Monday, December 5, 2011

ရွှေတောင်လှုံလဲ မလုံဘဲဖြစ်နေအုံးမှာလား


ရွှေတောင်ပုံလဲ မလုံဘဲဖြစ်သွားမှာလား
မြန်မာကို ရွှေမြန်မာလို့
စဉ်အလာခေါ်လာကြတာ
အပျော်ခေါ်တာလား
တကယ်ခေါ်တာလား။

ရွှေတိဂုံရဲ့အရောင်တ၀င်းဝင်း
ရွှေအဆင်းမို့ မယွင်းကင်ပွန်းတပ်
ခေါ်စမှတ်ပြုကြတာလား။

စဉ်းစား အတွေးမများလေနဲ့တော့
သတင်းစကားတစ်ခုက
အပြေးအလွှားဝင်လုလာပါပြီ။

ကရင်ပြည်နယ် မယ်ဝိုင်ရွှေမော်က
ရွှေဖေါ်မဲ့ကိန်းဆိုက်ရောက်လာပါပြီ။

နာဆာကလွှတ်ပေးတဲ့ဂြိုလ်တုနဲ့
မျှော်ရှုပြီးရိုက်လိုက်တာ
မြန်မာပြည်မှာ အကြီးဆုံးရွှေကြောဟာ
ကရင်တောဂနိုင်မှာ
ရွှေဘုရင်လို့ခေါ်ပိုင်လောက်တဲ့
ရွှေကြောမဟော်
မယ်ဝိုင်ရွှေမော်လို့ခေါ်တဲ့နေရာမှာ
ဖွေရှာတွေ့ရှိလာပါတယ်။

ယခုအခါ ဤကမ္ဘာမှာ
အချမ်းသာဆုံးနိုင်ငံဟာ
ရွှေဗမာဖြစ်တော့မှာ။

ခေါ်နေကျ ရွှေဗမာဟာလဲ
မလွဲ အနွတ္တ ဖြစ်ရလေတော့မှာ။

ရွှေမုဆိုးတွေ မသွေချဉ်းကပ်
ခြေချင်းခတ်ရှာနေရော့မယ်။

မြန်မာလူမျိုးတွေတန်ခိုးထွား
အကျိုးများလာလေတော့မလား။

အာဏာရှင်တစ်စု ကိုယ်ကျိုးပြုပြီး
လုကြလေမလား စဉ်းစားစရာပါ။
လောဘသားတို့ မောဟများပြီး
ဒေါသတရားနဲ့ လုစားကြရင်တော့

စစ်မီးတွေတဟုန်းဟုန်းတောက်
အပြစ်ကြီးတွေလုံးလုံးရောက်
ကြောက်စရာ့မြန်မာပြည်
ဖြစ်လာတော့မှာမသွေ။
ကံအခြေက ပေးကာပေး၏ မရ
ကျွေးကာကျွေး၏ မ၀ သောအခြေ
မဆိုက်ရောက်လိုပါပေ။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
ဒီဇင်ဘာ ၅ ၂၀၁၁

No comments: