Thursday, June 27, 2013

ဒေါင်းလား? ဂျိုးဖြူလား?



ကိုဂါမဏိ ဆီမှာ logoနဲ့ ပါတ်သက်ပြီး comment ဝင်ရေကြသူ အားလုံးပဲ ဒီလိုဂို ဖမ်းသူ ကျွန်တော်အနေနဲ့ ကျွန်တော်ဖမ်တီးလိုက်တဲ့ Logo ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြလိုက်ပါတယ်။

၁။ အောက်ခံ background အနက်က မှောင်နေတဲ့ အလင်းမရသေးတဲ့ ခေတ်ကို ရည်ညွှန်းပါတယ်။

၂။ ငွေဒင်္ဂါးပြားပုံကတော့ အထိမ်းအမှတ် တံဆိပ် တွေလို ငွေရတု အထိမ်းအမှတ်အတွက် ငွေရောင် တံဆိပ်ပေါ့။ (ကျွန်တော် စိတ်ကူးအရဆို ငွေဒင်္ဂါးပြားထုတ်ပြီး ကျဆုံးခဲ့သူရဲဘော်အပေါင်းအတွက် မိသားစုတွေကို ပေးချင်တာပါ)။

၃။ အထဲက ၈၈၈၈ ကိုကိုက်ချီထားတဲ့ ဂျိုးငှက်ကတော့ ၈၈၈၈ အရေးတော်ပုံတိုက်ပွဲရဲ့ အနှစ်သာရရည်၇ွယ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ လူအခွင့်အရေး ကို ရည်ညွှန်းပါတယ်။ အဲဒီ အနှစ်သာရကို ဖော်ဆောင်နိုင်ဖို့ ၈၈၈၈ စိတ်ဓါတ်ကို ကိုက်ချီ ပြန်သန်းရမယ် ဘယ်တော့မှ မမေ့ရဘူးလို့ ရည်ညွှန်းပါတယ်။

၎။ အောက်က ခေါင်းစီး၊ လက်ပတ် သဏ္ဍန် ခွပ်ဒေါင်းပုံနဲ့အနီရောင် အစလို ၈ ပုံစံ အထပ်လိုက် လေးခုကတော့ ၈၈၈၈ အရေးတော်ပုံကြီးကနေ အလွှာအသီးသီး ခေတ်အဆက်ဆက် ယနေ့ချိန်ထိရောက်အောင် ထမ်းတင်လာတယ်ဆိုတာကိုရည်ညွန်းပါတယ်။ ဒီနေရာမှာ ခွပ်ဒေါင်းပုံ နဲ့ အနီရောင် ၈ ပုံကို အပေါ်ကတင်ထားတာတော့ မတရားမှုမှန်သမျှ ရှေ့တန်းကနေတော်လှန်တတ်တဲ့ ကျောင်းသားစိတ်ဓါတ်ကို ရည်ညွှန်းပါတယ်။

ဒါကတော့ ကျွန်တော် ဖန်တီးလိုက်တဲ့ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် လိုဂိုနဲ့ ပတ်သက်ပြီး ၈လေးလုံး ရဲဘော်ရဲဘက်များကို လေးစားသောအားဖြင့် ရှင်ပြတာဖြစ်ပါတယ်။
၈လေးလုံးငွေရတုပွဲနဲ့ ပါတ်သက်ပြီး သဘောမတူတာတွေ မကြိုက်တာတွေ ရှိခဲ့ တယ်ဆိုရင်တောင် ကျွန်တော်ဖန်တီး ထားတဲ့ လိုဂိုကို အကြောင်းပြု ပြောရတယ်ဆိုတာကိုတော့ စိတ်မကောင်းဖြစ်မိလို ရှင်းပြတာပါ။ ကျန်တာတွေ ကတော့ သဘောတူတာ မကြိုက်တာ ကျွန်တော်နဲ့ မပတ်သက်ပါ။ ဒီလိုဂိုကို မကြိုက်ဘူးဆိုရင်လဲ ကျွန်တော် ဖန်တီးသူတယောက်အနေနဲ့ လက်ခံပါတယ်။ ငွေရတုပွဲကြီး ကျင်းပပုံ၊ ကျင်းပနည်းကို မကြိုက်တာနဲ့ ကျွန်တော် လိုဂိုက point ထားပြီး ပြောဆိုနေတာတွေ့ရလို့ ဒီ comment နဲ့ Logo ကို တင်ပေးလိုက်ပါတယ်။

အောင်လတ်
ဗကသ (နိုင်ငံခြားရေးရာကော်မတီ)

ရှစ်လေးလုံး နှစ်ပတ်လည် ငွေရတုပွဲကြီး ကျင်းပ၇န်သက်ဆိုင်ရာအစိုးရအာဏာပိုင်တို့ မှ  ဒေါင်း အစား ဂျိုးဖြူကိုအသုံးပြု၇န် ဖိအားပေးလာသဖြင့် ကျင်းပရေးကော်မတီဝင်များအကြားသဘောထားကွဲလွဲမှုတွေရှိနေကြကြောင်းသိရှိရပါသည်။ 
ဘလော့ဂါ
 
ရှစ်လေးလုံး နှစ်ပတ်လည် တောင်မှဒေါင်း မတင်ရဲလို့ ဂျိုးဖြူတင်ရမတဲ့။ ဂျိုးဖြူတင်ချင်ရင် ငြိမ်းချမ်းရေးပွဲ သပ်သပ်လုပ်... အဲဒီပွဲမှာတင်ပေါ့။ ဘယ့်နှယ်... ခုဟာ ဒေါင်းကို မကြည့်ရဲလို့ ဂျိုးဖြူ အစားထိုးရသလိုကြီးပါလား။ အသက်ပေးခဲ့တဲ့သူတွေကိုမှ အားမနာ။ ရှစ်လေးလုံး အရေးတော်ပုံကြီးထဲမှာ ဂျိုးဖြူအလံလွှင့်တာ ဘယ်နှယောက်များ တွေ့ဖူးကြသလဲ။

ဒေါင်းကို ဒီလောက်ကြောက်ရင်လည်း ဂျိုးဖြူတွေဘာတွေ လုပ်မနေပါနဲ့တော့ကွာ။ ကိုယ်နဲ့ တန်ရာ တန်ရာ ဂျိုးမဲသာ တင်လိုက်ပါတော့။
 Zaw Win
 

No comments: