆင်းရဲမှု၊ 
ခန္တာကိုယ်နှိပ်စက်ညှင်းပမ်းမှုတွေကို၊ တရားရုံးမှာ တိုင်းကြားခွင့်၊ 
တရားဥပဒေအရ အရေးယူဆောင်ရွက်ခွင့်ရှိရပါမယ်။
 
 လူအုပ်စု၊ အဖွ 
ဲ့အစည်း၊ အစုအဖွဲ့ ဆိုတာ အကျိုးစီးပွားတွေနဲ့  ဖွဲ့ စည်း တည်ဆောက် 
ထားကြတာဖြစ်သည်။ အကျိုးစီးပွားတွေကနေ ရှောင်ခွာကင်းလွတ်၍၊ သံဃာဖြစ်ပါစေ 
ဤသမုတိလောကမှာ နေလို့ မရ။ လူလည်းလူအကျိုးစီးပွား၊ သံဃာလည်း 
သံဃာအကျိုးစီပွားရှိသည်။ POLITICS: WHO GETS WHAT, WHEN, HOW 
နိုင်ငံရေးဆိုတာ ဘယ်သူဘာရလဲ၊ ဘယ်အချိန်ရလဲ၊ ဘယ်လိုရလဲ၊ (HAROLD DWIGHT 
LASSWELL) က၊ နိုင်ငံရေးကို၊ နဂိုရှုထောင်တွေကနေ ခွဲထွက်ပြီး 
ချဉ်းကပ်ခဲ့ဘူးသည်။
 
 အကယ်၍ ဗုဒ္ဓဘာသာနိုင်ငံတခုမှာ၊ 
အခြားဘာသာဝင်လူမျိုးတွေ ကြီးထွားပြန့် ပွားလာခြင်းဟာ၊ သံဃာ့အဖွဲ့ အစည်းရဲ 
့အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်နေခြင်း ဖြစ်သည် ဆိုလျင် ဒါကို 
နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ 
ကိုမင်းကိုနိုင်တို့ ကလည်း သံဃာခေါင်းဆောင်တွေနဲ့ တွေ့ ဆုံပြီး 
ဆရာတော်တွေရဲ့  စိုးရိမ်ပူပန်မှုတွေကို လျှောက်ထားမေးမြန်းသင့်သည်။ 
အာမခံသင့်တာတွေ ခံရမည်။ ကာလံ၊ ဒေသံ၊ ပယောဂံ လုပ်ပုံလုပ်နည်းတွေကို 
ဆွေးနွေးရမည်။
 
 ဆရာတော်ဦးဝီရသူနဲ့ ၉၆၉ကလည်း စစ်အာဏာပိုင်တို့ ရဲ 
့အသုံးချခြင်းကိုမခံရစေပဲ၊ ခုတ်ရာတခြား၊ ရှတာတစ်နေရာဖြစ်စေမယ့် အလုပ်တွေကို
 ရပ်တန့် ရမှာဖြစ်သည်။ သို့ မဟုတ်လျှင် ရှေ့ မှာ အားလုံး အပျက်ပျက်နဲ 
့နှာခေါင်းသွေး မထွက်စေချင်ပါ။
 
 Source: http://moemaka.com/archives/35879
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment