Saturday, December 24, 2011

email ထဲက ဟိုဟိုဒီဒီ


လွတ်တဲ့ငါးကြီးသူများ ငါးမရ ရေချိုးပြန်

အလဲလဲ အကွဲကွဲ
မရဲတရဲနဲ့ 
ကျွဲပြဲ စီးလာကြသူများ
ရွှေဘ လဲကျ ပြန်ထ
လက်ခုပ် လက်ဝါး တီးသံ
သောသော ညံသွားတယ်. …။

နွားရိုင်းသွင်းချိန်
ညီအကို မသိ တသိ အချိန်ပါ
(သိချင်ရင်လည်းသိမယ်)
ငါ့စကား နွားရ နှစ်ကာလများ
အမှောင်မှာပျော်ပါးခဲ့ကြပြီးမှ
အလင်းရောင်ရဲ့ တန်ဖိုး
အလေးခိုးဘို့ ကြိုးစားခဲ့ကြ တယ် ….။

အများဦးခိုက်လို့ 
သူတို့ လဲ ရောယောင်ဦးခိုက်
မပြတ်သားတဲ့ စရိုက်နဲ့ လူမိုက်များ
အရောင်းသွက်စာရင်းမှာ သူတို့ လဲပါ
ကမ္ဘာမကြေတေးသံဟာ ပိုးထိုးလောက်ကိုက်
အသက်စွန့် သူများရဲ့  ၀ိညာဉ်
အငိုလွယ်ပြီး အရှိုက်ခက်ခဲ့ပြီ ….။

ကဲ ….. ဒီဇင်ဘာကတော့
ချုပ်ရိုးတွေ ဗလပွ
ကြေကွဲခြင်းအ၀တ်စတွေနဲ့ 
ယုံကြည်ချက်အလံကို လွှင့်ထူထားလိုက်ပြီ ……။
….

ရဲရင့်သက်ဇွဲ
၂၄၁၂၂၀၁၁


ALP မှ ဗဟိုကော်မတီဝင် ခိုင်နီလင်း ကွယ်လွန်အနိစ္စရောက်သွားကြောင်းကြားသိရ၍ မိသားစုနှင့် အတူ ထပ်တူထပ်မျှဝမ်းနည်းမိပါကြောင်း၊ ခိုင်နီလင်း ကွယ်လွန်သွားခြင်းသည် ရခိုင်အမျိုးသားတော်လှန်ရေးအတွက် ဆုံးရှုံးမှု တရပ်ဖြစ်သည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်မိပါကြောင်း။
 
 
ရဲဘော် ခိုင်နီလင်း ကောင်းရာသုဂတိ လားပါစေ။
 
 
ဦးဝင်းမောင်
 
 
ခင်မင်လေးစားရပါသော ဒီမိုကရေစီရေးလုပ်ဖေါ်ကိုင်ဖက်များခင်ဗျား၊
ဒီကနေ့ (၂၅)ရက်နေ့မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂန်ဘာက မြန်မာနိုင်ငံကို ရောက်မယ်လို့ မျှော်လင့်ရပြီး၊
လာမည့်ဇန္နာဝါရီလဆန်းမှာ "မီတီ"လို့ လူသိများတဲ့ ဂျပန် စီးပွားရေး၊စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး အဲဒါနို က  မြန်မာနိုင်ငံကို သွားဖို့ရှိနေပြီး၊
လာမည့်ဇန္နာဝါရီလ(သို့) ဖေဖါဝါရီလမှာ ၀န်ကြီးချုပ်ဟောင်းဖြစ်တဲ့ ရှင်ဇိုအာဘေး က မြန်မာနိုင်ငံကို သွားဖို့ရှိနေတယ်လို့သိရပါတယ်။
 
စီးပွားရေး၊စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး အဲဒါနိုဆံ က ဂျပန်ဒီမိုကရစီပါတီရဲ့ အထွေထွေအတွင်းရေးမှုးဖြစ်ခဲ့တဲ့ အပြင်၊ သြဇာ အလွန်ကြီးပြီး၊ အာဏာရှင်ဆန်တဲ့ ဂျပန်ဗျူရိုကရက်များကို
ထိမိလှတဲ့ မေးခွန်းတွေမေးပြီး စိန်ခေါ်နိုင်ခဲ့လို့ နာမည်ကြီးခဲ့သူတစ်ဦးဖြစ်တာကြောင့် သူ့ခရီးစဉ်ဟာ စိတ်ဝင်စားစရာ ဖြစ်သလို၊
ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး ဟာ နာမည်ကြီးဝန်ကြီးချုပ်ဟောင်းတဦးဖြစ်တဲ့ နာကဆိုနေ လက်ထက်က နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ရှင်တာရို အာဘေးရဲ့ သားဖြစ်ပါတယ်။
ရှင်တာရို အာဘေး နိုင်ငံခြားရေးဝန်ကြီးအဖြစ်နှင့် အရှေ့တောင်အာရှ ခရီးစဉ်သွားရောက်ခဲ့ရာမှာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဂျပန်ဆန့်ကျင်ရေး စိတ်အလွန်ပြင်းထန်တာ တွေ့ခဲ့ရပြီး၊
မြန်မာနိုင်ငံမှာက ဂျပန်ဆန့်ကျင်ရေးစိတ် မတွေ့ရပဲ၊ နှစ်သက်လိုလားမှုတွေကို တွေ့ခဲ့ရလို့ သေဆုံးချိန်အထိ မြန်မာနိုင်ငံကို အလွန်နှစ်သက်သူအဖြစ် လူသိများခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး ဟာသူ့ ဖခင်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မှာ ကိုယ်ရေးအရာရှိ အဖြစ်လိုက်ပါခဲ့တာကြောင့် သူဟာလည်း ဖခင်နှင့်အလားတူ  မြန်မာနိုင်ငံကို အလွန်နှစ်သက်သူအဖြစ်
လူသိများတာကြောင့် စိတ်ဝင်စားစရာ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ အကြားအမြင်များတဲ့ ဂျပန်ပညာရှင် အသိုင်းအ၀ိုင်းက ပြောဆိုနေကြောင်း သတင်းအဖြစ် ဝေမျှလိုက်ပါတယ်။
 
အစဉ်လေးစားလျှက်၊
တင်ဝင်း။
With regards and fraternity,
Tin Win,
Federation of Workers' Union of the Burmese Citizens(in Japan),
Phone 0(81)276-38-1036,
Mobile 0(81)3443-2447,
 
 
အောင်ဆန်း တဲ့ စုကြည်
အောင်ဆန်းဆို ဗိုလ်ချုပ်သမီး
ကြီးမြတ်ဂုဏ်ရည်။

အာဇာနည်
မြန်ပြည်ရဲ့ချစ်သမီး။

ယနေ့အရေးမှာဖြင့်
ဖအေ့သွေးပီပီမို့
ဘာမထီ ခေါင်းဆောင်စိတ်ကယ်နဲ့
မြန်မာပြည် ဒေါင်းတောင်နိမိတ်တွေနဲ့
ကျောင်းခေါင်ရိပ် အနီးမှာလ
ကောင်းအောင် ဟိတ်ကြီးပါဘိ
ခေါင်းဆောင်ထိပ်သီး။

တင်မိုး
  The Toronto Kachin community will be holding an event
on Saturday, January 7th, 2012 (2:00 – 5:00 pm) in appreciation for
your continuous support in taking a stand against human rights
violations by the Burmese Military troops in Kachin State, Burma
(Myanmar). This event is to raise the awareness of ongoing struggles
and needs of over 50,000 Internally Displaced People (IDP), the result
of ongoing civil war, in Kachin State and Shan State.
              The event will include presentations and discussions
from guest speakers, including Canadian supporters and Burma’s ethnic
activists. A traditional lunch will be served and entertainment will
be provided by the Kachin Cultural Dance group.
              We would appreciate very much if you could kindly
confirm your attendance either by email or phone by Thursday, January
5th, 2012, the latest, in order to finalize all arrangements.

We sincerely hope that you will be able to join us at the event.


Warm regards,

Kachin Community, Toronto, Canada
Thank you.

Contact :

Email: kachincanada@rogers.com
Phone: (647) 702 6725 / (416) 910 8475
Facebook event page/ RVSP: Raising Awareness of Human Rights
Violation, Kachin State, Burma.


Event Date, Time & Place:

Date - Saturday, January 7th, 2012
Time - 2:00-5:00 pm
Place - Ralph Thornton Centre
          765 Queen St. East (Broadview Ave & Queen St. East)
          Toronto, ON
          M4M 1H3





No comments: