==============================
Wednesday, 19 June 2013 03:42
ကနေဒါ နိုင်ငံတွင် ပြုလုပ်မည့် ၈၈ မျိုးဆက်များ ညီလာခံသို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ၈၈ မျိုးဆက်ခေါင်းဆောင်သုံးဦး တက်ရောက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းဇေယျက ဇွန် ၁၇ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
နိုင်ငံတကာရောက် ၈၈ မျိုးဆက်များမှ ပူးပေါင်းစီစဉ်သည့် ၈၈ မျိုးဆက်များ ညီလာခံကို ဇွန် ၂၈ ရက်မှ ၃၀ ရက်အထိ ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ညီလာခံသို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းဇေယျ၊ ဦးပြုံးချို၊ ဦးအံ့ဘွယ်ကျော်တို့ တက်ရောက်မည်ဖြစ်ကြောင်း ဦးမင်းဇေယျက ပြောကြားသည်။
၈၈ မျိုးဆက်များ ညီလာခံတွင် ပြည်တွင်း၊ ပြည်ပ ၈၈ မျိုးဆက် အင်အားစုများ မျက်နှာစုံညီ ပြန်လည်တွေ့ဆုံနိုင်ရေး၊ ၂၅ နှစ်တာ ကာလအတွင်း မြန်မာ့နိုင်ငံရေး အခြေအနေ အရပ်ရပ်များအား ပြန်လည်သုံးသပ် ဆွေးနွေးနိုင်ရေး၊ ညီလာခံမှ တူညီသော ဆုံးဖြတ်ချက်များအား ပြည်တွင်း၊ ပြည်ပ ဟန်ချက်ညီညီ ချိတ်ဆက်၍ ဆက်လက်လက်တွဲ ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးသွားမည်။
၈၈ မျိုးဆက်များ ညီလာခံ တက်ရောက်ရန် ဦးပြုံးချို၊ ဦးအံ့ဘွယ်ကျော်တို့မှာ ဇွန် ၂၂ ရက်တွင် မြန်မာနိုင်ငံမှ ကနေဒါနိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ပြီး ဦးမင်းဇေယျမှာ ဇွန် ၂၈ ရက်တွင် ကနေဒါနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၈၈ မျိုးဆက်များ ညီလာခံတွင် ပြည်တွင်း၊ ပြည်ပ ၈၈ မျိုးဆက် အင်အားစုများ မျက်နှာစုံညီ ပြန်လည်တွေ့ဆုံနိုင်ရေး၊ ၂၅ နှစ်တာ ကာလအတွင်း မြန်မာ့နိုင်ငံရေး အခြေအနေ အရပ်ရပ်များအား ပြန်လည်သုံးသပ် ဆွေးနွေးနိုင်ရေး၊ ညီလာခံမှ တူညီသော ဆုံးဖြတ်ချက်များအား ပြည်တွင်း၊ ပြည်ပ ဟန်ချက်ညီညီ ချိတ်ဆက်၍ ဆက်လက်လက်တွဲ ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးမင်းဇေယျက ပြောကြားသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့်မူ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲများနှင့်အတူ ဖြစ်ပေါ်လာသော အခွင့်အလမ်းများ၊ ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲများ၊ ပြည်ပရောက် ၈၈ မျိုးဆက်များ၏ တာဝန်နှင့် အခန်းကဏ္ဍ၊ ပြည်တွင်း၊ ပြည်ပ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို နိုင်ငံတကာသို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား၊ မြန်မာနိုင်ငံတွင်းမှ ၈၈ မျိုးဆက်များက အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံသို့ တက်ရောက်မည့် ၈၈ မျိုးဆက် အဖွဲ့ဝင် သုံးဦးအနေဖြင့် လာမည့်ဇူလိုင် ၅ ရက်မှ ၇ ရက်အထိ အမေရိကန် ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့၌ ကျင်းပမည့် နိုင်ငံတကာရောက် ၈၈ မျိုးဆက် ညီလာခံသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံသို့ ခရီးဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း ဦးမင်းဇေယျက ပြောကြားသည်။
http://elevenmyanmar.com/
==============================
ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့တွင်ကျင်းပမည့် (၈၈)မျိုးဆက်များညီလာခံသို့ မကဒတ(ကျေင်းသားတပ်မတော်) A.B.S.D.F ( All Burma Democratic Student Front – Thai Burma Border ) မှ ကိုယ်စားလှယ် စေလွှတ်မည်ဖြစ်ကြောင်း ဗဟို၏ အကြောင်းကြားစာကို လည်း ရ ရှိ ပါ သည် ။
'88 Generation leaders to attend Toronto summit
- Published on Wednesday, 19 June 2013 19:23
Activists from the 1988 student
uprising will attend an '88 Generation Summit in Canada, one of the
leaders Min Zay Ya told The Daily Eleven on Tuesday.
Leaders Min Zay Ya, Pyone Cho, and Ant
Bwe Kyaw will be representing the '88 Generation Peace and Open Society
at the summit in Toronto from June 28 to 30. Min Zay Ya said they will
discuss reuniting the 1988 Generation student activists living in
Myanmar and those still in exile and review the situations in Myanmar
over the last 25 years.
The 88' Generation Peace and Open
Society will focus on opportunities and difficulties arising with
Myanmar's reforms, and the role and responsibility of the 88' Generation
activists still living abroad. The three leaders will then leave for
the United States to attend another 88' Generation Summit, which will be
held in Fort Wayne, Indiana from July 5 to 7.
No comments:
Post a Comment