Friday, June 21, 2013

ဒုတိယအကြိမ် ရွှေဝါရောင်တော်လှန်ရေးကို စိန်ခေါ်လာခြင်းကြောင့်


တစ်ချိန်က မြန်မာနိုင်ငံအတွင်းမှာ ရွှေဝါရောင်တော်လှန်ရေးဆိုပြီး ပေါ်ထွက်ခဲ့ သည် ။ လမ်းပေါ်သို့ ထွက်ပြီး ရဟန်းသင်္ဃာတော်တွေက မြတ်စွာဘုရားသခင်၏ မေတ္တာသုတ်ကို ရွတ်ဆိုပြီး စစ်အစိုးရအား ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ ကြခြင်းဖြစ်သည် ။ သို့ သော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ ကြသော ရဟန်းသင်္ဃတော်တွေမှာ စစ်အစိုးရ၏ ရက်ရက်စက်စက် ပစ်သဆ်ခြင်းခံခဲ့ ရပြီး ဖမ်းဆီးခံရသူ ၊ နှိပ်စက်ခံရသူ၊ ထွက်ပြေးတိမ်းရှောင်သူများဖြင့် မြန်မာနိုင်ငံသမိုင်းတွင် အရုပ်ဆိုးအကျဉ်းတန်စွာ တကယ်ရှိခဲ့ သည် ။ ဤသို့ တကယ်အမှန်စင်စစ်ရှိခဲ့ သည်ကိုလည်း မည်သူမျှ မျက်စိစုံမှိတ် ငြင်း၍လည်း မရချေ ။ ယခုတဖန် ဒုတိယအကြိမ်မြောက် ရွှေဝါရောင် တော်လှန်ရေးဖြစ်မြောက်အောင် ပြုလုပ်လာခြင်းကား အစိုးရမဟုတ်တော့ ။ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းစ ပြုနေသော ပဋိပက္ခများကို အဆုံးသတ်စေရေးထက် ပို၍ မီးတောက်မီးလှံများဖြင့် တစ်နိုင်ငံလုံးကို သပွတ်အူလိုက်ကာ မီးပင်လယ်မှာ ပြည်သူတွေ ဒုက္ခတွေဝေအောင် ပြုလုပ်လာသော နိုင်ငံခြား မီဒီယာများဖြစ်လာသည် ။
Times မဂဇိန်းတွင် မြန်မာနိုင်ငံမှ ဆရာတော် ဦးဝီရသူအား ဗုဒ္ဒဘာသာအကြမ်းဖက်သမားဟု အမည်နာမကင်ပွန်းတပ်ကာ မျက်နှာဖုံးဖြင့် ထုတ်ဝေဖြန့် ချီသည်ကို တွေ့ မြင်ရသည် ။ သတင်းစာဆရာတစ်ဦးဖြစ်သူ ( Hannach Beach ) သည် ၄င်းသတင်းကို ရေးသားခြင်းဖြစ်ရာ မီဒီယာကျင့်ဝတ်အား မည်မျှ သိရှိနားလည်သည်ကို မေးခွန်းထုတ်စရာ ဖြစ်သည် ။ မီဒီယာသမားတို့ သည် သတင်းတပုဒ်ကို ရေးသားသောအခါ အတည်ပြုရေးဆိုသောအချက်သည် အဓိကပါလာသည် ။ ထို့ ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ဆရာတော်ဦးဝီရသူသည် အမှန်တကယ်ပင် -Times- မဂဇိန်းတွင် ဖေါ်ပြရလောက်အောင် အကြမ်းဖက်နေသူလားဆိုသည်ကို ပထမဦးစွာ အတည်ပြုချက် ယူရမည်ဖြစ်သည် ။ မြန်မာနိုင်ငံရှိ ပြည်ထဲရေးဋ္ဌါန-ရဲချုပ်- ဗဟိုသင်္ဃာ့နာယကအဖွဲ့ ချုပ်-မြန်မာနိုင်ငံ လူ့ အခွင့်အရေးကော်မီတီ - ပြည်သူ့ လွှတ်တော်နှင့် အစိုးရ - နိုင်ငံရေးပါတီများ- ပြီးတော့ သူတို့ ယုံကြည်ချစ်မြတ်နိုးသော လေးစားသည့် ဒေါ်အောင်ဆန်းစုကြည်ထံမှ ဆရာတော်ဦးဝီရသူကို အကြမ်းဖက်သမားပါလားဟု မေးခွန်းများဖြင့် သတင်းကို အတည်ပြုတည်ဆောက်ရန်လိုသည် ။ သို့ သော် ယင်းသို့  သတင်းကို အတည်ပြုချက် မယူခဲ့ ချေ ။ အဓိက အတည်ပြုချက်ယူရမည်မှာ ပြည်ထဲရေးဋ္ဌါနနှင့် ရဲချုပ်ဖြစ်ရာ ၄င်းဝန်ကြီးဋ္ဌါနမှ သုံးသပ်ပြောဆိုသော အချက်မပါရှိ၍ ဤ-Times – မဂဇိန်းပါ စွပ်စွဲရေးသားချက်များသည် မီဒီယာကျင့်ဝတ်များ၏ စံနုံးစံညွှန်းအရ မည်သို့ မျှ အထောက်အကူ မပြုချေ ။
မြန်မာနိုင်ငံ၏ လူမျိုးရေးပဋိပက္ခများကို ဖြေရှင်းနေသော မြန်မာနိုင်ငံအစိုးရသည် ယခုအချိန်တွင် ခေါင်းအေးအေးဖြင့် ဆောင်ရွက်နေချိန် အကြမ်းဖက်သမားဟု ယူဆသော သူများကို ဖမ်းဆီးချုပ်နှောင်ပြီး ပြစ်မှုဆိုင်ရာရာဇ၀တ် တရားဥပဒေများဖြင့် အရေးယူထားဆဲနှင့် ယူထားပြီးဖြစ်သည် ။ ဆရာတော်ဦးဝီရသူသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်သမားတစ်ဦးပါဟု အစိုးရက သတ်မှတ်ခြင်းခံရသူလည်းမဟုတ်သလို အရေးယူထောင်ချရန် ရာဇ၀တ်တရားဥပဒေအကြောင်းအရ တရားစွဲဆိုထားခြင်းလည်း မရှိကြောင်း သိရသည် ။ ဤသို့  မည်သို့ မျှ ပြစ်မှု တစ်စုံတစ်ရာမျှ မရှိသော ဗုဒ္ဒသားတော်တစ်ပါးကို ယခုလို နိုင်ငံတကာက သိရှိသော မဂဇိန်းတစ်စောင်၌ ဖေါ်ပြသည်မှာ အကြောင်းများစွာ ရှိနေသည် ။
ပထမဦးစွာ အကြောင်းမှာ မြန်မာနိုင်ငံအတွင်းတွင် မူဆလင်ဘာသာဝင်လူမျိုးများကို ဖိနှိပ်နှိပ်စက်နေ၍ နိုင်ငံတကာမှ ဖိအားပေးကာ အစိပ်စိပ်အမွှာမွှာဖြစ်အောင် ပြုလုပ်ချင်သော အကြောင်းအရာဖြစ်သည် ။ ပြီးတော့ မြန်မာနိုင်ငံသည် မူဆလင်ဘာသာဝင်တို့ ၏ စိတ်ကြိုက်နိုင်ငံအဖြစ် ပြုလုပ်သွားရန် အဓိကရည်မှန်းချက်ဖြစ်သည် ။ ပထမရည်ရွယ်ချက်သည် နိင်ငံတကာမှ ဖိအားဖြင့် အစိပ်စိပ်အမွှာမွှာဖြစ်သွားခဲ့ လျှင် ဒုတိယရည်ရွယ်ချက်သည်ကား မူဆလင်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူပေါင်းများစွာတို့  အခြေချ နေထိုင်လာနိုင်ခြင်းဆိုသော ကြီးမားသည့် ရည်ရွယ်ချက်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် ဘင်္ဂလားဒေ့င်္ရနိုင်ငံ၏ လူဦးရေသည် ယခုအချိန်မှာ လူဦးရေ သန်းပေါင်း( ၁၃၀ ) ခန့် မျှ ရှိလာရာ နောင်နှစ်ပေါင်း-၂၀- ဆိုလျှင် မည်မျှ ပေါက်ဖွားတိုးတက်လာမည်ကို ကြောက်ရွံ့စွာ တွက်ချက်နေကြပြီ ။ သည်တော့ မြန်မာနိုင်ငံအတွင်း သန်း-၆၀-မျှ ၀င်ရောက်လာနိုင်သည်ပင်လျှင် မြန်မာနိုင်ငံသည် ဗုဒ္ဒဘာသာနိုင်ငံပါဟု သမိုင်းမှာ ရှိခဲ့ သည်ဆိုခြင်းကို လက်ညိုးထိုး တုတ်ထမ်းပြောရလောက်အောင် အချိန်ကာလ မရှိနိုင်တော့ချေ ။ ဤသည်မှာ လူမျို၍ လူမျိုးပျောက်ကိန်း ဇယားတစ်ခုဖြစ်သည် ။ ၄င်းအချက်များကြောင့်  ယခုအချိန်မှာ မြန်မာနိုင်ငံတွင် လူမျို၍ လူမျိုးမပျောက်အောင် ကြိုးပန်းဆောင်ရွက်နေသော အာဇါနည်ရဟန်းသံဃာတော်မြတ်များ -လူတန်းစားအသီးသီးများ- မျိုးချစ်နိုင်ငံရေးခေါင်းဆောင်များကို ပစ်မှတ်ထား အပုပ်ချ ဆောင်ရွက်နေကြခြင်းဖြစ်သည် ။
သို့ သော်ကမ္ဘာကြီးသည် လက်တွေ့ ကျသော နိုင်ငံရေးသိပ္ပံအား ဥပက္ခာပြု၍ မနေသည်ကို မီဒီယာသမားများက မေ့လျှော့နေကြသည် ။ ဆိုကြပါစို့  ။ ယခုစွပ်စွဲရေးသားခြင်း ခံရသော ဆရာတော် ဦးဝီရသူမှာ ဗုဒ္ဒသားတော်ဖြစ်၍ သူတို့  စွပ်စွဲပြောဆိုသလို အခြားဘာသာမတူသူများအား လည်လှီးသတ်ဖြတ်ရန် -မုဒိမ်းကျင့်ရန် -နေအိမ်များကို မီးရို့  ရန် ဟောပြောရေးသားနေသည်လားဆိုသည်ကို လေ့လာကြည့်မိပါသည် ။ တစ်နေရာရာတွင်မျှ မကြားဖူးချေ ။ ယင်းသို့ ဟောပြောမည့် သူလည်း မဟုတ် ။ အကြောင်းမှာ ဗုဒ္ဒမြတ်စွာဘုရား၏ သားတော်တစ်ဦးဖြစ်သော အရှင်ဦးဝီရသူသည် ဗုဒ္ဒကျမ်းဂန်များကို အာဂုံဆောင် ရွတ်ဆိုပြီး ဗုဒ္ဒသရဏံ ဂိစ္ဆာမိ-ဓမ္မာသရဏံဂစ္ဆာမိ- သံင်္ဃာသရဏံဂစ္ဆာမိ ဟူသော တရားတော်မြတ်ကို အမြဲမြေ၀ယ်မကျ ထိမ်းသိမ်းနှလုံးသွင်းနေသူဖြစ်သည် ။ စင်စစ်အားဖြင့် ဗုဒ္ဒမြတ်စွာဘုရားသခင်၏ ဘာသာတရားမှာ လူကိုအကြမ်းဖက် သတ်ဖြတ်ရမည်ဟု မပါရှိချေ ။ သည်တော့ ဆရာတော် ဦးဝီရသူသည် အကြမ်းဖက်သမားတစ်ဦး ဖြစ်နိုင်ကောင်းသည်ဟု မည်သူက ပြောဆိုနိုင်ပါမည်နည်း ။
ဒုတိယအချက်အနေဖြင့် အကြမ်းဖက်လုပ်ဆောင်သူများမှာ လူအမြောက်အများကို သေစေနိုင်လောက်သော လက်နက်ရှိသည် ။ လူအင်အားရှိသည် ။ အဖွဲ့ အစည်းရှိသည် ။ ယခုမူ ဆရာတော် ဦးဝီရသူမှာ လက်ထဲတွင် အပ်တိုတစ်ချောင်းပင် ကိုင်ထားသည်ကို မတွေ့ ရ ။ လက်နက်များကို စုဆောင်းထားသူလည်းမဟုတ် ။ လက်နက်များဖြင့် လူအင်အား မရှိ ။ အဖွဲ့ အစည်းလည်း မရှိ ။ ပြည်တွင်းတွင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများပင် လက်နက်ကိုင်ဆောင်ခွင့် မရရှိသော အခြေအနေများမှာ ဗုဒ္ဒသားတော် တစ်ပါးဖြစ်သော ဆရာတော် ဦးဝီရသူမှာ မည်သည့်လက်နက်များနှင့် လူကိုအကြမ်းးဖက်သတ်ဖြတ်ရန် စေခိုင်းနိုင်ပါမည်နည်း ။ ထို့ ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရများသည် ဘာသာရေးသမားတဦးဖြစ်သော ဆရာတော်ဦးဝီရသူကို အကြမ်းဖက်သမားဟု မည်သည့်အခါမျှ ယုံကြည်လိမ့်မည် မဟုတ်ချေ ။ လက်နက်ကိုင်ထားဆဲ ဖြစ်သော မြန်မာနိုင်ငံမှ တော်လှန်ရေးလက်နက်ကိုင် တိုင်းရင်းသားအင်အားစုများပင် အစိုးရမှ လက်ခံတွေ့ ဆုံပြီး ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မရှိသော ဆရာတော်ဦးဝီရသူအား အကြမ်းဖက်သမားဟု စွပ်စွဲရေးသား ပြေဆိာုမှုမှာ လုံးဝသဘာဝမကျ ။ ရယ်စရာဖြစ်နေသည် ။
သို့ သော် ကျွန်တော်တို့ ၏ ဘာသာရေးကို စိန်ခေါ်စော်ကား ရေးသားခြင်းဖြစ်သည် ။ ယခုလို ရေးသားဖေါ်ပြရေးသားလိုက်ခြင်းအားဖြင့် ဗုဒ္ဒဘာသာသည် အကြမ်းဖက် လူသတ် မုဒိမ်းကျင့် တရားတော်ဖြစ်သည်ဟု ယုံမှားသံသယရှိသွားကြပြီ ။ ဤပြသနာသည် သာမန်အသေးအမွှား မဟုတ်သော တကယ့်ကြီးမားသည့် အကြောင်းအရာဖြစ်သည် ။ ထို့ ကြောင့် မြန်မာနိုင်ငံအစိုးရသည် ဤပြသနာကို ဦးစွာဖြေရှင်း ကန့် ကွက်ရမည်ဖြစ်သည် ။ ဗုဒ္ဒဘာသာကို အများဆုံးကိုးကွယ်သော မြန်မာနိုင်ငံ၌ ဤဗုဒ္ဒဘာသာဝင်များသည် ဗုဒ္ဒတရား၏ အဆုံးအမကို ခံယူကြရာ အကြမ်းဖက်ဝါဒီသမားများ မဟုတ်ကြောင်း သာသာနာရေးဝန်ကြီးဋ္ဌါနမှ ဖြေရှင်းတောင်းဆိုရမည်ဖြစ်သည် ။ သို့ အတူ ဗုဒ္ဒသားတော်ဖြစ်သော အရှင်ဝီရသူအား စွပ်စွဲပြောဆိုခြင်းသည် တစ်ဦးတစ်ယောက် တစ်ပါးတည်းကို ရည်ညွှန်းပြောဆိုခြင်း မဟုတ်ဘဲ သာသနာထုတစ်ရပ်လုံးကို စော်ကားစိန်ခေါ် ရေးသားခြင်းဖြစ်သည် ။ သည်တော့ မီဒီယာကျင့်ဝတ်နှင့် လုံးဝမညီညွှတ်သော သတင်းစာဆရာကိုသော်၎င်း ၊ -Times- မဂဇိန်းကို၎င်း ပြတ်သားစွာ တောင်းဆိုရမည်ဖြစ်သည် ။ အဓိကအားဖြင့် ယခုသခင်္ဏးစာကို ယူပြီး မြန်မာနိုင်ငံအစိုးရသည်၎င်း ၊ ပြည်သူ့ လွှတ်တော်သည်၎င်း သတင်းအတည်ပြုချက် မယူသော သတင်းများကို ရေးသားဖြန့် ချီခွင့် မရှိဆိုသော ဥပဒေပြဋ္ဌန်းရန် လိုအပ်သည် ။ သတင်းအတည်ပြုချက် မရှိလျှင် ကောလဟာလသာဖြစ်ပြီး ယင်းကောလဟာလသည် ဥပဒေနှင့် မညီသောကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေများအရ တရားစွဲဆိုခံရနိုင်သည်ဆိုသည်ကို အစိုးရမှ ဆောင်ရွက်ရန်လိုနေပြီဖြစ်သည် ။ ခုတော့ ဘာသာရေးကို စော်ကားစိန်ခေါ်လာနေသောကြောင့် ဗုဒ္ဒဘာသာဝင် ပြည်သူလူထုများသည်၎င်း ၊ ဗုဒ္ဒမြတ်စွာ ဘုရားသခင်၏ သားတော်များဖြစ်သော ရဟန်းသံင်္ဃတော် တစ်ရပ်လုံးသည်၎င်း အမျိုးဘာသာကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရေးအလို့ ငှာ ဒုတိယရွှေဝါရောင် တော်လှန်ရေးဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို သာသနာတော် သန့် ရှင်းတည်တန့် ရေးအတွက် အဖတ်ဆယ်ပြကြရန် အထူးလိုအပ်နေပြီဟု ထင်မြင်ယူဆပါကြောင်း ပြောရလျှင် လွန်အံမထင်ပါချေ ။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments: