Wednesday, December 28, 2011

သတင်းများ

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း...
Kalkal Lay 5:33pm Dec 28
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း ကူးတို့ဆိပ်တွင် ယခု မနက်(၂) နာရီ ခန့်တွင် ဂိုထောင် မီးလောင်သဖြင့် ဂတ်စ်အိုးများ ပေါက်သည်ဟု သတင်းရရှိပါသည်။ မင်္ဂလာတောင်ညွန့် တစ်ဝိုက်တွင် နေအိမ်တိုက်တာများ အင်အားပြင်းထန်သော လှုပ်ခတ်မှု ခံစားကြရပြီး ရပ်ကွက်နေပြည်သူအားလုံး လမ်းမများပေါ်သို့ ထွက်လာကြပြီး ငလျှင်လှုပ်သည်ဟု ထင်မှတ်ကြကြောင်း သိရသည်။ ပေါက်ကွဲသံကြီးမှာလည်း အလွန်ကြီးမားပြင်းထန်ပြီး တိုက်တာများ တုန်လှုပ်သွားသည်ကို ငလျှင်လှုပ်သကဲ့သို့ ခံစားရသည်။ မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဝေါ်ကီတော်ကီ သတင်းအရ စက်ဆန်း ကူးတို့ဆိပ် ဂိုထောင် မီးလောင်ကျွမ်းသည်ဟု သိရသည်။ ကြီးမားသော မီးခိုးလုံးကြီးများ ကောင်းကင်ယံသို့ ထိုးတက်လာသည်ကို မြင်ရသည်။ ပေါက်ကွဲမှု အရှိန်ကြောင့် မင်္ဂလာတောင်ညွန့် ရဲစခန်းအနီးမှ ရွှေမြယာ အိမ်ယာစီမံကိန်းရှိ အဆောက်အဦး တွင်တပ်ဆင်ထားသော ဆယ်ပေ ပတ်လည်ခန့်ရှိ မှန် များ တစ်စစီ ကွဲကျသွားသည်ဟု မျက်မြင်သက်သေများက ဆိုသည်။ ယခု (၂)နာရီ (၁၃) မိနစ် အချိန်တွင် ရရှိသော သတင်းဖြစ်ပါသည်။ ဆက်လက်ပြီး ရရှိသောသတင်းများကို တင်ပြပါဦးမည်။

ထပ်မံရရှိသော သတင်းအရ နေရာတွင် ပွဲချင်းပြီး သေဆုံးသူ ၅ ဦးတွေ့ရကြောင်း သိရပြီး အသေအပျောက်နှင့် ဒဏ်ရာရသူစာရင်းကို သက်ဆိုင်ရာက အတည်ပြုချက် မရရှိသေးပေ။ အခင်ဖြစ်ပွားသည့် ကူးတို့ဆိပ်လမ်းအတွင်းသို့လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်သည့် အတွက် ၀င်ရောက်ခွင့် တားမြစ်ထားရာ မီးလောင်မှုနေရာနှင့် ပတ်ဝန်းကျင်သို့ အနီးစပ်ဆုံး ၀င်ရောက်ကြည့်ရှုနိုင်ရန် အခက်အခဲရှိနေသည်။
အကြံအဖန်ပြည်ပမီဒီယာအုပ်စုအချို့ ( ဧရာဝတီ နှင့် ဒီဗွီဘီ ) ဒေါ်အောင်ဆန်းစုကြည် ကြောင့် ရန်ပုံငွေ ဖြတ်တောက်ခံရတယ်လို့ ပြောဆိုဝါဒဖြန့်နေ။။
Wednesday, 28 December 2011
ဧရာဝတီ နှင့် ဒီဗွီဘီ ဒေါ်အောင်ဆန်းစုကြည် ကြောင့် ရန်ပုံငွေ ဖြတ်တောက်ခံရတယ်လို့ ဆို။
www.thithtoolwin.com

Browse › Home › မြန်မာ့သတင်း» ဧရာဝတီ နှင့် ဒီဗွီဘီ ဒေါ်အောင်ဆန်းစုကြည် ကြောင့် ရန်ပုံငွေ ဖြတ်တောက်ခံရတယ်လို့ ဆို။

ပြီးခဲ့သည့်နှစ် ဒေါ်စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ချိန်မှ စပြီး ယင်းတို့၏ ရန်ပုံငွေ သုံးပုံ တစ်ပုံခန့် ဖြတ်တောက် ခံခဲ့ရကြောင်း ထိုင်းအခြေစိုက် Irrawaddy Media Group နဲ့ နော်ဝေအခြေစိုက် Democratic Voice of Burma (DVB) က ပြောကြားခဲ့ပါတယ်။ အဲဒီလို ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် အဆိုပါ သတင်းဌာနတွေရဲ့ လုပ်ငန်း လည်ပတ်မှုတွေ ထိခိုက် နစ်နာခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။


နိုင်ငံတကာ အလှူရှင်များက ၎င်းတို့အတွက် ရန်ပုံငွေတွေ လျှော့ချခြင်းနဲ့ ပတ်သက်ပြီး ဒေါ်စုကြည်နဲ့ NLD တို့ဟာ အဓိက တရားခံတွေ ဖြစ်ကြောင်း ထိုင်းနေ့စဉ်ထုတ် သတင်းစာ Matichon နဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှ ဧရာဝတီ မီဒီယာ အုပ်စုရဲ့ အယ်ဒီတာချုပ် အောင်ဇော်က ပြောဆိုခဲ့ပါတယ်။

ပြည်ပြေး မီဒီယာတွေကို ရန်ပုံငွေ ပေးမယ့်အစား NLD ရဲ့ လူမှု အဖွဲ့အစည်းတွေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အစီအစဉ်တွေအတွက် လှူဒါန်း ပေးကမ်းသင့်တယ်လို့ ဒေါ်စုကြည်ရဲ့ ဆွဲဆောင် တောင်းဆိုမှုတွေကြောင့် ဧရာဝတီ မီဒီယာအနေနဲ့ ၎င်းတို့ နှစ်စဉ် ရနေတဲ့ ရန်ပုံငွေတွေထဲက တစ်သန်းကျော် ဖြတ်တောက်ခံရပြီး DVB အနေနဲ့ ယူရိုငွေ ၅သိန်းခန့် ဖြတ်တောက်ခံရတယ်လို့ ဆိုကြပါတယ်။
By:Freedom Person (Facebook စာမျက်နှာမှကူးယူဖော်ပြသည်)
သစ်ထူးလွင်12/28/2011 03:56:00 PMShareThisShareThisShareThisS
hareThis
Labels:မြန်မာ့သတင်း
source; Myanmar News Now
at 10:03
http://komoethee.blogspot.com/2011/12/blog-post_28.html
ဒေါ်အောင်ဆန်းစုကြည်ကို စံထားသင့်ကြောင်း ပါကစ္စတန်သမ္မတပြောကြား
2011-12-28

ပါကစ္စတန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နမူနာယူရမယ်လို့ သမ္မတ ဇာဒါရီက အင်္ဂါနေ့က ပြောလိုက်ပါတယ်။


ဇနီးဖြစ်သူ ၀န်ကြီးချုပ် ဘနာဇီယာ ဘူတို လုပ်ကြံခံခဲ့ရတာ လေးနှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ဘူတို ဂူဗိမာန်မှာ ကျင်းပတဲ့ နှစ်လည်ပွဲ တက်ရောက်လာသူ ပရိသတ် သုံးသိန်းကျော်ကို ပြောဆိုခဲ့တာပါ။


ဘနာဇီယာ ဘူတိုကို အကောင်းဆုံးဂုဏ်ပြုတဲ့နည်းကတော့ ဒီမိုကရေစီနဲ့တကွ တိုင်းပြည်မှာရှိနေတဲ့ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်ပြီး ဖျက်လိုဖျက်ဆီး ကြံစည်နေတာတွေကို တိုက်ဖျက်ဖို့ပါပဲလို့ သမ္မတ ဇာဒါရီက ပြောပါတယ်။


ပါကစ္စတန်မှာ စစ်တပ်ကအာဏာသိမ်းတော့မယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေချိန်မှာ ဇာဒါရီက အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းစဉ်ကိ
ု နမူနာယူသင့်ကြောင်းလည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်နေကြောင်း၊ အင်အားကြီးအမေရိကန်က ဒေါ်အောင်ဆန်းစုကြည်ရှိရာကို သွားရကြောင်း၊ သူ့လမ်းစဉ်ကို နမူနာယူသင့်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို ထူထောင်တယ်ဆိုတာ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တဲ့ အတတ်ပညာဖြစ်ကြောင်း ပါကစ္စတန်သမ္မတ ဇာဒါရီက ပြောဆိုခဲ့ပါတယ်။


Copyright © 1998-2011 Radio Free Asia. All rights reserved.

http://www.rfa.org/burmese/news/pakistan-assk-12282011133345.html
သစ်ထူးလွင် Myanmar News Now
www.thithtoolwin.com
MNNမှပြည်သူလူထုစိတ်ဝင်းစားမဲ့ အကြောင်းအရာများကို အချိန်နဲ့ တပြေးညီ ကောက်နုတ်ဖော်ပြပေးနေပါတယ်။



No comments: